← Chapters

#‌နတ်သခင်ခုနှစ်ဦးရောက်လာပြီ#

Vol. 62 Ch. 881

#‌နတ်သခင်ခုနှစ်ဦးရောက်လာပြီ#

Vol. 62 Ch. 881

လူတိုင်း ဟင်းလင်းပြင်ကို ကြေမွစေသည့် အာကာသအတားအဆီးကို အထိတ်တလန့် ကြည့်လိုက်မိကြ၏။

ဒါက နတ်သခင်နယ်ပယ် တစ်၀က်အဆင့်ခြောက်ဦး၏ အားအပြည့်တိုက်ချက်ကို ခံနိုင်ရည်ရှိပြီး အက်ကြောင်းတစ်ခုမှပင် မပေါ်ဘဲ လှိုင်းအနည်းငယ်သာ ထသွားစေသည်။

ဒီအာကာသအတားအဆီးက ဘယ်အဆင့်လဲ!

နတ်သခင်အဆင့်ကာကွယ်ရေး အတားအဆီးတစ်ခုကသာ ဒီလိုတိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိတယ်ဆိုတာ စိတ်ကူးကြည့်၍ပင် ရသည်။

ဖုယွမ်နှင့် တခြားသူများ ဒါကို နားလည် သဘောပေါက်သွားတာ သိသာထင်ရှားနေပြီး သူတို့ချက်ချင်းဆိုသလို အသံပို့ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်ကြ၏။

အာကာသနှလုံးသားအတွက် တိုက်ခိုက်စဉ် နတ်သခင်အဆင့်ဂိုဏ်းခုနှစ်ဂိုဏ်းစလုံးက သဘောတူညီချက်တစ်ခုရှိကြပြီး သူတို့ နတ်သခင်အဆင့်ကျွမ်းကျင်သူများကို သေချာပေါက် စုစည်းကြမည်မဟုတ်ပေ။

နတ်သခင်ကျွမ်းကျင်သူတစ်ယောက် ၀င်ရောက်စွက်ဖက်လာပါက သဘာ၀ကပင် ပြောင်းလဲသွားရပေလိမ့်မည်။

ဒီပြိုင်ဆိုင်မှုကို စစ်ပွဲတစ်ခုနှင့် ယှဉ်မည်ဆိုပါက နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က စစ်ပွဲ၏ ဗျူဟာမြောက်လက်နက်တစ်ခုပင်။

သူတို့တိုက်ခိုက်လာသည်နှင့် ပတ်၀န်းကျင်အား အကြီးအကျယ် ထိခိုက်စေလိမ့်မည်။

ထို့ကြောင့် ပုံမှန်အခြေအ‌နေများတွင် နတ်သခင်နယ်ပယ်ကျွမ်းကျင်သူများအဖို့ အရေးယူမဆောင်ရွက်ရန်ဟူသည် ရေးသားမထားသည့် စည်းမျဉ်းတစ်ခုသာ။

နတ်သခင်နယ်ပယ်တစ်ဦး လှုပ်ရှားလာခဲ့သည်မှာ နှစ်ပေါင်းသောင်းချီပင် ကြာမြင့်သွားခဲ့လေပြီ။

နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်သာ ဒီစည်းမျဉ်းကို အရင်ချိုးဖျက်မည်ဆိုပါက ကျန်သောနတ်သခင်များကလည်း တစ်ဦးပြီးတစ်ဦး ၀င်လာကြပေလိမ့်မည်။

ထိုပထမတန်းစားအင်အားစုများ ဒီမြင်ကွင်းကို မြင်ပြီးနောက် သူတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲသွား၏။

"မြန်မြန်၊ နတ်အင်ပါယာနယ်ပယ်အောက်ကလူတွေ၊ ဘိုးဘေးအင်ပါယာနယ်မြေက ချက်ချင်းထွက်သွားကြ"

"ဒီနေရာကနေ အမြန်ဆုံးထွက်သွားကြ"

