နှာဗူးကောင် ကျွန်မကိုမထိနဲ့
Vol. 13 Ch. 170
အာရန်သည် ဝိညာဉ်ကမ္ဘာ၏ ခံတပ်မြို့တော်ကို မြင်ခဲ့ပြီးဖြစ်ကာ သာမန်မြို့တစ်မြို့နှင့် တူညီသည်ဟု တွေးမိခဲ့သည်။
ထိုမြို့တော်တွင် အကာအကွယ်လွှာတစ်ခုမှလွဲ၍ အခြားထူးခြားသည့်အရာများ မရှိပေ။
သို့သော် ယခုတော်ဝင်မြို့တော်မှာမူ တစ်ဖက်တွင် လုံးဝကွဲပြားခြားနား နေလေသည်။
သူ၏ မျက်စိရှေ့ရှိ မြို့တော်သည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုအတွင်းမှ တိုက်ရိုက်ဆွဲထုတ်ထားသကဲ့သို့ ထင်ရလေသည်။
တိမ်တိုက်များကြားတွင် ကျွန်းဆွယ်များစွာကိုလည်း မြင်နေရလေသည်။
ဤတိမ်တိုက်များကြားတွင် လွင့်မြောနေသည့် ကျွန်းဆွယ်များအားလုံးသည် စီတန်းပြီးကြည့်ပါက အမြင့်ဆုံးရှိ ကျွန်းဆွယ်သို့ ဦးတည်ထားသော လှေကားတစ်စင်းဟုပင် ထင်ရပြီး ၎င်းတို့သည် အရွယ်အစားအားဖြင့် လည်းသေးငယ်ကြလေသည်။
အာရန်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ခြေထောက်အောက်ဘက်ဆီမှ အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
“ဟေ့ သူငယ်ချင်း ရှင့် ခြေလှမ်းတွေကို သတိထားပေးပါ”
အံ့အားသင့်စွာဖြင့် အာရန်သည် သူ၏ခြေထောက်ကို နောက်ပြန်ဆုတ်လိုက်မိသည်။
သူသည် အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း နူးညံ့သော မြက်ခင်းတစ်ခုမှလွဲ၍ မည်သူ့ကိုမျှ မတွေ့ရပေ။
“ဘာကို ကြောင်ကြည့်နေတာလဲ တိုက်ခိုက်ချင်လို့လား”
ထိုမြက်ခင်းပြင်ရှိ မျက်ပင်လေးတစ်ပင် ဆီမှ စောစောကအသံနှင့်ထပ်တူညီသည့် အသံတစ်သံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။
“ဒီမြက်ပင်က... စကားပြောနိုင်တာလား”
အာရန်သည် မြက်ပင်က သူ့အား စကားပြောနေသည်ကို သိလိုက်ရသောအခါ အံ့အားသင့်စွာ ဒူးထောက်ထိုင်ချလိုက်သည်။ ဒါက ဘယ်လိုကမ္ဘာမျိုးလဲ။
“အခုပြောနေတာမင်းလား” အာရန်သည် ထိုမြက်ပင်လေး ကို ညင်သာစွာ ထိတွေ့လိုက်သည်။
“ဟေ့ နှာဗူးကောင် ကျွန်မကို မထိနဲ့”
အာရန်သည် ခဏတာမျှ သူ၏ အမူအရာများကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားသဖြင့် သူ၏နှုတ်ခမ်းများသည် တုန်ယင်သွားမိသည်။
၎င်းသည် မြက်ပင်တစ်ပင်မှ သူ့အား နှာဗူးကောင်ဟုခေါ်ဝေါ်ခြင်းကို ပထမဆုံးအကြိမ် ကြားဘူးခြင်းပင်ဖြစ်သည်။
“အိုး ကျွန်မ ခုမှပဲ နားလည်တော့တယ် ရှင်ကျွန်မကိုမကြိုက်တာ အံ့ဩစရာမရှိတော့ပါဘူး ရှင့်ဝါသနာကိုက တစ်မျိုးဖြစ်နေတာကိုး”
အက်စ်တလီနာက လှောင်ပြောင်သည့်လေသံဖြင့် အာရန်အား ခနဲ့ရင်း ဂိတ်ပေါက်ဆီမှ ထွက်လာခဲ့သည်။
