← Chapters

#‌အာကာသအတားအဆီး#

Vol. 62 Ch. 880

#‌အာကာသအတားအဆီး#

Vol. 62 Ch. 880

ဘိုးဘေးအင်ပါယာနယ်မြေ၏ ပြိုကွဲနေသည့်ဟင်းလင်းပြင်အပြင်ဘက်၌ လူတိုင်း ကောင်းကင်သို့ ကြည့်လိုက်ကြ၏။

ဟင်းလင်းပြင်အပြင်၌ ပုစဉ်းရင်ကွဲကောင်၏ အတောင်ပံပမာ ပါးလွှာသည့် အာကာသအတားအဆီးတစ်ခုက ကောင်းကင်ကို ခွဲခြားပစ်သည်။

ထိုဟင်းလင်းပြင်၌ လူသုံးယောက်ရှိသည်။

သူတို့က လုချန်ရှန်း၊ ဟွမ်ချင်းနှင့် လျိုကျိယုတို့ဖြစ်သည်။

သူတို့သုံးယောက်က ဒီနည်းနှင့် အာကာသနှလုံးသားကို လုယူသွားချင်နေသည်မှာ သိသာထင်ရှားနေသည်။

သို့သော် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းက ဘယ်လိုလုပ်သဘောတူမည်နည်း။

ပထမက အာကာသနှလုံးသားက သူတို့အတွက်လည်း အရေးပါသည်။ ဒါက နတ်သခင်ကိုယ်တိုင် ထုတ်ပြန်ထားသည့် အမိန့်တစ်ခုပင်။

ဒုတိယက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်း တိုက်ခိုက်နေစဉ် တစ်ဘက်ကသာ အာကာသနှလုံးသားကို လုယူသွားပါက သူတို့အတွက် ဒါကအရမ်းရှက်စရာကောင်းသည်။

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရဘိုးဘေးဂိုဏ်းက ဖုယွမ် ခေါင်းမော့ကာ ကျယ်လောင်စွာပြောသည်။

"မင်းတို့ကဘယ်သူတွေလဲ၊ ဒါကမသင့်တော်ဘူးမလား"

ယင်ယန်ဂိုဏ်းက လျှိုရှန်ပုလည်း တစ်ချိန်တည်းတွင် အော်ဟစ်သည်။

"ဒီလိုလုပ်နေတာက နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းကို တစ်ချိန်တည်းမှာ စော်ကားတာနဲ့ အတူတူပဲဆိုတာ မင်းတို့သိကြလား၊ မင်းတို့ဒါကို လုပ်ချင်တာသေချာလား"

ကျိရန်ချူပွင့်လင်းစွာပြောသည်။

"မင်းတို့ဒီနည်းနဲ့ အာကာသနှလုံးသားကို ရခဲ့ရင်တောင် ငါတို့ဆီက အဆုံးမဲ့လိုက်ဖမ်းခြင်းကို ခံရမယ်ဆိုတာ နားလည်သင့်တယ်"

အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းနှင့် သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းတို့က အာကာသအတားအဆီးကို ချိုးဖျက်ရန် ပြင်ဆင်နေသည့်အလား အစွမ်းထက်အော်ရာများကို တိုက်ရိုက်ပင် ထုတ်လွှတ်လိုက်ကြ၏။

သို့စေကာမူ တခြားနတ်သခင်ဂိုဏ်းခြောက်ဂိုဏ်းက လုချန်ရှန်းကို ခြိမ်းခြောက်နေချိန် လုချန်ရှန်း သူတို့ပြောတာကို ကြားပုံမပေါ်။

ယင်းအစား သူထိုအင်အားစုများအား ကျောပေးပြီး ရှေ့က ဆုံချက်ကျသည့် အာကာသမုန်တိုင်းကို ကြည့်ကာ မေးစေ့ပွတ်သပ်သည်။

"အင်း၊ ဒီလိုအာကာသမုန်တိုင်းမျိုးကို ဖြတ်သန်းဖို့ဆိုတာက ပြဿာနာမရှိလောက်ပါဘူး"

"နောက်ထပ်ထောင်ချောက်တွေ ရှိသလားဆိုတာကို ငါမသိရုံပဲရှိတာ"

ဘေး၌ရပ်နေသည့် လျိုကျိယုမှာ အသံအမျိုးမျိုးနှင့် အော်ဟစ်ကာ အော်ရာမျိုးစုံကို ထုတ်လွှတ်နေသည့် နတ်သခင်အဆင့်ဂိုဏ်းများကို ကြည့်ရင်း သူ့လေသံက ခက်ထန်တုန်ယင်နေပြီး သူ့မျက်လုံးများက လောင်ကျွမ်းနေသည်။

