← Chapters

ကပ်ဘေး

Vol. 13 Ch. 174

ကပ်ဘေး

Vol. 13 Ch. 174

ဗိုလ်မှူးလီသည် မိမိ၏ လက်အောက်ငယ်သားများ သေရာမှ ပြန်ထ၍လာသည်ကို ကြည့်ရှုနေမိသည်။

သူအားပို၍ အံ့အားသင့်စေသည့်အရာမှာ ၎င်းတို့သည် ရိုးရိုး သာမန်ဖုတ်ကောင်များသက်သက်မဟုတ်ပဲ ထိုနီခရိုမန်ဆာအရိုးစု၏ အမိန့်ကို နာခံနိုင်သည့် လုံလောက်သော ဉာဏ်ရည်များရှိနေကြခြင်းပင် ဖြစ်သည်။

၎င်းတို့သည် သူ၏ လက်အောက်ငယ်သားများ ဖြစ်ခဲ့ကြသည်။ သူ၏ မိတ်ဆွေများလည်း ဖြစ်ခဲ့ကြသည်။

ယခု ၎င်းတို့အား ဤသို့ အသုံးချခံနေရသည်ကို မြင်တွေ့ရသောအခါ သူ၏ နှလုံးသားထဲတွင် မချိမဆန့် ခံစားသွားရလေသည်။

၎င်းတို့သည် ဝိညာဉ်နယ်မြေတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခဲ့ကြသော်လည်း သေဆုံးပြီးသည့်တိုင် ငြိမ်းချမ်းခွင့် မရရှိခဲ့ကြပေ။

ကံကြမ္မာသည် ၎င်းတို့ကို ရက်စက်စွာ လှောင်ပြောင်နေ သကဲ့သို့ ဖြစ်နေသည်။

“တော်လိုက်တော့”

ဗိုလ်မှူးလီသည် နာကျင်မှုများ ပြည့်နှက်နေသော အသံဖြင့် အော်ပြောလိုက်သည်။

“သူတို့ကို ငြိမ်းချမ်းစွာ အနားယူခွင့်ပေးလိုက်ပါ”

သူသည် ဝိညာဉ်လောကမှ ဤအကျဉ်းတန်ဆိုးယုတ်မှုများ၀ကို ဖယ်ရှားပစ်လိုသည့်အလား ဓားတစ်လက်ကို ဆွဲကိုင်ကာ ထိုနီခရိုမန်ဆာအရိုးစုဆီသို့ ဦးတည်၍ ပြေးတက်သွားလေသည်။

“ဟီး ဟီး ဟီး…”

ထိုအရိုးစု၏ ရယ်သံသည် ပျက်စီးနေသော မြို့ပျက်အတွင်း၌ ပဲ့တင်ထပ်သွားကာ ဗိုလ်မှူးလီ၏ ကျောရိုးတစ်လျောက်ကိုပင် အေးစိမ့်သွားစေနိုင်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းသော ရယ်သံတစ်ခုဖြစ်လေသည်။

သို့သော် သူသည် ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ထိုနီခရိုမန်ဆာအရိုးစု၏ ရှေ့သို့ ရောက်ရှိသွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သည်။

ထောပတ်တစ်ခုကိုထိုးခွဲလိုက်ကဲ့သို့ပင် သူ၏ ဓားသည် ထိုနစ်ခရိုမန်ဆာ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းတိတိ ပိုင်းပစ်လိုက်လေသည်။

“ဟီး..ဟီး..ဟီး…”

သို့သော်လည်း ဗိုလ်မှူးလီသည် ထိုနီခရိုမန်ဆာအား နှစ်ခြမ်းခွဲလိုက်သည့်တိုင် အေးစက်စက် ရယ်သံသည် ဆက်လက်၍ ထွက်ပေါ်နေဆဲဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ထိုရယ်သံသည် သူ၏ နောက်ကျောဘက်မှ လာနေပုံရသည်။