“သူတော်စင်မ ဒီနှာဗူးကောင်ဆီကနေ ငါ့ကို ကယ်ပါဦးဟ”
မြက်ပင်လေးသည် တစ်ဖန် တရှဲရှဲမြည်သံပြု၍ အက်စ်တလီနာအား အကူအညီတောင်းခံလိုက်သည်။
အာရန်သည် ဤမြက်ပင်ကို နင်းပစ်ချင်စိတ်ပင် ပေါ်လာခဲ့သည်။ သူသည် မြက်ပင်တစ်ပင်ကို အဘယ်ကြောင့် စိတ်ဝင်စားရမည်နည်း။
သူမသည် သူ့အား မည်သည့်စွဲလမ်းစိတ်မျိုး ရှိသူဟု ထင်သွားသနည်းဟုတွေးလိုက်မိသည်။
“မင်းက ဘာလဲ” ဟု အာရန်သည် ထိုမြက်ပင်လေးကို လက်ဖြင့် ပုတ်ရင်း မေးလိုက်သည်။
“အား သူတော်စင်မရေ ကယ်ပါဦး သူ ကျွန်မကို အနိုင်ကျင့်နေတယ်”
“မင်းက ငါ့ကို နှာဗူးကောင်လို့ အမည်တပ်ပြီးပြီဆိုတော့ မင်းပေးထားတဲ့နာမည်နဲ့လိုက်အောင် မင်းရဲ့ ဆန္ဒကို ငါက ဖြည့်ဆည်းပေးရတော့မှာပေ့ါ” ဟု အာရန်သည် မြက်ပင်ကို ဆိတ်ဆွဲရင်း ပြောလိုက်သည်။
ဤအရာနှင့်ပတ်သက်၍ သူသည် အတော်လေး စပ်စုချင်နေပြီး ထိုမြက်ပင်အား သူ၏ မျက်ခင်းအုပ်ဆီမှ ဆွဲထုတ်လိုက်မည်ဆိုပါက သေသွားနိုင်မလားဟူ၍ သိချင်နေမိသည်။
“ဝါး နှာဗူးကောင် ကျွန်မကိုကစားနေတာရပ်ပါတော့”
ဝိညာဉ်မြက်သည် အသနားခံသော အသံဖြင့် ပြောလိုက်လေသည်။
“ငါ မရပ်ရင် မင်းကဘယ်လိုလုပ်မလဲ” အာရန်က ဤ ဆိုးသွမ်းသော ဝိညာဉ်မြက်ကလေးကို ဆက်လက်ဆော့ကစားနေရင်း မေးလိုက်သည်။
တဖြည်းဖြည်းနှင့် သူသည် ဝိညာဉ်မြက်ပင်များကို ညှဉ်းပန်းနှိပ်စက်ရသည်ကို နှစ်သက်သော နတ်ဆိုးတစ်ကောင်နှင့်ပင် တူလာသည်ဟု ထင်ရလေသည်။
အာရန်သည် ထိုဝိညာဉ်မြက်ကလေးကို သူ့အားနှာဗူးဟုစွတ်စွဲပြောဆိုမှုအတွက် အပြစ်ပေးနေစဉ် သူ၏ နောက်တွင် အခြားအမျိုးသမီးတစ်ဦး လာရောက် ရပ်နေသည်ကို သတိမထားမိခဲ့ပေ။
ထိုအမျိုးသမီးသည် ခြေကျင်းဝတ်အထိ ရှည်လျားသော နန်းဆန်သည့်အဖြူရောင် ၀တ်စုံတစ်ထည်ကို ဝတ်ဆင်ထားလေသည်။
သူမသည် အက်စ်တလီနာနှင့် အတော်လေးတူညီပုံရသော်လည်း သူမ၏ နားရွက်များသည် အနည်းငယ် ကွဲပြားနေလေသည်။
သူမ၏ နားရွက်များသည် နတ်မျိုးနွယ်(Elf) များကဲ့သို့ ရှည်လျားလျက်ရှိ နေလေသည်။
သူမသည် အက်စ်တလီနာထက် အနည်းငယ်မျှ ပင် အသက်ကြီးသည့်ပုံမရပေ။
အကယ်၍ သေခြာကြည့်မည်ဆိုပါက သူမသည် အက်စ်တလီနာမှ နှိုင်းယှဉ်၍ မရနိုင်သော အရွယ်ရောက်ပြီးသူများ၏ ကိုယ်ပိုင်ရင့်ကျက်တည်ငြိမ်သော ဆွဲဆောင်မှု ပုံစံတစ်ခုရှိနေသည်ကိုသတိထားမိမည်ဖြစ်သည်။
“ပြောပါဦး မင်းက ငါ့ကို နှာဗူးကောင်လို့ ထပ်ခေါ်ဦးမှာလား” အာရန်သည် ထိုမြက်ပင်ကို ဆက်လက်မထိတထိစနောက်နေလေသည်။
ဤကိစ္စတွင် သူသည်သာ နစ်နာသူဖြစ်သည် မဟုတ်ပါလား။
“ဝါး ရှင်က နှာဗူးကောင် အရှက်မရှိတဲ့ ဆိုးသွမ်းတဲ့ တနှာရူးကောင် နှာဗူးကောင် ရှင့်မှာအရှက်တရားမရှိဘူးလား”