တစ်ခဏအကြာတွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ထိတ်လန့်နေသည့်အမူအရာဖြင့် ဘိုးဘေးအင်ပါယာနယ်မြေမှ စတင်ပျံသန်းသွားကြ၏။

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ဘက်တွင် အကြီးအကဲတစ်ဦးကလည်း ကျိချန်း‌ယောင်ကို အလျင်အမြန် ပြောသည်။

"သူတော်စင်မိန်းမပျို၊ အရင်ထွက်သွားသင့်တယ်"

သို့စေကာမူ ကျိချန်းယောင် ခေါင်းခါယမ်းသည်။

"ဘာမှမဖြစ်ပါဘူး၊ နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတွေ ဘယ်လိုတိုက်ခိုက်ကြသလဲဆိုတာ ကျွန်မလည်းမြင်ချင်တယ်"

"ဒါပေမယ့်....."

"လက်ရှိကျွန်မက ဒါကို ခံနိုင်ရည်ရှိပါတယ်"

တခြားတစ်ဘက်တွင် ကျင်းဝူကျင်းကလည်း အလားတူရွေးချယ်မှုကို လုပ်ခဲ့သည်။

သို့စေကာမူ ကျိချန်းယောင် လုချန်ရှန်းအတွက် စိုးရိမ်ပူပန်နေသည်။

ကျင်းဝူကျင်းကလည်း နတ်သခင်နယ်ပယ်များအကြားက တိုက်ပွဲကို အမှန်တကယ် မြင်တွေ့ချင်သည်။

မည်သို့ပင်ဆိုစေကာမူ ဒီအဆင့်တိုက်ပွဲကို နားလည်နိုင်ရန်သူသည် မဖြစ်နိုင်ပေ။

ဘေးကနေ ခံစားရုံမျှကလည်း သူ့ကျင့်ကြံခြင်းနယ်ပယ်ကို အများကြီး တိုး‌တက်စေနိုင်သည်။

သို့သော် လိုအပ်ချက်က သူနယ်မြေတစ်ခုလုံးကိုပင် ဖျက်ဆီးရန်လုံလောက်သည့် နောက်ဆက်တွဲလှိုင်းများကို ခံနိုင်ရည်ရှိရန် လိုအပ်သည်။

တင်းဝေ ဒါကိုမြင်သောအခါ သူ့အမူအရာက လေးနက်သွားပြီး အသံလွှင်ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်၏။

တခြားတစ်ဘက်တွင် လုချန်ရှန်း အာကာသမုန်တိုင်းကို စတင်ဖြတ်သန်းနေလေပြီ။

လျိုကျိယုနှင့် ဟွမ်ချင်းတို့က အတားအဆီးဘေးတွင်ရှိပြီး လုချန်ရှန်းအတွက် စောင့်ကြည့်ပေးနေကြသည်။

သူတို့ဒီမြင်ကွင်းကို မြင်သောအခါ လျိုကျိယု အနည်းငယ်မျက်မှောင်ကြုတ်ရင်း သူ့နှလုံးက အလိုအလျောက် တင်းကျပ်သွားရသည်။

"နတ်သခင်နယ်ပယ်ကျွမ်းကျင်သူခုနှစ်ဦး....မင်းခံနိုင်ရည်ရှိလား"

ဟွမ်ချင်းတုံ့ဆိုင်းမနေဘဲ ပြန်ဖြေသည်။

"ငါတစ်ယောက်တည်းသာဆိုရင်တော့ နည်းနည်းပိုပင်ပန်းရလိမ့်မယ်၊ ဒါပေမယ့် ဒီအတားအဆီးရှိရင်တော့ ဘာဖိအားမှ မရှိဘူး၊ ဒါမှမဟုတ် ငါ့အတွက် ဘာမှလုပ်စရာမလိုဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်"

