← Chapters

ရှေးဟောင်းမူလမြို့သို့ထွက်ခွာခြင်း

Vol. 14 Ch. 267

ရှေးဟောင်းမူလမြို့သို့ထွက်ခွာခြင်း

Vol. 14 Ch. 267

ရက်အနည်းငယ်ကြာပြီးနောက်…

ကျန်းချန်ရွှမ်သည် အစီအရင်ပညာရှင်တစ်ဦးကို ဝင်ရောက်ပူးကပ်ခြင်းဖြင့် ရရှိလာသော နည်းနာများကို အကုန်အစင် ဆည်းပူးလေ့လာပြီးဖြစ်သည်။ ထိုအချိန်တွင် ဆက်သွယ်ရေးအဆောင်သည် ရုတ်တရက်တုန်ခါလာ၍ ကြည့်မိလိုက်ရာ ဟွားမန်ရုံထံမှ ဖြစ်နေသည်ကို တွေ့ရသည်။ စာမှာ တစ်ကြောင်းတည်းဖြစ်ပြီး ထိုသတင်းစကားကို ဖတ်ရှုပြီးနောက် ကျန်းချန်ရွှမ်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားတော့သည်။ နတ်ဆိုးသားရဲကပ်ဘေး စတင်ပြီ ဟူသောသတင်းဖြစ်သည်။

သူမျှော်လင့်ထားသည်ထက် နှစ်နှစ်စောနေသည်။

ကျန်းချန်ရွှမ်သည် ဂူထဲမှ အလျင်အမြန်ထွက်လိုက်သည်။ အပြင်သို့ရောက်လျှင် ရှန်းရူယန်သည်လည်း လှိုဏ်ဂူအတွင်းမှ ထွက်လာသည်ကို မြင်ရသည်။ သူမထံမှ ခပ်ဖျော့ဖျော့ ဖိအားတစ်ခုရရှိနေသည်ကို ကျန်းချန်ရွှမ် ခံစားမိခြင်းကြောင့် တုန်လှုပ်သွားသည်။ သူသည် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။

“ရူယန် နောက်တစ်ဆင့် တက်သွားပြန်ပြီလား”

“ဟုတ်တယ်”

ရှန်းရူယန်က ခေါင်းညိတ်ပြသည်။

“ကျီဖုနယ်ပယ် နဝမအဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ ဒီကြားထဲမှာ အမှားအယွင်းတစ်ခု မရှိခဲ့ရင် လာမဲ့ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ရွှေအမြုတေကို သိပ်သည်းနိုင်ပါလိမ့်မယ်”

“တကယ်လား”

ကျန်းချန်ရွှမ်သည် ထိုစကားကို ကြားလိုက်ရ၍ ဝမ်းမြောက်သွားသည်။ ရှန်းရူယန်၏ အတိတ်ဘဝက မှတ်ဉာဏ်များနှင့် ပါရမီအဟုန်ကြောင့် သူမ၏ ကျင့်ကြံခြင်းဖြစ်စဉ်သည် သာမန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ မြန်ဆန်နေသလို ထိုအသိအမြင်မှတ်ဉာဏ်များသည် ရှန်းရူယန်ကို အတိတ်ဘဝတုန်းကထက်ပင် သာလွန်သည့် နယ်ပယ်တစ်ခုကို ရောက်ရှိရန် လမ်းခင်းပေးလျက် ရှိနေပြန်သည်။ ရှန်းရူယန်က ဂူပိတ်ကျင့်ကြံစဉ်က အတွေ့အကြုံများကို ရှင်းပြသည်။

