← Chapters

ပြိုင်ဘက်ကင်း ပြဿနာကောင်

Vol. 4 Ch. 56

ပြိုင်ဘက်ကင်း ပြဿနာကောင်

Vol. 4 Ch. 56

ဝှစ်~!

ထိုအခိုက်အတန့်တွင် ကြယ်တံခွန်ကြွေကျသကဲ့သို့ ပြင်းထန်သော လေတိုးသံများဖြင့် ဆူညံသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါတစ်ခုက ပြင်းထန်စွာ တိုက်ခတ်လာလေသည်။

အရပ်ပုပု အဘိုးအို၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာပြီး ဖြူဖွေးသော ဆံပင်များက လေနှင့်အတူ ရမ်းခါနေကာ သူ၏ မျက်လုံးများမှ လေဟာနယ်ကို ဆုတ်ဖြဲနိုင်သော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လို့လာသည်။ အိုမင်းသော မျက်နှာမှာ ဒေါသစိတ်ကင်းစင်လျက် ရှင်းလင်တည်ငြိမ်နေပေသည်။

နောက်တစ်စက္ကန့်မျှအကြာတွင် မရေမတွက်နိုင်သော အဖြူရောင် ကြယ်စင်ဓားသွားများ ထိုးဖောက်ထွက်ပေါ်လာပြီး လမ်းတစ်လျှောက်ရှိ လေဟာနယ်ကိုပင် ကြောက်မက်ဖွယ်ကောင်းသော အက်ကွဲကြောင်းရာများထင်သည်အထိ ပြင်းထန်သောအရှိန်ဖြင့် ရောက်ရှိလာကြခြင်းပင်။

"ဒါက လေမုန်တိုင်းထိပ်သီးကျင့်ကြံသူရဲ့ စကြဝဠာပျက်သုဥ်းခြင်းကျင့်စဥ်ပဲ!" ကျန်ရှိသော ထိပ်သီးအကြီးအကဲများက ကြောက်ရွံ့ရိုသေသောအမူအရာကို ပြသလာကြလေသည်။

ဤတိုက်ကွက်သည် ထိပ်သီးကျင့်ကြံသူ အလယ်အလတ်အဆင့်၏ နတ်ဘုရားစွမ်းအားဖြစ်သည့်အပြင် ထိုအရပ်ပုပု အဘိုးအိုသည် ထိုကျင့်စဥ်ကို အစုံအလင်ကျွမ်းကျင်စွာ လေ့ကျင့်ထားခြင်းပင်ဖြစ်ပေ၏။

အလုံးစုံကျွမ်းကျင်တတ်မြောက်ပြီးမှ ပေါက်ကွဲထွက်လာသော စွမ်းအားပမာသည် ယခုမှစတင်ကျင့်ကြံသူတစ်ဦး၏ စွမ်းအားထက် အဆထောင်ပေါင်းများစွာ ပိုမိုအားကောင်းလေသည်။

ဤတိုက်ကွက်ကြောင့်ပင် သူသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူများကြားတွင် အတော်လေးကျော်ကြားခဲ့ရခြင်းပင်။

"ဒီအဘွားကြီးလည်း ဝင်ပျော်ဦးမယ်ဟေ့!" အရှင်ရွှေမြွေဟောက်သည် မြွေခေါင်းတုတ်ကို ကိုင်ဆောင်ထားရင်း ကြွေးကြော်လေသည်။ သူမ၏ ရွှေရောင်ဝတ်ရုံမှာ လေမတိုးဘဲ အလိုအလျောက် လှုပ်ရှားနေကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ပမာဏကို တုတ်ကောက်၏ထိပ်တွင် စုစည်းပြီး ဝိညာဉ်ကို ဖမ်းစားချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ရုတ်တရက် ဧရာမ မြွေအရိပ်တစ်ခုက တုတ်ကောက်ထဲမှ ထွက်ပေါ်လာပြီး အနက်ရောင် မျက်လုံး ခြောက်စုံက ရန်လိုသွေးဆာလို့နေကာ လျှာနှစ်ခွမှ တရှူးရှူးဟောက်သံများ ထွက်လို့နေတော့၏။ ‌ကျောဘက်တွင် ကောင်းကင်နှင့်နေမင်းကို အုပ်မိုးထားနိုင်လောက်အောင်ကြီးမားသည် အတောင်ကြီးနှစ်ဖက်လည်း ပါဝင်သေးသည်။

ဤမြွေပုံသဏ္ဌာန် အသွင်အပြင်သည် ဝှစ်ခနဲအသံဖြင့် ခန္ဓာကိုယ်ကို လိမ်ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ဝုန်းခနဲထွက်ပေါ်လာပြီး အမည်မသိအနက်ရောင်မြူများဖြင့် ဝန်းရံလို့ထားသေး၏။ အစွယ်အတက်များတွင် သေစေနိုင်သော အဆိပ်အတောက်များက ပေကျံစီးကျလျက်။

"ဟမ့်!"