ဒါကိုကြားသောအခါ လျိုကျိယု စိတ်သက်သာရာရစွာသက်ပြင်းချပြီး ပြန်စဉ်းစားကြည့်သည်။

မှန်ပေသည်။ စီနီယာလု၏ နက်ရှိုင်းလှသည့် ခွန်အားနှင့် အတော်လေးသတိထားတတ်သည့် ပင်ကိုယ်စရိုက်နှင့်ဆိုပါက ဒီအာကာသအတားအဆီးက ရိုးရှင်းမည်မဟုတ်ပါ။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဒီအတားအဆီးကို သေချာပေါက် ချိုးဖျက်နိုင်မည်မဟုတ်။

ဘန်း.....ဘန်း.....!

လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များ‌အောက်တွင် ဆန်းကြယ်ခမ်းနားသည့် အော်ရာအမျှင်စများက ဒီအာကာသကို ဖြာ့်ပေးနေသည်။

ဒီအော်ရာက ရှေးခေတ်က လာသည့် အော်ရာတစ်ခုအလားထင်ရသည်။

ဒါက ကမ္ဘာကြီး၏ အသန့်စင်ဆုံးနိယာမစွမ်းအားပေတည်း။

ဒီအော်ရာက ခြိမ်းခြောက်မှုတစ်ခုဟု မထင်ရသော်လည်း မည်သူမှ မခုခံနိုင်သည့် ဆန်းကြယ်သည့်စွမ်းအားတစ်ခုရှိသည်။

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းဘက်မှ ဖုယွမ် ပထမဆုံး ဒူးတစ်ဖက်ထောက်ပြီး သူ့၏မောက်မာသည့် ခေါင်းကို ငုံ့ကာ ရှေ့ကလေဟာနယ်ကို လေးစားစွာ ကြည့်လိုက်သည်။

"နတ်သခင်ကို ကြိုဆိုပါတယ်"

နောက်က ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းတပည့်များက တစ်ဦးပြီးတစ်ဦး ဒူးထောက်ပြီး အော်ဟစ်လိုက်ကြ၏။

"နတ်သခင်ကို ကြိုဆိုပါတယ်"

ယင်ယန်ဂိုဏ်း၊ ကောင်းကင်မြေအောက်ဗိမာန်၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း၊ သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်း၊ ကောင်းကင်ပိတ်ဖုံးဂိုဏ်းနှင့် ဟောင်တျန်းနတ်ဂိုဏ်းမှ တပည့်များက တစ်ဦးပြီးတစ်ဦး ဒူးထောက်ကာ တစ်ချိန်တည်းတွင် အော်ဟစ်ကြသည်။

"နတ်သခင်ကို ကြိုဆိုပါတယ်"

သူတို့၏အသံများက လေးစားကိုင်းရှိုင်းမှုနှင့် ပြည့်နှက်နေကြ၏။

လူတိုင်းပြောပြီးသည်နှင့်တစ်ပြိုင်နက် ဒီပြင်းထန်စွာ တုန်ခါနေသည့်နေရာ၌ အဝါရောင်သဲများနှင့် ဖုံးနေသည့်မြေကြီးက စတင်တုန်ခါလာသည်။

ဘိုးဘေးအင်ပါယာနယ်မြေတစ်ခုလုံးက ပြိုကျတော့မည့်အလားပင်။

ပုံရိပ်ခုနှစ်ခုက နတ်ဘုရားများပမာ ဘိုးဘေးအင်ပါယာနယ်မြေသို့ ဆင်းသက်လိုက်ကြသည်။

ပုံရိပ်တိုင်းကို ၀န်းရံနေသည့်ဝိဉာဉ်ချီနှင့် နိယာမစွမ်းအားက ရုပ်လုံးပေါ်နေပြီဟုပင် ထင်ရသည်။

ဥပမာအားဖြင့် ခေးအောစ့်အနှစ်သာရဓားသခင်၏ ဓားတာအိုက သူ့၀န်းကျင်၌ ဟင်းလင်းပြင်ဓားများအဖြစ် သိပ်သည်းနေကြလေပြီ။