"စီနီယာ၊ ကျွန်တော်တို့ဒီလူတွေကို အရင်ကိုင်တွယ်သင့်တာမလား၊ ဘာပဲဆိုဆို သူတို့က နတ်သခင်အဆင့်ဂိုဏ်းတွေကလေ၊ အမှောင်နယ်မြေဆိုရင်တောင် ကျွန်တော်တို့ သူတို့အားလုံးကို တစ်ချိန်တည်းမှာ မစော်ကားနိုင်ဘူး...."

လုချန်ရှန်း သူ့ကိုထူးဆန်းစွာတစ်ချက်ကြည့်ပြီး မျက်နှာပေါ်က မျက်နှာဖုံးကို လက်ညိုးထိုးပြသည်။

"မင်းဘာလို့ဒီလောက်သတ္တိနည်းနေရတာလဲ၊ ငါတို့မျက်နှာဖုံးတွေတပ်ထားတယ်လေ၊ ငါတို့ဘယ်သူလဲဆိုတာ သူတို့မသိပါဘူး၊ မင်းဘာလို့ ဒီလောက်ကြောက်နေရတာ"

"ဒါ့အပြင် ငါတို့အာကာသနှလုံးသားကို ယူပြီးရင် ဒီကြယ်နယ်မြေကနေ တိုက်ရိုက်ထွက်သွားမှာပဲ၊ သူတို့ ငါတို့ကို ရှာတွေ့မှာမဟုတ်ဘူး"

လျိုကျိယု၏ လည်မြိုက ခြောက်ကပ်သွား၏။

"ဒါအမှန်ပဲ...."

ဟွမ်ချင်းရုတ်တရက် ကြားဖြတ်ပြောလာသည်။

"နင်ကြောက်နေတယ်လို့တော့ ငါ့ကိုမပြောနဲ့နော်"

လျိုကျိယု "ငါ...."

သူထိတ်လန့်မနေဘူးဟုဆိုပါက လိမ်ရာကျသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ လျိုကျိယုက အဆင့်မြင့်ကြယ်နယ်မြေက ဒေသခံတစ်ယောက် မဟုတ်ပေလော။

ဒီနတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းအပေါ်၌ သူတို့တွင် သဘာ၀အတိုင်း အလိုအလျောက် လေးစားမှုရှိသည်။

ထိုအချိန်တွင် လုချန်ရှန်းထပ်ပြောသည်။

"မင်းဒါကိုတောင် မလုပ်နိုင်ဘူးဆိုရင် ကလေးစားပွဲကိုပဲသွားတော့"

လျိုကျိယု "....."

"ကောင်းပြီ၊ တစ်ယောက်ယောက် အတားအဆီးကို ချိုးဖျက်ပြီး ၀င်လာမှာကိုပဲ သတိထားကြ"

ဟွမ်ချင်းနှင့် လျိုကျိယုတို့ ခေါင်းညိတ်သည်။

....

အောက်တွင် ဖုယွမ်နှင့် ကျန်သောသူများ ကြည့်နေစဉ် တစ်ဘက်က သူတို့ကို လျစ်လျူရှုနေတာကို မြင်ရသောအခါ သူတို့ကြက်သေသေသွားကြပြီးနောက် နှလုံးသားထဲက ဒေါသက ဆက်လက် မြှင့်တက်လာခဲ့သည်။

"မင်းတို့ ငါတို့ကိုတောင် မျက်လုံးထဲ မထည့်တာလား" သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှ ဟူရှန်းနှာခေါင်းရှုံ့သည်။

သူ့လက်ကောက်၀တ်ကို ကိုင်လိုက်စဉ် မီးတောက်နီတစ်ခုက ရုတ်ချည်းဆိုသလို ဟူရှန်း၏ကိုယ်ကို ၀န်းရံသွားခဲ့သည်။

ပတ်၀န်းကျင်က ကျင့်ကြံသူများ၏ အမူအရာများက ပြောင်းလဲသွားကြပြီး ချက်ချင်းနောက်ဆုတ်သွားကြ၏။

"ဟူရှန်း နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ကိုတောင် ရောက်နေပြီလား"

"သန့်စင်ယန်ကောင်းကင်ဘုံမီးနည်းစနစ်ကိုတောင် ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်၊ သူ့မှာ တကယ်ပဲ အချုပ်အတည်းတွေကို ချိုးဖျက်ပြီး နတ်သခင်နယ်ပယ်ကို ရောက်ဖို့ အခွင့်အလမ်းတစ်ခုရှိတယ်...."

