← Chapters

ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် မေးခွန်းတစ်ခု

Vol. 13 Ch. 169

ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် မေးခွန်းတစ်ခု

Vol. 13 Ch. 169

“မင်းက သူမကိုကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူး မျှော်စင်သခင်ရဲ့ ခွင့်ပြုချက်မပါဘဲ မလိုအပ်တဲ့ ခြေလှမ်းတွေလှမ်းဖို့မကျိုးစားပါနဲ့ ပြောတဲ့အတိုင်းပဲ လုပ်ပါ”

“မျှော်စင်သခင်က ဒီမှာမှ ရှိမနေတာ သူ့ခွင့်ပြုချက်ကို ငါက ဘယ်လိုရယူနိုင်မှာလဲ”

“မင်း ဘာလုပ်ရမယ်ဆိုတာ ငါပြောပြီးပြီ မင်းအတွက် ထပ်ပြောစရာစကားလုံးမရှိတော့ဘူး”

အမှောင်ဟင်းလင်းပြင်တစ်ခုထဲရှိ ခြေသံများသည် တဖြည်းဖြည်းချင်း ဝေးကွာသွားသောကြောင့် တစ်စုံတစ်ဦးသည် ထိုနေရာမှ ထွက်ခွာသွားသကဲ့သို့ ခံစားလိုက်ရသည်။

တဖြည်းဖြည်း ဝေးကွာသွားသော အသံတစ်ခုဆီမှ တိုးတိုးလေးထပ်မံ ထပ်မံပြောလိုက်သံတစ်ခု ကြားလိုက်ရသည်။

“မင်း ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမနေဖို့လို့ မျှော်လင့်ပါတယ် ဒီတစ်ခါတော့ ရှုပ်ရှုပ်ယှက်ယှက်တွေ ထပ် မလုပ်မိစေနဲ့...”

“ငါ ဘာလုပ်ရမယ်ဆိုတာ ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်”

ခန်းမအလယ်တွင် ဂိတ်ပေါက်တစ်ခု ပွင့်လာစဉ် မှောင်မိုက်သော အမှောင်ထုများဝါးမြိုထားသည့်နေရာတစ်ခုတွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု သည် ပိုမို၍ တောက်ပလာလေသည်။

ထိုဂိတ်ပေါက်ဆီမှ ထွက်ပေါ်လာသော အလင်းရောင်အောက်တွင် ထိုသူ၏ မျက်နှာမှာ တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖန်တီးလိုက်လေသည်။

ထိုသူ၏ မျက်နှာတွင် အသားအရေဟူ၍ ရှိမနေပေ။

သူ့၌ စွမ်းအင်တစ်မျိုးရှိနေပြီး ထိုစွမ်းအင်မှာမီးလောင်ထားသော အသားစအနည်းငယ်ကို ဖြည်းဖြည်းချင်း ပြန်လည်ပြည့်၀လာစေကာ တစ်ချိန်တည်းတွင်ပင် ပြန်လည် ပျက်စီးသွားစေခြင်းဖြစ်လေသည်။

သူ၏ အသားအရေသည် တစ်ချိန်တည်းတွင် ပြန်လည်ဖြစ်ပေါ်လာလိုက် ပြန်လည်ပျက်စီးသွားလိုက်ဖြင့် တလှည့်စီဖြစ်ပေါ်နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေလေသည်။

“မျှော်စင်သခင်က ငါ့ကို အမိန့်ပေးဖို့ ဒီမှာ ရှိမနေဘူး အဲ့ဒီတော့ ငါကလည်း...” ထိုသူသည် ထိုဂိတ်ပေါက်ထဲသို့ ဝင်ရောက်လိုက်သောအခါ ခန်းမထဲတွင် အေးစက်စက် ရယ်မောသံတစ်ခု ကျန်ရစ်ခဲ့လေသည်။

ထိုဂိတ်ဝင်ပေါက် ပျောက်ကွယ်သွားသောအခါ ခန်းမတစ်ခုလုံးသည် တစ်ဖန် ပြန်လည် မှောင်မိုက်တိတ်ဆိတ်သွားခဲ့သည်။

....

