← Chapters

အခန်း (၈၇၇)

Vol. 62 Ch. 877

အခန်း (၈၇၇)

Vol. 62 Ch. 877

နောက်ထပ်နှစ်နာရီအကြာတွင် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက အဓိကအင်အားစုများကလည်း ဘိုးဘေးအင်ပါယာနယ်မြေသို့ တစ်စုပြီးတစ်စု ရောက်လာကြသည်။

ထို့ထဲတွင် တင်းဝေက ဟောင်တျန်းနတ်ဂိုဏ်းကို ဦးဆောင်ပြီး သူ့၀န်းကျင်က အနက်၀တ်လူများကို ကြည့်ကာ နှာခေါင်းရှုံ့သည်။

"မင်းတို့က လူအများကြီးပို့ဖို့ တကယ်ဆန္ဒရှိကြတာပဲ"

သူ့၀န်းကျင်က လူများကို ကျန်သော နတ်သခင်အဆင့်ဂိုဏ်းခြောက်ခုက စေလွှတ်ထားခြင်းပင်။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများက တိုက်ရိုက် တိုက်ခိုက်၍မရသော်လည်း ဒါက အာကာသနှလုံးသားအတွက် တိုက်ခိုက်ရန် သူတို့၏ လက်ရွေးစင်ပုဂ္ဂိုလ်များကို မစေလွှတ်နိုင်ဘူးဟု ဆိုလိုနေခြင်းမဟုတ်ပါ။

"တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်နေစရာမလိုပါဘူး၊ အားလုံးက အာကာသနှလုံးသားအတွက် ရောက်နေကြတာပဲလေ၊ ဒါက ကိုယ်ပိုင်စွမ်းဆောင်ရည်ပေါ်မှာပဲ မူတည်ပါတယ်"

ခါး၌ ဓားတစ်လက်လွယ်ထားသောသူက ထူးမခြားနားစွာပြောသည်။

"ဖုယွမ်၊ ရှင့်ရဲ့ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းအတွက် ဒီအာကာသနှလုံးသားက အရမ်းကြီးအသုံးမ၀င်ဘူးမလား" ယင်ယန်ဂိုဏ်းဘက်တွင် အလွန်မိန်းမသားဆန်ပုံရသည့် လျှိုရှန်ပု ပြုံးကာပြောသည်။

"ဘာလို့ရှင့်တို့ နောက်မဆုတ်ရတာလဲ"

ကောင်းကင်မြေအောက်ဗိမာန်က လှံကိုင်သူကျိရန်ချူ အေးစက်သည့် အမူအရာဖြင့် ပြောသည်။

"လျှိုရှန်ပု၊ မင်းပါးစပ်ကို မပိတ်ဘူးဆိုရင် ငါမင်းပါးစပ်ကို ထိုးဖောက်ပစ်မယ်"

လျှိုရှန်းဖု မောက်မာစွာနှာခေါင်းရှုံ့ရင်း မည်းမှောင်သည့်အမူအရာဖြင့် ပြောသည်။

"ကျိရန်ချူ၊ မင်းကိုငါကြောက်မယ်လို့ ထင်နေတာလား"

"ကောင်းပြီ၊ ကောင်းပြီ"

အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းမှ ရှားယွန်ပန် လက်အစုံကို ဆန့်တန်းလိုက်သည်။

"မင်းတို့တိုက်ခိုက်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ဘိုးဘေးအင်ပါယာနယ်မြေက ဝေးဝးနေကြပါ၊ ငါတို့လမ်းမှာ တားဆီးမနေကြနဲ့"

သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှ ဟူရှန်းပြုံးသည်။

"သူပြောသလိုပဲ မင်းတို့ရဲ့ကိုယ်ပိုင်ရန်ငြိုးကို သွားဖြေရှင်းလို့ရပါတယ်၊ ပြိုင်ဘက်နှစ်ယောက်ကို ဆုံးရှုံးသွားရတာကလည်း မဆိုးပါဘူး"

ကောင်းကင်ပိတ်ဖုံးဂိုဏ်းမှ စီကန်ချန်ကမူ တိတ်ဆိတ်စွာသာနေနေပြီး ပါ၀င်ခြင်းမရှိချေ။

ထို့ကဲ့သို့ပင် အဆင့်မြင့်ကြယ်နယ်မြေမှ အဓိကဂိုဏ်းခုနှစ်ဂိုဏ်းစလုံး ရောက်လာခဲ့ကြသည်။

