← Chapters

#‌ဆန်းကြယ်သောအဖိုးအို#

Vol. 62 Ch. 882

#‌ဆန်းကြယ်သောအဖိုးအို#

Vol. 62 Ch. 882

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က ယူဆောင်လာသည့် ပျက်စီးမှုအဆင့်က တိုင်းတာ၍မရနိုင်ပေ။

အကယ်၍ ဒေသတစ်ခုလုံးက တွေ့ကြုံခံစားရမည်ဆိုပါက ရှင်ကျန်ရန်ဟူသည် မဖြစ်နိုင်လောက်ပါ။

သို့စေကာမူ ယခုတွင် နတ်သခင်ခြောက်ဦးက တစ်ချိန်တည်းတွင် တိုက်ခိုက်လာကြ၏။

အစကတည်းကပျက်စီးပြီး ကျက်တီးမြေဖြစ်နေသည့် ဘိုးဘေးအင်ပါယာနယ်မြေက ယခုလိုဖျက်လိုအားပြင်းသည့် တိုက်ခတ်မှုကို ခံနိုင်ရည်ရှိမည်နည်း။

အထက်တွင် ဟွမ်ချင်းကလည်း လက်ကို ဆန့်ထုတ်လိုက်သည်။ သူမလက်ဖဝါးပေါ်ရှိ နတ်ဖီးနစ်မီးတောက်လုံးတစ်လုံးက လေနှင့်အတူ လွင့်မြောကာ လေထဲတွင် ကျယ်ပြန့်သွားသည်။

နတ်ဖီးနစ်ပုံရိပ်ယောက်တစ်ခုက ဟွမ်ချင်းနောက်တွင် ၎င်း၏အတောင်ပံများကို ဖြန့်ကြက်လိုက်၏။

နတ်သခင်ခြောက်ဦး တိုက်ခိုက်လာသောအခါ ဟွမ်ချင်းကလည်း ဖိနှိပ်ခံ‌နေရသည့်ပမာ ခံစားနေရသည်။

"အတားအ‌ဆီးလေးတစ်ခုပဲလေ၊ ဒါကနတ်သခင်အဆင့်ဆိုရင်တောင် ငါတို့နတ်သခင်ခြောက်ယောက်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုခံနိုင်မှာတဲ့လဲ"

ယင်ယန်နတ်သခင်နှာခေါင်းရှုံ့သည်။

သူ့ရယ်သံက မထီမဲ့မြင်ပြုမှုနှင့် ပြည့်နှကိနေသည်။

ဘိုးဘေးအင်ပါယာနယ်မြေက ဒီ၀န်ထုပ်၀န်ပိုးကို မခံနိုင်တော့သဖြင့် တုန်ခါနေပြီး ပျက်စီးလုနီးပါး အခြေအနေမှာပင် ဘိုးဘေးအင်ပါယာနယ်မြေတစ်ခုလုံးအတွင်း အသံတစ်သံပျံ့လာခဲ့သည်။

"ဘိုးဘေးအင်ပါယာနယ်မြေက သေမျိုးကမ္ဘာရဲ့ ဗဟိုချက်ပဲ၊ ဒါနယ်မြေက ကျဆင်းသွားခဲ့တယ်ဆိုရင်တောင် ဂုဏ်သရေရှိ သားစဉ်မြေးဆက်တွေက ဒါကို သူတို့ နှလုံးသားထဲက‌နေ မှတ်မိနေကြသင့်တယ်"

"အခုဒီဂုဏ်ကျက်သရေကို မင်းတို့လက်နဲ့မင်းတို့ မြှုပ်နှံပစ်ချင်ကြတာလား"

