← Chapters

ဝိညာဉ်တစ်ဦး မွေးဖွားလာခြင်း

Vol. 13 Ch. 176

ဝိညာဉ်တစ်ဦး မွေးဖွားလာခြင်း

Vol. 13 Ch. 176

အာရန်သည် အမှန်တကယ်ပင် ဘာပြောရမှန်း မသိတော့ပေ။ သူသည် အလျင်စလိုဖြင့် မှားယွင်းသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့လေသလော။

သို့မဟုတ် စနစ်သည် သူ့အား ဤအမှားမျိုး ကျူးလွန်မိစေရန် ရည်ရွယ်ချက်ရှိရှိ အချိန်ကန့်သတ်ချက်ကို တမင်ပင် လျှော့ချပစ်ခဲ့လေသလော။ သူ မသေချာပါ။

သူသည် သင့်လျော်သော အစီအစဉ်တစ်ခုရှိမနေဘဲ လည်ဆွဲအသုံးပြုခွင့်ကို မဖြုန်းတီးလိုသောကြောင့် ဤတိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။

ကံကောင်းစွာဖြင့် သူသည် လုံး၀မတိုက်ခိုက်မိခဲ့သောကြောင့် ထိုအဆိပ်လည်ဆွဲ၏ အသုံးပြုခွင့်အရေအတွက်လျော့နည်းသွားမှုကို မဖြစ်စေခဲ့ပါ။

[အဆိပ်လည်ဆွဲ]

[ကျန်ရှိသော အသုံးပြုခွင့်: ၂/၃]

သူသည် ထိုလည်ဆွဲကို ပင်လယ်နဂါးမင်းသားအား သတ်ခဲ့စဉ်အခါက တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသေးသည်။

ဤလည်ဆွဲနှင့် ၎င်း၏ စွမ်းအားများဖြင့် ပြည့်နှက်နေသော တိုက်ခိုက်မှုတိုင်းသည် မည်မျှ တန်ဖိုးကြီးကြောင်း သူသိထားလေသည်။

သူ၌ အကာအကွယ်လည်ဆွဲနှင့် ခွန်အားမြှင့်လည်ဆွဲများ မရှိတော့ပေ။

လည်ဆွဲစီးရီး ဆုလာဘ်များထဲတွင် သူ၌ အဆိပ်လည်ဆွဲတစ်ခုသာ လက်ရှိတွင် ကျန်ရှိနေလေသည်။

ဖြစ်နိုင်လျှင် ဤရွေးချယ်မှုကို ပြီးမြောက်အောင် ကူညီပေးမည်ဟု သူ လုံးဝ သေချာနေသည့်အခြေအနေများတွင်သာ ၎င်းကို အသုံးပြုလိုနေခဲ့သည်။

သူတွင် အခြားကျွမ်းကျင်မှုများလည်း ထပ်မံရရှိထားပြီးဖြစ်သော်လည်း ၎င်းတို့ကို မည်သည့်တိုက်ပွဲ၏ အဆုံးအဖြတ်ကိုမဆို ပြောင်းလဲပစ်နိုင်လောက်အောင် အားကောင်းသော ဝှက်ဖဲများအဖြစ်မူ မယူဆနိုင်ပေ။

အထူးသဖြင့် အရှင်သခင်အဆင့် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရသောအခါတွင်ဖြစ်သည်။

ထိုအခြေအနေ၌ သူ၏ အဓိကလက်နက်ဖြစ်နိုင်သော အရာအနည်းငယ်ကိုသာ သူ ထည့်တွက်နိုင်တော့သည်။

၎င်းတို့ထဲမှ တစ်ခုမှာ ဤအဆိပ်လည်ဆွဲပင်ဖြစ်ပြီး အခြားတစ်ခုမှာ ယာယီ ချိတ်စည်းဖြေ အဆောင်သာဖြစ်လေသည်။

အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် ပြင်ပပစ္စည်းများ၏အကူအညီကို အားကိုးနေရခြင်း၏ အားနည်းချက်များကိုလည်း သူသိနေခဲ့သည်။

ထို့ကြောင့် သူသည် သူ၏ ချိတ်ပိတ်ထားသည့်ကျင့်ကြံခြင်းအဆင့်ကို လုံးဝအမြဲတမ်းဖွင့်ပေးနိုင်မည့် ထိုအမည်မသိရသေးသည့် အရာတစ်ခုကို ရှာဖွေရန် သူရဲကောင်းအကယ်ဒမီသို့ မဖြစ်မနေသွားရောက်ရန် လိုအပ်နေခဲ့သည်။

သို့သော် သူကိုယ်တိုင် မခန့်မှန်းနိုင်သည့် အရာများစွာသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။