"ဒီတော့ ဒီအာကာသအတားအဆီးက ဟူရှန်းရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိလောက်ဘူး"

ထိုအချိန်တွင် ဟူရှန်းအော်ဟစ်သည်။

"ဒီတော့ ငါတို့ကိုတောင် လျစ်လျူရှုရတဲ့အထိ မင်းတို့ကိုသတ္တိပေးတဲ့ ဒီအတားအဆီးက ဘယ်လောက်တောင် အားကောင်းသလဲဆိုတာ ငါကြည့်ရတာပေါ့"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဟူရှန်း မီးတောက်စစ်နတ်ဘုရားတစ်ပါးပမာ ကမ္ဘာ့သုတ်သင်ကောင်းကင်ဘုံမီးကို သယ်ဆောင်ကာ အာကာသအတားအဆီးအား လက်သီးတစ်ချက် ထိုးနှက်ပစ်သည်။

လမ်းကြောင်းတစ်လျှောက်တွင် လေဟာနယ်က ကောင်းကင် လောင်ကျွမ်းခံနေရသည့်ပမာ ပြာများအဖြစ် လောင်ကျွမ်းခံရသည်။

လူတိုင်း၏အကြည့်များအောက်တွင် ဟူရှန်း၏ ဧရာမမီးတောက်လက်သီးက အာကာသအတားအဆီးပေါ်သို့ အညှာအတာကင်းမဲ့စွာပင် ကျရောက်သွားခဲ့သည်။

ဘန်း.......!

ကျယ်လောင်သည့် အသံတစ်သံထွက်လာပြီး အတားအဆီးပေါ်၌ လှိုင်းအနည်းငယ် ထသွားသော်လည်း ဒါ့အပြင် အက်ကြောင်းတစ်ခုလေးမှ မရှိပါ။

ဟူရှန်း၏ လက်သီးချက်က ဘာသက်ရောက်မှုမှ မရှိသည့်အလားပင်။

ဒီမြင်ကွင်းကိုကြည့်ရင်း လူတိုင်း ကြက်သေသေသွားကြ၏။

ဒါက....!

နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ဖြစ်တဲ့ ဟူရှန်းတောင်မှ မချိုးဖျက်နိုင်ဘူးလား!

ဒါ့အပြင် ဒီလက်သီးချက်တွင် ဟူရှန်း ခွန်အားအပြာ့်သုံးထားတာကို နတ်သခင်အဆင့်ဂိုဏ်းများမှ ကျန်သောသူများ ပြောနိုင်ပါသည်။

သူတို့ထဲက အနည်းငယ်၏ အမူအရာများက လေးနက်နေကြပြီး ဟူရှန်း၏ မျက်နှာကမူ ပို၍ပင် စိတ်ရှုပ်ထွေးနေသည်။

"ဒါကျိုးပဲ့သွားလား၊ မကျိုးပဲ့သွားဘူးလားဆိုတာကို မပြောနဲ့ဦး၊ ဒီလက်သီးချက်က အက်ကြောင်းတစ်ကြောင်းတောင် မဖြစ်စေနိုင်တာလား"

ဒါက ဟူရှန်းကို တစ်ဘက်လူ၏ ခွန်အားကို စတင်သံသယ၀င်လာစေသည်။

ယခုလိုကာကွယ်ရေးအဆင့်ကို ရောက်ရန်အတွက် အတားအဆီးက နတ်သခင်အဆင့်ကို ရောက်နေရပေမည်။

ထိုအချိန်တွင် ကျိရန်ချူနှာခေါင်းရှုံ့သည်။

"ငါစမ်းကြည့်ပါရစေ"

ထို့နောက် သူလက်ထဲတွင် လှံတစ်ချောင်း ကိုင်လိုက်သည်။

ပစ်လွှတ်သည့် အနေအထားအတိုင်း ကိုယ်ဟန်ယူလိုက်စဉ် ရွှေရောင်အလင်းအမျှင်တန်းများက လှံပေါ်သို့ အရူးအမူးစုပြုံလာပြီး လှံထိပ်တွင် အဆုံးမဲ့လှံဆန္ဒက မိုးနှင့်မြေကိုပင် ထိုးဖောက်နိုင်သည့်အလား။