အဖိုးအို၏အသံက သာမန်ဆန်ပုံရပြီး သူ့၏ ဆည်းဆာနေ၀င်ချိန်ကိုပင် ရောက်နေသည့်အလား။

သို့သော် ဒါကသာမန်အသံတစ်သံ ဖြစ်သော်လည်း မဟာတာအို၏ ရိုးရှင်းမှုကို ဖော်ပြနေသည်။

ထိုအချိန်တွင် နတ်သခင်ခြောက်ဦး တစ်ချိန်တည်းတွင် ထုတ်လွှတ်သည့် နိယာမစွမ်းအားက ရုတ်တရက်ပျောက်ကွယ်သွားသည်။

အဖိုးအို၏အသံက အရာရာတိုင်းကို ဖိနှိပ်နိုင်သည့် တောင်ကြီးတစ်လုံးအသွင်။

ဒီမြင်ကွင်းအပေါ် လူတိုင်းထိတ်လန့်သွားကြသလို နတ်သခင်ခြောက်ဦး၏ အမူအရာများကမူ တစ်ချိန်တည်းတွင် လေးနက်သွားကြ၏။

"ဘယ်ကစီနီယာလဲဆိုတာ မေးလို့ရမလား"

ခေးအောစ့်အနှစ်သာရဓားသခင် လက်သီးနှစ်ဖက်ဆုပ်ပြီး ဟင်းလင်းပြင်ကို စူးစမ်းကြည့်သည်။

စကားတစ်ခွန်းတည်းနှင့် သူတို့အားလုံး သိပ်သည်းထားသည့် တိုက်ချက်ကိုပင် ဖိနှိပ်နိုင်လေရာ တစ်ဘက်လူ၏ခွန်အားက စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။

ဟွမ်ချင်းရော လျိုကျိယုပါ ကြက်သေသေသွားကြ၏။

ထိုအချိန်တွင် အသံကထပ်ပေါ်လာသည်။

"ငါဘယ်သူလဲဆိုတာ မင်းတို့သိစရာမလိုဘူး"

"အချိန်တွေကုန်ဆုံးသွားတော့ မင်းတို့သေမျိုးနယ်မြေနဲ့ ဘိုးဘေးအင်ပါယာနယ်မြေရဲ့ ဂုဏ်ကျက်သရေကို မေ့သွားကြပုံပဲ"

သေမျိုးနယ်မြေရဲ့ ဂုဏ်ကျက်သရေ!

ဘိုးဘေးအင်ပါယာနယ်မြေရဲ့ ဂုဏ်ကျက်သရေ!

နတ်သခင်များ လေးနက်သည့် အမူအရာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

အဆင့်မြင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေများကို သေမျိုးနယ်မြေဟု ခေါ်တာကို သူတို့သိကြသည်။

ဒါကို ရှေးဟောင်းစာအုပ်များတွင်လည်း မှတ်တမ်းတင်ထားသည်။

ထိုအချိန်က သေမျိုးနယ်မြေ၏ ကျင့်ကြံခြင်းတိုးတက်မှုက အင်မတန်ကြွယ်၀သည်။

ထိုအချိန်က ဒေသတစ်ခုကိုပင် လွှမ်းမိုးနိုင်သည့် နတ်သခင်တစ်ပါးကို အထွတ်အထိပ်အဆင့်ကျွမ်းကျင်သူဟု မသတ်မှတ်နိုင်ပေ။

ရှေးဟောင်းစာအုပ်များတွင်လည်း ယေဘုယျအားဖြင့် ဒါကိုသာ မှတ်တမ်းတင်ထားသည်။

ကြီးမားသည့်ကပ်ဘေးကြီးတစ်ခုကို တားဆီးခဲ့ပြီးနောက် သေမျိုးနယ်မြေက ကျဆင်းလာခဲ့သည်။

အဖိုးအို၏အသံက ဆက်ပေါ်လာသည်။

"မေ့လိုက်တော့၊ မေ့လိုက်တော့....."

