← Chapters

ကျူးကျော်သူများ

Vol. 13 Ch. 166

ကျူးကျော်သူများ

Vol. 13 Ch. 166

ဓားဧကရာဇ်အော်ရာ၏ အပြည့်အ၀ သက်ရောက်ခြင်းကို ခံလိုက်ရသောအခါ ဝိညာဉ်မလေးသည် ထိုနေရာတွင်ပင် ကြောင်၍ ရပ်တန့်နေမိသွားသည်။

သူမသည် အာရန်နှင့် အလွန်နီးကပ်နေသောကြောင့် အော်ရာတစ်ခု၏ ပြင်းထန်သောဖိအားသည် သူမကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်နေသည်ဟု ခံစားလိုက်ရသည်။

ကြောက်လန့်တကြားဖြင့် သူမသည် ထိုအော်ရာ၏ သက်ရောက်မှုမှ လွတ်မြောက်ရန် အမြန်ပင် နောက်ဆုတ်လိုက်ရသည်။

သူမ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ထိုအော်ရာ၏ သက်ရောက်မှု အောက်တွင် သူမသည် အာရန်မှ သူမအား အချိန်မရွေး သတ်ပစ်နိုင်သည်ဟု ပင် အမှန်တကယ်ခံစားမိလိုက်သည်။

အာရန်သည် သူ၏ လက်များကို ပြန်ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလိုက်လဲ...”

အက်စ်တလီနာသည် အာရန်၏ စကားများကို ကြားသောအခါ သူမ၏ မျက်နှာအမူအရာသည် မဲမှောင်သွားမိ၏။

သူမသည် သူမ၏ လက်များဆီမှ တုန်ယင်မှုကို ရပ်တန့်ရန် လက်သီးဆုပ်ထားလိုက်ရသည်။

ထိုအော်ရာနှင့် အနီးကပ်နေရာတွင် တည်ရှိနေခဲ့မိသော ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်တစ်ခုသည် သူမ၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။

သူမသည် ထိုကဲ့သို့သော အောရာမျိုးကို ဘယ်တုန်းကမှ မခံစားဖူးခဲ့ပေ။ ဝိညာဉ်တစ်ဦးအနေဖြင့်ပင် သူမသည် ၎င်းကို ကြောက်ရွံ့နေခဲ့သည်။

ပုံမှန်အားဖြင့် အော်ရာအများစုသည် ဝိညာဉ်များအပေါ်သက်ရောက်မှုမရှိနိုင်ပေ။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအများစုပင် ၎င်းတို့အတွက် အသုံးမဝင်ပေ။

သို့သော် ယခုအာရန်၏ အော်ရာနှင့်ပတ်သက်၍မူ မတူညီသော ထူးခြားမှုတစ်ခုရှိနေလေသည်။

သူမသည် အဘယ်ကြောင့်မှန်းမသိသော်လည်း ထိုအော်ရာဖြင့် ဖိနှိပ်ခံနေရစဉ်တွင် ကြောက်မက်ဖွယ်ရာကောင်းသော သားရဲကြီးတစ်ကောင်က သူမကို စိုက်ကြည့်နေသကဲ့သို့ ခံစားခဲ့ရသည်။

သူမသည် နောက်ဆုတ်ကာလက်လျှော့လိုက်သဖြင့် အာရန်သည် သူမအား အမှန်တကယ် သတ်နိုင်ရန် အကြောင်းပြချက်တစ်ခုဆုံးရှုံးလိုက်ရသဖြင့် ‘စိတ်ပျက်စရာကောင်းတယ်’ ဟု ပြောလိုက်ခြင်းလော… သူမ၏ အတွေးများသည် မှားယွင်းသော လားရာတစ်ခုဆီသို့ ဦးတည်သွားသည်ကို သူမ ကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

အာရန်သည် အက်စ်တလီနာ ကို စိတ်ပျက်ခြင်းမဟုတ်ခဲ့ပေ။ သူသည် သူ့ကိုယ်သူနှင့် သူ၏ အားနည်းမှုအတွက်သာ စိတ်ပျက်နေခြင်းဖြစ်လေသည်။

သူသည် အက်စ်တလီနာ၏ လက်များကို ဖမ်းဆုတ်ထားမိခဲ့သော်လည်း သူမသည် အလွယ်တကူပင် လွတ်မြောက်သွားနိုင်ခဲ့သည်။

သူမ ထိုသို့ပြုနိင်သောကြောင့် သူမသည် အနည်းဆုံး သူ့ထက်ခွန်အားကြီး ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သို့တိုင် ၎င်းသည် သူမအား သူ မသတ်နိုင်ဟု မဆိုလိုပေ။

