#အရံ#
Vol. 62 Ch. 879
ဟင်းလင်းပြင်ထဲတွင် အာကာသမုန်တိုင်းက ကမ္ဘာဖျက်မုန်တိုင်းတစ်စင်းအလား အာကာသအတွင်း အဆက်မပြတ် လိမ့်တက်နေသည်။
မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက မီးတောက်ထဲက ပိုးဖလံများပမာ ၀င်သွားကြသည်။
တစ်ချို့ကျင့်ကြံသူများက သူတို့ကံကြမ္မာကိုစမ်းပြီး အာကာသနှလုံးသားကို ရရန် ပမာဏခြေလှမ်းလှမ်းကာ အဆင့်မြင့်ကြယ်နယ်မြေ၌ နေရာတစ်နေရာ သိမ်းပိုက်နိုင်ရန်ဖြစ်သည်။
တစ်ချို့ဂိုဏ်းများကမူ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းနှင့် ဆက်နွှယ်ပတ်သက်နေသောကြောင့်သာ။
သူတို့၏တောင်းဆိုချက်နှင့် အမိန့်များအောက်၌ ထိုဂိုဏ်းများတွင် စစ်ဆေးရန်အတွက် ဟင်းလင်းပြင်ထဲသို့ လူများကို စေလွှတ်ရုံမှအပ တခြားရွေးချယ်စရာမရှိပါ။
ဒီအင်အားစုများ၏ ခေါင်းဆောင်များက ဒေါသသာထွက်နိုင်ကြပြီး ဘာတစ်ခုမှ မပြောရဲပေ။
သူတို့ကို ဒီနတ်သခင်အဆင့်ဂိုဏ်းများက ကာကွယ်ပေးထားသလို နတ်သခင်အဆင့်ဂိုဏ်းများသာ ခံစားနိုင်သည့် အရင်းအမြစ်များကိုလည်း ပေးပါသည်။
ဒါက စွပ်ပြုတ်ရည်တစ်ခွက်စာမျှ ဖြစ်လျှင်ပင် ဒီပထမတန်းစားဂိုဏ်းများအတွက် သိသာသည့် တိုးတက်မှုတစ်ခုဖြစ်နေပါသေးသည်။
သို့သော် သူတို့ကလက်အောက်ခံ အင်အားစုများဖြစ်ပြီး ဒီနတ်သခင်အဆင့်ဂိုဏ်းများ၏ လက်အောက်တွင် ကပ်ပါးကောင်ပမာ နေရသဖြင့် ဒီသစ်ပင်ကြီး၏ အရိပ်ကို ခံစားရင်း ၎င်း၏ ခြောက်သွေ့သည်အထိ အရူးအမူးစုပ်ယူပစ်သည့် တန်ဖိုးကိုလည်း သည်းခံရပေမည်ယ
သို့စေကာမူ ဒီစမ်းသပ်မှုအပြီးတွင် ဒီအင်အားစုများက နောက်ဆုံးတော့ အာကာသမုန်တိုင်းလမ်းကြောင်းကို ပုံဖော်နိုင်ခဲ့ပြီး အစီအစဉ်ကို အတည်ပြုခဲ့သည်။
ဖုယွမ်ရင်ဘတ်ရှေ့တွင် လက်ပိုက်လိုက်သည်။ သူ့အမူအရာက အေးစက်နေပြီး သူ့အကြည့်က အထဲကဟာကွက်များကို ထိုးဖောက်ပစ်သည့် ဓားတစ်လက်အသွင်။
"ကြည့်ရတာ ဒီဟင်းလင်းပြင်က ငါစိတ်ကူးထားသလောက် ချိုးဖျက်ဖို့ဆိုတာ မခက်တဲ့ပုံပဲ"
"ဟုတ်လား၊ ဒါဆိုဘာလို့ မင်းအရင်ဆုံး မကြိုးစားကြည့်ရတာလဲ" ယင်ယန်ဂိုဏ်း လျှိုရှန်ပု ကလူမြူဆွယ်နေသည့်ပမာ ရယ်မောသည်။
"မင်းရဲ့တိမ်တိုက်ဓား ဘယ်အဆင့်ထိ ရောက်သွားပြီလဲဆိုတာ ငါကြည့်ပါရစေ"
"မင်း....."
