← Chapters

#‌အာကာသနှလုံးသား#

Vol. 62 Ch. 878

#‌အာကာသနှလုံးသား#

Vol. 62 Ch. 878

ထိုအချိန်တွင် ဘိုးဘေးအင်ပါယာနယ်မြေ အထက်ကောင်းကင်၌ ကောင်းကင်က ပြိုကွဲကာ တိမ်များက အပိုင်းပိုင်းအစစ ကွဲထွက်သွားကြ၏။

ယခုလို ကြီးကျယ်ထည်ဝါသည့် အာကာသစွမ်းအားက ဒီလိုပြင်းထန်ဖျက်ဆီးနိုင်စွမ်းရှိသည့် အော်ရာကို အမှန်တကယ် ယူဆောင်လာနိုင်သည်က ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။

ဘိုးဘေးအင်ပါယာနယ်မြေအလယ်တွင် အဓိကဂိုဏ်းများက တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း ရောက်လာကြသည်။

ဟောင်တျန်းနတ်ဂိုဏ်းအပါအ၀င် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းမှ အဓိကအင်အားစုများဖြစ်စေ၊ ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်နှင့် ရွှေတောင်ပံဂဠုန်ကလန်ကဲ့သို့ ပထမတန်းစား အင်အားစုများဖြစ်စေ တစ်ခဏအကြာတွင် ဂိုဏ်းအားလုံး အမီမလိုက်လာနိုင်သေးခင်မှာပင် သူတို့က ဘိုးဘေးအင်ပါယာနယ်မြေ၏ ကောင်းကင်ပြိုကျမှုကြောင့် ဆွဲဆောင်ခံလိုက်ရသည်။

လူတိုင်း၏မျက်နှာက လေးနက်ကာ စိတ်လှုပ်ရှားသွားကြသည်။

အာကာသနှလုံးသားသာလျှင် ဒီလိုအရာမျိုးကို လုပ်နိုင်သည်။

"အာကာသနှလုံးသားဆိုတဲ့အတိုင်းပါပဲ ဒီလိုကြီးမားတဲ့ အာကာသစွမ်းအားကို တကယ်ပဲ ထုတ်လွှတ်နိုင်တယ်...."

တစ်ဘက်က နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်တစ်ဦးက အဆက်မပြတ် ပြိုကွဲနေသည့်ကောင်းကင်ကို စိုက်ကြည့်ပြီး ရေရွတ်သည်။

"ငါသာဒီလိုအရာမျိုးကို ရနိုင်မယ်ဆိုရင် စိုးရိမ်မိတာက...."

"ဟမ်၊ မင်းအာကာသနှလုံးသားကို ရချင်တာလား"

ပထမတန်းစားဂိုဏ်းများ၏ ကျွမ်းကျင်သူများအနက်မှ တစ်ဦး ရှေ့က လူအနည်းငယ်ကို လက်ညိုးထိုးကြပြီး မေးသည်။

ဒီနတ်သခင်အဆင့်ဂိုဏ်းတွေက လူတွေကိုတောင် စေလွှတ်ထားပြီးပြီ၊ ငါတို့မှာ ဘယ်လိုလုပ် ဝေစုရှိနိုင်မှာလဲ"

"ငါတို့မှာရှိမယ်ဆိုရင်တောင် သူတို့ကို နာနာခံခံနဲ့ လက်လွှဲပေးရမှာပဲမလား၊ မင်းမှာ သူတို့ကို ခုခံနိုင်မယ့် စွမ်းရည်ရောရှိလို့လား"

"ဒါ့အပြင် ဒီမှာ အဲဒီနတ်သခင်အဆင့်ဂိုဏ်းတွေရဲ့ လက်အောက်ခံ ပထမတန်းစားဂိုဏ်းတွေ အများကြီးရှိသေးတယ်"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသည့် လူရှည်ကြီးတစ်ယောက် ရှေ့သို့လျှောက်လာပြီး အလွန်အမင်းမိန်းမသားဆန်ပုံရသည့် လူနောက်တွင်ရပ်ကာ လေးစားစွာ ပြောသည်။

"စီနီယာလျှို....."

