← Chapters

ငါ့ သမီးများဖြစ်လား

Vol. 13 Ch. 177

ငါ့ သမီးများဖြစ်လား

Vol. 13 Ch. 177

ရက်စ်ဖီသည် သူမ၏ တိုးတက်ပြောင်းလဲခြင်းကို ပြီးဆုံးစေခဲ့ပြီးနောက် အာရန်ထင်မှတ်ထားသည့် ဇီယာကဲ့သို့ လိုလီ (Loli) ကောင်မလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းမဟုတ်ပေ။

သူမသည် သူ့ကို ပြန်လည်စကားပြောနေစဉ် ကလေးဆန်သော အပြုအမူများ ရှိနေ

သေးသော်လည်း အသက် နှစ်ဆယ်ကျော်အရွယ်ခန့်ရှိသည့် မိန်းမပျိုလေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

“ဟင် သူမမှာ အဲဒီအစိမ်းရောင် အမှတ်အသားတွေ ဘာလို့ပါနေရတာလဲ” အာရန်သည် ရက်စ်ဖီနှင့် ပတ်သက်၍ ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိလိုက်သည်။

သူမ၏ ပခုံးပေါ်၌ အစိမ်းရောင်ဖျော့ဖျော့ အမှတ်အသား ရှိနေလေသည်။ ထိုနေရာတစ်ခုတည်းသာ မဟုတ်ပေ။

အလားတူ အမှတ်အသားကို အခြားနေရာများစွာ၌လည်း မြင်တွေ့နိုင်လေသည်။

သူသည် ထိုအမှတ်အသားများကို ထူးဆန်းသည်ဟု ထင်မိရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ဝိညာဉ်ဘုရင်မ ဖီလိုနာနှင့် အက်စ်တလီနာတို့၌ ထိုအမှတ်အသားများ မပါရှိသောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ထိုအမှတ်အသားများသည် သူ့အား သူ၏ အဆိပ်လည်ဆွဲကိုသာ သတိရသွားစေသည်။ သူ၏ လည်ဆွဲ၌လည်း အလားတူ အစိမ်းရောင် အရိပ်မျိုး ရှိနေလေသည်။

သူမ အဆိပ်သင့်နေသလောဟု သူ မတွေးဘဲ မနေနိုင်ခဲ့ပေ။ သူမသည် ဝိညာဉ်ဘုရင်မ၏ စွန့်ထုတ်လိုက်သော ဝိညာဉ်အဆီအနှစ်အချို့ကို စုပ်ယူနိုင်ခဲ့သော်လည်း ၎င်းသည် တစ်နည်းတစ်ဖုံဖြင့် သူ၏ အဆိပ်နှင့် ရောနှောသွားဟန်ရလေသည်။

ဝိညာဉ်ဘုရင်မသည် သူ့အား ရှင်းပြချက်တစ်ခု ပေးလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း သူမသည်လည်း ထိုနည်းတူပင် ရှုပ်ထွေးနေပုံရသည်။

သူမ၏ လက်ချောင်းများသည် ဝိညာဉ်အဆီအနှစ်များအဖြစ် ပြန့်ကျဲသွားသောအခါ ထိုဝိညာဉ်အဆီအနှစ်များသည် မြေကြီးထဲသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး အဆိပ်မသင့်နိုင်ကြောင်း သူမ ထင်မှတ်ထားခဲ့သည်။

ထို့ကြောင့် သူမသည် ရက်စ်ဖီ၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်၌ တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည်ဟူသော အလားအလာကို မစဉ်းစားမိခဲ့ပေ။

သို့သော် တစ်စုံတစ်ခု မှားယွင်းသွားသည်မှာ သေချာကြောင်း သူမ မြင်နိုင်ခဲ့သည်။

ထိုထူးဆန်းသော အဆိပ်သည်လည်း သူမ၏ အနှစ်သာရနှင့် ပေါင်းစပ်သွားပြီး ရက်စ်ဖီ၏ တိုးတက်ပြောင်းလဲမှု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပုံရသည်။