လျှိုရှန်ပုအေးစက်စွာ နှာခေါင်းရှုံ့သည်။
"ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းက လူတွေက အပြောပဲရှိတာလား၊ မင်းမတိုက်ခိုက်ချင်ဘူးဆိုမှတော့ ငါ့ရဲ့ယင်ယန်ဂိုဏ်းက ဒီအာကာသနှလုံးသားကို ယူသွားတာကိုပဲ နာနာခံခံနဲ့ကြည့်နေတော့"
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လျှိုရှန်ပု၏ခန္ဓာက အေးခဲသွားပြီး အလွန်ပေါ့ပါးသည့် ကိုယ်ဟန်တစ်ခုနှင့် သူက ဟင်းလင်းပြင်ထဲ လွင့်မြောသွားသည့်အသွင်။
"မင်းလိုယောက်ျားမကျ၊ မိန်းမမကျ ကောင်တစ်ကောင်ကို ငါဘယ်လိုလုပ် ဦးဆောင်ခွင့်ပေးနိုင်မလဲ"
ကောင်းကင်မြေအောက်ဗိမာန်ဘက်က ကျိရန်ချူအေးစက်စွာ နှာခေါင်းရှုံ့ရင်း ဒူးအစုံကို အနည်းငယ် ကွေးလိုက်သည်။
အာကာသပေါက်ကွဲမှုတစ်ခုနှင့်အတူ ကျိရန်ချူ ဟင်းလင်းပြင်အား ထိုးဖောက်သွားသည့် လှံတစ်စင်းပမာ ခုန်၀င်သွား၏။
ကျန်သောဂိုဏ်းများကလည်း အားနည်းချက်ကို မပြသရဲကြပေ။
တစ်ခဏအကြာတွင် နတ်အင်ပါယာနယ်ပယ် သို့မဟုတ် အထက်အဆင့်က ကျွမ်းကျင်သူတိုင်းနီးပါး ဟင်းလင်းပြင်ထဲသို့ ပြေး၀င်သွားကြသည်။
သို့စေကာမူ ဒီအချိန်မှာပင် လူတိုင်းအထက်တွင် ဟင်းလင်းပြင်၀င်ပေါက်၌ မျှော်စင်လေးတစ်ခု လေထဲကနေ ပေါ်လာခဲ့သည်။
ထိုထဲတွင် မရေမတွက်နိုင်လောက်သည့် ဝိဉာဉ်များက ၀န်းရံနေသည်။
ပုံရိပ်နှစ်ခုက မျှော်စင်လေးကနေ ပေါ်လာသည်။
ထို့နောက် ကြောင်အနေသည့် ကျင့်ကြံသူများအား လှည့်ပင်မကြည့်ဘဲ အပေါ်သို့ တည့်တည့်ပြေးသွားကြသည်။
ရွှေတောင်ပံဂဠုန်ကလန်မှ အကြီးအကဲ ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောသည်။
"သေမင်းဝိဉာဉ်နန်းတော်လား၊ သူတို့က တကယ်ပါ၀င်လာကြတာပဲ"
"ဟမ့်၊ ဒီလိုခိုးကြောင်ခိုးဝှက်အရာတွေကို သူတို့ပဲ လုပ်နိုင်မှာ"
သို့စေကာမူ ပထမတန်းစားအင်အားစုတစ်ခုသာဖြစ်သည့် သေမင်းဝိဉာဉ်နန်းတော်က ပဏာမခြေလှမ်းကို သိမ်းပိုက်သွားလေရာ ဒါက သူတို့နှလုံးသားထဲက ဒေါသကို အစပျိုးပေးခဲ့သည်။
သို့သော် ဝိဉာဉ်အရှင်သခင်နှင့် ကျန်အကြီးအကဲတို့ အာကာသမုန်တိုင်းများနှင့် ပြည့်နှက်နေသည့် ဟင်းလင်းပြင်ထဲ ၀င်တော့မည့်အချိန်တွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အာကာသစွမ်းအားက ဘိုးဘေးအင်ပါယာနယ်မြေရှိ တည်နေရာ၁၈ခု၌ ရုတ်တရက် ပေါက်ကွဲသွား၏။
ဒီအာကာသစွမ်းအားက အလွန်အမင်း ကြောက်စရာကောင်းလွန်းသဖြင့် လူတိုင်း တစ်ခဏမျှရပ်လိုက်ကြရသည်။
နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း၏ ကျွမ်းကျင်သူခေါင်းဆောင်များက ပို၍ပင် ထိတ်လန့်သွားကြသည်။
သူတို့မတုံ့ပြန်နိုင်ခင်မှာပင် ဒီကြီးမားပြီး ကြောက်စရာကောင်းသည့် အာကာသစွမ်းအားက အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ဖြစ်သည့် ဘိုးဘေးအင်ပါယာနယ်မြေက ပြိုကွဲနေသည့် ကောင်းကင်တစ်ခုလုံးကို သီးခြားဖယ်ထုတ်ပစ်သည်။
တစ်ခဏအကြာတွင် လူတိုင်းစိတ်ရှုပ်ထွေးသွားကြသည်။
အဘယ်ကြောင့်ဆိုသော် အာကာသနှလုံးသားကသာ ယခုလိုအာကာသစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်သောကြောင့်ပင်။
"မဟုတ်ရင် ဒါက....."