ရုတ်တရက် သူ နှစ်ခြမ်းခွဲလိုက်သော ခန္ဓာကိုယ်သည် ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး တံခါးပေါက်အတွင်းသို့ သူ့အားဝင်ရောက်ခြင်းမှ တားဆီးခဲ့သော သူ၏ လက်အောက်ငယ်သားဟောင်း၏ ပုံစံသည် ထိုအရိုးစုနေရာတွင်တဖြည်းဖြည်း ပေါ်လွင်လာသည်။

တစ်ချိန်တည်း၌ နီခရိုမန်ဆာသည် ထိုလူရှိခဲ့သည့် ဂိတ်ပေါက်ရှေ့တွင် ရောက်ရှိသွားပြီး ထိုဝိညာဉ်စစ်သည်တော်ဆီသို့ မျက်နှာပြန်လှည့်လိုက်သည်။

“မင်းတို့နှစ်ယောက် သူငယ်ချင်းတွေလို့ ငါထင်ထားခဲ့တာ မင်းက ငါ့ရဲ့လက်ဆောင်ကို ဘာလို့ မကြိုက်လဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး ဟီး ဟီး ဟီး..”

ထိုနီခရိုမန်ဆာ အရိုးစုသည် ဝိညာဉ်စစ်သည်တော်၏ ရုန်းကန်လှုပ်ရှားနေမှုများကို အားရပါးရ ရယ်မောနေရင်းပြောလိုက်သည်။

“ငါ မင်းကို သတ်မယ်”

ဗိုလ်မှူးလီသည် သူ၏ လက်နက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။ သူ၌ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိကြောင်း သူသိလေသည်။

သူသည် ထိုနီခရိုမန်ဆာဆီသို့ တစ်ဖန် ပြေးထွက်သွားလိုက်သော်လည်း နောက်တစ်ကြိမ် အတားအဆီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။

သေဆုံးပြီးသူများသည် သူ၏ ရှေ့တွင်ဖုတ်ကောင်များအဖြစ်အသက်ဝင်လာကာ စုရုံး၍ သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ထိုနစ်ခရိုမန်ဆာအရိုးစုထံသို့ ရောက်ရှိမသွားအောင် တားဆီးထားကြသည်။

ဗိုလ်မှူးလီသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

နစ်ခရိုမန်ဆာအရိုးစုထံ ရောက်ရှိရန်အတွက် သူသည် သူ၏ မိတ်ဆွေများကို တိုက်ခိုက်ရမည်ဖြစ်လေသည်။

၎င်းတို့သည် သေဆုံးပြီးသားလူများ ဖြစ်နေသော်လည်း သူ၏ နှလုံးသားထဲ၌ အနည်းငယ်သော တုံ့ဆိုင်းမှုများ ရှိနေဆဲဖြစ်သည်။

သူသည် ၎င်းတို့၏ အလောင်းများကိုပင် စနစ်တကျ မြှုပ်နှံပေးနိုင်ခြင်း မရှိသေးပေ။

“ပျင်းစရာကောင်းလာပြီ မင်း လှုပ်ရှားမှာလား မလှုပ်ရှားတော့ဘူးလား မင်းက င့ါကို ဖျော်ဖြေမှု မပေးနိုင်တော့ဘူးဆိုရင် ငါ တခြားနေရာကို သွားဖို့ ဆုံးဖြတ်လိုက်တော့မယ်” ဟု ထိုနစ်ခရိုမန်ဆာအရိုးစုမှ တဖြည်းဖြည်း နောက်ဆုတ်သွားရင်း ဂိတ်တံခါးနှင့် ပို၍ နီးကပ်သွားနေရာမှ လှမ်းပြောလိုက်သည်။

ထိုသို့ ပြောပြီးသည်နှင့် ထိုအရိုးစုနှင့် တံခါးပေါက်ကြားတွင် ခြေလှမ်းအနည်းငယ်သာ ကျန်ရှိတော့သည်။

“ကျား.....”

