← Chapters

လင်းယုန်သားရဲ (၂)

Vol. 14 Ch. 280

လင်းယုန်သားရဲ (၂)

Vol. 14 Ch. 280

သားရဲများ၏ ဖိအားပေးတိုက်ခိုက်မှုများကြောင့် တိုင်ယီအစီအရင်ကွက်သည် တဖျတ်ဖျတ်လင်း လက်နေတော့သည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ ဓားအလင်းတန်းနှစ်ခု ပျံသန်းလာသလို နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ အနီးဆုံးပစ်မှတ်ဖြစ်သည့် အဆင့် ၃ သားရဲနှစ်ကောင်ကို ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။ ထိုနှစ်ကောင်မှာ ငွေရောင်စာကလေးသားရဲနှင့် ဦးချိုတပ်ကျား တို့ဖြစ်ပြီး နှစ်ကောင်လုံး အဆင့် ၃ အလယ်အဆင့်များဖြစ်သည်။ ရုတ်တရက် ရောက်ရှိလာသော ဓားပျံနှစ်စင်းကြောင့် နှစ်ကောင်လုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြသည်။

ဓားအလင်းတန်းများ ထိမှန်တော့မည့်ဆဲဆဲတွင် သားရဲနှစ်ကောင်၏ ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များ အလျှံပယ်စီးထွက်လာကြသည်။ ငွေရောင်စာကလေးသားရဲ၏ နှုတ်သီးအတွင်းမှ လျှပ်စီးကြောင်းများ အဟုန်ပြင်းစွာ လွှင့်ထုတ်လိုက်ရာ လျှပ်စစ်လွန်ပူတစ်စင်းပမာ စူးရှသည့်အသံများ ထွက်ပေါ်လာပြီးနောက် ဓားပျံနှစ်စင်းအနက် တစ်စင်းကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် ဦးချိုပါကျားသားရဲသည် တစ်ချောင်းတည်း ပါရှသည့် ဦးချို၏ ထိပ်ဖျားတွင် နတ်ဆိုးရောင် ခြည်အလင်းများကို အေးခဲသိပ်သည်းလိုက်ပြီးနောက် ထိုအလင်းတန်းကို အားကုန်ပစ်လွှတ်လိုက်သည်။

ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပြီးနောက် ပြင်းထန်သည့်စွမ်းအင်များ စုစည်းမိပြီး လေထုထဲတွင် ဝဲကတော့တစ်ခု ဖြစ်တည်လာသည်။ ထိုဝဲကြီးသည် အချိန်အနည်းငယ် လည်ပတ်ပြီးနောက် အားလျော့ပျက်ပြယ်သွားပြီး တန်ပြန်လှိုင်းအဖြစ် အရပ်ဆယ်မျက်နှာကို လွင့်စင်ရိုက်ခတ်သွား တော့သည်။ ထိုအခါ ကျန်ရှိနေသော သားရဲနှစ်ကောင်လည်း စတင်လှုပ်ရှားရန်ပြင်သည်။ ထိုနှစ် ကောင်မှာ မီးလျှံအမြီး ဒေါင်းသားရဲနှင့် ရေခဲကျားသားရဲတို့ဖြစ်သည်။ အဆိုပါသားရဲကြီးနှစ် ကောင်သည် ဓားပျံများပစ်လွှတ်လိုက်ရာ အရပ်ဆီသို့ တစ်ဟုန်ထိုးပျံသန်းလိုက်ကြရာ ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့ဖြစ်သည်။

သို့သော် သူတို့နှစ်ဦးသည် စွမ်းအားကို အကုန်အစင်မသုံးမပြုဘဲ သားရဲများကို အရှိန်သတ်ရုံ လောက်သာ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ စွမ်းအားကုန်အသုံးပြုပြီး အဆင့် ၃ သားရဲလေးကောင်ကို ခဏချင်း သတ်ဖြတ်လိုက်ပါက ပိုပြီးအဆင့်မြင့်သည့် နတ်ဆိုးသားရဲများကို လက်ယပ် ခေါ်သလို ဖြစ်သွားမည်ကို စိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် အဆိုပါ အဆင့် ၃ သားရဲလေးကောင်ကို သတ်ဖြတ်ခြင်းမပြုသေးဘဲ တတ်နိုင်သမျှ အချိန်ဆွဲရန် ကြိုးစားနေကြသည်။ သူတို့အားလုံး၏ အဓိကရည်ရွယ်ချက်မှာ နတ်ဆိုးသားရဲများကို သတ်ဖြတ်ရန် မဟုတ်ဘဲ မြို့တော်ကို ကာကွယ်ရန် သာဖြစ်ပါသည်။