အာရန်သည် သူ၏ နောက်တစ်ဆင့် လှုပ်ရှားမှုကို စဉ်းစားနေစဉ် အတွေးများစွာကြား နစ်မြုပ်လျက်ရှိနေသည်။

ယခုချက်ချင်း အလျင်စလို တိုက်ခိုက်ခြင်းသည် မှန်ကန်ပါမည်လော။

သို့မဟုတ် ဤနေရာအကြောင်း များများစားစား မသိဘဲ ထပ်မံ၍ မှားယွင်းသော လုပ်ရပ်တစ်ခု ဖြစ်သွားနိုင်မည်လော။

လောလောဆယ်တွင် သူသည် ဤနေရာအကြောင်းကို အနည်းငယ်ကြာကြာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယခု သူသည် ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပြီးဖြစ်သောကြောင့် အလျင်စလို လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ဤအခြေအနေ၌ မှားယွင်းသော လုပ်ရပ်တစ်ခုသည် အခြားမည်သည့်အရာထက်မဆို သူ့အား အသက်သေစေနိုင်စွမ်း ပိုကြီးမားနိုင်လေသည်။

သူသည် မိမိ၏ ရွေးချယ်မှု အမှားများကြောင့် သေဆုံးသွားရသောသူတစ်ယောက် မဖြစ်လိုခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် အလျင်စလို ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီးဖြစ်လေသည်။

အာရန်သည် သူ၏ အော်ရာကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူ အောက်ကို ဆင်းသက်လိုက်သောအခါ သူ၏ လည်ဆွဲသည်လည်း အရောင်တောက်ပနေခြင်း မှ ရပ်တန့်သွားခဲ့သည်။

အာရန်သည် အောက်သို့ ဆင်းသက်လာနေစဉ် ဝိညာဉ်ဘုရင်မအား မျက်စိအောက်မှ အပျောက်မခံဘဲ အထူးသဖြင့် သူမ၏ လက်ကို အာရုံစိုက်ကြည့်နေခဲ့သည်။

သူမသည် အဆိပ်များကို သူမ၏ ခန္ဓာကိုယ်အနှံ့ မပြန့်နှံ့စေရန် သူမ၏ လက်ချောင်းများကိုပင် ခုတ်ပစ်ခဲ့သည်။ သို့သော် ၎င်းလက်ချောင်းများသည် နဂိုနေရာတွင်ပင် လက်ချောင်းအသစ်ကလေးများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။

သူမ၏ အနာပြန်ကျက်ခြင်းအစွမ်းသည် အာရန်ကိုပင် အတိုင်းအတာတစ်ခုအထိ အံ့အားသင့်သွားစေခဲ့သည်။

သူမသည် လူသားလောက၌ လူသားများပြုလုပ်သကဲ့သို့ အနာကျက်စေသော ဆေးရည် သို့မဟုတ် မန္တန်ကို အသုံးပြုစရာမလိုခဲ့ပေ။

ထိုအစား ၎င်းသည် ဝိညာဉ်ဘုရင်မအတွက်မူ လုံးဝ သဘာ၀အတိုင်းဖြစ်တည်နေသကဲ့သို့ ဖြစ်နေသည်။

အေးစက်၍ ရက်စက်သည်ဟု ယူဆရသော ထိုဝိညာဉ်ဘုရင်မသည် သူ့ကို တောင်းပန်ခဲ့သည်။

တစ်ချိန်တည်း၌ သူသည် ဝိညာဉ်များအား သူ၏ ရန်သူဖြစ်စေလိုက်ခြင်းနှင့် မခြားနားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်မိခဲ့သည်။

ထိုအကြောင်းကို တွေးတောမိရုံဖြင့်ပင် သူ၏ ခေါင်းများကိုက်ခဲလာရသည်။

‘ဖြစ်နိုင်တယ်... ဖြစ်နိုင်တာက… တကယ်ဆို ဒုတိယရွေးချယ်မှုက အကောင်းဆုံး ဖြစ်နိုင်တယ်’

အာရန်သည် ဝိညာဉ်ဘုရင်မအကြောင်း သူ၏ ယူဆချက်များသည် အနည်းငယ် လွန်ကဲနေသလောဟု တွေးတောနေမိသည်။

သူသည် အက်စ်တလီနာ၏ စကားများနှင့် အပြုအမူများကို အခြေခံ၍ သူ၏ ယူဆချက်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် လုံးဝ ကွဲပြားခြားနားသော စရိုက်ရှိသူများဖြစ်နိုင်ကြောင်း မေ့လျော့နေခဲ့သည်။