ဟောင်တျန်းနတ်ဂိုဏ်း၊ ခေးအောစ့်အနှစ်သာရ ဓားဘိုးဘေးဂိုဏ်း၊ ယင်ယန်ဂိုဏ်း၊ ကောင်းကင်မြေအောက်ဗိမာန်၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း၊ သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းနှင့် ကောင်းကင်ပိတ်ဖုံးဂိုဏ်းတို့ဖြစ်သည်။

သူတို့က အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်စေသည်အထိ ထိပ်ဆုံးတွင် ရပ်တည်နေသော အင်အားစုများပေတည်း။

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းမှ ဖုယွမ်ပြောသည်။

"လူတိုင်းပဲ၊ ဒီနေရာမှာ အဓိကဂိုဏ်းခုနှစ်ဂိုဏ်းရှိပေမယ့် အာကာသနှလုံးသားက တစ်ခုတည်းပဲရှိတယ်၊ ငါတို့ဘယ်လို ဖြန့်ဝေကြမလဲ"

သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှ လူများတွင် အတော်လေးမနှစ်မြို့ဖွယ်ရာ ပင်ကိုယ်စရိုက်များရှိကြသည်။ ဟူရှန်း ဒေါသတကြီး နှာခေါင်းရှုံ့သည်။

"ဖြန့်ဝေရမယ်၊ ဒါကိုအရင်ရတဲ့သူတိုင်း ရမှာပဲ၊ ဒီနေရာမှာ သူတော်ကောင်းဆန်ဆန် ဆွေးနွေးနေစရာ လိုသေးလို့လား..."

"ငါလည်းဒီလိုပဲတွေးထားတာ...."

တင်းဝေသူတို့ကို လျစ်လျုရှုပြီး သူ့လူများအား ဘိုးဘေးအင်ပါယာနယ်မြေသို့ တိုက်ရိုက် ဦးဆောင်သွားသည်။

ဟောင်တျန်းနတ်ဂိုဏ်းအတွက် အာကာသနှလုံးသားက သူတို့အတွက် မဟုတ်ဘဲ လုချန်ရှန်းအတွက်သာဖြစ်သည်။

ဟောင်တျန်းနတ်ဂိုဏ်းက လူများက စတင်လုပ်ကိုင်ဆောင်ရွက်နေကြလေပြီ။

ကျန်သောအဓိကအင်အားစုခြောက်ခုကလည်း အာကာသတာအိုနိယာမ၌ ကျွမ်းကျင်သော သူများ၏ အကူအညီနှင့်အတူ အာကာသနှလုံးသားတည်နေရာကို စတင်အာရုံခံမိကြသည်။

သို့စေကာမူ မည်သည့်ဂိုဏ်း၏ အာကာသတာအိုနိယာမကို ကျွမ်းကျင်သူမဆို သူတို့အာရုံခံမိပြီးနောက်တွင် ကြက်သေသေသွားကြ၏။

အဘယ်ကြောင့်ဆိုသော် ဘိုးဘေးအင်ပါယာနယ်မြေတွင် အလွန်အမင်းအစွမ်းထက်သည့် အာကာသစွမ်းအားရှိသော နေရာ၁၈ခု ရှိနေသောကြောင့်ပင်။

ဘိုးဘေးအင်ပါယာနယ်မြေတွင် အရာအားလုံးက အစကတည်းက ဆိတ်ငြိမ်နေခဲ့ပြီး ဝိဉာဉ်ချီပင်လျှင် အတော်လေးပါးလွှာသည်။

ယခုလိုမကြုံစဖူး အာကာသစွမ်းအားက ပုံမှန်ကဲ့သို့ ပေါ်လာနိုင်လေသနည်း။

ဒါပေမယ့် အာကာသစွမ်းအားက ဘာလို့ နေရာအများကြီးမှာ ပေါ်လာရတာလဲ!

အာကာသနှလုံးသားက တစ်ခုပဲရှိတာမလား!

အာကာသတာအိုနိယာမကို ကျွမ်းကျင်သောသူတိုင်းက သူတို့တွေ့ရှိခဲ့တာတွေကို ခေါင်းဆောင်များအား ပြောပြလိုက်ကြသည်။

ခေါင်းဆောင်များ ဒါကိုကြားပြီး သူတို့၏ အမူ‌အရာများက လေးနက်သွားကြ၏။

ထောက်လှမ်းရေးသတင်းများအရ ဒီလိုမဖြစ်လာသင့်ပေ။

သို့စေကာမူ သူတို့အတွက် တခြားနည်းလမ်းမရှိတော့ပါ။

သူတို့ အာကာသစွမ်းအားများ ထွက်လာနေသည့်နေရာတွေကို စူးစမ်းလေ့လာရုံသာ တတ်နိုင်တော့သည်။

