ဝိညာဉ်ဘုရင်မကို ထွေးပွေ့မိခြင်း
Vol. 13 Ch. 171
ဝိညာဉ်ဘုရင်မသည် အဆိပ်လည်ဆွဲကို စူးစမ်းကြည့်နေစဉ် အာရန်သည်လည်း သူမကို စူးစမ်းကြည့်ရှုနေမိသည်။
ဝိညာဉ်ဘုရင်မတွင် သူမ၏ ကျောပြင်အထိ ရှည်လျားသော နက်မှောင်သော ဆံကေသာများ ရှိနေလေသည်။
သူမ၏ လှုပ်ရှားမှုတိုင်းသည် ကျက်သရေရှိလွန်းလှပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေဟန်ရလေသည်။
သူမသည် အလွန်ကြည်လင်နေသော ညရင်ပြင်တစ်ခုတွင် တောက်ပလျက်ရှိသော ကြယ်စုကလေးများကဲ့သို့ ဝင်းလက်နေသည့် သူမ၏ မျက်ဝန်းကလေးများဖြင့် ထိုအဆိပ်လည်ဆွဲအား စူးစမ်းလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေဟန်မှာ အလွန် ကျက်သရေရှိစွာဖြင့် ဆွဲဆောင်နိုင်လွန်းလှလေသည်။
သူမသည် ပြုံးရယ်နေခြင်းမရှိနေသည့်တိုင် အကယ်၍ သူမသာ ပြုံးလိုက်မည်ဆိုပါက သူမ၏ အလွန်ကျက်သရေရှိလှသော ထိုဝင်းပပမျက်နှာလေးသည် မြင်သူဘဝင်အေး၍ အလွန်နူးညံ့သိမ်မွေ့လွန်းနေမည်မှာ မလွဲဧကန်ပင်ဖြစ်လေသည်။
သူမသည် ရှုယင်ထက် ပိုမိုလှပသည်ဟုမဆိုနိုင်သော်လည်း သူမ၏ ပင်ကိုယ်အလှတရားမှာလည်း ရှုယင်ထက်အနည်းငယ်မျှပင် လျော့နည်းခြင်းမရှိချေ။
သူမတွင် ရှုယင်နှင့် မတူညီသော ရင့်ကျက်တည်ငြိမ်၍ အေးချမ်းသည့် ဆွဲဆောင်မှုတစ်ခုရှိနေပြီး သူတို့နှစ်ဦးသည် နှိုင်းယှဉ်၍လည်း ရနိုင်မည်မဟုတ်ပေ။
သူမသည် အာရန်၏ လည်ဆွဲကို အလွန်တရား စူးစမ်းလိုစိတ်ဖြင့် စစ်ဆေးနေပြီး သူမ၏ နူးညံ့သော လက်ချောင်းများသည် အေးစက်သောထို လည်ဆွဲရှိ သလင်းကျောက်လေးကို ထိမိလုနီးပါးပင် ဖြစ်သွားရသည်။
သို့သော် သူမ၏ လက်ချောင်းများသည် ထိုလည်ဆွဲအား ထိလုဆဲဆဲတွင် သူမသည် ထိုလက်ကို အလျင်အမြန်ပင် နောက်သို့ဆုတ်လိုက်မိသည်။
သူမသည် လည်ဆွဲကိုပင် မထိမိခဲ့သော်လည်း လည်ဆွဲနှင့် နီးကပ်မိသော သူမ၏ လက်ချောင်းလေးများသည် အဆိပ်သင့်သွားဟန်ရကာ အနက်ရောင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
ဝိညာဉ်ဘုရင်မသည် သူမ၏ လက်ချောင်းများအတွင်း အဆိပ်ပျံ့နှံ့သွားသည်ကို ခံစားမိသောအခါ အလွန်အံ့အားသင့်သွားပြီး သူမ၏ ဟန်ချက်ကိုပင်ပျက်လုနီးပါးဖြစ်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
“သတိထား”
အာရန်သည် လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်ကာ သူမအား လဲကျခြင်းမှကာကွယ်ရန် သူမ၏ လက်ကို ဆွဲကိုင်ထားလိုက်သည်။
အာရန်သည် သူမအား နောက်ပြန်မလဲကျသွားစေရန် ဆွဲယူထားလိုက်သည် အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မြက်ပင်လေးသည် သူမ၏ နောက် တည့်တည့်တွင် ရှိနေသောကြောင့် ဖြစ်လေသည်။
အကယ်၍ သူမသည် ဤနေရာတွင်သာ လဲကျသွားပါက ထိုဝိညာဉ်မြက်ပင်လေးသည် ကြေမွသွားနိုင်ဖွယ်ရှိနေသည်။
ဝိညာဉ်မြက် ပျက်စီးသွားပါက သူ့အပေါ် အပြစ်ပုံချခံရရန် သူ မလိုလားနေပေ။