ထိုခဏ၌ ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့သည် တိုင်ယီအစီအရင်ကွက်၏ စွမ်းအင်ကို ဆွဲယူအသုံးချပြီး အဆင့် ၃ အလယ်အဆင့် သားရဲလေးကောင်၏ စုပေါင်းတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ကျန်းချန်ရွှမ်တို့သည် ရှိရင်းစွဲ ကျင့်ကြံမှုအဆင့်များကို ပေါ်လွင်ခြင်းမရှိရန် ဖုံးဖိတိုက်ခိုက်ရခြင်း ကြောင့် တိုက်ပွဲသည် နောက်တစ်နေ့ အရုဏ်တက်ချိန်အထိ ကြာမြင့်သွားသည်။ ထို့နောက်တွင် အရှေ့တံတိုင်းဖက်မှ ဓားသွားလင်းယုန်၏ အော်ဟစ်အချက်ပေးသံကို ကြားလိုက်ရပြီးနောက် အဆင့်နိမ့်သားရဲများမှ အစပြုပြီး အဆင့် ၂ နှင့် ၃ သားရဲများအားလုံး ဆုတ်ခွာကုန်ကြသည်။ မြောက်တံတိုင်းရှိ သားရဲလေးကောင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ကျန်းချန်ရွှမ်တို့ကို နောက်ဆုံးအကြိမ်တိုက်ခိုက်လိုက်ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။

နာရီအနည်းငယ်ကြာပြီးနောက် တိုက်ပွဲအခြေအနေကို သုံးသပ်ရန် အစည်းအဝေးတစ်ခု ကျင်းပ ရာ ကျီဖုအဆင့် ရှစ်ဦးလုံး တက်ရောက်ကြသည်။ အားလုံး၏ မျက်နှာမှာ စိုးရိမ်ခြင်းမကင်းဟန်နှင့် အေးစက်တင်းမာနေကြသည်။ နောက်ဆုံးတိုက်ပွဲ၏ အခြေအနေအရ နတ်ဆိုးသားရဲများ၏ အင် အားသည် အဆမတန်တိုးပွားလာသလို အဆင့် ၃ အမြင့်ဆုံးအဆင့် ဓားသွားလင်းယုန်ကိုပါ ပထ မဆုံးအကြိမ် မြင်လိုက်ရသည်။ ကံကောင်းစွာနှင့် သူတို့၏ အင်အားအစစ်အမှန်ကို ရန်သူမသိစေရန် ပုံမပျက်ခုခံနိုင်ခဲ့သည့်အချက်က အဆိုးထဲမှအကောင်းဟု သတ်မှတ်ရပါလိမ့်မည်။ အချိန်အ တန်ကြာ ဆွေးနွေးပြီးနောက် လူစုခွဲကာ အနားယူလိုက်ကြသည်။

ဤသို့နှင့် လအနည်းငယ်ကုန်လွန်သွားခဲ့သည်။ ထိုအတောအတွင်း သားရဲတို့၏ တိုက်ခိုက်မှုများ မှာ စိပ်သထက် စိပ်လာသလို ပိုမို၍ ပြင်းထန်လာကြောင်း သတင်းများကို ကြားနေရသည်။ ကျန်ဒေသများတွင် လူသားများသည် နယ်မြေများကို လက်လွှတ်၍ တစ်ဆုတ်တည်း ဆုတ်နေရသည့် အပြင် ကျီဖုအဆင့် ကျင့်ကြံသူအများအပြား ကျဆုံးခဲ့ကြောင်းလည်း သိရသည်။ ထိုသတင်းများ ကြောင့် ကျန်းချန်ရွှမ်တို့အားလုံး စိတ်များလေးလံနေမိကြသည်။ လွန်ခဲ့သည့်နှစ်လအတွင်း၌ နတ်ဆိုးသားရဲများသည် တစ်ခုခုအနံ့ရဟန်နှင့် ရှေးဟောင်းမူလမြို့ကို ရှေးကထက် အင်အားသုံး၍ ထိုးစစ်ဆင်လာခဲ့သလို အဆင့် ၃ အမြင့်ဆုံးအဆင့် သားရဲနှစ်ကောင်လည်း စစ်ကူရောက်ရှိလာကြသည်။

ပုတ်သင်ကြမ်းနှင့် လမင်းမျိုငွေဝံပုလွေတို့ဖြစ်သည်။ ပုတ်သင်ကြမ်းကြီးသည် အရှေ့ဘက်တံတိုင်းတွင်ပေါ်လာပြီး ငွေရောင်ဝံပုလွေသည် မြောက်တံတိုင်းတွင် ပေါ်လာခြင်းဖြစ်သည်။ ထိုကြောင့် ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့လည်း ရှိရင်းစွဲအင်အားကို လုံးဝဖုံးကွယ်ရန် မဖြစ်နိုင်တော့ဘဲ မသိမသာ တိုးမြှင့်လိုက်ရသည်။ အကြောင်းရင်းမှာ အဆင့် ၃ နတ်ဆိုးသားရဲငါးကောင်သည် တောင် တံတိုင်းဖက်မှ ထိုးစစ်ဆင်လာခြင်းကြောင့်ဖြစ်သည်။ ကောင်းကင်ထက်တွင် လမင်းရောင်ခြည် နှင့်ဆင်တူသည့် ငွေရောင်အလင်းတန်းကြီးတစ်ခု ထင်ဟပ်လာသည်။ ထိုအလင်းတန်းသည် လမင်းမျိုငွေဝံပုလွေ၏ ပါးစပ်အတွင်းမှ ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ပေတစ်ရာကျော်ရှည်လျားသည်။

