← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

"ရန်သူ့တပ်မတော် ရောက်လာပြီ၊ အားလုံးပဲ သတိထားကြ!"

တိုက်ပွဲကြီးအတွက် အသင့်ပြင်ကာ စောင့်ဆိုင်းနေခဲ့ကြသော တပည့်ဂိုဏ်းသားများသည် နှလုံးသားထဲမှ တုန်လှုပ်မှုကို သိုဝှက်တောင့်ခံထားကြရင်း မှော်လက်နက်များကို ကိုင်စွဲပြီး ကောင်းကင်ထက်သို့ မမှိတ်မသုန် စောင့်ကြည့်နေကြလေသည်။

လုံးဝမကြောက်ဘူးလို့ ပြောရင်တော့ လိမ်ညာရာရောက်လိမ့်မပေါ့!

နောက်ဆုံးတော့လည်း သူတို့ ယခု ရင်ဆိုင်နေရသည်မှာ အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံး မသေမျိုးဂိုဏ်းပင် ဖြစ်သည်လေ။

"ရန်သူတပ်မကြီး ရောက်လာတော့မယ်၊ ဂိုဏ်းချုပ်နဲ့ ကျန်တဲ့သူတွေရော ဘယ်‌ရောက်နေကြတာလဲ?"

ဂိုဏ်းအကြီးအကဲ အုပ်စုတစ်စုက စိုးရိမ်တကြီး ပြောလာသည်။

ထိုအချိန်တွင် တောင်အနောက်ဘက်တစ်နေရာမှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး နှစ်တစ်ရာနေနာရီလောက၏ အတွင်းဘက် ပုံရိပ်အချို့ တစ်ပြိုင်နက် ပေါ်ထွက်လာကြသည်။

ဓားဝှက်တောင်ထိပ်သခင်က သက်ပြင်းချကာ "အနှစ်ငါးရာလုံးလုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့တာ၊ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ရောက်မလိုလိုတော့ ဖြစ်နေပေမယ့် အခုထိ မချိုးဖျက်နိုင်သေးဘူး။ တံခါးပိတ် ကျင့်ကြံခြင်းမှာလည်း အကန့်အသတ်တွေ ရှိပုံရတယ်" ဟု ဆိုလိုက်သည်။

"ဒီလောက်နဲ့ ကျေနပ်သင့်တာပေါ့၊ တော်သေးလို့ ကျွန်မတို့မှာ ဆရာတူမောင်လေးယဲ့ပေးထားတဲ့ ကျင့်စဥ်တွေနဲ့ ဆေးလုံးတွေ ရှိလို့သာ၊ မဟုတ်ရင် အနှစ်ငါးရာကိုအသာထားဦး၊ ကျွန်မတို့ သက်တမ်းကုန်သွားရင်တောင် ဒီဘဝမှာ ဝိဉာဉ်သန္ဓေအဆင့်ကို ကျော်ဖို့တောင် ခက်နေလိမ့်ဦးမယ်!" ကောင်းကင်မွှေးရနံ့ တောင်ထိပ်သခင်မက သူမရဲ့ မျက်လုံးလှလှလေးတွေကို မျက်ဖြူလန်ပြလျက် ဆိုသည်။

"ဂိုဏ်းချုပ်‌ရော ဘယ်မှာလဲ? သူ မထွက်လာသေးဘူးလား?"

ကျန်တောင်ထိပ်သခင်များက အလောတကြီး မေးလာကြသည်။

ထိုတောင်ထိပ်သခင် ခုနစ်ဦးဟာ နေနာရီလောကထဲမှာ အနှစ်ငါးရာလုံးလုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့ကြပြီး ဝိဉာဉ်အဆင့်တက်ခြင်း၏ အထွတ်အထိပ်ကျင့်ကြံဆင့်ကို ရောက်ရှိခဲ့ကြလေပြီ။

ထိုစဥ် လေတိုက်သံ တဝုန်းဝုန်းဖြင့် လေဆင်နှာမောင်းတစ်ခု ပေါ်လာသည်။

ရှယိုနျန်သည် လွင့်ခါနေသောဆံပင်များနှင့် မျက်လုံးများတွင် လျှပ်စီးကြောင်းများ ဟုန်းဟုန်းတောက်လို့နေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လျှပ်စီးရောင်များ တဝင်းဝင်း ဝန်းရံလျက် ထွက်ပေါ်လာသည်။

ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်ဟာ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိခဲ့လေပြီ!

"ဂိုဏ်းချုပ်က ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်သွားပြီ!"

အားလုံး ဝမ်းသာအားရ ဖြစ်သွားကြသည်။

"အေးကွာ!"