ဖီးနစ်သည် ခံတပ်မြို့တော်၏ အလယ်တွင် ဆင်းသက်လိုက်သည်။

အာရန်သည် ဖီးနစ်၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ကာ လူတစ်ဦးသာ ဝင်နိုင်လောက်သော သေးငယ်သည့် ဂိတ်ပေါက်တစ်ခုရှေ့တွင် ဆင်းသက်လိုက်သည်။

“ဒါက တော်ဝင်မြို့တော်ကို သွားတဲ့ တံခါးပေါက်ဆိုတျာသခြာလား” ဟု အာရန်သည် အက်စ်တလီနာကို မေးလိုက်သည်။

ထိုဂိတ်ဝင်ပေါက်သည် သူ့အား ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သော ဂိတ်တံခါးပေါက်နှင့် ဆင်တူလေသည်။

၎င်းသည် သူ၏ ဖီးနစ်အတွက် လုံလောက်စွာ တည်ငြိမ်မှုမရှိနေကြောင်း သူခံစားနိုင်သည်။

သူမသည် များစွာကြီးမားနေရုံသာမက ဒဏ္ဍာရီလာ သားရဲတစ်ကောင်လည်း ဖြစ်လေသည်။

အကယ်၍ သူမသည် ယခု ဖြတ်သန်းဝင်ရောက်စဉ်တွင်လည်း ယခင်တစ်ခေါက်ကဲ့သို့ ခံစားရပါက ဂိတ်ဝင်ပေါက်မှ ထွက်ခွာသည်နှင့်တစ်ပြိုင်နက် တော်ဝင်မြို့တော်ကို တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်လေသည်။

“ရှင့်ကို ကျွန်မက ဒီဂိတ်ပေါက်ကို စပ်စုဖို့ အလယ်ခေါ်လိုက်တာလို့ ထင်နေတာလား”

အက်စ်တလီနာ က လှောင်ပြောင်သံစွက်၍ မေးလိုက်သည်။

အာရန်သည် သူ၏ ဖီးနစ်အတွက် လုံခြုံမှုရှိမရှိ သိရရန် ဂိတ်ပေါက်ကို စစ်ဆေးကြည့်ရှုနေစဉ် သူ၏ ပတ်လည်တွင် စုရုံးရောက်ရှိနေသော ဝိညာဉ်စစ်သည်များကို သတိပြုမိလိုက်သည်။

၎င်းတို့အားလုံးသည် သူ့အား တိုက်ခိုက်ရန် ပြင်ဆင်ထားသကဲ့သို့ လက်ထဲတွင် လက်နက်တစ်ခုစီ ကိုင်ဆောင်ထားကြသည်။

“သူတို့ ဘာလုပ်နေတာလဲလို့ မေးလို့ရမလား”

အာရန်သည် အက်စ်တလီနာအား သံသယဝင်စွာဖြင့် မေးလိုက်သည်။

“မင်း ငါ့ကို တကယ် သတ်ဖို့ ကြိုးစားနေတာများလား”

“ကျွန်မ အမေရဲ့ သုတေသနပြုမှုအတွက် ကျွန်မကိုယ်တိုင်ယူလာခဲ့တဲ့ လက်ဆောင်လေးကို ကျွန်မက ဘာလို့ ပြန်သတ်ရမှာလဲ”

အက်စ်တလီနာက ပြန်ဖြေလိုက်သည်။

သူမကိုယ်တိုင်ပင် ဝိညာဉ်အစောင့်အရှောက်များကို စုရုံးကာ တိုက်ပွဲအတွက် ပြင်ဆင်ထားရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

