← Chapters

လင်းယုန်သားရဲ

Vol. 14 Ch. 279

လင်းယုန်သားရဲ

Vol. 14 Ch. 279

ဝက်ဝံရိုင်းသားရဲသည် ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်လိုက်သည်။ သူ၏ ဝိညာဉ်အာရုံအရ လှံပျံကို ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်မှန်း ရိပ်မိလိုက်ပြီး အနက်ရောင်ဒိုင်းတစ်ခုကို လွှင့်ထုတ်လိုက် သည်။ ငွေနက်လှံက ဒိုင်းကို အရှိန်ပြင်းစွာ ထိမှန်သောအခါ တရှဲရှဲအသံများ ထွက်ပေါ်လာပြီး မီး ခိုးအဖြူများ တလူလူထွက်လာသည်။ တစ်ချိန်တည်းတွင် ဝက်ဝံရိုင်း၏ ခန္ဓာကိုယ်တွင် အလင်းတန်းအဝါများဖြင့် ပြိုးပြက်လာပြီး မြေဓာတ်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လျက် ငွေနက်လှံ ကို အဆက်မပြတ် ထုရိုက်နေသည်။ တစ်ချိန်တည်းတွင် ဝက်ဝံရိုင်းကြီးသည် သတိကြီးကြီးထား လျက် လေပြင်းကြံ့နှင့် သံမျောက်သားရဲနှစ်ကောင်ကို အကူအညီတောင်းသည်။

သားရဲနှစ်ကောင်လည်း ဝက်ဝံရိုင်းကို ကူညီရန် ဆုံးဖြတ်လိုက်သည်။ တစ်ခဏချင်းတွင် မီတာဒါ ဇင်ပေါင်းများစွာ မြင့်သည့် အစိမ်းရောင်လေပွေကြီးတစ်ခု ပေါ်လာပြီး ရွှေရောင်လက်သည်းပုံစံ အလင်းပိုင်းများကို ထုတ်လွှတ်၍ ငွေနက်လှံကို အရှိန်မြှင့်တိုက်ခိုက်လိုက်ပြန်သည်။

ဒုန်း ဒုန်း ဒုန်း

ငွေနက်လှံသည် တိုက်ခိုက်မှုအားလုံးကို ကာကွယ်နိုင်သည့်အပြင် တစ်ချိန်တည်းတွင် ထိုးဖောက် ရန်ကြိုးစားနေသည့် ဝက်ဝံရိုင်း၏ ဒိုင်းနက်ကိုလည်း အရောင်မှိန်သွားစေပြီး ဝက်ဝံရိုင်းသားရဲကို ကီလိုမီတာအနည်းငယ်အထိ လွင့်ထွက်သွားစေသည်။ လေပြင်းကြံ့နှင့် သံမျောက်ကြီးတို့လည်း ထိုနည်းလည်းကောင်းဖြစ်ပြီး လေထဲတွင် တစ်ဆုတ်တည်း ဆုတ်နေကြရသည်။ သားရဲကြီးသုံးကောင်လည်း ထိုအချိန်ကျမှ လှံပိုင်ရှင်ကို မြင်တွေ့ခွင့်ရလိုက်ကြရသည်။ ထိုသူမှာ အမှောင်ထဲ တွင် ပုန်းအောင်းနေခဲ့သည့် ပိုင်ယွမ်ချန်းဖြစ်သည်။ သူသည် ကြွက်နီသားရဲကို သတ်ဖြတ်ပြီး နောက်တွင် ဝက်ဝံရိုင်းကိုပါ ဆက်လက်သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို လက်မတင်လေး လက်လွှတ်ခဲ့ရသည့်အတွက် မချင့်မရဲဖြစ်နေမိသည်။

ယခုအခါ ဝက်ဝံရိုင်းကို သတ်ဖြတ်ရန် ထင်သလောက် လွယ်ကူမည် မဟုတ်တော့ပါ။ ထိုအခိုက် တွင် ကျန်းရန်တောက်နှင့် ပိုင်ယွမ်ချန်းသည် နောက်ထပ် အဆင့် ၃ နတ်ဆိုးသားရဲတစ်ကောင် သူ တို့ရှိရာသို့ ပျံသန်းလာသည်ကို တွေ့လိုက်ကြရသည်။ ထိုသားရဲ၏ အမွေးအတောင်များသည် မဟူ ရာကျောက်ပမာ မည်းနက်နေပြီး ဓားသွားကဲ့သို့ သတ္တုဆန်သည့် အငွေ့အသက်များ ဖုံးအုပ်ထား သည်။ တောင်ပံနှစ်ခု၏ အကျယ်မှာ ပေတစ်ရာကျော်သည့်အတွက် အလွန်ကြီးမားသည့် ငှက်ပုံစံ သားရဲတစ်ကောင်ပင်ဖြစ်သည်။

“အဆင့် ၃ အမြင့်ဆုံးအဆင့် ဓားသွားလင်းယုန်သားရဲပဲ”