ရှယိုနျန်ကတော့ လုံးဝ ပျော်ရွှင်ပုံမပေါ်ဘဲ စိုးရိမ်နေပုံရလေသည်။

ယခင်ကတော့ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံသူဆိုသည်မှာ သေချာပေါက် အင်အားကြီးသူတစ်ဦးဖြစ်ပြီး အရှေ့ပိုင်းစီရင်စုရှိ အခြားသော တာအိုပြည်နယ်တွေမှာတောင် မျက်နှာရကျော်ကြားလောက်မည့်အရည်အချင်းတစ်ရပ်ပင်။

သို့သော် ယခု ယွီဟွာ'ဂိုဏ်းက အင်အားအလုံးအရင်းဖြင့် ချီတက်လာနေချိန်တွင် ဤသို့ မပြောပလောက်သော အောင်မြင်မှုလေးက ဘာများ အရေးပါတော့မည်နည်း။

"စစ်ပွဲကြီး နီးကပ်လာပြီဆိုတော့ သေသည်အထိ တိုက်ခိုက်ရုံပဲ ရှိတော့တယ်"

ရှယိုနျန်၏ မျက်လုံးများတွင် ယုံကြည်မှုအပြည့်ရှိပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဝှစ်!

ရုတ်တရက် နေနာရီလောက၏ လည်ပတ်မှု တုံ့ဆိုင်းသွားပြီး ပုံရိပ်တစ်ခုက ဝုန်းခနဲ ထွက်ပေါ်လာလေသည်။

"နောက်ထပ် တစ်ယောက် ရှိသေးတယ်ဟ?!"

ရှယိုနျန်နှင့် တောင်ထိပ်သခင်များ အနည်းငယ် အံ့သြသွားကြသည်။

ထိုတစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ၎င်းတို့အား ရုတ်တရက် လွှမ်းခြုံသွားပြီး ရှယိုနျန်နှင့် တောင်ထိပ်သခင်များမှာ ရုတ်တရက် တစ်ကိုယ်လုံး အေးစက်တောင့်ခဲသွားကာ ရင်တုန်ပန်းတုန်ဖြစ်သွားကြရ၏။

"ဒါ၊ ဒါက..."

သူတို့၏အရှ့တွင် ဟုန်ချန်ယဲ့သည် လက်များကို နောက်ပစ်ထားကာ ထုံးစံအတိုင်း အေးစက်စက်မျက်နှာလှလှလေးဖြင့် ရှေ့ထွက်လာပြီး တစ်ကိုယ်လုံးတွင် သူစိမ်းများ မချဉ်းကပ်ရဟု စာကပ်ထားသည့်နှယ် တသီးတသန့်ဆန်လွန်းလှသည်။

သူ၏ မျက်ခုံးကြားမှ နီရဲသော မီးတောက်အမှတ်အသားက တမူထူးခြားသည့် ဆွဲဆောင်မှုကို ထပ်ပေါင်းထည့်ထားသည့်နှယ္။

အမျိုးသမီးတစ်ဦး၏ လှပသောမျက်နှာနှင့် ပုံမှန် ယောက်ျားတစ်ယောက်၏ တွေ့နေကျခန္ဓာကိုယ်တစ်ခု ပေါင်းစပ်မှုပင်!

ထိုသူသည် ခြေလှမ်းကို တစ်လှမ်းချင်း လျှောက်လာပြီး ခြေရာတစ်ခုစီတွင် တောက်လောင်နေသော မီးတောက်များ ကပ်ပါလာကာ ပတ်ဝန်းကျင် အပူချိန်သည် တစ်ပါတည်း လျင်မြန်စွာ မြင့်တက်လာပြီး ချော်ရည်ထဲစိမ်နေရသကဲ့သို့ တောက်လောက်သောခံစားချက်ကို ရရှိစေနိုင်ပေသည်။

"ဟားဟား၊ ဘယ်သူလဲလို့ ထင်နေတာ၊ ငါ့တို့ ဆရာတူညီလေးယဲ့ရဲံ တပည့်အကြီးဆုံးကြီး ဖြစ်နေတာကိုး!"

ဓားဝှက်တောင်ထိပ်သခင်က ပြုံးရွှင်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်သည်။ "အဖေနဲ့သားအတိုင်းပဲ မင်းတို့ဆရာတပည့်ရဲ့ပါရမီကတော့ ပုံမှန်ကိုမဟုတ်တာပါ ဆရာတူဦးလေးကိုပြောစမ်းပါဦး မင်းဘယ်ကျင့်ကြံဆင့်အထိရောက်နေပြီလဲ?"

အဖေနဲ့သားအတိုင်းပဲတဲ့လား?