သူမသည် ထိုအဆိပ်သည် သူမ၏ သမီးဖြစ်သူအတွက် အန္တရာယ်ရှိမရှိ စစ်ဆေးကြည့်ရှုနေခဲ့သည်။

သို့သော် အသေးစိတ် စစ်ဆေးမှုများပြီးသည့်တိုင် သူမ၌ မူမမှန်သော အရာတစ်ခုတစ်လေကိုမျှ ရှာမတွေ့ခဲ့ပေ။

သူမ၏ ဝိညာဉ်အဆီအနှစ်တွင် ထိုအဆိပ်၏ အငွေ့အသက် အနည်းငယ် ပါဝင်နေရသော်လည်း ၎င်းသည် သူမအား ထိခိုက်စေပုံ မပေါ်ပေ။

ထိုအစား အဆိပ်၏ အဆီအနှစ်သည်လည်း သူမ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပုံရလေသည်။

၎င်းသည် အာရန်၏ လည်ဆွဲအတွင်း၌ ရှိသကဲ့သို့ များပြားခြင်း သို့မဟုတ် အစွမ်းထက်ခြင်းမျိုး မဟုတ်ပေ။

အာရန် တိုက်ခိုက်သောအခါ လည်ဆွဲဆီမှမှ စုတ်ယူအသုံးပြုနိုင်သည့် အရာနှင့် လုံးဝ နီးစပ်ခြင်း မရှိနေပေ။ သို့သော် မည်သို့ပင်ဆိုစေ ၎င်းသည် သူမကိုယ်၌ ရှိနေသေးလေသည်။

အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်နိုင်သည့်အရာများကို ဝိညာဉ်ဘုရင်မက ရှင်းပြသောအခါ အာရန်သည် အဓိပ္ပာယ်မဲ့သော အရာတစ်ခုကို တွေးတောရင်း သူ၏ နဖူးကိုသာ ပြန်လည်ပွတ်သပ်နေမိခဲ့သည်။

‘ဒါဆို ရက်စ်ဖီက ဖယ်လိုနာနဲ့ ဒီလည်ဆွဲဆီကနေ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ သဘောလား’

ထိုလည်ဆွဲသည် သူ့အပိုင်ဖြစ်သည်။ သို့မဟုတ် ပို၍တိတိကျကျဆိုရလျှင် ၎င်းသည် သူ၏ လည်ပင်း၌ ပေါ်လာသည့်အချိန်မှစ၍ သူ၏ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်လာခဲ့လေသည်။

သူသည် ၎င်းကို ချွတ်ရန် ကြိုးစားခဲ့သော်လည်း ထိုသို့ မလုပ်နိုင်ခဲ့ပေ။

အဆိပ်လည်ဆွဲသည် ရက်စ်ဖီ၏ တိုးတက်ပြောင်းလဲမှုကို အထောက်အကူ ဖြစ်စေခဲ့လျှင် ၎င်းသည် သွယ်ဝိုက်၍ သူသည် ရက်စ်ဖီအား ဤပုံစံသို့ တိုးတက်ပြောင်းလဲရန် ကူညီပေးခဲ့သည်ဟု ဆိုလိုနေသည်မဟုတ်ပါလား။

ဝိညာဉ်ကမ္ဘာ၌ တိုးတက်ပြောင်းလဲခြင်းဖြစ်စဉ်သည် ၎င်းတို့၏ အစစ်အမှန်မွေးဖွားခြင်းပင်ဖြစ်လေသည်။

ဝိညာဉ်အဆီအနှစ်သည် ၎င်းတို့ကို ဖြစ်ပေါ်လာစေနိုင်သော အရာဖြစ်သည်။ ရက်စ်ဖီနှင့်အတူ သူသည် ထိုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ခြင်းဖြစ်သည်။

