← Chapters

သားရဲတစ်ထောင်ကို သတ်ဖြတ်ခြင်း

Vol. 15 Ch. 281

သားရဲတစ်ထောင်ကို သတ်ဖြတ်ခြင်း

Vol. 15 Ch. 281

ရေခဲတောင်ကျားသားရဲသည် မျက်လုံးပြူးသွားသည်။ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် ဓားချက်သည် ကျားသားရဲ၏ ဦးခေါင်းကို မိမိရရ ပိုင်းဖြတ်လိုက်ရာ ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်လာပြီး ဦးခေါင်းတစ်ခုလုံးသည် ကြက်ဥကို တူဖြင့်ထုချေလိုက်သလို တစ်စစီကွဲထွက်သွားတော့သည်။ ထိုမြင်ကွင်းကြောင့် ကျန် အဆင့် ၃ သားရဲများအားလုံး မှင်သက်သွားကြသည်။ မရှုံးနိမ့်ရုံတမယ် အသည်းအသန် ခုခံနေရသည့် ကျန်းချန်ရွှမ်သည် ရုတ်တရက် ကြောက်မက်ဖွယ်စွမ်းအားများ ထုတ် ဖော်နိုင်စွမ်းရှိလာသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။ ထိုသူသည် သူ၏ ကျင့်ကြံမှုအစစ်အမှန်ကို ဖုံးကွယ်ထားခြင်းများလား။

ထိုအတွေးကြောင့် နတ်ဆိုးသားရဲများသည် ကျောရိုးစိမ့်သည်အထိ တုန်လှုပ်သွားမိသည်။ ကျန်း ချန်ရွှမ်ကို ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲတော့ဘဲ ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။ သို့သော် ကျန်းချန်ရွှမ်က သူတို့ကို အလွယ်ထွက်သွားခွင့် ပေးလိုဟန်မတူ။ ရွှေဗလာနယ်ဓားကို ပြန်လည် ဆင့်ခေါ်လာပြီး လေထုထဲတွင် သုံးချက်တိတိ ခုတ်ပိုင်းလိုက်ရာ ဓားအလင်းတန်းသုံးချက် လွင့် ထွက်လာသည်။ အဆိုပါ ဓားအလင်းတန်းများသည် လေထုထဲတွင် လေးကိုင်းပမာ ကွေးညွတ်ပြီး ဆုတ်ခွာနေသည့် နတ်ဆိုးသားရဲသုံးကောင်၏ ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက် လာတော့သည်။

ငွေရောင်စာကလေး၊ ဦးချိုတပ်ကျားရဲနှင့် မီးလျှံအမြီး ဒေါင်းသားရဲတို့သည် မြေကြီးတုန်လုခမန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကိုယ်တွင်းရှိ နတ်ဆိုးစွမ်းအင်များ အမြင့်ဆုံးအထိ မြှင့်တင် လိုက်သည်။ လက်ရှိအချိန်တွင် သုံးကောင်လုံး ပြိုင်တူတွေးနေမိသည်မှာ ကျန်းချန်ရွှမ်၏ တိုက် ခိုက်မှုကို ရှိသမျှအားအင်အကုန် အသုံးပြုပြီး ခုခံရန်ဖြစ်သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ ခုခံနိုင်လျှင် ကျန်းချန်ရွှမ်သည် သူတို့သုံးကောင်ကို ရန်မူရန် အခွင့်အရေးမရတော့ဘဲ ဟွားမန်ရုံကို ကူညီရန် ဆုတ်ခွာရမည်ဖြစ်သည်။ သို့သော် သူတို့တွေးထင်ထားသလို ဖြစ်မလာခဲ့ပါ။