ဟွားမန်ရုံက ဓားကိုဝှေ့ယမ်းလိုက်ရာ မှိန်ဖျော့ဖျော့အလင်းပြောက်များသည် အလင်းတန်းကို မိုးသီးမိုးစက်များပမာ လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းတွင် အလွန်အန္တရာယ်များသည် အော်ရာတစ်ခုချဉ်းကပ်လာသည်ကို ခံစားမိ၍ ဟွားမန်ရုံသည် နေရာမှ အလျင်အမြန် ဆုတ်ခွာလိုက်ရပြန် သည်။ တစ်အောင့်မျှအကြာတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဟွားမန်ရုံရှိနေခဲ့သည့် နေရာတွင် မှိုပွင့်ပုံတိမ်တိုက်ကြီးတစ်ခု ပေါ်လာတော့သည်။ မုန်တိုင်း၊ ရေခဲ၊ မီး၊ လျှပ်စီးဓာတ်များ ပေါင်းစုံသွားပြီး တိမ်တိုက်ကြီး ပျောက်ကွယ်သွားသောအခါ ကျန်းချန်ရွှမ်နှင့် ဟွားမန်ရုံတို့၏ အမြင်အာရုံတွင် အဆင့် ၃ အမြင့်ဆုံးအဆင့် သားရဲလေးကောင်၏ ပုံရိပ်များ ပေါ်လာတော့သည်။

ထိုသုံးကောင်မှာ လမင်းမျိုငွေဝံပုလွေ၊ တိုက်ပွဲဝင်မျောက်ကြီး၊ ချောက်နက်ကြောင်နှင့် ခေါင်းနှစ်လုံးမြွေတို့ဖြစ်သည်။ ထိုသားရဲများကို မြင်လိုက်ရသောအခါ ကျန်းချန်ရွှမ်တို့၏ စိတ်တွင် အထူး လေးလံသွားမိသည်။ ဟွားမန်ရုံသည် ဓားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံထက်မြက်မှုမျိုးကို ပိုင်ဆိုင်ထား၍သာ အစောပိုင်းက တိုက်ခိုက်မှုမျိုးကို လက်မတင်လေး တိမ်းရှောင်နိုင်ခဲ့ခြင်းဖြစ် သည်။ အခြေအနေအရ သူတို့နှစ်ဦးအနေနှင့် စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထား၍ မဖြစ်တော့မှန်း ရိပ်မိလိုက်ကြသည်။ ထို့ပြင် ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း သတ်ဖြတ်လိုစိတ်များ ထိန်းသိမ်းမရထွက်ပေါ်လာသည်။ တံတိုင်းကို ကာကွယ်နေသော လူသားကျင့်ကြံသူများ သားရဲများ လက်ချက်ဖြင့် သေဆုံးစားသောက်ခံရသည်ကို မြင်လိုက်တိုင်း ဒေါသကို မျိုသိပ်၍မရဘဲ ဖောက်ချလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။

ကျန်းချန်ရွှမ်သည် ကိုယ်တွင်းရှိ ဓမ္မစွမ်းအင်ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။ ထိုအခါ ဟွား မန်ရုံကို ဝိုင်းရံတိုက်ခိုက်နေသည့် အဆင့် ၃ သားရဲများသည် ကျန်းချန်ရွှမ်ဖက်သို့ ဦးလှည့်လာကြ ပြီး ပတ်ပတ်လည်မှ ပိတ်ဆို့တိုက်ခိုက်ကြသည်။

“မင်းတို့ငါ့ကိုတားနိုင်မယ်ထင်နေလား”

ကျန်းချန်ရွှမ်၏ မျက်လုံးအစုံတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ကိန်းအောင်းလာပြီး လက်ကိုမြှောက်လျက် ဝှေ့ယမ်းလိုက်သည်။ မူလက နတ်ဆိုးသားရဲများ၏ ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်နိုင်ခုခံနေရသည့် ရွှေဗလာနယ်ဓားသည် ရုတ်ခြည်းလင်းလက်လာပြီး လခြမ်းပုံဓားအလင်း တစ်ခုကို လွှင့်ထုတ်လိုက်သည်။ ထိုဓားချက်ကြောင့် ကောင်းကင်တစ်ခွင်ရှိ တိမ်တိုက်များသည် လက်ဖြင့်ဆွဲဖယ်လိုက်သလို လွင့်စင်သွားတော့သည်။ ဓားချက်ကို ပထမဆုံး အမိအရခံစားလိုက် သူမှာ ရေခဲတောင်ကျားသားရဲကြီးဖြစ်သည်။ ကောင်းကင်တစ်ခွင်၌ အလျားလိုက် ရွေ့လျားလာ သည့် ဓားအလင်းတန်းသည် ရေခဲတောင်ကျားကြီး၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။

***

စာစဉ် ၁၄ ပြီးပါပြီ။

All Chapters