လူတိုင်း လှမ်းကြည့်လိုက်ကြစဉ် သူတို့၏ အမူအရာများက အေးခဲသွားကြ၏။

အနက်ရောင်၀တ်စုံနှင့်လူနှင့် သူ့နောက်က ကျင့်ကြံသူများအား ကြောက်စရာကောင်းသည့် နတ်ဆိုးချီက ဖုံးလွှမ်းထားသည်။

ဒီအဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ဂိုဏ်းတစ်ဂိုဏ်းတွင်သာလျှင် ဒီလိုလက္ခဏာရပ်များရှိသည်။

ဒါက နတ်ဆိုးဘုရင်ပိုင်နက်ပင်။

"နတ်ဆိုးဘုရင်ပိုင်နက်က လူတွေက ယင်ယန်ဂိုဏ်းနဲ့ ပူးပေါင်းနေတယ်လို့ ငါကြားထားတာကြာပြီ၊ ကြည့်ရတာ ကောလဟလတွေက မှန်ပုံပဲ"

ရွှေတောင်ပံဂဠုန်ကလန်မှ ကျင်းဝူကျင်းနှာခေါင်းရှုံ့သည်။

"ကြည့်ရတာ ယင်ယန်ဂိုဏ်းက နတ်ဆိုးဘုရင်ပိုင်နက်က တိုက်ပွဲမှာလည်း ပါ၀င်ခဲ့ပုံပဲ"

ယင်ယန်ဂိုဏ်!

နတ်ဆိုးဘုရင်ပိုင်နက်!

ဟွမ်ချင်းနှင့် လျိုကျိယုတို့ လုချန်ရှန်းကို လှမ်းကြည့်လိုက်မိကြသည်။

တခြားတစ်ဘက်တွင် လုချန်ရှန်းတည်ငြိမ်နေသည်။

"အခုတခြားအရာတွေကို စိုးရိမ်နေစရာမလိုဘူး၊ နတ်ဆိုးဘုရင်ပိုင်နက်နဲ့ အမုန်းတရားကို ရှောင်ဟိုင်ကို လွှဲပေးထားလိုက်ပါ..."

တချိန်တည်းမှာပင် ရှောင်ဟိုင်ကလည်း ဒီလိုတွေးမည်သာ။

ဟွမ်ချင်းနှင့် လျိုကျိယုတို့ ခေါင်းညိတ်သည်။

တခြားတစ်ဘက်တွင် လျှိုရှန်ပု အနည်းငယ်ခေါင်းလှည့်ကာ မျက်မှောင်ကြုတ်သည်။

"မိုကော၊ ဘာလို့မင်းတစ်ယောက်တည်းပဲ လာရတာလဲ၊ မိုဂျီနဲ့ မိုလီဘယ်မှာလဲ"

မိုကော တောင်းပန်စွာပြုံးသည်။

"စီနီယာ၊ မကြာသေးခင်က နတ်ဆိုးဘုရင်ပိုင်နက်မှာ ဘာဖြစ်ခဲ့သလဲဆိုတာကို စီနီယာလည်းသိပါတယ်၊ နတ်ဆိုးအရှင်နဲ့ မိုလီတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးနေကြပါတယ်"

လျှိုရှန်ပုနှာခေါင်းရှုံ့သည်။

"မင်းတို့အားလုံး အဲလူကို အဲလောက်တောင် ကြောက်ကြတာလား၊ သူထပ်ပြီး နလန်ထူလာနိုင်ရင်တောင် ဘယ်လိုလုပ် ငါတို့ပြိုင်ဘက်ဖြစ်နိုင်မှာလဲ"

"ဒါပေမယ့် မင်းတို့အောက်ကို ပို့လိုက်တဲ့လူတွေကို အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူတွေ တကယ်ပဲ ရှင်းလင်းပစ်ခဲ့တာလား"

ဒါကိုကြားသောအခါ မိုကော လေးနက်သည့်အမူအရာဖြင့် ပြောသည်။

"မှန်ပါတယ်၊ တစ်ဘက်လူကသာ တကယ်ပဲ အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဒေသခံတွေသာဆိုရင် သူတို့မှာ ကျုပ်တို့ နတ်ဆိုးဘုရင်ပိုင်နက်က စေလွှတ်ခဲ့တဲ့ လူရွေးစင်ကျင့်ကြံသူတွေကို ရှင်းထုတ်ပစ်ဖို့ ခွန်အားရှိမှာမဟုတ်ဘူး"

သူတို့အားလုံးက နတ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြသည်။

နတ်ဘုရင်နယ်ပယ်က အဆင့်မြင့်ကြယ်နယ်မြေတွင် ဘာကိုမှ ကိုယ်စားမပြုသော်လည်း အလယ်အလတ်အဆင့် ကြယ်နယ်မြေတွင်လူ လူတစ်ယောက်ကမူ အရာတိုင်းကို ပြောင်းပစ်ရန် လုံလောက်သည်။