သူမသည် သူ၏အဆိပ်လည်ဆွဲအား ထိတွေ့ရန် ကြိုးစားခဲ့သူဖြစ်ကာ ထိုအရာသည် သူ၏ အမှားဟုတ်မနေသော်လည်း မည်သည့်သက်ရောက်မှုမျိုးကိုမျှ ထပ်မံ မဖန်တီးလိုပေ။
အာရန်သည် ဝိညာဉ်မြက်ကို ကယ်တင်ရန်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မစဉ်းစားခဲ့ပေ။
ကံမကောင်းစွာဖြင့် အာရန်သည် ဝိညာဉ်ဘုရင်မအား သူ့ဘက်သို့ ရုတ်တရက် ဆွဲယူလိုက်သလိုဖြစ်သွားသောကြောင့် သူသည်လည်း ဟန်ချက်ပျက်သွားရလေသည်။
ထို့နောက် အာရန်သည် မြေပြင်ပေါ်သို့ ကျောခိုင်း၍ လဲကျသွားပြီး ဝိညာဉ်ဘုရင်မသည် လည်း သူ၏ ကိုယ်ပေါ်သို့ ထပ်မံလဲကျသွားလေသည်။
“ဟာ အဲဒီ နှာဗူးကောင်ကြီးကတော့ မေမေဘုရင်မကြီးကိုတောင် အလွတ်မပေးပါလား ကယ်ကြပါဦးရှင်”
ဝိညာဉ်မြက်သည် သူမ၏ ခဏတာ အိပ်စက်နေမှုမှ နိုးထလာပုံရပြီး သူမ၏ ကလေးဆန်သော အသံလေးဖြင့် တစ်ဖန် တစာစာအော်ဟစ်ပြန်
တော့သည်။
“မင်း”
အာရန်သည် ဝိညာဉ်မြက်၏ စကားများကြောင့် ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်ကာ လျှာကို ရုတ်တရက်ကိုက်လိုက်မိသည်။
“ဟေ့ မြက်ပင်ပေါက်မ တကယ်ဆို ငါက သူမကို မင်းအပေါ်ပိကျစေပြီး ကြေမွသွားတာကို ထိုင်ကြည့်နေခဲ့ရမှာ”
အာရန်သည် ဝိညာဉ်မြက်နှင့် ပြန်လည် ငြင်းခုံနေမိသည်။
သူ၏ အာရုံပျံ့လွင့်သွားမှုကြောင့် ဝိညာဉ်ဘုရင်မသည် သူ့အပေါ်သို့ လဲကျနေစဉ်တွင် သူ၏ လက်များသည် သူမ၏ ခါးအတွင်းပိုင်းသို့ ရောက်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။
ဝိညာဉ်ဘုရင်မသည် ဤရုတ်တရက်ဖြစ်ရပ်အား အာရန်ထက်ပင် ပို၍ အံ့အားသင့်သွားမိသည်။
သူမသည် ခဏတာမျှ အံ့အားသင့်စွာ ဒီအတိုင်း ရပ်တန့်နေမိသည်။
သူမသည် သာမန်လူသားတစ်ဦးနှင့်ပင် ခန္ဓာကိုယ်ချင်း ထိတွေ့မှုမျိုးကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ပေ။ သူမသည် သူမ၏ တစ်ဘ၀တာလုံးတွင် လူသားတစ်ဦးနှင့် စာချုပ်တစ်ခုပင် မချုပ်ဘူးခဲ့ပေ။
ယခုအချိန်တွင် သူမသည် ဤလူသားသူစိမ်းယောင်္ကျားတစ်ဦး၏ ရင်ခွင်အတွင်းသို့ မည်သို့ ရောက်ရှိသွားရသနည်း။ သူမ၏ စိတ်သည် လုံးဝ မှောက်မိုက်သွားရလေတော့သည်။
အက်စ်တလီနာသည် သူမ၏ အမေဖြစ်သူမှာ အာရန်၏ အပေါ်သို့ လဲကျသွားသည်ကို မြင်လိုက်ရသောအခါ နောက်တွင်ကြောင်၍ ရပ်ကြည့်နေမိသည်။
သူမ၏ မေးရိုးများသည် မြေကြီးသို့ပင် ထွက်ကျလုနီးပါး ဖြစ်သွားရသည်။
သူမသည် အာရန်ကို ဤနေရာသို့ ခေါ်လာခဲ့ပြီး ၎င်းသည် သူ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန်သာ ဖြစ်သော်လည်း ယခု မည်သည့်အရာများဖြစ်သွားရသနည်း။
သူမသည် ဤလူသားကို ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည့်အချိန်မှစ၍ မည်သည့်ကောင်းကျိုးမှမရရှိခဲ့ပေ။
သူမသည် လှောင်ပြောင်ခံခဲ့ရပြီး စော်ကားခံခဲ့ရသည့်အပြင် မြို့ပြင်ရှိ အစောင့်အရှောက်များရှေ့တွင်လည်း ခြိမ်းခြောက်အရှက်ခွဲခံခဲ့ရသည်။
ယခုတွင်လည်း……..