ထိုအခါ ကျန်းချန်ရွှမ် သိလိုက်ရသည်မှာ ရှန်းရူယန်သည် ကျီဖုနဝမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိရုံမျှမက ရရှိပြီးဖြစ်သည့် ရင်းမြစ်များကို အသုံးပြု၍ သူမ၏ မူလဓမ္မရတနာဖြစ်သည့် လျှပ်စီးငါးပါး မသေမျိုးရန်နှိမ်ဓားကိုလည်း အဆင့် ၄ ပဏာမအဆင့်ကို မြှင့်တင်နိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် မိုးကြိုးဆင်း ကောင်းကင်ဘုံတံဆိပ်ကိုလည်း အဆင့် ၃ အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပြန်သည်။ ထိုမျှမကသေး ကျန်းချန်ရွှမ်နည်းတူပင် မလိုအပ်သည့် ဓမ္မရတနာများကို အရည်ကျိုပြီး ကာကွယ်ရေးဓမ္မရတနာတစ်ခုကိုလည်း ဖန်တီးပြီးဖြစ်သည်။

ထိုရတနာမှာ လျှပ်စီးများ တဖျတ်ဖျတ်လင်းလက်နေသည့် ဒိုင်းတစ်ခုဖြစ်ပြီး ရှန်းရူယန်က ရွှေရောင်လျှပ်စီးစက်ကွင်းဒိုင်းဟုအမည်ပေးထားသည်။ ထိုရတနာကို အသက်သွင်းလိုက်သည့်အခါ စက်ကွင်းပုံ လျှပ်စီးများကို ပစ်လွှတ်နိုင်သည်။ ရန်သူများ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်သလို တစ်ချိန်တည်းတွင် အဆိုပါ လျှပ်စီးစက်ကွင်းများသည် ဓမ္မရတနာများ၏ လှုပ်ရှားမှုကို တားမြစ်နိုင်ပြီး အားပျော့သွားစေနိုင်စွမ်းလည်း ရှိသည်။ ဤရတနာသည် အဆင့် ၃ ကာကွယ်ရေး ဓမ္မရတနာများအနက် ထိပ်တန်းအရည်အသွေးရှိသည်ဟု သတ်မှတ်နိုင်ပြီး အဆင့် ၄ ပဏာအဆင့် ကာကွယ်ရေးဓမ္မရတနာများကိုပင် ယှဉ်နိုင်စွမ်းရှိသည်။

ထို့ပြင် ရှန်းရူယန်သည် ရုပ်ပိုင်းဆိုင်ရာ နတ်ဘုရားစွမ်းအားတစ်ခုကိုလည်း ကျင့်ကြံနိုင်ခဲ့သေး သည်။ မိုးကြိုးဝိညာဉ် စစ်မှန်ခန္ဓာဟုအမည်ရပြီး အသုံးပြုလိုက်ပါက ရှန်းရူယန်သည် လျှပ်စီးအဖြစ်သို့ ကူးပြောင်းနိုင်ပြီး လျှပ်စီးဓာတ် အခြေခံထားသည့် နတ်ဘုရားစွမ်းအားများနှင့် မန္တန်များကို စိတ်တိုင်းကျ အသုံးပြုနိုင်မည်ဖြစ်သည်။ မိုးကြိုးဝိညာဉ် စစ်မှန်ခန္ဓာကို ပြောင်းလဲထားချိန်တွင် တိုက်ခိုက်မှုနည်းစနစ် အများစုသည် ရှန်းရူယန်ကို လုံးဝသက်ရောက်မှု ရှိမည်မဟုတ်ပါ။ သို့သော် အဆိုပါရုပ်ပိုင်းနတ်ဘုရားစွမ်းအားသည် ရှန်းရူယန်၏ ခန္ဓာကိုယ်ကို တန်ပြန်ဆိုးကျိုးများ သက်ရောက်စေနိုင်သည့်အတွက် အရေးပေါ်အခြေအနေမှလွဲ၍ ထိုစွမ်းအားကို အသုံးပြုမည်မဟုတ်ကြောင်း ရှန်းရူယန်က ရှင်းပြသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က

“ရူယန် တာအိုမိတ်ဆွေဟွား ပို့လိုက်တဲ့သတင်းကို ရပြီးပြီမလား”

ရှန်းရူယန်သည် မျက်နှာတည်သွားပြီး ခေါင်းညိတ်ပြသည်။

“ရပြီးပါပြီ”