ဖုယွမ် 'မဟုတ်ရင်' ဆိုသောစကားကို ပြောလာသောအခါ နတ်သခင်အဆင့်အင်အားစုခြောက်ခု၏ မျက်သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့ ဘိုးဘေးအင်ပါယာနယ်မြေကို စရောက်စဉ်က ဆွဲဆောင်ခံခဲ့ရသည့် အာကာသစွမ်းအား၁၈ခု၏ မြင်ကွင်းကို တွေးလိုက်မိသည်။
ယခုအချိန်ထိ အာကာသစွမ်းအင်ကို ထိန်းချုပ်သည့် ကျင့်ကြံသူက ဘယ်တော့မှ မပေါ်လာခဲ့ပေ။
ထိုအချိန်မှာပင် လူသုံးဦးက အာကာသအတားအဆီး တခြားတစ်ဘက်က ဟင်းလင်းပြင်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
သူတို့က အနီ၀တ်အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးပင်။
အဖြူ၀တ်လူက ကျန်နှစ်ယောက်ကြားတွင် ရပ်နေသည်။
မှန်ပေသည်။ သူတို့က လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ပေတည်း။
သို့စေကာမူ လုချန်ရှန်းနှင့် သူတို့က မျက်နှာမဲ့ မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။
ဒီမျက်နှာဖုံးအောက်တွင် ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းမှ ဖုယွမ်ဖြစ်စေ၊ ယင်ယန်ဂိုဏ်းမှ လျှိုရှန်ပုဖြစ်စေ ရှိသူတိုင်းက သူတို့၏ ရုပ်ရည်အသွင်အပြင်ကို မြင်နိုင်စွမ်းမရှိပေ။
နောက်ဆုံးတစ်ကြိမ် ဟောင်တျန်းစားသောက်ပွဲအပြီးတွင် လုချန်ရှန်း မျက်နှာဖုံးအနည်းငယ်ကို အလျင်စလို လုပ်ခဲ့သည်။
ဒါက ဟောင်တျန်းစားသောက်ပွဲလို အရာမျိုး ထပ်မံဖြစ်လာသောအခါ ကာကွယ်ရန်ဖြစ်သည်။
သို့သော် ဟောင်တျန်းနတ်ဂိုဏ်းခေါင်းဆောင် တင်းဝေ၊ ရွှေတောင်ပံဂဠုန်ကလန်မှ ကျင်းဝူကျင်း၊ ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်မှ ကျိချန်းယောင်တို့ ဒီသုံးယောက်ကို မြင်သောအခါ သူတို့၌ တမူကွဲပြားသည့် အမူအရာများ ရှိနေကြသည်။
ဒီလိုအရာမျိုးက အရမ်းရင်းနှီးလွန်းသည်။
ဒါ့အပြင် လုချန်ရှန်းနှင့် ကျန်နှစ်ယောက်က အာကာသနှလုံးသားကို စိတ်၀င်စားနေတယ်ဆိုတာ သူတို့အားလုံးသိကြသည်။
မဟုတ်ပါက သူတို့ဘာကြောင့် ဟောင်တျန်းစားသောက်ပွဲကို သွားမည်နည်း။
ဒါ့အပြင် ဘိုးဘေးအင်ပါယာနယ်မြေသို့ လာကြသောသူများထဲတွင် တခြားဘယ်သူ့တွင်များ ဒီလိုစွမ်းအားမျိုးရှိမည်နည်း။
ဘိုးဘေးအင်ပါယာနယ်မြေအထက်က ကောင်းကင်ကို လုံး၀ပိုင်းဖြတ်ပစ်တာလား!