“မင်းက ငါ့ကို အရှက်မရှိဘူးလို့ အခုတင် ခေါ်ပြီးပြီ မဟုတ်လား အဲ့တော့ ငါက ဘာလို့အရှက် ရှိစရာလိုဦးမှာလဲ” အာရန်က မျက်လုံး ပင့်ပြရင်း ပြန်မေးလိုက်သည်။
ဝိညာဉ်မြက်သည် ထပ်ခါထပ်ခါ အကူအညီတောင်းနေသော်လည်း အက်စ်တလီနာသည် ဘာမှ ဝင်မပြောခဲ့ပေ။
ပုံမှန်အားဖြင့် အာရန်သည် သူမသည် အဘယ်ကြောင့် ဤမျှ တိတ်ဆိတ်နေသည်ကို အံ့ဩမိလိမ့်မည်ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် သူ့အား အရှက်မရှိဟု အတွင်တွင်စွတ်စွဲ နေသော ထိုဝိညာဉ်မြက်ပင်လေးကို အပြစ်ပေးခြင်းဖြင့် အလုပ်ရှုပ်နေလေသည်။
အက်စ်တလီနာသည် သူမဘေးတွင် ရပ်နေသော ထိုအမျိုးသမီးကို ကြည့်လိုက်သည်။
သူမသည် ထိုအမျိုးသမီးကို ကြည့်သောအခါ သူမ၏ မျက်လုံးများအတွင်း အလွန်လေးစားနေမှုများကို မြင်တွေ့နိုင်လေသည်။
သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများသည် တစ်ခုခု ပြောရန် ဟန်ပြင်လိုက်သော်လည်း ထိုအမျိုးသမီးက သူမကို ဘာမှ မပြောရန် တားဆီးလိုက်သည်။
“ဘာလို့ မင်းကကော ငါ့ကို ဘာမှ မပြောတော့တာလဲ ဒါနဲ့ ဒါကကော ဘာလေးလဲ”
အာရန်သည် နောက်ကို လှည့်မကြည့်ဘဲ အက်စ်တလီနာကို ထိုဝိညာဉ်မြက်အကြောင်း မေးလိုက်သည်။
“အဲဒါက ဝိညာဉ်မြက်ပဲ ရှင့်အတွက် ပျော်စရာကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ဝိညာဉ်မြက်... စိတ်ဝင်စားစရာပဲ ဒီကမ္ဘာမှာ မြက်ပင်တောင် ဝိညာဉ်ရှိနေတာလား ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်တဲ့ နေရာလဲ ဒီမှာရှိတဲ့ ဘယ်အရာတွေမှာကော ဝိညာဉ်တွေရှိနေသေးလဲ ကျောက်တုံးတွေမှာရောလား”
“ဒါ့အပြင် ဒါနဲ့ ခဏနေပါဦး ….”
အာရန်သည် ထိုတုံ့ပြန်စကားတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိလိုက်သောကြောင့် ရုတ်တရက် တိတ်ဆိတ်သွားသည်။
“အဟမ်း ဒါနဲ့နေပါဦး မင်းရဲ့ အသံက ဘာလို့ ဒီလောက် ကွဲပြားနေတာလဲ”
“ဘာလို့လဲဆိုတော့ ခုက ငါ့သမီး ပြောနေတာ မဟုတ်လို့ပဲ” ဟု ထိုအမျိုးသမီးက ဆိုလိုက်သည်။
သူမ၏ စကားသံတစ်ခုထွက်ပေါ်လာပြီးနောက်တွင် ထိုနေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခုဖြင့် ကြီးစိုးသွားရလေသည်။
အာရန်၏ မျက်နှာအမူအရာများသည် ထိုစကားများ၏ အဓိပ္ပာယ်ကို သိလိုက်သဖြင့် မှောင်မိုက်သွားရလေသည်။
ဤအမျိုးသမီးသည် အက်စ်တလီနာအား သူမ၏ သမီးဟု သုံးနှုန်းနေသည်။
အက်စ်တလီနာ၏ ပြောပြချက်များအရ သူမ၏ မိခင်ဆိုသူသည် ဝိညာဉ်ဘုရင်မ ကိုယ်တိုင်ပင်ဖြစ်လေသည်။
ဆိုလိုသည်မှာ သူ၏ နောက်တွင် ရှိနေသော ထိုအမျိုးသမီးသည်...