"တခြားဂိုဏ်းတွေက အရေးယူဆောင်ရွက်လာကြတယ်ထင်တယ်" လျှိုရှန်ပုအနည်းငယ် ခေါင်းညိတ်သည်။

"မစိုးရိမ်နဲ့၊ ဒီကိစ္စက နတ်သခင်အတွက်လည်း အရမ်းအရေးကြီးတယ်၊ တစ်ဘက်လူက အဆင့်မြင့်ကြယ်နယ်မြေကို ဦးတည်လာမှာပဲ၊ အာကာသနှလုံးသားကို ရယူပြီးတဲ့အခါကျရင် တန်ပြန်ဆောင်ရွက်မှုတွေကို ဆွေးနွေးကြတာပေါ့"

မိုကောအလွန်ပျော်သွားသည်။

အကယ်၍ ယင်ယန်ဂိုဏ်းကသာ ထောင်ချောက်ထဲ၀င်ရန် ပဏာမခြေလှမ်း လှမ်းလာမည်ဆိုပါက တစ်ဘက်လူတွင် သေချာပေါက် ထွက်လမ်းရှိမည်မဟုတ်။

ထိုအချိန်မှာပင် လျှိုရှန်ပု ရုတ်တရက် မျက်မှောင်ကြုတ်ကာ ဟောင်တျန်းဂိုဏ်းရှိရာဘက်က တင်းဝေကို ကြည့်လိုက်၏။ တင်းဝေက ကောင်းကင်ကို အာရုံစိုက်မနေဘဲ ယင်းအစား တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ဘေးဘီဝဲယာကို ကြည့်နေတာကို သူမြင်ပါသည်။

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ကျိချန်းယောင်လည်း အလားတူပင်။ နှစ်ယောက်စလုံးက လုချန်ရှန်းကို ရှာဖွေနေကြ၏။

ထိုအခိုက်အတန့်၌ ဘိုးဘေးအင်ပါယာနယ်မြေအထက်က ကောင်းကင်က လုံး၀ပြိုကွဲသွားပြီး ကျယ်ပြန့်သည့် အာကာသ နေရာလွတ်တစ်ခုက ကျွမ်းကျင်သူများရှေ့၌ တွင်းနက်တစ်ခုပမာ ပေါ်လာသည်။

အမှောင်ဟင်းလင်းပြင် အနက်ပိုင်းတွင် အလွန်တောက်ပသည့် ကြယ်တစ်လုံးရှိပြီး အဆုံးမဲ့ကြယ်ရောင်အား ဖြန်းကြက်ပေးထားသည်။

သို့စေကာမူ ဂရုတစိုက်ကြည့်မည်ဆိုပါက အဆုံးမဲ့ကြယ်ရောင်ကို ကြမ်းတမ်းသည့် အာကာသစွမ်းအားကနေ ဖန်တီးထားတာကို တွေ့မြင်နိုင်သည်။

၎င်းဆင်းသက်သည့်နေရာတိုင်းတွင် ဧရာမအာကာသမုန်တိုင်းများ ဖြစ်ပေါ်လာပြီး ဒီဗလာနေရာလွတ်အား ဖြတ်သန်းသွား၏။

ဟင်းလင်းပြင် အနက်ပိုင်းထဲက တောက်ပသည့်ကြယ်က လူတိုင်းအိပ်မက်မက်နေကြသည့် အာကာသနှလုံးသားဖြစ်လောက်တယ်ဆိုတာ ရှင်းပါသည်။

ထိုအချန်တွင် တစ်ချို့ဂိုဏ်းများက နောက်ထပ် မထိန်းချုပ်နိုင်တော့သဖြင့် ကောင်းကင်ထဲက ဟင်းလင်းပြင်ထဲသို့ လူများအား ပို့လွှတ်လိုက်၏။

သို့စေကာမူ ထိုနတ်သခင်အဆင့်ဂိုဏ်းများက မလှုပ်ရှားကြသေးဘဲ လက်အောက်ခံဂိုဏ်းများကိုသာ ညွှန်ကြားကြသည်။

"မင်းတို့ သူတို့နောက်က လိုက်သွားကြ"

ဒါကိုကြားပြီးနောက် လက်အောက်ခံဂိုဏ်းတစ်ချို့၏ အမူအရာများက မည်းမှောင်သွားသော်လည်း သူတို့တွင် ဒါကိုလုပ်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့ကို ဒီနတ်သခင်အဆင့်ဂိုဏ်းများက ကာကွယ်ပေးခဲ့သည်။