ထို့နောက်တွင် ဇနီးမောင်နှံနှစ်ဦးသည် တိုင်ပင်စရာရှိသည်များကို အကျဉ်းမျှ တိုင်ပင်ဆွေးနွေးပြီးနောက် ရွှမ်းမင်တောင်ထွတ်မှ ထွက်ခွာပြီး ကျန်းမိသားစု အစည်းအဝေးကျင်းပရာ ခန်းမဆောင် သို့ ဦးတည်ပျံသန်းလိုက်ကြသည်။ လမ်းတွင် ကျန်းချန်ရွှမ်သည် ဆက်သွယ်ရေးကျောက်စိမ်းပြားမှတဆင့် ကျန်းမိသားစု၏ အကြီးအကဲအားလုံးကို နတ်ဆိုးသားရဲကပ်ဘေး စတင်ပြီဖြစ်ကြောင်း အသိပေးကာ အစည်းအဝေးခန်းမတွင် အမြန်ဆုံးစုဝေးကြရန် အမိန့်ပေးလိုက်သည်။ ကျန်းမိသားစု အခြေချသည့် ပင်မတောင်ထွတ်ရှိ အစည်းအဝေးခန်းမကို ရောက်ရှိသောအခါ ကျန်းရန်ယီ၊ ကျန်းရန်တောက်၊ လျူလင်းလုံ၊ ကျန်းရန်ချွမ်း အစရှိသည့် ခေါင်းဆောင်များအားလုံးကို လူစုံ တက်စုံတွေ့လိုက်ရသည်။

ကျန်းချန်ရွှမ်က ကျန်းမိသားစုဝင်အားလုံးကို အကဲခတ်လိုက်ပြီးနောက် လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။

“အားလုံးပဲ နတ်ဆိုးသားရဲကပ် စတင်နေပြီဆိုတဲ့အကြောင်းကို သိပြီးဖြစ်ကြမှာပါ။ ခင်ဗျားတို့ကို ပြင်ဆင်ခိုင်းထားတဲ့ အစီအမံတွေ ပြီးစီးသွားကြပြီလား”

ကျန်းချန်ရွှမ်သည် ကျန်းရန်ယီတို့လူစုကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုအခါ ကျန်းရန်ယီက ရိုသေစွာ ဦးညွတ်လိုက်ပြီး

“စီနီယာဦလေး မှာကြားထားတဲ့အတိုင်း ကျွန်တော်တို့အားလုံး ပြင်ဆင်ဆောင်ရွက်ပြီးပါပြီ။ မျိူးနွယ်စုဝင်အားလုံးကိုလည်း ထိုက်သင့်သလောက် အသိပေးပြီးပါပြီ။ အားလုံးလည်း နာခံကြပါတယ်”

“ကောင်းတယ်”

ကျန်းချန်ရွှမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မူလအစီအစဉ်အတိုင်းပဲ ဆက်သွားကြစို့။ ဒီအရေးအခင်းမှာ ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်မဲ့သူအားလုံးဟာ ဒီကပ်ဘေးအပြီးမှာ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ၊ သူတို့ ဒါမှမဟုတ် သူတို့မျိုးဆက်တွေအနေနဲ့ ရင်းမြစ်တွေ ခွဲဝေတဲ့နေရာမှာ ဦးစားပေးခံရပါမယ်”

ကျန်းချန်ရွှမ်၏ စကားမဆုံးခင်မှာပင် သူနှင့် ရှန်းရူယန်တို့၏ ကျောက်စိမ်းအဆောင်များမှာ လင်းလာကြသည်။ အသေးစိတ်ဖတ်ရှုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် နှစ်ဦးလုံး အံ့အားသင့်ကုန် ကြသည်။ ကျန်းမိသားစုနှင့် ပိုင်မိသားစုသည် ရှေးဟောင်းမူလမြို့သို့ သွားရောက်၍ မြို့ကိုစောင့်ကြပ်ရန် တာဝန်ပေးခြင်းခံရသည်။

***

All Chapters