စနစ်၏ ရွေးချယ်မှုများနှင့် ပတ်သက်၍လည်း သူ သံသယဝင်စပြုနေပြီဖြစ်သည်။

အများအားဖြင့် သူသည် အလွန်သာမန်ပုံပေါက်သော ရွေးချယ်မှုများနောက်ကွယ်၌ ငရဲအဆင့် ခက်ခဲမှုမျိုးကို ရရှိခဲ့သည်။

ထို့ကြောင့် ဒုတိယရွေးချယ်မှုသည်လည်း ထိုနည်းတူပင်ဟု သူ ထင်မှတ်မိခဲ့သည်။

ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် သူသည် စနစ်၏ လှည့်စားခြင်းကို ခံခဲ့ရသည်ဟု ခံစားမိနေခဲ့သည်။

ဤတစ်ကြိမ်တွင် ငရဲအဆင့် ခက်ခဲမှုသည် ပထမတစ်ချက် ကြည့်လိုက်မိလျှင်ပင် အခက်ခဲဆုံးဟု ထင်ရသော ပထမရွေးချယ်မှုနောက်ကွယ်၌ ဝှက်ထားခြင်းခံခဲ့ရသည်။

‘ဒီစနစ်က ... တကယ်ပဲ အသိဉာဏ်ရှိနေတာလား’ ဟု အာရန် တွေးလိုက်မိသည်။

သူသည် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ခိုင်းခံရတိုင်း နားလည်ရန်ပင် ခက်ခဲလွန်းသော ဖြစ်တည်မှုတစ်ခုနှင့်အတူ စစ်တုရင် ကစားနေရသကဲ့သို့ ဖြစ်နေခဲ့ကြောင်း ခံစားမိလိုက်သည်။

မကြာမီ ဝိညာဉ်ဘုရင်မ၏ လက်ချောင်းများ လုံးဝ ပျောက်ကင်းသွားခဲ့သည်။

သူမ၏ လက်ကို ရုတ်တရက်ကြည့်လိုက်လျှင် လွန်ခဲ့သော မိနစ်အနည်းငယ်က ထိုနေရာ၌ လက်ချောင်းများ မရှိခဲ့ကြောင်း မည်သူမျှ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။

အာရန်သည် ဝိညာဉ်ဘုရင်မ၏ အနာကျက်ခြင်းအစွမ်းကို အာရုံစိုက်နေစဉ် တစ်ခုခု မှားယွင်းနေသည်ဟု သတိပြုမိလိုက်သည်။

သို့သော် သူသည် ဘယ်အရာဖြစ်သည်ကိုမူ အတိအကျ မပြောနိုင်ခဲ့ပေ။

သူသည် ထင်ရှားသော အရာတစ်ခုကို လွတ်သွားသကဲ့သို့ ခံစားနေရ၏။

သူသည် အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံး၌ ၎င်းသည် ဘာဖြစ်သည်ကို သဘောပေါက်သွားသည်။

‘အာ ဟုတ်တာပေါ့ အရမ်းတိတ်ဆိတ်လွန်းနေတယ် ဟို အာပေါင်အာရင်းနဲ့ ရန်တွေ့စကားပြောတတ်တဲ့ ဟိုမြက်ပင်စုတ် ဘာဖြစ်သွားတာလဲ’

အာရန်သည် ထိုဝိညာဉ်မြက်မှ မကြာသေးခင်အချိန်က သူ့အား နှာဗူး တနှာရူးဟု ဆူပူအော်ဟစ်ခဲ့သော နေရာသို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာ၌ ဝိညာဉ်မြက်လေးသည် ထပ်မံတည်ရှိနေသေးသော်လည်း ထူးဆန်းစွာဖြင့် အလင်းရောင်များ တောက်ပလျက်ရှိနေလေသည်။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ထိုမြက်ပင်ကလေးသည် အရွယ်အစား ပိုမိုကြီးမားလာကာ အလင်းရောင်များလည်း ပို၍ တောက်ပလာ၏။

အာရန်သည် ဘာဖြစ်နေသည်ကို မသိသော်လည်း ၎င်းသည် ဝိညာဉ်ဘုရင်မ၏ လက်ချောင်းများနှင့် ပတ်သက်နေသည်ဟုတော့ သူ ခံစားနေရသည်။

သူမ၏ လက်ချောင်းများ မြေပြင်ပေါ်သို့ ကျသွားသောအခါ ၎င်းဆီမှ ဝိညာဉ်စွမ်းအင်အချို့သည် ပြန့်ကျဲသွားခဲ့ပုံရသည်။

၎င်းကို မြေပြင်က စုပ်ယူလိုက်ကာ ဝိညာဉ်မြက်ဆီသို့ ဝိညာဉ်အာဟာရများအဖြစ် ရောက်ရှိသွားခြင်းဖြစ်လေသည်။