ဒီစကားလုံးများက ၀မ်းနည်းမှု၊ စိတ်ပျက်မှုများနှင့် ပြည့်နှက်နေသည့်အလား။

ဒါက လွမ်းဆွတ်တယ်ဆိုတာထက် ပိုသည်။

"မင်းတို့မမှတ်မိတော့ဘူးဆိုရင်လည်း ထားတော့၊ ဒါပေမယ့် မင်းတို့ဂျူနီယာလေးတွေက ဘိုးဘေးအင်ပါယာနယ်မြေကို တိုက်ခိုက်ပြီး လုံး၀ဖျက်ဆီးပစ်ရဲရင် မင်းတို့အတွက် ဒီကမ္ဘာကြီးထဲမှာ ဆက်လက် တည်ရှိနေစရာမလိုတော့ဘူး"

အောက်ကလူများ ဒါကိုကြားသောအခါ အားလုံး ထိတ်လန့်သွားကြ၏။

အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် နတ်သခင်များကို ဘယ်သူက ဒီလို ပြောရဲလေသနည်း!

ဒါ့အပြင် နတ်သခင်ခုနှစ်ဦးစလုံးရှိနေသည်။ ထိုအချိန်တွင် ကောင်းကင်မီးနတ်သခင်အော်ဟစ်သည်။

"ဟမ့်၊ ခင်ဗျားက ကိုယ့်ကိုကိုယ်မပြဘဲ အမှောင်ထဲမှာ ပုန်းနေတာပဲ၊ ခင်ဗျားအသံကတော့ အရမ်းမောက်မာတယ်၊ ခင်ဗျား ကျုပ်တို့အားလုံးကို ဘယ်လိုသတ်မလဲ"

ခေးအောစ့်အနှစ်သာရဓားသခင် အနည်းငယ်မျက်မှောင်ကြုတ်ကာ ကောင်းကင်မီးနတ်သခင်ကို တားဆီးချင်သော်လည်း သူရပ်လိုက်သည်။

တစ်ဘက်လူက ဟန်ဆောင်နေတာလားဆိုတာကို သူလည်းသိချင်သည်။

အရင်က အဖိုးအို စကားတစ်ခွန်းတည်းသာ ပြောခဲ့သည့်တိုင် နတ်သခင်ခြောက်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို အတင်းတားဆီးပစ်ခဲ့သည်။

ဒါပေမယ့် သူနည်းလမ်းတစ်ချို့သုံးခဲ့တာဆိုရင်ရော!

အဖိုးအို၏စကားလုံးများကနေတဆင့် တစ်ဘက်လူက ရှေးခေတ်က လူတစ်ယောက်ဆိုတာ သိသာထင်ရှားနေသည်။

ထိုအချိန်ကတည်းက မည်သူကများ ရှင်ကျန်နိုင်လေသနည်း။

လူသားဖြစ်စေ၊ တစ္ဆေဖြစ်စေ ဒါက နောက်အကြောင်းအရာတစ်ခုသာ။

"အခုခေတ်လူငယ်မျိုးဆက်က လူတွေက တကယ်ကို စိတ်ပျက်စရာပဲ"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မီးနတ်သခက်ခေါင်းအထက်တွင် လေထဲမှ ဧရာမတောင်ကြီးတစ်လုံး ပေါ်လာသည်။

တောင်က အတော်လေးခိုင်ခံ့သည်။

သို့စေကာမူ အာရုံခံမိသောအခါ အားလုံး အတော်လေးထိတ်လန့်သွားကြ၏။

တကယ်တမ်းတွင် ဒီတောင်ကို မဟာတာအိုစွမ်းအားကနေ ဖန်တီးထားခြင်းပင်။

ယှဉ်၍မရနိုင်လောက်အောင် သိပ်သည်းသည့် မဟာတာအိုစွမ်းအားက ဒီကမ္ဘာ၏ အရင်းအမြစ်အလား ကောင်းကင်မီးနတ်သခင်ထံသို့ ဖိကျလာသည်။

ကောင်းကင်မီးနတ်သခင်ကလည်း ဒါကို ခံစားမိသည်။ ထိတ်လန့်မှုနှင့်အတူ သူ့ကိုယ်သူ ကာကွယ်ရုံသာ တတ်နိုင်တော့သည်။