တစ်ဖက်အကြီးအကဲမှ အင်အားထုတ်သုံးလာသည်ကို မြင်သောအခါ အရှင်ဟုန်ဝူသည် လက်ကိုမြှောက်၍ ဒဏ္ဍာရီလာလက်သီး အမှတ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်သော် တောက်ပသော ရောင်ခြည်များက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံကာ လှိုင်းထလျက်ထွက်‌ပေါ်လာလေသည်။

ထို့နောက် သူသည် လက်သီးကို မြှောက်ကာ ပြင်းထန်စွာ ထိုးနှက်လိုက်သော် သက်ဝင်ထကြွနေသော လက်သီးစွမ်းအားသည် မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ဖြင့် ကမ္ဘာလောကကြီးပင် ပြိုကွဲထွက်တော့မတတ် ပြင်းထန်လှပေသည်။

ဒါကို နတ်ဘုရားအရှင်လက်သီးလို့ ခေါ်တယ်!

အထွဋ်အထိပ်သို့တက်ရောက်ခြင်း နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ သုံးဦးသည် တဒင်္ဂအတွင်းမှာပင် စွမ်းအားကုန်ထုတ်ကာ ပူးပေါင်းတိုက်ခိုက်ကြလေသော် ပစ်မှတ်မှာ နေရာတွင်ပင် နုတ်နုတ်စင်းခံရသကဲ့သို့ ကြေမွသွားမည်မှာ သေချာသလောက်ပင်။

သူ့ဆီသို့ တည့်တည့်ဦးတည်လာသော သတ်ဖြတ်ရန်လိုစိတ်ကို ရင်ဆိုင်ရခါနီးတွင် ယဲ့ကျွင်းလင်သည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် အတော်လေးအူမြူးနေပုံပင် ပေါက်နေသေး၏။

【တင်၊ ပိုင်ရှင်ဟာ အထွဋ်အထိပ်သို့တက်ရောက်ခြင်း နှောင်းပိုင်းအဆင့် ရန်သူရဲ့ တိုက်ခိုက်မှုကို ခံနေရကြောင်း တွေ့ရှိရတဲ့အတွက် အင်အားကြီးသောရန်သူနှင့်ရင်ဆိုင်ပြီး ပိုအင်အားကြီးလာသည့် စွမ်းရည်အရ ပိုင်ရှင်ကို အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်ရဲ့ အထွဋ်အထိပ်အဆင့်အထိ တိုးမြှင့်ပေးလိုက်ပါပြီရှင်!】

ဘုန်း!

ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ယခင်ကထက် ပိုမိုအားကောင်းလာကာ တဖန် မြင့်တက်လာပြန်လေသည်။

"မကောင်းတော့ဘူး! သူ့ရဲ့ ကျင့်ကြံဆင့်က..." ယွီဟွားဂိုဏ်းထိပ်သီးကျင့်ကြံသူ သုံးဦးသည် တစ်ဖက်လူ၏ပြောင်းလဲမှုကို မယုံကြည်နိုင်စွာငေးကြည့်မိနေကြကာ ယုံကြည်မှုအပြည့်ဖြင့် ချီတက်လာသောမျက်နှာထားများလည်း သိသိသာသာကို တုန်လှုပ်သွားကြဟန်ပင်။

"ဟဲဟဲ" ယဲ့ကျွင်းလင်သည် စပ်ဖြဲဖြဲလုပ်၍ လက်ဝါးကိုမြှောက်ကာ ရိုက်ချလိုက်သော် ရွှေရောင်လက်ဝါး၏ အလင်းသည် တောက်ပပြီး မျက်စိကိုကျိန်းစပ်စေသည်အထိ။

ကြီးမားသော ပေါက်ကွဲမှုတစ်ခုက ဝုန်းဒိုင်းကြဲ ပေါ်ထွက်လာသည်။

မရေမတွက်နိုင်သော စိုးရိမ်တုန်လှုပ်နေသည့် အကြည့်များအောက်တွင် အကြီးအကဲတို့၏ ပုံရိပ် သုံးခုသည် တစ်ပြိုင်နက်တည်း လွင့်ထွက်သွားပြီးမှ တည်ငြိမ်အောင် အနိုင်နိုင်ပြန်ထိန်းလိုက်ရကာ သွေးများတပွက်ပွက်ထိုးအန်လျက် သူတို့၏အရှိန်အဝါမှာလည်း တစ်စုံတစ်ခုဖြင့်ဖိခံထားရသလို လေးလံတောင့်ခဲသွားရလေသည်။

အရှင်ရွှေမြွေဟောက်သည် မျက်နှာပျက်ပျက်ဖြင့် မှတ်ချက်ချ၏။"ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေ မှားနေတာပဲ၊ ယဲ့ကျွင်းလင်က အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်ကိုမှ အထွဋ်အထိပ်အဆင့်မှာ ရှိနေတာလေ!"