ဘိုးဘေးအင်ပါယာနယ်မြေက အတော်လေးကျယ်ပြောလေရာ ဒီနေရာ၁၈နေရာကို အပြည့်အ၀စူးစမ်းရန်ဆိုတာက အချိန်အများကြီး ယူရပေလိမ့်မည်။

ထိုအင်အားစုများ ပထမနေရာသို့ ရောက်လာသောအခါ အံ့ဩသင့်သွားကြဂသည်။

ဒီအာကာသစွမ်းအား၏ စွမ်းရည်က ကြီးမားလွန်းသည်။

အာကာသတာအိုနိယာမကို ကျွမ်းကျင်သည့် ကျွမ်းကျင်သူများပင် လေးနက်သည့် အမူအရာဖြင့်ပြောလာသည်။

"သိရလောက်ဆိုရင် အာကာသတာအိုနိယာမကို ကျင့်ကြံတဲ့ ကျွမ်းကျင်သူတွေအကြားမှာ ဘယ်သူမှအဆင့်ကို မရောက်နိုင်ဘူး"

"ဒါကို အာကာသနှလုံးသားကသာ လုပ်နိုင်တယ်"

နတ်သခင်အဆင့်အင်အားစုခုနှစ်ခုထဲက အာကာသတအိုနိယာမကို ကျွမ်းကျင်သူတိုင်းက ယခုလိုပြောလာကြသည်။

သူတို့ကိုယ့်ကိုကိုယ်ပင် ဘ၀ခိုက်သွားကြသည်။

သူတို့နေရာတစ်နေရာကို ကျပန်းရွေးချယ်ပြီးနောက် အာကာသနှလုံးသား၏ နေရာမှန်ကို တွေ့ခဲ့သည်ဟု ထင်ကြသည်။

ဂိုဏ်းခုနှစ်ဂိုဏ်းမှ ခေါင်းဆောင်များက ပြောသည်။

"ကြည့်ရတာ ငါတို့ကံတရားက မဆိုးဘူးဘဲ၊ အာကာသနှလုံးသားက ငါ့တို့ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုဖြစ်ဖို့ ကံပါလာတယ်ထင်တယ်"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူတို့အားလုံး အာကာသနှလုံးသားအတွက် အာကာသကို စတင်ဖြတ်သန်းရှာဖွေကြသည်။

ထို့နောက်တွင် ထူးဆန်းသည့်မြင်ကွင်းတစ်ခု ဖြစ်ပျက်လာခဲ့သည်။

သို့သော် ဘာမှရှိမနေပေ။

သူတို့ဘယ်လိုပင်ရှာဖွေပါစေ မည်သည့်သဲလွန်စကိုမှ မတွေ့ပေ။

ဆက်တိုက်ထွက်လာနေသည့် အာကာသစွမ်းအားက ဘာကြားခံမှမရှိဘဲ လေထဲကနေ ထုတ်လွှတ်နေသည့်အလား ထင်ရသည်။

အချိန်အကြာကြီးရှာဖွေပြီးနောက် ထိုပထမတန်းစားဂိုဏ်းများကလည်း ဘိုးဘေးအင်ပါယာနယ်မြေသို့ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ရောက်လာကြသည်။

သူတို့ဘာတစ်ခုမှမတွေ့ခဲ့ကြပါ။ ထို့နောက်တွင်သာ သူတို့လှည့်စားခံလိုက်ရတာကို အားလုံးသိလိုက်ကြရသည်။

"ဒါကိုလုပ်နိုင်ဖို့အတွက် အာကာသတာအိုနိယာမကို ကျင့်ကြံတဲ့စွမ်းအားရှင် တစ်ယောက် အရင်ရောက်လာပြီး ငါတို့ကို နှောင့်နှေးအောင် လုပ်ဖို့အတွက် အာရုံပြောင်းဖို့ ဒါကိုသုံးလိုက်တာဖြစ်မယ်"

"ဘာကြားခံမှလည်း မရှိဘူးဆိုတော့ ဒါကလူလုပ်တာပဲဖြစ်ရမယ်"

နတ်သခင်အဆင့်ဂိုဏ်းမှလူများက မတုံးအကြပေ။

အချိန်အနည်းငယ်ကြာသွားသော်လည်း သူတို့ ထောင်ချောက်ကို မြင်နိုင်ခဲ့သည်။

"ဘယ်သူ ငါတို့ကိုလှည့်စားရဲတာလဲ"

"ဒါပေမယ့် ဒါကတကယ်ပဲ လူလုပ်ထားတာဆိုရင် ဒီပုံရိပ်ယောင်၁၈ခုက လှည့်စားမှုတွေပဲဆိုပေမယ့် ဒီကြီးကျယ်တဲ့အာကာသစွမ်းအားက တကယ်အစစ်အမှန်ပဲ၊ ဒီလူက အာကာသတာအိုနိယာမမှာ ဘယ်လောက်တောင် ကျွမ်းကျင်တာလဲ"