‘သူမက ငါ့ကို စနစ်ရဲ့ ပထမရွေးချယ်မှုကို အတင်းအကျပ် ရွေးချယ်စေချင်တာလား တကယ်လို့ ငါသာ တိုက်ခိုက်ပြီး ဝိညာဉ်အစောင့်တွေကို သတ်မိခဲ့ရင် ဒုတိယရွေးချယ်မှုက မဖြစ်နိုင်တော့ဘူး ဝိညာဉ်ဘုရင်မက သူမရဲ့ လူတွေကို သတ်ခဲ့တဲ့ တစ်ယောက်ယောက်ကို ဘာလိုနည်းနဲ့မှ ပြန်ချစ်နိုင်မှာမဟုတ်ဘူး’

အာရန်သည် မတုံ့ပြန်ခဲ့ပေ။ သူသည် သူ့ပတ်လည်တွင် အများအပြား စုရုံးနေသော ဝိညာဉ်အစောင့်အရှောက်များကိုသာ စောင့်ကြည့်နေခဲ့သည်။ ဗိုလ်မှူးလီ သည်လည်း ၎င်းတို့ထဲတွင် ပါဝင်နေလေသည်။

၎င်းတို့သည် တိုက်ခိုက်ရန်အသင့်ပြင်ဆင်ထားပုံရသော်လည်း မည်သူမျှ သူ့ကို စတင်တိုက်ခိုက်ခြင်း မရှိပေ။

‘ဒါက င့ါကို ခြိမ်းခြောက်ဖို့သက်သက်ပဲလား’ ဟု အာရန်သည် တွေးလိုက်မိ၏။

သူသည် ပြန်ပေးဆွဲခံရပြီးနောက် ဤနေရာသို့ အတင်းအကျပ် ခေါ်ဆောင်ခံခဲ့ရသည်။

သူသည် ဧည့်သည်တစ်ဦးသာဖြစ်နေသင့်သည်ဟု ယုံကြည်ချင်သော်လည်း သူသည် ဤနေရာတွင် အကျဉ်းသားတစ်ဦးသာဖြစ်နေကြောင်း သဘောပေါက်လိုက်သည်။

သို့သော် အာရန်သည် အကျဉ်းသားတစ်ဦးကဲ့သို့ ပြုမူမခံခဲ့ပေ။ သူသည် သူနှစ်သက်ရာကိုသာ လုပ်ဆောင်နေခဲ့ပြီး အက်စ်တလီနာနှင့်ပင် အပြန်အလှန် ကစားနေခဲ့သေးသည်။

ဤသည်မှာ သူမသည် ဤနေရာတွင် တစ်ယောက်တည်းမဟုတ်ကြောင်း သူ့အား သတိပေးချင်သည့် သူမ၏ နည်းလမ်းဖြစ်လေသည်။

၎င်းသည် သူမသာအလိုရှိပါက သူ့အား ဤနေရာတွင်ပင် ချက်ချင်း သတ်ပစ်နိုင်ကြောင်း အာရန်အားသိရှိစေရန် သူမ၏ နည်းလမ်းလည်း ဖြစ်လေသည်။

“ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်...”

အာရန်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

“ဘာမေးခွန်းလဲ” အက်စ်တလီနာက ပြုံးရင်းမေးလိုက်သည်။

အာရန်၏ အလွန်အလေးအနက်ထားနေသည့်ဟန်ကို မြင်လိုက်ရသောအခါ သူမသည် သူမ၏ ဖော်ပြချက်ကိုသူသည် ရှင်းရှင်းလင်းလင်း နားလည်သွားပြီ ဖြစ်ကြောင်း မှတ်ယူလိုက်သည်။

အာရန်သည် သူတစ်ခုခု စတင်ပြုမူရန် အချိန်တန်ပြီမှန်း သိလိုက်သည်။

သက်ပြင်းတစ်ချက်ချလိုက်ကာ အာရန်သည် သူ၏ ဖီးနစ်ဆီသို့ လျှောက်သွားလိုက်သည်။

သူသည် ထိုဒဏ္ဍာရီဆန်သော သားရဲ၏ ခေါင်းပေါ်သို့ သူ၏ လက်ကိုတင်၍ ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