"သေလိုက်ပါလား၊ ငါတို့အားလုံး လှည့်စားခံလိုက်ရပြီ!" အရှင်ဟုန်ဝူကလည်း ဝမ်းနည်းကြေကွဲစွာ ပြောလာသည်။

လေမုန်တိုင်းအရှင်သည် ပါးစပ်ထောင့်မှ သွေးစီးကြောင်းများကို သုတ်ကာ အံတင်းတင်းကြိတ်လျက် ကြိမ်းဝါးသည။ "အခြေအနေက ဒီလိုဖြစ်သွားမှတော့ ဂိုဏ်းရဲ့ လျှို့ဝှက်နည်းပညာကို သုံးပြီး ဒီကောင် မရရအောင်သတ်ပစ်ရုံပဲ ရှိတော့တယ်!"

"သဘောတူတယ်"

"ဒီတိုက်ပွဲကို အနိုင်ရမှရမယ်! ဒါက ယွီဟွားဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေတယ်!"

ထိုစကားများကိုကြားသော် အနောက်မှ ကျန်ရှိနေသေးသော ထိပ်သီးအကြီးအကဲ အနည်းငယ်သည် တစ်စုံတစ်ခုကို တွေးမိလိုက်ကာ ပို၍ ရိုရိုကျိုးကျိုးဖြစ်သွားကြသည့်နှယ်။

သူတို့ အဲ့ဒီစုပေါင်းတိုက်ကွက်ကို သုံးကြတော့မယ်ထင်တယ်!

ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် သူ့ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များ သူ့အလိုလို ပြန်လည်မြင့်တက်လာသည်ကို ခံစားမိသောအခါ စိတ်ထဲတွင် အလွန်ကျေနပ်ပျော်ရွှင်သွားရသည်။

အရှင်ဟုန်ဝူသည် ယခုလေးတင် သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးနိုင်ခဲ့သော်လည်း သူ၏ရွှေလက်ချောင်း အသက်မဝင်ခဲ့ရခြင်းအကြောင်းရင်းမှာ အသက်ဝင်ဖို့ရာလိုအပ်သောအချက်အလက်များဖြင့် မပြည့်စုံသောကြောင့်ဖြစ်ကြောင်း သူနားလည်လိုက်ရ၏။

ရွှေလက်ချောင်း အသက်ဝင်ဖို့ဆိုလျှင် တစ်ဖက်လူက သူ့ကိုအရင်စတင်တိုက်ခိုက်ရမည်ဖြစ်သည်။

ရုတ်တရက် ယဲ့ကျွင်းလင်သည် တစ်စုံတစ်ခုကို သတိပြုမိကာ မျက်မှောင်ကြုတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လေမုန်တိုင်းအရှင်၊ အရှင်ဟုန်ဝူနှင့် အရှင်ရွှေမြွေဟောက်တို့၏ အရှိန်အဝါများသည် မယှဉ်နိုင်လောက်အောင် နက်ရှိုင်းလာပြီး ယခင်ကထက် ပိုမိုအားကောင်းသော စွမ်းအင်လှိုင်းများကိုပင် ထုတ်လွှတ်လျက်ရှိကြလေသည်။

ထိုအချိန်တွင် ငွေရောင်သင်္ကေတများ သူတို့မျက်နှာပြင်ထက်င် တဖြည်းဖြည်း ပုံပေါ်လာပြီး လည်ပင်းများသို့တိုင် ပျံ့နှံ့ကာ မျက်နှာတစ်ပြင်လုံးကိုလည်း ဖုံးလွှမ်းသွားတော့၏။ နောက်ဆုံးတွင် သူတို့အားလုံး၏ နဖူးများထက်၌ ဒေါင်လိုက်တည်ရှိနေသော ပြောင်းပြန်တြိဂံပုံ မျက်လုံးတစ်လုံး ပေါ်ထွက်လာလေသည်။

တောက်ပသော ငွေစင်အလင်းရောင်သည် သူတို့ခန္ဓာကိုယ်များထဲမှ ထွန်းလင်းထွက်ပေါ်လို့နေကာ မြင့်မြတ်ပြီး ချိုးဖျက်၍မရသော အရှိန်အဝါတစ်ခု ပါရှိနေသည်။

"မြတ်စွာဘုရားရေ အဲ့ဒီ ထိပ်သီးကျင့်ကြံသူ သုံးဦးက ရုတ်တရတ်ကြီး ဘာဖြစ်သွားကြတာလဲ?"