လီသည် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသည့်ကြားမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ညာသံပေး၍ သူ၏ရဲဘော်ရဲဘက် ဖုတ်ကောင်များအား ပြန်လည် တိုက်ခိုက်လိုက်သည်။

အရိုးစုသည် ဗိုလ်မှုးလီက သူ၏ ဖုတ်ကောင်များကို ပြန်လည် တိုက်ခိုက်နေသည်ကို ဝမ်းမြောက်စွာ ကြည့်ရှုနေလေသည်။

သူသည် သူ၏ လောလောလတ်လတ် အသစ်ဖန်တီးထားသော ဖုတ်ကောင်များ ပျက်စီးသွားခြင်းကို ဂရုမစိုက်ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သူ၏ ခေတ္တမျှဖန်တီးထားမှုသာ ဖြစ်သောကြောင့်ဖြစ်သည်။

သူ၏ အမြင်၌ ၎င်းတို့သည် အာရုံစိုက်ရန်ပင် မထိုက်တန်လောက်အောင် အားနည်းလွန်းလှသည်။

ထိုအစား သူသည် ဤမြို့၌ တစ်ဦးတည်း ကျန်ရစ်ခဲ့သော လူသားကို ပို၍ စိတ်ဝင်စားနေသည်။

“ဟီ ဟီ အတော်လေးကောင်းတဲ့ ဝိညာဉ်ပဲ ဒါလေးက ငရဲတံခါးဖွင့်ဖို့အတွက် အသုံးပြုဖို့ ပစ္စည်းကောင်းလေးတစ်ခုပဲ”

လီသည် ဖုတ်ကောင်များကို တစ်ကောင်ချင်းသတ်ပစ်နေသည်။ သူ၏ ဓားချက်တိုင်းတွင် ၎င်းတို့၏ ပုပ်စပြုနေသော သွေးများသည် သူ၏ အဝတ်အစားများပေါ်သို့ ပိုပိုစွန်းထင်းလာသည်။

တိုက်ခိုက်မှု တစ်ခုပြီးတိုင်း သူသည် ထိုနစ်ခရိုမန်ဆာအရိုးစုနှင့် ပို၍ နီးကပ်လာသည်။

ပင်ပန်းနွမ်းနယ်နေသော်လည်း ဗိုလ်မှူးလီသည် သူ၏ ရှိရှိသမျှ အားအင်များဖြင့် တိုက်ခိုက်နေလေသည်။

ကံကောင်းထောက်မစွာပင် သူသည် နောက်ဆုံးဖုတ်ကောင်တစ်ဦးကို သတ်ပြီးသည့်နောက် ၎င်းတို့သည် ပြန်၍ ထလာခြင်း မရှိတော့ပေ။

၎င်းတို့ အမှန်တကယ် ပျက်စီးသွားခြင်းကြောင့်လား သို့တည်းမဟုတ် နစ်ခရိုမန်ဆာအရိုးစုမှ ၎င်းတို့ကို ပြန်၍ ထလာစေလိုခြင်း မရှိသောကြောင့်လား ဆိုသည်ကို သူ မခွဲခြားနိုင်ပေ။

သူ့အတွက် အရေးကြီးဆုံးအရာမှာ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေပြီး ဂိတ်တံခါးပေါက်အတွင်းသို့ မဝင်သေးသော ထိုနစ်ခရိုမန်ဆာအရိုး

စုထံသို့ အနီးကပ်ရောက်ရှိနိုင်ရန်ပင်ဖြစ်သည်။

သူ့၌ အခွင့်အရေး တစ်ခုသာ ကျန်ရှိတော့သည်။

အလောင်းကောင်များပုံထပ်နေသော အလောင်းပင်လယ်ကြီးတစ်ခုကို ဖြတ်သန်းပြီးနောက် ၎င်းတို့၏ သွေးများဖြင့် ပေကျံနေသော ဗိုလ်မှူးလီသည် နောက်ဆုံး၌ ထိုနီခရိုမန်ဆာအရိုးစုထံသို့ ရောက်ရှိသွားတော့သည်။