“သူမ ဘာဖြစ်နေတာလဲ” ဟု အာရန်သည် အသံထွက်၍ မေးလိုက်သည်။

“သူမက ပြောင်းလဲမှုဖြစ်စဉ်တစ်ခုစတင်နေတာ” ဟု ဝိညာဉ်ဘုရင်မက ပြန်ဖြေလိုက်သည်။

“င့ါသမီး အက်စ်တလီနာ တစ်ချိန်တုန်းက ဖြစ်ခဲ့သလိုမျိုးပေ့ါ”

“နားလည်ပါပြီ”

အာရန်က ခေါင်းညိတ်ထောက်ခံလိုက်သော်လည်း ခဏအကြာတွင် ထိုစကားများ၏ အဓိပ္ပါယ်ကို သူပြန်လည် စဉ်းစားမိလိုက်သောအခိုက်အတန့်တွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားရလေသည်။

“ခဏလေး အက်စ်တလီနာ တစ်ချိန်တုန်းက ဖြစ်ခဲ့သလိုမျိုးလို့ပြောလိုက်တာလား”

“ဒါဆို ဝိညာဉ်တွေ မွေးဖွားလာပုံက ဒါမျိုးလို့ ပြောနေတာလား”

ထိုကဲ့သို့ လျှို့ဝှက်ချက်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်မိခဲ့သဖြင့် အာရန်သည် အံ့အားသင့်စွာ မေးလိုက်မိသည်။

ဒါဆို သူသည် အမှန်တကယ်တွင် ဝိညာဉ်ပေါက်စလေးတစ်ဦးနှင့် စကားပြောနေခြင်းဖြစ်ပြီး ထိုရန်တွေ့စကားပြောခဲ့သူသည် ထိုဝိညာဉ်မြက်ပင်ကလေးသက်သက် မဟုတ်ဘူးပေ့ါ။

“မှန်တယ် ကျွန်မ ထပ်ပြီး မိတ်ဆက်ပေးပါရစေ”

ဝိညာဉ်ဘုရင်မသည် တိုးပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်နေသော ထိုမြက်ပင်ကလေးကို လက်ညှိုးညွှန်ပြလိုက်သည်။

“သူမနာမည်က ရက်စ်ဖီပါ ကျွန်မရဲ့ ဒုတိယသမီးလေးပေ့ါ”

အာရန်သည် ဝိညာဉ်များ မည်သို့ မွေးဖွားလာသည်ကို မသိရှိခဲ့ပေ။ သို့သော် ဤကဲ့သို့သော အရာမျိုးကို သူအမှန်တကယ်ပင် မမျှော်လင့်ခဲ့ပေ။

သူသည် သူ၏ နဖူးကိုသာ ပြန်လည်ပွတ်သပ်ရင်း သူမ၏ မိခင်ရှေ့၌ ရက်စ်ဖီလေးကို နင်းခြေပစ်ရန် ခြိမ်းခြောက်ခဲ့ပုံများကို ပြန်လည် တွေးတောနေမိသည်။

‘ငါ့ရဲ့ သာမန်အသိပညာလေးနဲ့ ဒီလောကကြီးကို တိုင်းတာလို့ မရဘူးဆိုတာ ငါ မေ့နေတတ်တယ် ဒါဆို သူလည်း ဟို လိုလီ (ကလေးမလေး) ဒါမှမဟုတ် ပုံစံတစ်ခုခုအဖြစ် ပြောင်းလဲလာဦးမှာလားမသိဘူး’

အာရန်သည် သူ၏ခေါင်းကို ပြန်လည်ခါယမ်းလိုက်ကာ ထိုအတွေးများကို ဖယ်ရှားလိုက်ပြီး မဖြစ်နိုင်ဟု ယူဆလိုက်သည်။

ဝိညာဉ်ဘုရင်မသည် ရင့်ကျက်သော အရွယ်ရောက်ပြီးသူ အမျိုးသမီးတစ်ဦးနှင့် တူညီနေသည်။

အက်စ်တလီနာသည်လည်း အတော်လေးချောမောလှပသော ကောင်မလေး တစ်ဦးအသွင် ပေါက်နေခဲ့သည်။ ထို့ကြောင့် ထိုပုံစံမျိုးတော့ မဖြစ်နိုင်ဟု ယူဆထားလိုက်သည်။

ထာဝရဟု ထင်ရသော အချိန်တစ်ခုကြာပြီးနောက်တွင် တိုးတက်ပြောင်းလဲခြင်း လုပ်ငန်းစဉ်သည် ပြီးဆုံးသွားခဲ့သည်။

တောက်ပသော အလင်းသည် ပျောက်ကွယ်သွားပြီး ရက်စ်ဖီ သည်ပုံစံသစ်ဖြင့် ပြန်လည်မွေးဖွားလာခဲ့သည်။

#Catfoot

All Chapters