"သူတို့ သုံးနေတာက ငါကြားဖူးသလောက်တော့ ယွီဟွားဂိုဏ်းရဲ့ ထူးခြားတဲ့ လျှို့ဝှက်ကျင့်စဥ်ဆိုတဲ့ စွမ်းအားမြှင့်ခြင်းအတတ်ပညာ ဖြစ်‌လောက်မလားပဲ"

"ငါသိတယ်၊ အဲ့ဒီ လျှို့ဝှက်ကျင့်စဥ်ကို ထိပ်သီးအကြီးအကဲတွေထဲက အလားအလာအရှိဆုံးသူတွေပဲ လေ့ကျင့်ရတယ်လို့ ငါကြားဖူးတယ်"

"ဒီလျှို့ဝှက်ကျင့်စဥ်ကို ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးက ဖန်တီးခဲ့တာဖြစ်ပြီး ယွီဟွားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ဆိုလည်းဟုတ်တယ်! စွမ်းအားမြင့်တင်ခြင်း အတတ်ပညာကို သုံးတဲ့သူတွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆင့်သစ်တစ်ခုကို မြင့်တက်သွားလိမ့်မယ်!"

…

ယွီဟွားတပ်မတော် ပြန်လည်တက်ကြွလာသည်။

ဒီကျင့်စဥ်ဟာ ယွီဟွားဂိုဏ်းရဲ့ ထာဝရအောင်မြင်ခြင်း အခြေခံအုတ်မြစ်ပဲ!

ဟုန်ချန်ယဲ့၏ မျက်နှာထား တည်ကြည်လေးနက်လို့လာပြီး ပြောသည်။ "ဘယ်လောက်တောင် နက်နဲလိုက်တဲ့ လျှို့ဝှက်ကျင့်စဥ်လဲ? အလယ်ပိုင်းစီရင်စုက ဂိုဏ်းကြီးတွေနဲ့တောင် ယှဥ်နိုင်လောက်တယ်"

ဒီကျင့်စဥ်ကို ဖန်တီးတဲ့သူက ကျင့်ကြံရေးလောကရဲ့မကောင်းဆိုးဝါးလို့ ခေါ်ဆိုနိုင်လောက်တဲ့အထိ ပါရမီရှိပုံရတယ်။

ပေါက်ကွဲသံများစွာ ထွက်ပေါ်လာသည်။

ကောင်းကင်၌တည်ရှိနေသော အင်အားကြီးပုံရိပ်သုံးခုသည် ခန္ဓာကိုယ်များထဲမှ မြင့်မြတ်သော ငွေစင်အလင်းရောင်ကို လှိုင်းထသည်အထိထုတ်လွှင့်နေကြပြီး မြင်ကွင်းမှာ မသေမျိုးအဆင့်သို့ တက်လှမ်းတော့မည့် ကျင့်ကြံသူများအား ကြည့်နေရသည့်အလားဖြစ်၏။

အရှင်ဟုန်ဝူသည် စိတ်လှုပ်ရှားမှုဖြင့် မျက်လုံးများတောက်ပလာပြီး အားရပါးရဆိုလာသည်။ "ဒါက လျှို့ဝှက်ကျင့်စဥ်ရဲ့ သက်ရောက်မှုလား? ငါ့ခန္ဓာကိုယ်တစ်ခုလုံး အဆုံးမရှိတဲ့ စွမ်းအားတွေ ပြည့်နှက်နေတယ်လို့ ခံစားရတယ်!"

"မြန်မြန်အဆုံးသတ်ကြ အချိန်သိပ်မဆွဲကြနဲ့ လျှို့ဝှက်ကျင့်စဥ်ကို ကြာကြာသုံးလေ ပေးဆပ်ရမယ့်အဖိုးအခကကြီးမားလေပဲ ဒါကိုငါတို့အားလုံးသိတယ် ဖောင်ဖျက်ပြီးသွားမှတော့ နောက်ဆုတ်စရာအကြောင်းမရှိတော့ဘူး!" လေမုန်တိုင်းအရှင်က လေးနက်သောအသံဖြင့် မှာကြားသည်။

"ဒီဂိုဏ်းကိုသာ သွေးချောင်းစီးအောင်ဖျက်ဆီးနိုင်ရင် ငါ့ကျင့်ကြံဆင့်တွေနိမ့်ပါးသွားပြီး ကျင့်ကြံရေးအခြေခံအုတ်မြစ်ပါပျက်စီးသွားလည်း ဘာအရေးလဲ?" အရှင်ရွှေမြွေဟောက်က ရူးသွပ်သွားသလိုအသံဖြင့် ခပ်တိုးတိုးကြုံးဝါးလိုက်သည်။

"သတ်ကြ!!"

ဟိန်းဟောက်ကြွေးကြော်သံသည် ကောင်းကင်ကို ဖောက်ထွင်းလျက် ထွက်ပေါ်လာသည်။

စာစဉ်ပြီး၏

All Chapters