သူရုတ်တရက် ခေါင်းပေါ်သို့ လက်သီးနှစ်ဖက်စလုံးနှင့် ထိုးနှက်ပစ်သည်။

ကောင်းကင်မီးနတ်သခင်က မီးတာအိုနိယာမကို အဆုံးစွန်အထိ သုံးထားသည်။

ဘိုးဘေးအင်ပါယာနယ်မြေတစ်ခုလုံးက ဒီပင်လယ်ထဲတွင် အရည်ပျော်ကျနေသည့်အသွင်။

ဘန်း....ဘန်း....ဘန်း....!

သူ့လက်သီးချက်များထဲက မီးပင်လယ်က မူလတောင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်သည်။

သို့စေကာမူ တောင်ကြီး၏ အမြန်နှုန်းက လုံး၀မကျဆင်းသွားပေ။

မီးပင်လယ်၏ ၀န်းရံမှုအောက်တွင် ၎င်းက လုံး၀သက်ရောက်ခြင်း မခံရသည့်အလား ကောင်းကင်မီးနတ်သခင်ထံ ဆက်လက် ကျဆင်းလာသည်။

ကောင်းကင်မီးနတ်သခင်၏ အမူအရာက ပြောင်းလဲသွားပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ဧရာမတောင်ကြီးက သူ့လက်သီးများပေါ်သို့ ဖိသိပ်ကျဆင်းလာလေပြီ။

ရုတ်ချည်းဆိုသလို ပေါက်ကွဲသံများနှင့်အတူ ကောင်းကင်မီးနတ်သခင်က မြေပေါ်သို့ ချက်ချင်းဖိသိပ်ခံရသည်။

သူလက်သီးနှစ်ဖက်နှင့် အပြင်းအထန် ရုန်းကန်နေပြီး သူ့မျက်နှာက အတော်လေး ဖြူရော်နေသည်။

လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် ကောင်းကင်မီးနတ်သခင်အော်ဟစ်သည်။

"စီနီယာ၊ သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းက ဘိုးဘေးအင်ပါယာနယ်မြေကို နောက်ထပ်ခြေလှမ်းမလှမ်းတော့ဘူးလို့ ကတိပေးပါတယ်"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တောင်ကြီးကလည်း ပျောက်ကွယ်သွား၏။

အဖိုးအို၏အသံက ထပ်မံထွက်လာသည်။

"အရင်ကဆိုရင် မင်းမှာအသက်ရှင်ဖို့အတွက် အခွင့်အလမ်းတောင် ရှိမှာမဟုတ်ဘူး"

"ဒါပေမယ့် လက်ရှိသေမျိုးနယ်မြေက တိုက်ခိုက်ရေးစွမ်းအားကင်းမဲ့မှုကို နောက်ထပ်ခံနိုင်ရည် မရှိတော့ဘူး"

"ဒီတော့ ငါမင်းအသက်ကို လွှတ်ပေးလိုက်မယ်"

ကောင်းကင်မီးနတ်သခင် အသက်ပြင်းပြင်းရှူနေရသည်။ သူ့မျက်နှာကဖြူရော်ကာ ကြည့်ရဆိုးနေပြီး လမ်းဘေးခွေးတစ်ကောင်ပမာ ပြောရုံသာ တတ်နိုင်သည်။

"ကျေးဇူးပါ၊ စီနီယာ"

ထို့နောက် သူ သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းကလူများနှင့်အတူ စိတ်ပျက်စရာ အခြေအနေတစ်ခုဖြင့် ထွက်သွားရတော့သည်။

အဖိုးအို၏အသံက ထပ်ထွက်လာသည်။

"မင်းတို့ကရော"