သူသာအမှန်တကယ် သူမအားသတ်ဖြတ်လိုခဲ့ပါက သူ့တွင် ထိုသို့ပြုလုပ်ရန် နည်းလမ်းများစွာရှိနေသော်လည်း ထိုသို့မလုပ်ချင်ခဲ့ပေ။

သူသည် သူမကို ကြောက်လန့်စေလိုရုံသာဖြစ်ပြီး ၎င်းသည် အလုပ်ခဲ့ဖြစ်ပုံရသည်။

“ပထမအနေနဲ့ မင်းက င့ါကို ပြန်ပေးဆွဲခဲ့တယ် ပြီးတော့ ခုတစ်ခါ ဒါက မင်း ငါ့ခွင့်ပြုချက်မရပဲ လုပ်ခဲ့တဲ့ ဒုတိယအကြိမ်ပဲ တတိယအကြိမ်ရှိလာခဲ့ရင် နောက်ထပ် သတိပေးချက် ရှိတော့မှာ မဟုတ်ဘူး” အာရန်၏ စကားများက အက်စ်တလီနာအား သူမ၏ အတွေးများဆီမှ နိုးထစေခဲ့သည်။

“ရှင်က ကျွန်မကို ခြိမ်းခြောက်နေတာလား”

အက်စ်တလီနာသည် အံကြိတ်ရင်း ပြောလိုက်သည်။

သူမထိုသို့ပြောနေသောအခါ သူမ၏ အံကြိတ်နေသံကိုပင် အာရန်သည် ကြားနိုင်နေခဲ့သည်။

“ခြိမ်းခြောက်တာနဲ့ သတိပေးတာဆိုတဲ့ကြားမှာ မျဉ်းကြောင်းလေးတစ်ကြောင်းတော့ ခြားထားပါတယ်” ဟုအာရန်က ပြန်ဖြေသည်။

ယခု သူသည် ဤနေရာတွင် ရှိနေသောကြောင့် နောက်ပြန်ဆုတ်၍ မရတော့ပေ။

သူ၏ အနာဂတ်လုပ်ဆောင်မှုများသည် ယခုအပြုအမူများအပေါ် လုံးဝမူတည်နေလေသည်။

“ရှင့်ကို ဘာက ဒီလောက်တောင် ယုံကြည်မှုတွေပေးနေတာလဲ ရှုယင်က ရှင့်ကို ကယ်တင်ဖို့ ဒီကိုလိုက်လာနိုင်မယ်လို့ ရှင်တကယ်ကြီးထင်နေတာလား” အက်စ်တလီနာက ပြုံး၍ပြန်ပြောလိုက်သည်။

“သူမရောက်လာမယ်လို့ ရှင်ထင်နေရင် ကျွန်မရှင့်ကို တစ်ခုသတိပေးလိုက်မယ် ဝိညာဉ်လောကမှာ အချိန်စီးဆင်းမှုက တကယ့်အပြင်ကမ္ဘာထက် အများကြီး ပိုနှေးကွေးတယ်”

သူမသည် သူမ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ ဝှက်ထားသော မအီမသာဖြစ်မှုအချို့ကို အပြင်ဘက်တွင် မဖော်ပြခဲ့ပေ။ သူမသည် ၎င်းကို သူမ၏ နှလုံးသားထဲတွင်သာ နက်ရှိုင်းစွာ ဝှက်ထားခဲ့လေသည်။

“ဒီမှာ တစ်လဆိုတာ ရှင်တို့ကမ္ဘာမှာ တစ်ရက်လောက်ပဲ ရှိမယ် ရှင်သာကောင်းကောင်းမွန်မွန်

မပြုမူမိရင် သူမက ရှင် ပျောက်ဆုံးနေမှန်း တောင် မသိလိုက်ခင်မှာတင်ပဲ ရှင် ဒီမှာ အသက်ပျောက်သွားနိုင်တယ်”

“ဟင်”

အက်စ်တလီနာသည် အာရန်မှာ သူ့ကို ကယ်တင်မည့်သူ မရှိဘဲ သူတစ်ယောက်တည်းသာ ရင်ဆိုင်ရမည်ကို သိလိုက်သောအခါ ကြောက်ရွံ့သွားလိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ၏ တုံ့ပြန်မှုမျာသည် သူမ၏ မျှော်လင့်ချက်များနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ကြောက်ရွံ့ရမည့်အစား အာရန်သည် ပြုံးဖြီးနေပြီး သူ၏ မျက်လုံးများသည် စိတ်တက်ကြွခြင်းများဖြင့် တောက်ပလျက်ရှိသည်။