သူတို့ရှာနေစဉ်မှာပင် ဘိုးဘေးအင်ပါယာနယ်မြေအလယ်ဗဟိုတွင် ဧရာမအာကာသအတက်အကျတစ်ခု ပေါ်လာခဲ့သည်။

ဘိုးဘေးအင်ပါယာနယ်မြေမှ အဝါရောင်သဲဖုံးကောင်းကင်က ကွဲအက်သွားသည့် မှန်တစ်ချပ်ပမာ ဘက်ပေါင်းစုံသို့ ပြိုကျသွား၏။

ဂိုဏ်းအသီးသီးက ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေခဲ့ကြသည်။

ထိုအချိန်မှာပင် ဘိုးဘေးအင်ပါယာနယ်မြေကောင်းကင်၌ ပြိုကွဲတော့မည့်အလား အကန့်အသတ်မဲ့အာကာသအော်ရာက ကောင်းကင်ရှိ အက်ကြောင်းများကနေ အဆက်မပြန်ထွက်လာသည်။

ထိတ်လန့်ခြင်းက ထိတ်လန့်ခြင်းသာ။

ဂိုဏ်းအသီးသီးက အလျင်အမြန် တုံ့ပြန်လာကြသည်။

ဒါကသေချာပေါက် တကယ့်အာကာသနှလုံးသားဖြစ်ရပေမည်။

ဘိုးဘေးအင်ပါယာနယ်မြေက ဂိုဏ်းတိုင်းက အလယ်ဗဟိုသို့ ပြေးသွားကြ၏။

.....

ထိုအချိန်တွင် ဘိုးဘေးအင်ပါယာနယ်မြေ အလယ်ဗဟို၌ လုချန်ရှန်း ပြိုကွဲသွားသည့် ကောင်းကင်အား မိန်းမောတွေဝေစွာ ကြည့်နေမိသည်။

လျိုကျိယုမေးသည်။

"စီနီယာ၊ အာကာသနှလုံးသားကို တွေ့ပြီလား"

လုချန်ရှန်းခေါင်းညိတ်ရင်း ကျိန်ဆဲသည်။

"ဒီအာကာသနှလုံးသားက တကယ်ပဲ အရမ်းပါးနပ်တယ်၊ ငါဒါကိုရှာတွေ့တော့ သူက မလွတ်မြောက်နိုင်တော့ဘူးလေ၊ အဲဒါကြောင့် ကောင်းကင်ကို ပြိုကွဲအောင် လုပ်ဖို့နဲ့ တခြားသူတွေကို နှိုးဆွဖို့အတွက် သူ့စွမ်းအားကို တမင်တကာထုတ်လွှတ်ပေးခဲ့တယ်"

ဒါကိုတွေးမိသောအခါ လုချန်ရှန်း ကျိန်ဆဲချင်လာသည်။

သူအာကာသနှလုံးသားကို တိတ်တိတ်လေးယူပြီး ထွက်သွားနိုင်သည်။ ထိုနတ်သခင်အဆင့်ဂိုဏ်းများနှင့် ပထမတန်းစားဂိုဏ်းများ တုံ့ပြန်၍ပင် ရမည်မဟုတ်ပေ။

အဆုံးသတ်တွင် ယခုလိုပြဿာနာကြီးတစ်ခုကို ဖြစ်လာစေပြီး ဒါက ဧရာမပရမ်းပတာတစ်ခုကို ဖြစ်သွားစေခဲ့သည်။

ဒီအာကာသနှလုံးသားက အမှန်တကယ်ပင် အကျင့်မကောင်းပေ။

"အခုဘာလုပ်ကြမလဲ" ဟွမ်ချင်း လုချန်ရှန်းကို ကြည့်လိုက်၏။

လုချန်ရှန်းအားကိုးရာမဲ့စွာ ပြောသည်။

"ငါတို့ဘာလုပ်နိုင်ဦးမှာလဲ၊ အဲဒီလူတွေက ဒီကို ရောက်တောင်ရောက်နေကြပြီလေ"

"သူတို့ကိုအရင်သေခွင့်ပေးရုံပဲပေါ့၊ ပြီးမှ ဒီအခြေအနေကို အခွင့်ကောင်းယူရမယ်"

မရေမတွက်နိုင်လောက်သည့် အော်ရာများ ဆင်းသက်လာခဲ့သည်။

အပိုင်း(878) coming။

All Chapters