“ကျေးဇူးပြုပြီး ပြောပြပေးပါ တကယ်လို့ဒီမှာရှိတဲ့ လူတိုင်းကို သတ်လိုက်ရင် မင်းရဲ့ တော်ဝင်မြို့တော်က ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ ပြီးတော့ ထပ်ရောက်လာမဲ့ ကျူးကျော်သူတွေကကော အဲဒီနောက်ပိုင်းမှာ ချက်ချင်း ဝင်တိုက်ခိုက်လာခဲ့ကြရင် ဘာတွေဖြစ်သွားနိုင်မလဲ”

ဖီးနစ်သည် သူ၏ စနစ်သိုလှောင်ခန်းထဲသို့ ပြန်ပို့ခံလိုက်ရပြီး လေထဲတွင် ပင် ပျောက်ကွယ်သွားလေသည်။

“ရှင်... ရှင်က ကျွန်မတို့ကို ခြိမ်းခြောက်နေတာလား” အက်စ်တလီနာ၏ မျက်နှာသည် မှောင်မိုက်သွားလေသည်။

ဤအခြေအနေ၌ပင် ဤလူသည် အလွန်မာနကြီးနေသေးသည်တဲ့လား။

သူသည် မည်သည့်အခြေအနေမျိုး၌ ရောက်ရှိနေသည်ကိုပင် နားမလည်ဘူးလား။

“မင်းကို ခြိမ်းခြောက်ရအောင် ငါက ဘယ်သူမို့လဲ ငါက ရိုးရိုးသားသား မေးခွန်းလေးတစ်ခု မေးကြည့်လိုက်ရုံပါ”

အာရန်က တည်ငြိမ်နေသောလေသံဖြင့် ပြန်ဖြေလိုက်သော်လည်း တစ်ချိန်တည်းတွင် သူ၏ ဓားဧကရာဇ်အော်ရာကို တစ်ဖန် ထုတ်ဖော်လိုက်သည်။

သူ၏ စကားများနှင့် သူ၏ လုပ်ရပ်များသည် မကိုက်ညီနေကြောင်း ထင်ရှားလေသည်။ သူသည် ၎င်းတို့ကို ပေါ်တင်ပင် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

သူ့ မေးခွန်း၏ အဖြေကို သိလိုလျှင် သူ့အား တိုက်ခိုက်ရမည်ဟု တောင်းဆိုနေသကဲ့သို့ ဖြစ်နေသည်။

အက်စ်တလီနာသည် အာရန်မှာ သူတစ်ယောက်တည်းဖြင့် ၎င်းတို့အားလုံးကို ဖြိုခွဲနိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။

သာမန်လူတစ်ယောက်သည် ထိုအရာကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

သူသည် အရှင်သခင်တစ်ဦး မဟုတ်ပေ။ သို့သော် ထိုအချိန်၌ပင် သူ၏ အော်ရာအား ခံစားမိလိုက်သဖြင့် တစ်စုံတစ်ခုက သူမကို တုံ့ဆိုင်းသွားစေခဲ့သည်။

တကယ်လို့သူကပြောတဲ့အတိုင်းလုပ်နိုင်ရင်ကော ဘယ်လိုလုပ်မလဲ။

အကယ်၍ ထိုသူသာ ဤနေရာရှိ လူတိုင်းကို သတ်နိုင်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

သူသည် ဤနေရာရှိ လူတိုင်းကို မသတ်နိုင်လျှင်ပင် သူသည် ဤနေရာရှိ လူများကို ထိခိုက်စေပြီး အချိန်အတိုင်းအတာတစ်ခုထိ နောက်ထပ် ကျူးကျော်မှုများကို ကာကွယ်နိုင်စွမ်း မရှိတော့လျှင် မည်သို့ပြုမူမည်နည်း။