“ရက်သုံးဆယ် အချိန်နှောင့်နှေးမှု ဒါက အတော်လေး အဆင်ပြေနေတာပဲ”

သူသည် ပထမကပင် ရှုယင်ကို ဤနေရာသို့ လိုက်လာရန် မမျှော်လင့်ခဲ့ပေ။

သူမ လိုက်လာခဲ့လျှင်ပင် ဝိညာဉ်ဘုရင်မကို ဆန့်ကျင်ရန် သူမသည် လုံလောက်သော ခွန်အားများ ရှိနေမည်မဟုတ်ဟု သူယူဆထားသည်။

ထို့ကြောင့် သူမ ဒီကို မလာတာ ပိုကောင်းသည်။

သူတကယ် စိုးရိမ်နေသည်မှာ သူ၏ အနာဂတ်ဖြစ်သည်။ အနောက်ဘက်တိုက်သို့ သွားရန် နောက်ဆုံးသတ်မှတ်ထားသည့်ရက်ကို လွတ်သွားမည်ကို သူ အလွန် စိုးရိမ်နေခဲ့သည်။

သူသည် မည်သည့်နေရာသို့ သွားနေခဲ့ခြင်းနှင့် ဘာကြောင့်ပျောက်နေခဲ့ကြောင်းကိုလည်း ဖုန်ယုအားရှင်းမပြချင်ခဲ့ပေ။

ထိုအမှန်တရားက သူ၏ ရင်ဘတ်အတွင်းရှိ ထိုဝန်ထုတ်ဝန်ပိုးအား အနည်းငယ် လျော့ပါးစေခဲ့သည်။

ထို့ကြောင့်ပြန်သွားရမည့်အချိန်ကို စိုးရိမ်စရာမလိုဘဲ ဤနေရာတွင် အတော်အတန် အချိန်ကုန်ဆုံးနိုင်ပေတော့မည်။

သို့သော် ဤနေရာသည်လည်း အလွန်လုံခြုံသည်တော့ မဟုတ်မှန်း သူ မမေ့ခဲ့ပေ။

သူသည် ဝိညာဉ်ဘုရင်မနှင့် တွေ့ဆုံပြီးသောအခါမှသာ မည်သည့်ရွေးချယ်မှုကို ရွေးချယ်ရင်အဆင်ပြေမည်ကို ဆုံးဖြတ်ရဦးမည်ဖြစ်သည်။

သူသည် သူမအား ထိပ်တိုက်တွေ့၍ အနိုင်ယူကာ ဒဏ္ဍာရီအဆင့် ဆုလာဘ်ကို ရယူရမည်လား သို့မဟုတ် သူမကို သူ့အား စွဲလမ်းချစ်မိသွားအောင် ကြိုးစားပြီး ဝိညာဉ်စာချုပ်ကို ရယူရမည်လား ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

“ရှင်... ရှင်က တကယ် ရူးနေတာပဲ” အက်စ်တလီနာသည် မယုံကြည်နိုင်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။ သူမသည် အာရန်၏ တုံ့ပြန်မှုကို မကြေနပ်ပေ။

သူသည် ခွန်အားကြီးသည်မှာမှန်သော်လည်း မည်သည့်အကူအညီမျှမရှိဘဲ ဤနေရာတွင် ပိတ်မိနေခြင်းအတွက် ဘာကြောင့် ဒီလောက် ပျော်ရွှင်နေရသနည်း။

ထိုယောကျ်ားသည် သူမ၏ အမေကို အနိုင်ယူရန် လုံလောက်အောင် အစွမ်းထက်နေပြီဟု တကယ်ကြီးထင်မှတ်ထားသလော။

“ဘယ်လို စိတ်ရောဂါသည်လဲ” သူမသည် လက်ကို ဝှေ့ယမ်းကာ သူမ၏ အဝတ်အစားများကို ပုံမှန်အတိုင်း ပြန်လည်ပြောင်းလဲလိုက်သည်။

“ရှင်က ကျွန်မကို ပြန်မကြိုက်တာ အံ့ဩစရာ မဟုတ်တော့ပါဘူး ရှင့်ရဲ့ ခေါင်းထဲမှာ တကယ်ပဲ တစ်ခုခု မှားယွင်းနေပုံရတယ် ရှုယင်အတွက် ငါ တကယ် စိတ်မကောင်းဘူး”