“ဟိုနှာဗူးကောင် ရှင့်ရဲ့ အရှက်မရှိတဲ့ အကြည့်နဲ့ ကျွန်မကို ညစ်ညစ်ပတ်ပတ်တွေ တွေးမနေနဲ့”

ရက်စ်ဖီသည် သူမကို စိုက်ကြည့်နေသော အာရန်အား ပြစ်တင်ကြိမ်းမောင်းလိုက်သည်။

သူမ၏ စကားများသည် သူ့အား အတွေးများနေရာမှ နိုးထလာစေခဲ့သည်။

‘ပြီးတော့ သူမက အရင်အတိုင်းပါပဲ ငါ ဘာတွေ တွေးနေမိပါလိမ့် ဒါက အဆီအနှစ်သက်သက်ပဲလေ ပြီးတော့ ငါက ဝိညာဉ်မှ မဟုတ်တာ ဘယ်လောက် အဓိပ္ပာယ်မဲ့တဲ့ အတွေးလဲ...’

အာရန်သည် သူ၏ ဦးစွာပေါ်လာသော အဓိပ္ပာယ်မဲ့သော အတွေးများကို ငြင်းပယ်လိုက်လေသည်။

ထို့နောက် သူ၏ စိတ်ကို ပြန်လည် ရှင်းလင်းပြီးသည့်အချိန်တွင်ပင် ရုတ်တရက် ပေါက်ကွဲသံတစ်ခုနှင့်အတူ သူ၏ ပတ်ဝန်းကျင်သည် ရုတ်တရက် အလင်းရောင်တစ်ခု တောက်ပလာသည်ဟု ခံစားလိုက်ရသည်။

သူသည် ခေါင်းမော့၍ တောက်ပသော မန္တန်စက်ဝိုင်းတစ်ခုဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်ပြင်ကြီးကို ကြည့်လိုက်မိသည်။

“ဟင် ဝိညာဉ်တွေကလည်း မန္တန်မှော်စက်ဝိုင်းတွေကို သုံးကြတာလား” ဟု အာရန်သည်တွေးလိုက်မိသည်။

သူသည် ထိုဖြစ်ရပ်အား များစွာ မတွေးလိုက်မိခင်မှာပင် ကောင်းကင်ရှိ ထိုမန္တန်စက်ဝိုင်းကြီးဆီမှ ကြောက်မက်ဖွယ်ရာ မီးတောက်မုန်တိုင်းကြီးတစ်ခုသည် ဤဥယျာဉ် အထက်ရှိ ကျွန်းတစ်ကျွန်းကို ပစ်မှတ်ထား၍ ကျဆင်းလာသည်ကို သူ မြင်လိုက်ရသည်။

....

ဝိညာဉ်လောက၏ တော်ဝင်မြို့တော်တွင် အလွှာအမျိုးမျိုးကို ဖန်တီးထားသော ကျွန်းပေါင်းများစွာ ရှိလေသည်။

ပုံမှန်အားဖြင့် နယ်စပ်မြို့မှ လာသောသူတိုင်းသည် ဒုတိယကျွန်းသို့သာ ဦးစွာလာရမည်ဖြစ်ပြီး ပထမကျွန်းသည် ဝိညာဉ်ဘုရင်မ၏ ကိုယ်ပိုင်ဥယျာဉ်ဖြစ်လေသည်။

အက်စ်တလီနာ၏ လှည့်စားမှုစွမ်းရည်တစ်ခုကြောင့်သာ အာရန်သည် တံခါးပေါက်မှ တိုက်ရိုက် ဥယျာဉ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

အခြားသူများမှာမူ ကွဲပြားခြားနားကြလေသည်။

အထူးသဖြင့် ဂိတ်တံခါးပေါက်ကို အတင်းအဓမ္မ ဖြတ်ကျော်ဝင်ရောက်လာသူများအတွက် ဖြစ်လေသည်။