ခံတပ်မြို့လေးသည် ကျူးကျော်သူများကို မတားဆီးနိုင်တော့ပါက တော်ဝင်မြို့တော်သည် နောက်ထပ်ပစ်မှတ်တစ်ခုဖြစ်သွားမည်ဖြစ်သည်။

ကျူးကျော်သူများသည် တော်ဝင်မြို့တော်သို့ ရောက်ရှိလာပါက ၎င်းတို့သည် မည်မျှပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်ကို သူမ စိတ်ကူးကြည့်နိုင်လေသည်။

ဤလူနှင့် ဤနေရာတွင် တိုက်ခိုက်ခြင်းသည် အမှန်တကယ်ပင် တန်ပါ၏လော။

“ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်လဲ... ဒီအဖြေကို ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ဘူးထင်တယ်”

အာရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ပြီး သူ၏လက်များကို နောက်သို့ပစ်ထားလိုက်ကာ ဂိတ်ပေါက်အတွင်းသို့ အေးဆေးစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“ဒီလူ..... ကောင်းပြီလေ အဲဒီ မာနကို ဆက်ထားဦးပေါ့ ရှင် ပိုမာနကြီးလေ ရှင့်ရဲ့ ကျရှုံးချိန်ကျရင် ပိုပြီးပျော်စရာကောင်းလေပဲ”

အက်စ်တလီနာသည် သူမ၏ သွားများကို တကြိတ်ကြိတ်အံကြိတ်ရင်း အာရန်၏နောက်သို့ လိုက်ဝင်သွားလေသည်။

“အဲဒီလူသား...”

ဗိုလ်မှူးလီက တိတ်တဆိတ် စောင့်ကြည့်ရင်းပြောလိုက်သည်။

“သခင်မလေးက တော်ဝင်မြို့တော်ထဲကို ဘယ်လို မွန်းစတားမျိုး ခေါ်လာခဲ့ရတာလဲ”

“ငါအရမ်းအတွေးလွန်သွားတာလို့ပဲ မျှော်လင့်ပါတယ်... ဒါပေမယ့် အဲဒီ အော်ရာက... ဘာလို့...”

သူသည် အာရန်တို့ဝင်ရောက်သွားသော ဂိတ်တံခါးပေါက်ကို ရှုပ်ထွေးသောအကြည့်ဖြင့် စိုက်ကြည့်ရင်း တွေးလိုက်မိသည်။

....

အာရန်သည် ဂိတ်တံခါးပေါက်တစ်ခုမှတစ်ဆင့် ဤကမ္ဘာသို့ သူပထမဆုံးအကြိမ် ရောက်ရှိလာသောအချိန်က မအီမသာဖြစ်သည့်ခံစားချက်ဖြင့် ဖြတ်ကျော်လာခဲ့ရသော အချိန်သည် ထာဝရကဲ့သို့ ကြာမြင့်ခဲ့သည်ဟု ထင်ခဲ့ရသော်လည်းယခုတစ်ကြိမ်တွင်မူ အာရန်သည် မျက်တောင်တစ်ချက်မခတ်မီမှာပင် ဂိတ်ပေါက်၏ အခြားတစ်ဖက်တွင် ရောက်ရှိသွားပြီဖြစ်ကြောင်းသူကိုယ်သူ တွေ့လိုက်ရသည်။

သူသည် ဝိညာဉ်ဂိတ်ပေါက်မှ ဖြတ်သန်းသွားခြင်း မဟုတ်ဘဲ သာမန်တံခါးတစ်ချပ်မှသာ လျှောက်ဝင်သွားသကဲ့သို့ ဖြစ်လေသည်။

“ဒါက တော်ဝင်ဝိညာဉ်တွေရဲ့ မြို့တော်လား”

#Catfoot

All Chapters