“သေစမ်း”

သူသည် နောက်ဆုံးအကြိမ်အဖြစ် သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီး ထိုတိုက်ခိုက်မှု၌ သူ၏ ခွန်အင်အားလုံးကို စိုက်ထုတ်လိုက်လေသည်။

နစ်ခရိုမန်ဆာအရိုးစု သည် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“မဆိုးဘူး မင်းက တကယ့်ကို ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာမှာ သေချာတယ်”

ထိုသူသည် သူ၏ အရိုးလက်တစ်ဖက်ကို မြှောက်လိုက်စဉ် ၎င်း၏ ပတ်လည်၌ မန္တန်စက်ဝိုင်းတစ်ခု ပေါ်လာလေသည်။

“ဘာ... ဘာလဲ”

ဗိုလ်မှူးလီသည် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ရင်း တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

လက်ညှိုးတစ်ချောင်း... အမှန်ပင် လက်ညှိုးတစ်ချောင်းတည်းဖြင့် ထိုသူသည် သူ၏ ဓားကို တားဆီးလိုက်နိုင်ခဲ့သည်။

ဗိုလ်မှူးလီသည် ဓား၏ ဦးတည်ရာကို ပြောင်းလဲ၍ တစ်ဖန် တိုက်ခိုက်ရန် ထပ်မံကြိုးစားလိုက်သော်လည်း တစ်စုံတစ်ဦးက သူ၏ လက်ကို ဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ထပ် လူတစ်ဦးကလည်း သူ၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် အလွန်များပြားသော ပုပ်ပွနေသော လက်များထွက်ပေါ်လာကာ သူ၏ လှုပ်ရှားမှုများကို တားဆီးရန်အလို့ငှာ သူ၏ ခန္ဓာကိုယ်အနှံ့အပြားကို ဖမ်းဆုပ်ထားလိုက်ကြသည်။

“အသုံချခံပစ္စည်းတစ်ခုမှာ လက်နက်တွေမလိုအပ်ဘူးလေ ဒါကြောင့် ငါ အဲဒါကို သိမ်းလိုက်တော့မယ်”

နစ်ခရိုမန်ဆာအရိုးစု သည် ဗိုလ်မှူးလီ၏ ဓားကို အသာအယာဆွဲယူလိုက်သည်။

မယုံကြည်နိုင်သော မျက်လုံးများဖြင့် အားကိုးရာမဲ့စွာငေးကြည့်နေရုံမှလွဲ၍ ဗိုလ်မှူးလီသည် ဘာမျှ မတတ်နိုင်ခဲ့ပေ။

သူသည် ဤကဲ့သို့ ခွန်အားမဲ့မှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သူသည် ဂိတ်တံခါးပေါက်နှင့် အလွန်နီးကပ်နေသော်လည်း ၎င်းကိုပင် မထိတွေ့နိုင်ခဲ့ပေ။

သူသည် အဆုံးမရှိသော ငရဲ၌ နစ်မြုပ်နေသကဲ့သို့ ခံစားနေရသည်။ သူသည် သူ၏ နယ်စပ်မြို့ကို ဆုံးရှုံးခဲ့ရသည်။ သူသည် အကာအကွယ်လွှာကိုလည်း ဆုံးရှုံးခဲ့ရသည်။

သူ၏ မိတ်ဆွေများနှင့် လက်အောက်ငယ်သားများကိုပင် ဆုံးရှုံးခဲ့ရလေသည်။ ထိုအရာအားလုံးပြီးသည့်နောက်တွင်ပင် သူသည် လက်စားချေခွင့်ကလေး တစ်ခုပင် မရရှိခဲ့ပေ။