ယင်ယန်နတ်သခင်တွင် ယင်နှင့်ယန်တစ်ခုစီရှိပြီး ဘယ်ဘက်က လေက ကျုံ့သွားသလို ညာဘက်က လေဟာနယ်က အရည်ပျော်သွားသည်။

မိနစ်တိုင်း၊ စက္ကန့်တိုင်း၊ အသက်ရှုချက်တိုင်းက ဘိုးဘေးအင်ပါယာနယ်မြေထဲက လှုပ်ရှားမှုများကို မောင်းနှင်နေသည့်အသွင်။

ဘိုးဘေးအင်ပါယာနယ်မြေက ထွက်ခွာသွားကြသည့် ထိုကျင့်ကြံသူများမှာ အင်မတန်ကြီးမားသည့် ဖိအားကို ခံစားနိုင်ပေသည်။

နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူများက အနည်းငယ်ပိုကောင်းသည်။ အနည်းဆုံးတော့ ကမ္ဘာကြီး၏ တည်ဆောက်ပုံကို ပြောင်းလဲစေသည့် ဒီအော်ရာကို သူတို့အစွမ်းကုန် ခုခံနိုင်သည်။

ကျင်းဝူကျင်း သူ့‌၏ရွှေတောင်ပံဂဠုန်သွေးကြောနှင့် အစွမ်းထက်ခန္ဓာဖြင့် ခံနိုင်ရုံမျှသာ ခံနိုင်ခဲ့သည်။

မျှော်လင့်မထားတာက ကျိချန်းယောင်ပင်။

သူမ၏အရင်က ခွန်အားနှင့်ဆိုပါက ကျိချန်းယောင် ဒီအော်ရာကို မခံနိုင်လောက်ပါ။

သို့သော် လက်ရှိကျိချန်းယောင်ကို ခရမ်းရောင်အော်ရာတစ်ခု ၀န်းရံထားသည်။

နတ်သခင်နယ်ပယ်ကျွမ်းကျင်သူခှနှစ်ဦး၏ တစ်ချိန်တည်းတွင် ကျဆင်းလာသည့် ဖိအားအောက်တွင် ၎င်းအော်ရာက တုန်ခါခြင်းမရှိဘဲ ကျိချန်းယောင်အနီးတွင် ဖြည်းဖြည်းချင်း စီးဆင်းနေသည်။

ရှေးဦးမူလခရမ်းချီ!

သွေးကြောကျင့်ကြံခြင်းနည်းစနစ်ကို အသက်သွင်းပြီးနောက် ကျိချန်းယောင် ရှေးဦးမူလခရမ်းချီ၏ ဒီအော်ရာအစက်အပျောက်လေးကို ဖမ်းဆုပ်နိုင်ခဲ့သည်။

သူမကအပြည့်အ၀ မလုပ်ယူနိုင်သေးသော်လည်း အဆင်ပြေပါသေးသည်။

ထိုအချိန်တွင် ခေးအောစ့်အနှစ်သာရဓားဘိုးဘေး အာကာသအတားအဆီးကို ဂရုမစိုက်သည့်အသွင် စစ်ဆေးကြည့်သည်။

"အိုး၊ တကယ်ပဲ နတ်သခင်တစ်ယောက်ရဲ့ လက်ရာပဲ"

ယင်ယန်နတ်သခင်က သေးငယ်သည့် အမျိုးသမီးပုံပေါ်သော်လည်း သူမစကားပြောသောအခါ အလွန်အမင်း အေးစက်ပုံပေါ်သည်။

"ဘယ်ပုန်းလျှိုးနေတဲ့ကျင့်ကြံသူကများ ဒီကြယ်နယ်မြေရဲ့စည်းမျဉ်းတွေကို မသိတာလဲဆိုတာ ငါတကယ်သိချင်မိတယ်"