အဖြေက သိသာထင်ရှားနေလေပြီ။
တင်းဝေ ဒီမြင်ကွင်းကိုမြင်သောအခါ ဟောင်တျန်းနတ်ဂိုဏ်းက ကျန်သောသူများထံ တိတ်တဆိတ် အသံပို့လိုက်သည်။
"နောက်ပိုင်းမှာ အာကာသနှလုံးသားကို လုယက်ဖို့အတွက် ဒီ၀တ်စုံဖြူလူနဲ့ ပူးပေါင်းကြ"
တခြားသူများ ဘာကြောင့်လဲဆိုတာ နားမလည်ကြသော်လည်း သူတို့ခေါင်းညိတ်နေကြဆဲပင်။
ကျင်းဝူကျင်း သူ့ဘေးက သက်လတ်ပိုင်းအရွယ်လူကြီးကိုပြောသည်။
"အဖေ၊ ဒီတစ်ကြိမ် အာကာသနှလုံးသားကို လက်လျှော့လိုက်ကြရအောင်"
ထိုလူက ရွှေတောင်ပံဂဠုန်ကလန်ခေါင်းဆောင် ကျင်းလီပေတည်း။
ကျင်းလီ ကျင်းဝူကျင်းစကားလုံးများကို ကြားသောအခါ အနည်းငယ် ကြက်သေသေသွားပြီး မေးသည်။
"ဘာလို့လဲ"
ကျင်းဝူကျင်း ခါးသီးစွာပြုံးရင်း အပေါ်က အဖြူ၀တ်လူကို လက်ညိုးထိုးပြသည်။
"သူသာရှိရင် ကျွန်တော်တို့ကို မဆိုထားနဲ့၊ နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းကတောင် နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတွေကို မစေလွှတ်သရွေ့ သူ့ဆီကနေ သေချာပေါက် လုယူနိုင်မှာမဟုတ်ဘူး"
"ဟမ်၊ မင်းသူ့ကိုသိတာလား"
ကျင်းဝူကျင်းပြောသည်။
"အရင်က ကျွန်တော်ပြောဖူးတဲ့ သေမျိုးကျေးရွာက အဲဒီစီနီယာလေ"
ထိုနေရာတွင် ကျင်းလီ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် လုချန်ရှန်းကို လှမ်းကြည့်လိုက်သည်။
"သူသာဆိုရင်တောင် သူနဲ့ယှဉ်ပြိုင်ဖို့ ဆိုတာက တကယ်မဖြစ်နိုင်ပါဘူး"
"ဒါပေမယ့်..." ကျင်းလီရုတ်တရက်ပြောသည်။
"ငါတို့ ရွှေတောင်ပံဂဠုန်ကလန်ရဲ့ အနာဂတ်ကို သူ့အပေါ် လောင်းကြေးထပ်သင့်လား"
ကျင်းလီ၏ စကားလုံးများကို ကြားသောအခါ ကျင်းဝူကျင်း၏ အမူအရာက အနည်းငယ် အေးခဲသွားပြီးနောက် လေးလံစွာ ခေါင်းညိတ်သည်။
"ဒါဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်"
ကျိချန်းယောင်ကလည်း တောက်ပသည့်အပြုံးတစ်ပွင့်ကို ထုတ်ဖော်လိုက်လေရာ တစ်ခဏအကြာတွင် ဒါက သူမအနီး၀န်းကျင်က မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ထို့နောက် သူမဂိုဏ်းချုပ်တုံကင်ကို ထုတ်ယူလိုက်သည်။
"ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က လူတိုင်းနားထောင်ကြ၊ အာကာသနှလုံးသားကို ရယူဖို့အတွက် ၀တ်စုံဖြူနဲ့လူကို အစွမ်းကုန်ကူညီကြ"
အပိုင်း(880) coming။