နစ်ခရိုမန်ဆာအရိုးစုသည် ထို သူ့အတွက် အသုံးမဝင်တော့သော ဓားကို လွှင့်ပစ်လိုက်သည်။

ထို့နောက် သူသည် ဗိုလ်မှူးလီ၏ နဖူးပေါ်သို့ လက်ညှိုးတစ်ချောင်း တင်လိုက်သည်။

သူ၏ အရိုးသည် အလွန်ချွန်ထက်နေသောကြောင့် အနည်းငယ် ထိရုံမျှဖြင့်ပင် ဗိုလ်မှူးလီ၏ နဖူးမှ သွေးများ စီးကျလာလေတော့သည်။

ထိုသွေးများသည် မြေပြင်ပေါ်သို့ မကျဆင်းဘဲ သူ၏ နဖူးပတ်လည်၌ မန္တန်စက်ဝိုင်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းလာလေသည်။

နစ်ခရိုမန်ဆာအရိုးစုသည် ဗိုလ်မှူးလီ၏ သွေးများကို အသုံးပြု၍ တည်ဆောက်ခြင်းစက်ဝိုင်းတစ်ခုကို ပြုလုပ်လိုက်သည်။

ထိုမန္တန်စက်ဝိုင်းကို ပြုလုပ်၍ ပြီးစီးသွားသောအခါ ဗိုလ်မှူးလီ၏ ပတ်လည်၌ လုံးဝန်းသော အနက်ရောင်အလုံးကြီးတစ်လုံး ပေါ်လာခဲ့သည်။

ဗိုလ်မှူးလီ၏အမြင်၌ သူ၏ကမ္ဘာတစ်ခုလုံးသည် ထိုလုံးဝန်းသော အနက်ရောင်အလုံးကြီး၏ ဝန်းရံထားခြင်းကိုခံလိုက်ရပြီဟုခံစားလိုက်ရသည်။

စက္ကန့်တိုင်းတွင် ထိုအနက်ရောင်အလုံးကြီးသည် တဖြည်းဖြည်း သေးငယ်သွားကာ နောက်ဂေါက်သီးလုံး အရွယ်အစားခန့်သို့ ရောက်ရှိသွားလေသည်။

နစ်ခရိုမန်ဆာအရိုးစုသည် ထိုသေးငယ်သော အနက်ရောင်အလုံးလေးကို ကောက်ယူလိုက်ပြီး သူ၏ အိတ်ထဲသို့ ထည့်လိုက်သည်။

သူသည် ဤမြို့၌ မည်သူ့ကိုမျှ အသက်မကျန်ရစ်သည်ကို သေခြာစေရန် တစ်ချက်မျှ နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ဝိညာဉ်ဂိတ်တံခါးပေါက်ဆီသို့ ပြန်လှည့်လိုက်သည်။

“ကဲအခု ပစ္စည်းကောင်းလေးတွေ ထပ်ရှာဖို့အချိန်တန်ပြီပေ့ါ”

သူသည် ဤမြို့ကို ကျရောက်ခဲ့သော ကပ်ဘေး

တစ်ခုဖြစ်ပြီး ယခုအခါ သူ၏ ဦးတည်ရာသည် ထပ်မံပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

“ငါ တော်တော် စိတ်ဝင်စားမိတယ် မင်းက ဘယ်လို ပစ္စည်းမျိုး ဖြစ်လာမလဲဆိုတာ ပြီးတော့ မင်းက ငါ့ကို ဘယ်လောက် ဖျော်ဖြေမှုမျိုး ပေးစွမ်းနိုင်မလဲ”

ထိုအရိုးစု၏ အေးစက်စက်ဖြင့် ကြောက်မက်ဖွယ်ရာ ရယ်သံကြီးတစ်ခုသည် သူဝင်သွားသော ဂိတ်တံခါးပေါက်၏နောက်တွင် ကျယ်လောင်စွာဖြင့် ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့တော့သည်။

#Catfoot

All Chapters