ကျန်းချန်ရွှမ်ထုတ်လွှတ်လိုက်သည့် အလင်းဓားချက်များကို ခုခံရန် ထုတ်ဖော်ထားသည့် ဒေါင်းသားရဲ၏ အလင်းတံတိုင်းများသည် တစ်ခုပြီးတစ်ခု ကြေပျက်ကုန်ကြသည်။ ဒေါင်းသားရဲသည် စူးရှစွာ မြည်တွန်လိုက်ပြီး ရွှေရောင်သတ္တုအရေပြားများသည် ခန္ဓာကိုယ်အောက်ပိုင်းမှ ရင်အုပ်အထိ တစ်ရစ်ပြီးတစ်ရစ် တက်လာကြသည်။ ဒေါင်းသားရဲကြီးသည် သူ၏ ခံစစ်ကို အဆုံးစွန်အထိ မြှင့်တင်လိုက်ခြင်းဖြစ်သည်။ သို့သော် အဝတ်စတစ်ခုကို ဆုတ်ဖြဲလိုက်သည့် အသံတစ်ခုထွက် လာပြီးနောက် ဒေါင်းသားရဲကြီး၏ ခန္ဓာကိုယ်ကြီးသည် ဓားအလင်းတန်းလက်ချက်ဖြင့် ခြေအစခေါင်းအဆုံး ထက်ခြမ်းကွဲသွားတော့သည်။ ဦးချိုတပ်ကျားရဲနှင့် ငွေရောင်စာကလေးသားရဲတို့၏ အခြေအနေမှာလည်း မကောင်းလှပါ။

ရွှေဗလာနယ်ဓားချက်များ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်ဝယ် ထိုသားရဲနှစ်ကောင်၏ အကာအကွယ်များ တစ်ခုပြီးတစ်ခု ပျက်စီးကုန်ပြီး နောက်ဆုံးတွင် နှစ်ကောင်လုံးပွဲချင်းပြီးသေဆုံး သွားတော့သည်။ ဖြစ်စဉ် အစအဆုံးမှာ အသက်တစ်အောင့်စာမျှသာ ကြာလိုက်သည်။ ကျန်းချန်ရွှမ်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး အဆင့် ၃ အမြင့်ဆုံးအဆင့် နတ်ဆိုးသားရဲ လေးကောင်၏ ရှေ့တွင် ပေါ်လာပြန်သည်။ ကျန်းချန်ရွှမ်သည် ရွှေဗလာနယ်ဓားကို ထပ်မံဝှေ့ ယမ်းလိုက်ပြန်သည်။ ဓားအလင်းတန်းများ ပြိုးပြက်လာပြီး အနီးဆုံးတွင်ရှိသည့် ခေါင်းနှစ်လုံးမြွေကြီးထံ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။

ချွင်..

မြွေကြီး၏ တံစဉ်ပုံ ဓမ္မရတနာသည် ရွှေဗလာနယ်ဓားကို အနိုင်နိုင်ခုခံလိုက်ရသည်။ ထိုခဏတွင် ခေါင်းနှစ်လုံးမြွေသားရဲသည် တံစဉ်ဓမ္မရတနာ၏ အသွားတွင် ချိုင့်ဝင်သွားသည်ကို တွေ့လိုက်ရ ပြီးနောက် မျက်နှာပျက်သွားသည်။ ခေါင်းနှစ်လုံးမြွေ အခြေအနေမကောင်းသည်ကို မြင်သော ချောက်နက်ကြောင်သားရဲသည် အဝေးတစ်နေရာမှ ရုတ်တရက် ခုန်အုပ်လိုက်သည်။

“မြောင်”

ကြောင်သားရဲ၏ မျက်လုံးအစုံသည် မိစ္ဆာအငွေ့အသက်များဖြင့် ဝင်းဝင်းတောက်နေပြီး တိုးဖွ သော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြောင်အော်သံကြောင့် ကျန်းချန်ရွှမ်၏ ဦးခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး ပုံရိပ်ယောင်များ အလျှိုလျှိုပေါ်လာတော့သည်။

“ဟီးဟီး”