နစ်ခရိုမန်ဆာမျှော်စင်မှလာသော ထိုနစ်ခရိုမန်ဆာအရိုးစုသည် ဒုတိယထပ်ရှိ ဂိတ်တံခါးပေါက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ထဲတွင် သေးငယ်သော အနက်ရောင်အလုံးလေးတစ်ခုကို ဆော့ကစားနေလေသည်။

ဂိတ်တံခါးပေါက်အပြင်ဘက်တွင် တာဝန်ကျသော ဝိညာဉ်အစောင့်များသည် ထိုသူစိမ်းသည် ဂိတ်တံခါးပေါက်ဆီမှ ကျူးကျော်ဝင်ရောက်လာသည်ကို မြင်လိုက်ကြရသည်။

သာမန်လူသားတစ်ဦးပုံစံမျိုးဖြစ်နေလျှင် အစောင့်များသည် သူ့အား မေးမြန်းစုံစမ်းမှုများပြုလုပ်နိုင်ဖွယ်ရှိလေသည်။

သို့သော် ၎င်းတို့သည် သူ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကို မြင်တွေ့လိုက်ရသောအခါနှင့် သူ၏ စက်ဆုပ်ဖွယ်ရာအော်ရာတစ်ခုကို ခံစားမိလိုက်သောအခါ ၎င်းတို့သည် ထိုသူမှာ ဧည့်သည်မဟုတ်ကြောင်း သေချာသွားကြသည်။

၎င်းတို့သည် ထိုသူအား မေးမြန်းစုံစမ်းခြင်းပင်မပြုတော့ဘဲ တိုက်ရိုက်ပင် တိုက်ခိုက်ခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့သည် ထိုသူကို တိုက်ခိုက်ရန်ကြံလိုက်စဉ်မှာပင် ပေါက်ကွဲမှုတစ်ခုကြောင့် ၎င်းတို့အားလုံး လွင့်စင်သွားကြပြီး ၎င်းတို့၏ လက်များ၊ ခြေထောက်များသည် နေရာအနှံ့ လွင့်ထွက်သွားကြကာ လတ်ဆတ်သော သွေးများသည်လည်း နေရာအနှံပြန့်ကျဲသွားလေတော့သည်။

“ဒါကမှ ကောင်းမွန်တဲ့ ကြိုဆိုမှုတစ်ခုလို့ယူဆလို့ရမှာ”

နစ်ခရိုမန်ဆာအရိုးစုသည် သူ၏အရိုးစုလက်ကို မြှောက်ထားရင်း ရယ်မောလိုက်သည်။

“ကျုပ် ဒီကြိုဆိုမှုတွေ့ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် ဒါကြောင့် ကောင်းမွန်တဲ့ ဧည့်သည်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ကျုပ်ဘက်ကလည်း ပြန်ပြီး ဖြည့်ဆည်းပေးပါရစေ!”

“ငရဲမီး”

သူ၏ စကားလုံးများအပြီး၌ ရှုပ်ထွေးသော မန္တန်များဖြင့် ပြည့်နှက်နေသော မန္တန်မှော်စက်ဝိုင်းတစ်ခု ကောင်းကင်၌ ပေါ်လာခဲ့သည်။

သို့သော် သူသည် မန္တန်စက်ဝိုင်းတစ်ခုတည်းဖြင့် မရပ်တန့်သွားခဲ့ပေ။

မန္တန်စက်၀ိုင်းတစ်ခု၏အပေါ်၌ သူသည် စွမ်းအားကို ပို၍ မြှင့်တင်ရန်အတွက် နောက်ထပ် မန္တန်စက်ဝိုင်း နှစ်ခုကို ထပ်ဆင့်လိုက်သည်။

“နယ်စပ်မြို့မှာတောင် အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကောင်းမွန်တဲ့ ပစ္စည်းတစ်ခု ရခဲ့သေးတာပဲ ဒီတော်ဝင်မြို့တော်မှာတော့ ငါ့အတွက် ပိုပြီး မျှော်လင့်စရာတွေရှိနေမယ်ထင်ပါတယ်”