“ရှင့်ရဲ့ လက်တွေကို ဖယ်ပေးလို့ရမလား”
ဝိညာဉ်ဘုရင်မသည် ပြန်လည်သတိဝင်လာပြီးနောက် အနည်းငယ် တည်ငြိမ်သွားလေသည်။
“ငါ့လက်တွေလား”
အာရန်သည် သူမ ဘာကို ပြောနေသည်ကို နားမလည်ပေ။ သူသည် သူ၏ လက်များကို စဉ်းစားမိသောအခါ ၎င်းတို့သည် ပါးလျပြီး နူးညံ့သောအရာတစ်ခုကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ့ကိုမပြောနဲ့နော်...”
သူ၏ လက်များသာ ထိုအချိန် လွတ်နေခဲ့ပါက သူသည် သူ၏မျက်နှာကို လက်ဖြင့် ပြန်အုပ်ထားမိမည်ဖြစ်လေသည်။
သူသည် ဝိညာဉ်ဘုရင်မ၏ ခါးဆီရောက်နေသော သူ၏ လက်များကို အလျင်အမြန် ပြန်လည် ဖယ်ရှားလိုက်သည်။
အက်စ်တလီနာသည် သူမ၏ အမေဆီ အလျင်အမြန် ပြေးသွားကာ သူမအား ကူညီပေးလိုက်သည်။
“အမေ ဒီလူက တကယ်ကိုရိုင်းစိုင်းလွန်းတယ် သူ့ကို အမေကိုယ်စား သမီး အပြစ်ပေးပါရစေ”
ဝိညာဉ်ဘုရင်မသည် ရုတ်တရက် ထရပ်လိုက်သည်။
သူမ၏ အတွေးများသည်လည်း ယခုအချိန်တွင် ရှုပ်ထွေးလျက်ရှိနေလေသည်။
“ဘာအတွက် အပြစ်ပေးရမှာလဲ ငါက ဝိညာဉ်မြက်ကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပဲလေ ကျန်တာတွေက မတော်တဆ ဖြစ်သွားတာ”
အာရန်လည်း ထရပ်ကာ သူ၏ အဝတ်အစားများကို ဆွဲဆန့်လိုက်သည်။
ယခု သူ၏ စိတ်သည် ဝိညာဉ်မြက်ကို အာရုံမစိုက်တော့သောကြောင့် သူသည် သူ၏ ပတ်ဝန်းကျင်ကို ပို၍ ကောင်းစွာ သတိပြုမိလိုက်သည်။
ဤနေရာသည် အောက်ဆုံးထပ်ရှိ ကျွန်းဆွယ်တစ်ခုဖြစ်နေသော်လည်း သူနှင့်အတူ ဝိညာဉ်ဘုရင်မနှင့် အက်စ်တလီနာမှလွဲ၍ အခြားမည်သူမျှ ရှိမနေပေ။
အနိမ့်ဆုံးကျွန်းဆွယ်သည် အားအနည်းဆုံးသော ဝိညာဉ်များ နေထိုင်သော နေရာဟု သူထင်ထားခဲ့သော်လည်း ၎င်းသည် ထိုထက်ပိုသော နေရာတစ်ခုဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
ဤကျွန်းအောက်ဘက်တွင် အခြားကျွန်းများ ထပ်မံမရှိတော့ပေ။
ထို့ကြောင့် ဂိတ်တံခါးပေါက်သည် ဤနေရာသို့ ဦးတည်ထားခြင်းသည် အဓိပ္ပာယ်မရှိပေ။
တည်နေရာ ညှိနှိုင်းမှုများကို ပြောင်းလဲနိုင်မှသာလျှင် ဖြစ်နိုင်လေသည်။
သာမန်ဝိညာဉ်များကို ဤကျွန်းပေါ်သို့ ဝင်ရောက်ခွင့်ပြုထားမည်မဟုတ်ပေ။
အက်စ်တလီနာသည် ဤနေရာတွင် သူမ၏ အမေ ရှိနေမည်ဟု သေချာသောကြောင့်သာ ထိုနေရာသို့ ဂိတ်ဝင်ပေါက်အဖြစ်သတ်မှတ်ကာ သူအား ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။