အကယ်၍ သူတို့သာအမိန့်ကို နာမခံပါက အကာအကွယ်များကို ရုပ်သိမ်းခံရမည်သာမက သူတို့အဆင့်အတန်းကလည်း ကျဆင်းသွားရပေလိမ့်မည်။

ဒါကဂိုဏ်းတစ်ဂိုဏ်းအတွက် သံသယမရှိ ကြီးမားသည့် အကျပ်အတည်းတစ်ခုပေတည်း။

နတ်ဆိုးဘုရင်ပိုင်နက်ကလည်း ခြွင်းချက်မဟုတ်ပါ။

မိုကောဆန္ဒမရှိသော်လည်း သူ့လက်အောက်ငယ်သားများကို ကောင်းကင်က ဟင်းလင်းပြင်ထဲသို့ ပြေး၀င်ရန် အမိန့်ပေးရုံသာ တတ်နိုင်တော့သည်။

သို့စေကာမူ အာကာသနှလုံးသားတွင် ယခုလိုအစွမ်းထက်စွမ်းအားနှင့် သက်ရောက်မှုရှိလေရာ ဘယ်လိုလုပ် အလွယ်တကူ ရနိုင်မည်နည်း။

ထိုကျွမ်းကျင်သူများ ဟင်းလင်းပြင်ထဲသို့ ပြေး၀င်သွားသည့်အချိန်တွင် မူလက တည်ငြိမ်နေသည့် အာကာသက ရုတ်တရက် နိုးထလာသည့် ကြမ်းကြုတ်သော သားရဲတစ်ကောင်ပမာ သွေးသံတရဲရဲပါးစပ်ကိုဖွင့်ကာ ထိုလူများအား ဆတ်ခနဲ ဆွဲသွင်းပစ်သည်။

ဂျုန်း......!

ရုတ်ချည်းဆိုသလို ကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့် ကျင့်ကြံသူများမှာ မတုံ့ပြန်နိုင်ခင်မှာကင် အာကာသမုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

သူ့တို့ရုပ်ခန္ဓာဖြစ်စေ ဝိဉာဉ်ဖြစ်စေ ဒီအချိန်တွင် အသက်ရှင်ကျန်မနေနိုင်တော့။

ကျွမ်းကျင်သူများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့၏အကြည့်များက လေးနက်သွားကြ၏။

ဒီအာကာသမုန်တိုင်းကို သာမန်နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ခံနိုင်ရည်ရှိမည်မဟုတ်။

"ဒါပေမယ့် အာကာသမုန်တိုင်းထဲမှာ ဟာကွက်တစ်ခုရှိနေပုံပဲ"

"ဒီလိုဆိုရင်တောင် ငါတို့ထပ်သုံးဖို့ လိုသေးတယ်"

ထိုနတ်သခင်အဆင့်ဂိုဏ်းများက ဒီရလဒ်ကို ဆုံးဖြစ်ပြီဖြစ်သောကြောင့် ပိုများသောလူများကို အမြောက်ဆန်အဖြစ် ပို့လွှတ်ခဲ့သည်။

.....

တခြားမထင်ရှားသည့် နေရာတစ်နေရာတွင် လုချန်ရှန်းဆွံအနေသည်။

မူလက ထိုလူများ သူချမှတ်ထားသည့် အာကာသစွမ်းအားအတုကို ရှာဖွေနေစဉ် သူဒါကိုယူဆောင်ပြီး တိတ်တ်လေး ထွက်သွားနိုင်သည်။

မျှော်လင့်မထားစွာပင် အာကာသနှလုံးသားက လှည့်ကွက်များကိုပင် လျှို့ဝှက်စွာ လုပ်ဆောင်ကာ ကစားနေသည်။

သူက ယခုလိုကြီးမားသည့်ဆူပူအုံကြွမှုကိုပင် ဖြစ်စေပြီး ထိုလူများ၏အာရုံကိုပင် ဆွဲဆောင်ခဲ့သည်။

သို့သော် ကံကောင်းချင်တော့ လုချန်ရှန်း ခေါင်းငုံ့ကာ အပြုံးဖြင့် ပြောလိုက်လေသည်။

"ကံကောင်းချင်တော့ ငါက မင်းထက် ပိုတော်တယ်ကွ"

အာကာသစွမ်းအား ပေါက်ကွဲစေသည့် နေရာ၁၈နေရာကို ချမှတ်ပြီးနောက် ဒါကို ဘယ်လိုလုပ် အစစ်အမှန်တစ်ခုကို လှည့်စားဖို့ တစ်ခုတည်းအတွက်သာ သုံးရမည်နည်း။

အပိုင်း(879) coming။

All Chapters