ယင်ယန်နတ်သခင် အာကာသနှလုံးသားကို စိုက်ကြည့်ရင်း ဒေါသတကြီးပြောသည်။

"သူကလည်း နတ်သခင်နယ်ပယ်ပဲလေ၊ ဘာလို့သူကျ တိုက်ခိုက်လို့ရတာလဲ"

အဖိုးအို ထူးမခြားနားစွာပြောသည်။

"သူဘိုးဘေးအင်ပါယာနယ်မြေကို ထိခိုက်အောင် မလုပ်ခဲ့ဘူး၊ ဒီတော့ ငါဂရုမစိုက်ဘူး"

ယင်ယန်နတ်သခင် ထပ်ပြီးစူးစမ်းသည်။

"ဒီလိုဆိုရင် ဘိုးဘေးအင်ပါယာနယ်မြေမှာ မဟုတ်သရွေ့ စီနီယာက နယ်မြေအပြင်မှာဆိုရင် ၀င်စွက်ဖက်မှာ မဟုတ်ဘူးပေါ့"

"ငါ ဘိုးဘေးအင်ပါယာနယ်မြေအပြင်မှာဆိုရင် ၀င်စွက်ဖက်မှာမဟုတ်ဘူး"

ထို့နောက်တွင်သာ နတ်သခင်များ စိတ်သက်သာရာရစွာ သက်ပြင်းချကြသည်။

ကံကောင်းစွာပင် အဖိုးအိုက သူတို့၏ အကူမဟုတ်ပေ။

"ဒီလိုဆိုမှတော့ စီနီယာ၊ ကျုပ်တို့လည်း ထွက်သွားပါမယ်"

ထို့နောက် တခြားနတ်သခင်ခြောက်ဦးကလည်း ထွက်သွားကြသည်။

သို့စေကာမူ ဘိုးဘေးအင်ပါယာနယ်မြေက ထွက်လာပြီးနောက် သူတို့အဝေးကြီးမသွားဘဲ ယင်းအစား ဘိုးဘေးအင်ပါယာနယ်မြေအပြင်ဘက်တွင် ထိုးဖောက်၍မရနိုင်သည့် အကာကွယ်တစ်ခု ဖန်တီးကာ လုချန်ရှန်းနှင့် ကျန်သောသူများ ထွက်လာမည်ကို စောင့်နေကြသည်။

....

ဘိုးဘေးအင်ပါယာနယ်မြေအမှောင်ထဲတွင် ဝေဝါးနေသည့်ပုံရိပ်တစ်ခုက အာကာသနှလုံးသားရှိရာဘက်က လုချန်ရှန်းကို ကြည့်ပြီး ခေါင်းညိတ်သည်။

"ကြည့်ရတာ သေမျိုးနယ်မြေရဲ့ ကျင့်ကြံခြင်းအခြေအနေကို ကယ်တင်လို့ရသေးပုံပဲ"

လုချန်ရှန်း ဒီအရာအားလုံးကို မြင်သဖြင့် လေးလံစွာ သက်ပြင်းချမိသည်။

ငါလည်းဒီလိုပဲထင်ခဲ့တာ!

အမှောင်ထဲမှာ အဲဒီနတ်သခင်တွေထက် ပိုအားကောင်းတဲ့သူ တကယ်ရှိတာပဲ!

ဒါပေမယ့် သူတို့သာ ဒီမှာတိုက်ခိုက်ခဲ့ရင် အာကာသနှလုံးသားကို ယူပြီးတဲ့အခါကျရင် ငါဘယ်သူမှ သတိမထားမိအောင် ထွက်သွားလို့ ရလောက်တယ်!

အခုတော့ သူတို့က ဘိုးဘေးအင်ပါယာနယ်မြေကို ဝိုင်းရံထားလိုက်ကြပြီ၊ ငါ အားထုတ်မှုအများကြီး လုပ်ရဦးမယ်!

ဒီအဖိုးကြီးက ပရိယာယ်များတဲ့ လူလိမ်တစ်ယောက်ပဲ!

အပိုင်း(883) coming။

All Chapters