ပိုင်ယွမ်ချန်းတစ်ယောက် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ အဆိုပါ နတ်ဆိုးငှက်၏ ခွန်အားသည် ကျီဖုနဝမအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အလားတူကြောင်း သူကောင်းစွာကြားဖူးသည့်အတွက် သတိကြီးကြီးထားလိုက်မိသည်။ ကျန်သားရဲခြောက်ကောင်သည် ဓားသွားလင်းယုန်ကို မြင်သော အခါ အနည်းငယ် ဦးညွတ်လိုက်ကြသည်။ လင်းယုန်သားရဲသည် ထိုသားရဲခြောက်ကောင်ကို စူး ရှကြမ်းကြုတ်သည့် မျက်လုံးအစုံနှင့် အကဲခတ်ပြီးနောက် သူ့အကြည့်က ပိုင်ယွမ်ချန်းအပေါ် ကျ ရောက်လာတော့သည်။ ထို့နောက် လင်းယုန်သားရဲကြီးသည် လူသားတစ်ဦးကဲ့သို့ ပြောသည်။

“မင်းလို ကျီဖုနှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ကို ဒီမြို့မှာတွေ့ရမယ်လို့ မထင်ထားဘူး။ ကြွက်နီသားရဲကြီး မင်းလက်ချက်နဲ့ သေရတာလည်း မဆန်းပါဘူး”

ထို့နောက်တွင် လင်းယုန်သားရဲ၏ မျက်လုံးများမှ အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီး တစ် ခဏချင်းတွင် ဓားသွားနှင့်တူသည့် အမွေးအတောင်များသည် ပိုင်ယွမ်ချန်းထံ ပျံသန်းဝင်ရောက် လာတော့သည်။

“မင်းကတော့ အစောပိုင်းက ငါတွေ့ခဲ့တဲ့ရန်သူတွေလို မညံ့ဖို့ မျှော်လင့်ပါတယ်။ အဲဒီကောင်တွေဆိုရင် ငါ့ရဲ့ အခြေခံတိုက်ခိုက်မှုလေးတွေကိုတောင် ခုခံနိုင်စွမ်းမရှိဘူး။ မင်းငါ့ကို ကောင်းကောင်း မဖျော်ဖြေနိုင်ရင် အဲဒီကောင်တွေလိုပဲ မင်းတို့လည်းသေရမယ်”

လင်းယုန်သားရဲ၏ ခြိမ်းခြောက်စကားကြောင့် ကျန်းရန်တောက်တို့ လေးဦးစလုံး မျက်နှာများ တင်းမာကုန်ကြသည်။ စုန့်ဟိုင်မြို့ကျဆုံးခြင်းသည် ဤငှက်ကြီးကြောင့်ပေလားဟု တွေးမိလိုက် ကြ၍ လေးဦးသားမှာ အာရုံကို စုစည်းပြီး စိတ်ကိုတည်ငြိမ်စွာ ပြင်ဆင်လိုက်ကြသည်။ ပိုင်ယွမ်ချန်းသည် အသက်ကို ဝအောင်ရှူသွင်းလိုက်သည်။ သူကိုင်ဆောင်ထားသည့် ငွေနက်လှံသည် အဆက်မပြတ် တုန်ခါလာပြီး အလင်းတန်းအသွင် ပြောင်းသွားသည်။ ထိုအလင်းတန်းသည် နှစ်ခု၊ သုံးခုမှ ရှစ်ခုအထိ ကွဲထွက်သွားပြီး လင်းယုန်သားရဲ၏ အမွေးအတောင်များကို ခုခံလိုက်သည်။

လေထုထဲတွင် သတ္တုချင်း ထိခတ်မိသည့်အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ အချိန်တစ်ခဏအတွင်း၌ ပိုင်ယွမ်ချန်းနှင့် လင်းယုန်သားရဲတို့သည် အကွက်ပေါင်းထောင်ဂဏန်း လှုပ် ရှားပြီးဖြစ်သည်။ ကျန်နတ်ဆိုးသားရဲ ၆ ကောင်နှင့် ကျန်းရန်တောက်တို့သုံးဦးလည်း လက်ပိုက်ကြည့်မနေကြဘဲ တိုက်ခိုက်ကြပြန်သည်။ ကျန်းရန်တောက်တို့ အရှေ့တံတိုင်းကို ကာကွယ်ရန် လုံးပမ်းနေခိုက် မြောက်တံတိုင်း၏ အခြေအနေမှာ ဆိုးသထက်ဆိုးလာသည်။ အဆင့် ၃ နတ်ဆိုးသားရဲလေးကောင်ကို ရင်ဆိုင်နေရသည့်အပြင် ကျီဖုအဆင့် ကျင့်ကြံသူတစ်ဦးမှ ရှိမနေကြ၍ ကျင့် ကြံသူများမှာ တစ်ဆုတ်တည်းဆုတ်နေရသည်။

***

All Chapters