ကောင်းကင်မြေအောက်နတ်သခင်က အော်ဟစ်သည်။

"လူငယ်မျိုးဆက်တွေနဲ့ အခွင့်အလမ်းတွေအတွက် တိုက်ခိုက်နေတာလား၊ မင်းမှာ ဒီလိုလုပ်ဖို့ သတ္တိရှိနေတယ်ဆိုရင် ဘာလို့ ငါ့တို့ကို ကိုယ့်ကိုကိုယ်မပြသရတာလဲ"

‌ဒါက သေချာပေါက်ထိုလူ၏ လက်ရာမွန်ဆိုတာ နတ်သခင်ဟောင်တျန်းတစ်ဦးတည်းသာ နားလည်သည်။

သို့စေကာမူ ယခုလိုအခြေအ‌နေများအောက်တွင် နတ်သခင်ဟောင်တျန်းအဖို့ တိုက်ရိုက်ကူညီရန်ဟူသည် မသင့်တော်ပေ။

မဟုတ်ပါက ဒီမွန်းစတားအိုကြီးများ၏ ဦးနှောက်နှင့်ဆိုပါက သူတို့သေချာပေါက် တစ်ခုခုကို မှန်းဆနိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် သူ့ကို နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်ရန်အတွက် တိတ်တဆိတ်ကူညီပေးခဲ့တာ ဘယ်သူလဲဆိုတာကို သိသွားခြင်းဖြစ်သည်။

သန့်စင်ယန်ကောင်းကင်ဘုံမီးချိုင့်ဝှမ်းမှ ကောင်းကင်မီးနတ်သခင်တွင် အဆိုးဆုံးစိတ်နေစိတ်ထားရှိသည်။

သူ့ဆံပင်နီများက နေရာတိုင်းတွင် လွင့်မြောနေပြီး သူ့ခန္ဓာက အဆုံးမဲ့မီးတောက်များဖြင့် အဆက်မပြတ်လောင်ကျွမ်းနေသည်။

သူဒေါသတကြီးအော်သစ်သည်။

"ဟမ့်၊ ဒီလိုဆိုမှတော့ ဒီလိပ်ခွံကို ရိုက်ခွဲပစ်ကြတာပေါ့"

ကောင်းကင်ပိတ်ဖုံးနတ်သခင်ကလည်း အနည်းငယ်ခေါင်းညိတ်သည်။

"အတူတကွတိုက်ခိုက်ကြရအောင်...."

ထိုအချိန်တွင် နတ်သခင်ခြောက်ဦးက တစ်ချိန်တည်းမှာပင် နိယာမစွမ်းအားကို လှည့်ပတ်လိုက်ကြ၏။

ဘိုးလေးအင်ပါယာနယ်မြေက လေဟာနယ်က ဆက်တိုက်ပြိုကျပျက်စီးနေသည်။

နတ်သခင်ခြောက်ဦးသာ တစ်ချိန်တည်းတွင် တိုက်ခိုက်ပါက ဘိုးဘေးအင်ပါယာပိုင်နက်ပင်လျှင် ဖျက်ဆီးခံရပေလိမ့်မည်။

နတ်သခင်ဟောင်တျန်း၏ မျက်လုံးများက စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ ဘယ်လိုပဲဖြစ်ပါသေ ဒီတိုက်ခိုက်မှုကို သူအစွမ်းကုန် ဟန့်တားရန်လိုသည်ဟု သူ့ကိုယ်သူ အားကိုးရာမဲ့စွာ တွေးမိသည်။

သို့စေကာမူ ထိုအခိုက်အတန့်မှာပင် ဘိုးဘေးအင်ပါယာနယ်မြေ၏ လေဟာနယ်တစ်ခုလုံးက ရုတ်တရက်တည်ငြိမ်သွားသည်။

မတိုး၊ မကျယ်လွန်းသည့်အသံတစ်သံက ဘိုးဘေးအင်ပါယာနယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားခဲ့သည်။

အပိုင်း(882) coming။

All Chapters