ကြောင်သားရဲကြီးသည် ခပ်ဖွဖွရယ်မောလိုက်ပြီး အေးစက်စက်အော်ရာများ ထုတ်လွှင့်နေသည့် လက်သည်းကြီးများဖြင့် ကျန်းချန်ရွှမ်၏ လည်ပင်းကို ကုတ်ဆွဲလိုက်သည်။ ထိုခဏတွင် ကျန်းချန် ရွှမ်၏ ရီဝေဝေမျက်လုံးများသည် တစ်ဖန်လင်းသွားပြီး ချောက်နက်ကြောင်ကြီးကို ရယ်ပြလိုက် သည်။ ကြောင်သားရဲ၏ စိတ်ထဲတွင် တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်သည့် တစ်ခဏ တွင် သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ အလျှံတငြီးငြီး တောက်လောင်နေသည့် မီးလျှံလုံး ကြီးများ ချဉ်းနင်းဝင်ရောက်လာတော့သည်။ ကြောင်သားရဲသည် နောက်တစ်ကြိမ် အော်ညည်းလိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ပထမတစ်ခေါက်ကဲ့သို့ ညင်သာတိုးဖွခြင်းမရှိတော့ပါ။

အော်သံအဆုံးတွင် ကြောင်သားရဲကြီး၏ မျက်လုံးနှင့်နှာခေါင်းပေါက်များမှ အနီရင့်ရောင်သွေးများ စီးကျလာတော့သည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၏ ပေတစ်ရာကျော်ရှည်လျားသည့် ဓား အလင်းတန်းသည် ကြောင်သားရဲ၏ ဦးခေါင်းကို ခုတ်ချလိုက်သည်။ ကြောင်သားရဲသည် စူးရှစွာ အော်ညည်းလိုက်သည်။ မျက်လုံးအစုံတွင် အရောင်များ အဆက်မပြတ် ပြောင်းလဲသွားပြီးနောက် ကြောင်သားရဲ၏ ဦးခေါင်းအတွင်းမှ အဝါရောင်ခေါင်းလောင်းတစ်လုံး ပျံတက်လာသည်။

ဒင် ဒင် ဒင်…

ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ကျန်းချန်ရွှမ်၏ ဓားချက်သည် ရုတ်တရက် တုံ့ဆိုင်းသွား သည်။ ထိုအခွင့်အရေးကို အမိအရအသုံးချလျက် ကြောင်သားရဲသည် အမြန်ဆုတ်ခွာလိုက်သည်။ သူ့မျက်လုံးများတွင် ကျန်းချန်ရွှမ်အပေါ် မုန်းတီးစက်ဆုပ်ခြင်းများ အတိုင်းသား မြင်နေရသည်။ ကြောင်သားရဲသည် ခေါင်းနှစ်လုံးမြွေသားရဲကို အကူအညီတောင်းရန် လှည့်အကြည့်တွင် မြွေကြီးသည် သူ့ကို တုန်လှုပ်စွာ ပြူးကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုခဏတွင် သူသတိပြုမိလိုက်သည်က သူနှင့်အတူ ဦးခေါင်းတစ်ခုသာပါလာပြီး ကျန်ခန္ဓာကိုယ်ကြီးသည် မြေပြင်တွင် ယိမ်းထိုး လျက် လဲကျသွားသည်ကို မြင်လိုက်ရတော့သည်။

ကြောင်သားရဲကြီးသည် မည်သို့မည်ပုံဖြစ်ပျက်သွားသည်ကို စဉ်းစားမရခင်မှာပင် အသိစိတ်ချုပ်ငြိမ်းကာ ဇီဝိန်ကြွေသွားတော့သည်။ အမှန်တွင် ကြောင်သားရဲသည် ခေါင်းလောင်းဝါကို အသုံးပြု၍ ရွှေဗလာနယ်ဓားကို တားဆီးလိုက်သည့် တစ်ခဏတွင် ဓားသည် အသွင်မဲ့ပုံရိပ်အဖြစ် ပြောင်း လဲပြီး ကြောင်သားရဲ၏ လည်ပင်းကို ခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။

***

All Chapters