“မင်းတို့အတွက်တော့ ပိုပြီး ထူးထူးခြားခြားလေး ဖြစ်အောင် လုပ်ပေးပ့ါမယ် ဒီမန္တန်စက်၀ိုင်းသုံးခုကို အသက်ရှင်အောင် ခုခံနိုင်ခဲ့ရင် မင်းတို့ရဲ့ ကြီးမြတ်မှုတွေအတွက် င့ါရဲ့တန်ဖိုးရှိပစ္စည်းလေးတွေ ဖြစ်လာဖို့ ထိုက်တန်သွားလိမ့်မယ်”

မန္တန်စက်ဝိုင်း သုံးခု ပြီးစီးသွားသောအခါ မီးတောက်မုန်တိုင်းတစ်ခုသည် ဒုတိယကျွန်းပေါ်သို့ ဆင်းသက်လာပြီး အတွင်းရှိ အရာအားလုံးကို စတင် ဝါးမြိုရန် စိုင်းပြင်တော့သည်။

သုံးထပ်ကွမ်း ငရဲမီးတောက်များသည် ဒုတိယကျွန်းအထက်ရှိ အကာအကွယ် လွှာ ကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ နစ်ခရိုမန်ဆာအရိုးစုသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။

နယ်စပ်မြို့ရှိ အတားအဆီးထက် အနည်းဆုံး အဆင့်တစ်ခုလောက်တော့ တိုးတက်လာမှုကို သူ မျှော်လင့်ထားခဲ့သည်။

“ငါ သူတို့ကို တကယ်ပဲ အထင်ကြီးလွန်သွားခဲ့တာလား” ဟု သူသည် အသံထွက်၍ ပြောလိုက်မိသည်။

“ဟင် ဒါက ဘာများဖြစ်မလဲ”

သူ၏ စိတ်ပျက်မှုများသည် မီးတောက်အတွင်းတစ်နေရာမှ တောက်ပသောအရာတစ်ခု ပေါ်လာသည်ကို ခံစားမိသောအခါ မကြာမီ စိတ်ဝင်စားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မီးတောက်များ ပျောက်ကွယ်သွားသောအခါ သူသည် ပို၍ ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။

အမျိုးသမီးတစ်ဦးသည် ငရဲမီးများသက်ရောက်ခံရသည့် အတွင်းဘက်နေနေရာတစ်ခုမှ ထွက်ပေါ်လာခဲ့ပြီး ရိုးရှင်းသော လက်ဟန်တစ်ခုဖြင့် သူမ၏ ပတ်ဝန်းကျင်ရှိ မီးတောက်များကို ငြိမ်းသတ်လိုက်လေသည်။

သုံးထပ်ကွမ်း ငရဲမီးပင် ဖြစ်လင့်ကစား ထိုအမျိုးသမီး၏ ကာကွယ်မှုကြောင့် ဤမြို့တော်သည် ပျက်စီးသွားရမည့်အဖြစ်ဆီမှ ကာကွယ်နိုင်ခဲ့လေသည်။

“ဟီး ဟီး ဟီး… နားလည်ပြီ ဒါဆို အကောင်းဆုံး ပစ္စည်းက နောက်ဆုံးတော့ ပေါ်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... ဝိညာဉ်ဘုရင်မ”

ဝိညာဉ်ဘုရင်မ၏ တစ်ဖက်၌ အက်စ်တလီနာသည် ယှဉ်၍ ရပ်နေလေသည်။ အခြားတစ်ဖက်၌မူ ရက်စ်ဖီ ရှိနေသည်။

အာရန်မှာမူ တတိယကျွန်းပေါ်သို့ ဆင်းသက်လာပြီး ဒုတိယကျွန်းဘက်ဆီသို့ အလွန်စိတ်ဝင်တစား ငေးကြည့်နေလေသည်။

#Catfoot

All Chapters