ဟုန်ချန်ယဲ့သည် လွန်စွာအရှက်ရသလို ခံစားလိုက်ရပြီး နဖူးထက်တွင် အပြာရောင်သွေးကြောများ ထောင်ထလာကာ မျက်လုံးများက အလွန်အေးစက်သွားပြီး ဝှစ်ခနဲ အသံနှင့်အတူ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ "ရိုင်းစိုင်းလိုက်တဲ့ကောင်! လျှာအရိုးမရှိ ဘာတွေ လျှောက်ပြောနေတာလဲ?!"

"အွတ်!"

ဓားဝှက်တောင်ထိပ်သခင်သည် ရင်ဘတ်ကို ဆယ်ပေါင်တူကြီးနှင့် အထုခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သွေးတစ်ပွက် ပါးစပ်အပြည့် အန်ထုတ်လိုက်ရကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။ နှလုံးသားထဲတွင် ကြောက်စိတ်တစ်ခု လှိုက်တက်လာခဲ့ကာ သေမင်းကိုမှသွားစလိုက်မိသလို ကြီးမားသောနောင်တကို ဖြစ်ပေါ်စေလေသည်။

"ဆရာတူအစ်ကိုကြီးကျန်း!" အားလုံးက သူ့ကို အလျင်အမြန် ထူမလိုက်ပြီး ဟုန်ချန်ယဲ့ကို အံ့သြမှုနှင့် ဒေါသရောယှက်စွာ စိုက်ကြည့်လိုက်ကြသည်။

ဆရာတူညီလေးယဲ့ရဲ့ ဒီတပည့်ကောင် အတော်လေးရမ်းကားတာပဲ!

ကောင်းကင်မွှေးရနံ့တောင်ထိပ်သခင်မက မျက်ခုံးပင့်ကာ မကျေမနပ်ဖြင့် ဆူငေါက်သည်။ "ဟုန်ချန်ယဲ့ရယ် မင်းရဲ့ဆရာတူဦးလေးကျန်းက စကားနည်းနည်းမှားသွားရုံပါ ငါတို့အားလုံးကတစ်ဖွဲ့တည်းသား သွေးသောက်ရောင်းရင်းတွေပဲလေ ဘာကြောင့်ဒီလိုလက်ပါရတာလဲ?"

"သွေးသောက်ရောင်းရင်းတွေတဲ့လား ဟဟ"

ဟုန်ချန်ယဲ့က ခနဲ့သလို ရယ်လိုက်သည်။

ဒီအရှင်က မီးလျှံနတ်ဆိုးဂိုဏ်းချုပ်၊ စစ်မှန်တဲ့ မသေမျိုးအဆင့် စွမ်းအားကြီးသူပဲ။ မင်းတို့လို ပုရွက်ဆိတ်တွေ ငါ့ကို ကပ်တွယ်ချင်သေးတာလား?

ဟုန်ချန်ယဲ့အတွက်တော့ အစမှအဆုံးထိ ယဲ့ကျွင်းလင်တစ်ယောက်ကသာ အာရုံစိုက်ခံထိုက်သူဖြစ်ပြီး ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးမှ ကျန်သူအားလုံးဟာ အရေးမပါသော အရန်ဇာတ်ကောင်များသာပင်။

အဲ့ဒီကောင်ကြောင့်သာ မဟုတ်ရင် သူ ဒီမှာ ဟန်ဆောင်ပန်ဆောင် မျက်နှာချိုနေရမှာ မဟုတ်ဘူး။

"မင်းရဲ့ အပြုအမူက ဘာသဘောလဲ ဆရာတူမောင်လေးယဲ့ဆီသွားပြီး အတိုင်ခံချင်တာလား!" ကောင်းကင်မွှေးရနံ့တောင်ထိပ်သခင်မက ဒေါသတကြီး ခြေတစ်ချက်ဆောင့်လိုက်တော့ ရင်နှစ်မွှာတောင် တုန်တက်သွားရှာလေ၏။

"ကြိုက်သလိုလုပ်၊ ဒီအရှင်က သူ့ကို စောက်ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီကောင်က အခုအချိန်မှာ သူ့ကိုယ်သူတောင် ကာကွယ်နိုင်တော့မှာမဟုတ်ဘူးလေ"

ဟုန်ချန်ယဲ့က ဟန်ပါပါလက်ပိုက်ကာ ခပ်မြူးမြူးအပြုံးတစ်စဖြင့် ဆိုလေသည်။

တပည့်သားဖြစ်သူ၏ ပုန်ကန်ရန်လိုသောစကားများက နေရာတွင်ရှိသောသူအပေါင်းကို တအံ့တသြဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်စေ၏။

ဒီတစ်ယောက်က ဆရာတူညီလေးယဲ့ရဲ့ အမိန့်တိုင်းကိုနာခံပြီး တစ်ချိန်လုံး ရှေ့ထွက်ကာကွယ်ပေးခဲ့တဲ့ တပည့်လေး ဟုတ်ပါသေးရဲ့လား?

All Chapters