အာရန်သည် ဝိညာဉ်မြက်ဆီမှ သူ၏ လက်ကို ဖယ်ရှားကာ သူ၏မျက်နှာကို ထိုလက်ဖြင့်ပင်ပြန်
အုပ်ထားလိုက်သည်။
“ဝါး...ဝါး…… ဝိညာဉ်မေမေရေ ဒီနှာဗူးကြီးလက်ကနေ သမီးကို ကယ်ပါဦး”
ဝိညာဉ်မြက်သည် သူ၏ သကြားလုံးကို ခိုးယူသွားသောသူကို အပြစ်ပေးရန် တောင်းဆိုနေသော ကလေးတစ်ဦးပမာ သူမ၏မိခင်အား ငိုယိုရင်း အကူအညီတောင်းနေလေသည်။
ဝိညာဉ်ဘုရင်မသည် အာရန်၏ဘေးတွင်ပင် ဒူးထောက်ထိုင်ချလိုက်ကာ ထိုဝိညာဉ်မြက်ကလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
သူမသည် သူနှင့် အလွန်နီးကပ်နေသောကြောင့် အာရန်သည် ဘေးသို့စောင်းငဲ့ ကြည့်လိုက်ရုံဖြင့်ပင် သူမအား မြင်နိုင်လေသည်။
သို့သော် ထိုအချိန်တွင် လှည့်ကြည့်လိုက်မိလျှင် သူသေသွားနိုင်သည်ဟု ခံစားနေရသည်။
အာရန်သည် သူ၏ အဆိပ်လည်ဆွဲ အကူအညီဖြင့် သူမအား အမှန်တကယ် အနိုင်ယူနိုင်မလားဟု တွေးတောနေမိသည်။
သာမန်တိုက်ခိုက်မှုများသည် ဝိညာဉ်များအပေါ် အလုပ်မဖြစ်နိုင်ပေ။
၎င်းသည် လူသားများအတွက် အားနည်းချက်တစ်ခုဖြစ်ပြီး ဤသည်မှာ ဝိညာဉ်များကို ဤမျှ ကြောက်မက်ဖွယ်ကောင်းစေသောသူများဖြစ်လာစေသည့် အရာများထဲမှတစ်ခုဖြစ်သည်။
သို့သော် သူ၏ အဆိပ်သည် မတူညီပေ။
“ငါ့သမီးက မင်းကို အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့လူလို့ ပြောတယ် မင်းက ဝိညာဉ်တွေနဲ့ စာချုပ်ချုပ်မထားပဲ ငါတို့ကို မြင်နိုင်တယ်တဲ့”
ဝိညာဉ်ဘုရင်မသည် တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။
သူမ၏ ပွတ်သပ်မှုအောက်တွင် ဝိညာဉ်မြက်ပင်လေးသည် ဖြည်းဖြည်းချင်း လှဲကျသွားပြီး တအောင့်အကြာတွင် အိပ်ပျော်သွားတော့သည်။
“လူသားလောကမှာ ဝိညာဉ်တွေကို မြင်နိုင်တဲ့ လူနှစ်မျိုးပဲ ရှိတယ် ဝိညာဉ်တွေနဲ့ စာချုပ်ချုပ်ထားတဲ့သူတွေနဲ့ အရင်ကတည်းက ဝိညာဉ်လောကကို တစ်ခါ ရောက်ဖူးတဲ့သူတွေပဲ ဒါပေမယ့် ရှင်က အဲ့ဒီနှစ်မျိုးစလုံး မဟုတ်နေဘူး”
“ပြီးတော့ ရှင့်မှာ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ လည်ဆွဲတစ်ခု ရှိတယ်လို့ လဲ သူမက ပြောတယ်”
ဝိညာဉ်ဘုရင်မသည် အာရန်ဘက်သို့လှည့်လိုက်ကာ သူမ၏ မျက်နှာသည် အာရန်၏ အဆိပ်လည်ဆွဲအား အနီးကပ်ကြည့်ရှုရန် ရှေ့သို့ တိုးကပ်လိုက်သည်။
အာရန်သည် သူမမှ ထိုအဆိပ်လည်ဆွဲကို စိတ်ဝင်တစားကြည့်နေစဉ် သူမ၏ နွေးထွေးသော အသက်ရှူထုတ်လိုက်သည့်လေပူများသည် သူ၏ အရေပြားအားလာရောက် ထိတွေ့သွားသည်ကို ခံစားမိလိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် အာရန်သည် ဝိညာဉ်ဘုရင်မ၏ မျက်နှာကိုအနီးကပ် မြင်လိုက်ရလေသည်။
#Catfoot