အနိမ့်ဆုံးနေရာရှိ ကျွန်းသည် ဝိညာဉ်ဘုရင်မ၏ ကိုယ်ပိုင်ဥယျာဉ်ဖြစ်ပြီး အမြင့်ဆုံးနေရာရှိကျွန်းသည် သူမ၏ ရဲတိုက်ဖြစ်လေသည်။
ကျန်ကျွန်းဆွယ်များသည် အခြားဝိညာဉ်များအတွက်ဖြစ်လေသည်။
ထို့ကြောင့် ဝိညာဉ်မြက်ကဲ့သို့သော အရာတစ်ခုသည် ဤကဲ့သို့သော နေရာတွင် ဝိညာဉ်ဘုရင်မ ကိုယ်တိုင် ဂရုစိုက်နေခြင်းအား ရှင်းပြနိုင်လေသည်။
၎င်းသည် ဤကျွန်းမှ သူ့အား အောက်သို့ တွန်းချခံရပါက သူသည်သာ ပျံသန်းနည်းကို မသိသောသူတစ်ယောက်ဆိုလျှင် ကြိမ်းသေပြုပ်ကျသေဆုံးသွားနိုင်လေသည်။
“ဟွန်း ဒီနှာဗူးကြီးက ဆင်ခြေကောင်းကောင်းတော့ပေးတတ်တာပဲ ငါ့ကို ဒီလောက် အနိုင်ကျင့်ပြီးတော့ ကယ်တင်ရှင်လိုလို ဟန်ဆောင်ချင်နေတာလား” ဝိညာဉ်မြက်သည် မကျေနပ်သံဖြင့် ပြေလိုက်သည်။
“သိလား တခါတလေ မင်းကို နင်းပစ်ချင်စိတ် တကယ်ဖြစ်မိတယ် ခဏလောက် ပါးစပ်ပိတ်ထားလို့ မရဘူးလား”
အာရန်က ကြားဝင်စွက်ဖက်နေသော ဝိညာဉ်မြက်ကို ဆူပူကြိမ်းမောင်းလိုက်သည်။
“ဝါး မေမေဘုရင်မကြီး ဒီနှာဗူးကြီးက ကျွန်မကို သတ်ချင်နေတယ်”
အာရန်၏ နှုတ်ခမ်းများသည် စိတ်ပျက်လက်ပျက်ဖြင့် တုန်ယင်သွားသည်။
ဤဝိညာဉ်မြက်၏ အဓိပ္ပာယ်ကင်းမဲ့မှုသည် အဆုံးမရှိပေ။
၎င်းသည် ဝိညာဉ်ဘုရင်မ၏ အမြတ်နိုးဆုံး အရာတစ်ခုမဟုတ်ခဲ့ပါက ဤအချိန်တွင် သူသည် မည်သည့်အရာများ ပြုလုပ်မိမည်ကို သူ မသေချာပေ။
ကံကောင်းစွာဖြင့် အာရန်သည် သူ၏ စိတ်အားလုံး၀လွတ်ထွက်သွားသည့် အခြေအနေမျိုးတော့ ရောက်ရှိမသွားခဲ့ပေ။
သူသည် သူ၏ လည်ဆွဲကို ထိတွေ့ရန် ကြိုးစားသော ဝိညာဉ်ဘုရင်မ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။
၎င်းသည် သူ၏ အဆိပ်မှာ ဝိညာဉ်ဘုရင်မအပါအဝင် ဝိညာဉ်များအပေါ် အမှန်တကယ် သက်ရောက်မှုရှိသည်ဟူသော သူ၏ ယူဆချက်ကို အတည်ပြုနိုင်ခဲ့သည်။
၎င်းသည် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းနှင့်ပတ်သက်၍ သူ့အား အနည်းငယ် ပို၍ ယုံကြည်မှုပေးလေသည်။ တစ်ခုတည်းသော ပြဿနာမှာ ဝိညာဉ်လောကမှ ပြန်လည် ထွက်ခွာရန်ပင် ဖြစ်သည်။
ထိုအချိန်တွင် ရွေးချယ်မှု၏ အချိန်သတ်မှတ်ချက်သည်လည်း အဆုံးသတ်ရန် တဖြည်းဖြည်းနီးကပ်လာနေလေသည်။
ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် သူ့တွင် အချိန်များစွာ မကျန်တော့ပေ။
#Catfoot