“ငါ့ခေါင်းထဲမှာ ဘာမှ မမှားဘူး မင်းကသာ သူမလောက် မလှလို့ပဲ”

အာရန်က သူ၏ အာရုံကို ပတ်ဝန်းကျင်သို့ ပြောင်းလဲရင်း ပြန်ဖြေလိုက်သည်။

ဖီးနစ်သည် ကောင်းကင်တွင် မြင့်မားစွာ ပျံသန်းနေသောကြောင့် သူသည် သူ၏ ပတ်ဝန်းကျင်ကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

“တွေ့ပြီ အဲဒါ မင်းအမေနေတဲ့ မြို့ဖြစ်ရမယ်”

အဝေးတွင် မြို့တစ်မြို့ကဲ့သို့ ထင်ရသော နေရာတစ်ခုကို သူသတိပြုမိလိုက်သည်။

မြို့သည် လက်ရှိတည်နေရာနှင့် အလွန်ဝေးကွာသောကြောင့် အလွန်သေးငယ်နေပုံရသည်။

သို့သော် သူသည် ထိုမြို့မှာ အတော်လေး ခမ်းနားသည်ဟု ခံစားကြည့်နိုင်သည်။

“မင်းတို့ ဝိညာဉ်တွေက ဘဝကို ဘယ်လို နေထိုင်ရှင်သန်ရမလဲဆိုတဲ့အနှစ်သာရကို တကယ်သိနေကြပုံရတယ်” ဟု အာရန်သည် သူ၏ ဖီးနစ်မှ ကောင်းကင်တွင် ဝဲပျံရင်း ထိုမြို့ဆီသို့ ပျံသန်းသွားသောအခါ မှတ်ချက်ပေးလိုက်သည်။

“ကျွန်မ အမေအနေအထားနဲ့ အဲဒီ အနောက်ဘက်မြို့မှာ နေစရာလား မိုက်မဲလိုက်တဲ့အတွေး အဲဒါက မြို့ပြင်က လူသူကင်းမဲ့နေတဲ့ မြို့ပျက်တစ်ခုသာသာပဲ အဲဒီမြို့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုက ကျူးကျော်သူတွေကို တားဆီးဖို့ပဲ” အက်စ်တလီနာက ပြန်လည်ရှင်းပြလိုက်သည်။

“ဒါပေမယ့် အဲဒီမြို့မှာ မြို့တော်ဆီကို ဦးတည်ထားတဲ့ ဂိတ်တံခါးဝင်ပေါက် တစ်ခုလည်း ရှိနေတယ် ဒါကြောင့် ရှင်က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာလို့တော့ ယူဆလို့ရပါတယ်”

“ကျူးကျော်သူတွေကိုတားဆီးဖို့ဟုတ်လား” အာရန်က ပြန်မေးလိုက်သည်။

“ငါတို့ကမ္ဘာက ကျူးကျော်သူတွေက ဒီကို ရောက်လာလေ့ရှိကြတာသလား”

ကျူးကျော်သူများအကြောင်း ပြောသောအခါ အက်စ်တလီနာသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

“ရှင့်အနေနဲ့ အဲဒါကို သိစရာ မလိုဘူး ရှင့်ကိုယ်ရှင်ပဲ အာရုံစိုက်ထားစမ်းပါ ရှင်သာ အမေရှေ့မှာ ဒီလို မာနကြီးနေပုံမျိုးနဲ့ သူမက မတော်တဆစိတ်မထိမ်းနိုင်ပဲ ရှင့်ကို သတ်လိုက်မိရင် စိတ်မကောင်းစရာတွေဖြစ်ကုန်တော့မှာ”

“ဒါနဲ့ ဘာလို့ မင်း ငါ့ကို ဒီ ဘာလို့ အစကတည်းက ခေါ်လာခဲ့ရတာလဲ မင်းအမေက ကော ငါ့ဆီက ဘာလိုချင်တာလဲ”

အက်စ်တလီနာ သည် အာရန်ကို ပြန်ကြည့်နေခဲ့သော်လည်း အဖြေတစ်ခုပြန်မပေးခဲ့ပေ။

သို့သော် စိတ်ထဲတွင်မူ သူမသည် ရယ်မောနေခဲ့လေသည်။

‘ရှင်လူယုတ်မာကြီး စောင့်နေဦးပေ့ါ ကျွန်မကို လှောင်ပြောင်ရလို့ ပျော်နေခဲ့တယ် မဟုတ်လား အင်ပါ အမေနဲ့ မတွေ့ခင်အထိတော့ ရှင်နေနှင့်ဦးပေ့ါ’

#Catfoot

All Chapters