ကောင်းကင်မြေအောက်ဗိမာန်၏ လှံနည်းစနစ်များက အဆင့်မြင့်ကြယ်နယ်မြေတွင် ထိပ်တန်းတည်ရှိမှုများဖြစ်သည်။

တိုက်ခိုက်ရေးလက်နက်အပြင် လှံကို လက်နက်များ၏ ဘုရင်ဟု လူသိများသည်။

ကျိရန်ချူနှင့် ဟူရှန်းတို့က နယ်ပယ်တူတွင် ရှိသော်လည်း တိုက်ခိုက်မှုအရတော့ သူက ဟူရှန်းထက် ပိုအားကောင်းသည်။

ကျိရန်ချူ လှံကိုပစ်လွှတ်လိုက်သောအခါ နေကို ထိုးဖောက်သွားသည့် သက်တန့်အလား ၎င်းက လေဟာနယ်ကို ထိုးဖောက်ပြီး အာကာသအတားအဆီးကို တိုက်ရိုက်ထိမှန်သည်။

ချက်ချင်းဆိုသလို ဘက်ပေါင်းစုံကနေ ကျယ်လောင်သည့် မိုးကြိုးဟိန်းသံများ ထွက်လာပြီး ပတ်၀န်းကျင်က အဝါရောင်သဲများက အဆုံးမဲ့လွင့်နေသည်။

သို့စေကာမူ လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် အာကာသအတားအဆီးက လှိုင်းအနည်းငယ်သာ ထသွားသည်။

သို့သော် ဒါက ဟူရှန်းတိုက်ခိုက်မှုထက် နှစ်ကြိမ်ခန့်ပို၍ ထသွားသည်။

ထိုအချိန်တွင် ဖုယွမ်ထူးမခြားနားစွာပြောသည်။

"ကောင်းပြီ၊ အတူတကွတိုက်ခိုက်ပြီး ဒီမျက်နှာပြင်ကို ခွဲပစ်ကြရအောင်၊ ငါတို့ ချိုးဖျက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့"

ကျိရန်ချူနှင့် ဟူရှန်းတို့ ကြည့်ရဆိုးသည့် အမူအရာဖြင့် ခေါင်းညိတ်ကြသည်။

ထိုအခိုက်အတန့်မှာပင် ဖုယွမ် တင်းဝေကို ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

"မင်းတို့မလှုပ်ရှားဘူးလား"

တင်းဝေ လက်အစုံကိုဖြန့်ကာ ရယ်မောသည်။

"ဘာလို့လှုပ်ရှားရမှာလဲ"

"အိုး၊ ကြည့်ရတာ အဲဒီ၀တ်စုံဖြူနဲ့လူ ဘယ်သူလဲဆိုတာ မင်းသိပုံပဲ"

"မင်းတို့ အာကာသနှလုံးသားကို ရသွားတာကို မြင်ရတာထက် တခြားသူတွေ ရသွားတာ ပိုကောင်းရုံပါပဲ"

ဖုယွမ်၏အမူအရာက မည်းမှောင်သွားပြီးနောက် လျစ်လျူရှုလိုက်သည်။

သူတို့ကျန်သော နတ်သခင်နယ်ပယ် တစ်၀က်အဆင့် ငါးဦးနှင့်အတူ အာကာသအတားအဆီးပေါ်က အမှတ်တစ်နေရာတည်းကို တစ်ချိန်တည်းတွင် အစွမ်းကုန် တိုက်ခိုက်ကြသည်။

ပတ်ပတ်လည်က လေဟာနယ်က ဆက်လက်ပြိုကျပျက်စီးနေသည်။

ကျင့်ကြံခြင်းနယ်ပယ်နိမ့်ကျသောသူများက မိုင်ထောင်ချီအကွာတွင်ပင် ရှိနေကြလေပြီ။

အဝါရောင်သဲများ ပျောက်သွားသောအခါ လူတိုင်းရှေ့က အာကာသအတားအဆီးက အထိအခိုက်မရှိ ပြန်ပေါ်လာသောအခါ လူတိုင်း အတော်လေးထိတ်လန့်သွားကြ၏။

ဒီအာကာသအတားအဆီးက နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ရဲ့ လက်ရာများလား!

ဒီလိုဆိုရင် အဲဒီ၀တ်စုံဖြူနဲ့လူက နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ပေါ့!

ဒါကိုတွေးမိသောအခါ နတ်သခင်အဆင့် ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များက အသံလွှင်ပစ္စည်းများကို ထုတ်ယူလိုက်ကြ၏။

အပိုင်း(881) coming။

All Chapters