← Chapters

ရွှေအမြုတေရောက်လာခြင်း (၂)

Vol. 15 Ch. 290

ရွှေအမြုတေရောက်လာခြင်း (၂)

Vol. 15 Ch. 290

နတ်ဆိုးသားရဲများသည် ရူးသွပ်နေသည့်အလား အဆင့် ၄ တိုင်ယီအစီအရင်ကို ပြေးဝင်တိုက်ခိုက် ကုန်ကြသည်။ သေမည်ကို သိသိလျက်နှင့် ဂရုမမူကြဘဲ လှိုင်းလုံးကြီးနိမ့်ဆင်းလာသကဲသို့ သဲသဲ မဲမဲ တိုက်ခိုက်ကြသည်။ အစီအရင်စက်ဝန်းတလျှောက်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာသည်။

သားရဲများသည် ယင်းတို့ပိုင်ဆိုင်ထားသော လက်နက်များ၊ နတ်ဘုရားစွမ်းအင်များကို ရက်ရက်ရောရော အသုံးပြု၍ ကြယ်သံကြိုးအစီအရင်ကို တိုက်ခိုက်လျက်ရှိသည်။ သို့သော် အဆို ပါတိုက်ခိုက်မှုများသည် အစီအရင်အား တစ်စုံတစ်ရာ ထိခိုက်နိုင်စွမ်းမရှိပါ။ ထိုသားရဲများ အစီအရင်စက်ကွင်းအတွင်း ချဉ်းနင်းဝင်ရောက်မိသည်နှင့် သွေးမြူအဖြစ် ပြောင်းလဲကာ အစုလိုက် သေဆုံးကုန်ကြသည်။

အချိန်တိုအတွင်း အဆင့်နိမ့်သားရဲ ထောင်ဂဏန်းသေဆုံးပြီးဖြစ်သည်။ ထိုအရေအတွက်မှာ ဆက်လက်၍ တိုးပွားလာမည့် လက္ခဏာလည်းရှိသည်။ တံတိုင်းထက်ရှိ ကျန်းချန်ရွှမ်တို့သည် ထိုမြင် ကွင်းကို ကြည့်လျက် ဇောချွေးများပြန်လာကြသည်။ အဆင့်နိမ့်သားရဲများသည် အဆင့် ၄ ကြယ် သံကြိုးအစီအရင်ကို ပြောပလောက်သည့် ထိခိုက်မှုမျိုး မပေးနိုင်သည်မှာ မှန်သော်လည်း အစီအ ရင် လည်ပတ်ရန် အသုံးပြုရသည့် ဝိညာဉ်ကျောက်တုံးများ လိုသည်ထက် ပိုကုန်နေခြင်းကြောင့် ဖြစ်သည်။ ကျောက်တုံးငါးသိန်းသည် ပုံမှန်အားဖြင့် တစ်နေ့နှင့်တစ်ည လည်ပတ်ရန် လုံလောက် သော်လည်း အဆင့်နိမ့်သားရဲများ၏ အသေခံတိုက်ခိုက်မှုများကြောင့် နေ့တစ်ပိုင်းသာ ခံတော့မည့် အခြေအနေမျိုး ဆိုက်နေသည်။

ထိုအခြေအနေမျိုးတွင် ဝံပုလွေဘုရင်သည် တစ်စုံတစ်ရာ မလှုပ်ရှားဘဲ ငြိမ်ချက်သားကောင်းနေသည်။ ၎င်းသာ ဝင်ရောက်တိုက်ခိုက်ပါက အခြေအနေ အလွန်ဆိုးဝါးသွားနိုင်သည်။ ကျန်းချန်ရွှမ် က တစ်ခုခုပြုမှဖြစ်တော့မည်ဟု တွေးမိပြီး ကျန်လူများဖက်သို့ လှည့်ကာ

“အားလုံးပဲ။ ကျုပ်တို့ဒီအတိုင်း ကြည့်နေလို့မဖြစ်ဘူး။ အစီအရင်ကို ကျုပ်ကိုယ်တိုင် ထိန်းချုပ်လည်ပတ်ပြီး လူအားလုံး ဘေးကင်းလောက်မဲ့ အတိုင်းအတာနဲ့ အကွာအဝေးကို ပြန်ပြီး ချိန်ညှိယူရမယ်။ ဒါဆိုရင် ဝိညာဉ်ကျောက်တုံး ကုန်ဆုံးတဲ့နှုန်းကို လျော့ချနိုင်မယ်”

ကျန်းချန်ရွှမ်၏စကားကို အားလုံးသဘောတူလိုက်ကြသည်။ ထိုအခါ ကျန်းချန်ရွှမ်သည် အစီအရင်၏ ဗဟိုချက်အနီးသို့ ချဉ်းကပ်လိုက်သည်။ အစီအရင်ပညာရပ်တွင် သူ၏ လက်ရှိနယ်ပယ်အရ အဆင့် ၄ အစီအရင်ကွက်တစ်ခုကို ဖန်တီးနိုင်ခြင်းမရှိသေးသော်လည်း ရှိနှင့်ပြီးအစီအရင်ကိုတော့ ကျွမ်းကျင်စွာ လည်ပတ်နိုင်ပါသေးသည်။

ကျွီ

မကြာမီ အစီအရင်ကွက်၏ ကာကွယ်ရေးစနစ်သည် အလိုအလျောက်မှ ကြိုတင်သတ်မှတ်ထားသည့် ခုခံရေးပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ တစ်ချိန်တည်းတွင် အစီအရင်၏ ရန်သူများအား တန်ပြန်တိုက်ခိုက်ပုံသည် ပိုမိုပြင်းထန်လာသည်။ အစီအရင်သည် ကျန်းချန်ရွှမ်ကိုယ်တိုင် ကိုင်တွယ်လိုက်မှ အသက်ဝင်လာသည့် သဘောမျိုးဖြစ်သည်။ အစီအရင်ကွက်၏ ပြင်ပတွင် လူသား ကျင့်ကြံသူတစ်ဦး အန္တရာယ်ရှိနေပြီဆိုလျှင်လည်း အစီအရင်သည် ရုတ်တရက် ပြန့်ကားလာပြီး ထိုကျင့်ကြံသူအပေါ် အုပ်မိုးကာကွယ်ပေးနိုင်စွမ်းရှိသည်။ ထိုမြင်ကွင်းကိုကြည့်နေရင်း ဝံပုလွေဘုရင်၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားပြီး အေးစက်ခက်ထန်သည့် အကြည့်မျိုးဖြင့် မမှိတ်မသုန် အကဲခတ်နေသည်။

သို့သော် ထူးဆန်းစွာပင် လှုပ်ရှားမှုတစ်ခုတလေကိုမျှ မပြုလုပ်ဘဲ ရပ်ကြည့်နေသည်။ အဆင့်နိမ့် သားရဲများသည် သူ့ရှေ့မှောက်တွင်ပင် သွေးမြူများ၊ ပြာများအဖြစ်သို့ ပြောင်းလဲပြီး ဇီဝိန်ကြွေ ကုန်ကြသည့်တိုင် မတုန်မလှုပ်ရှိနေဆဲပင်။ ဤသို့နှင့် တစ်ရက်ကြာသွားသည်။ နေထွက်လာသည့် အခါတွင် ရှေးဟောင်းမူလမြို့တော်၏ အထက်ကောင်းကင်တစ်နေရာတွင် သွေးနီရောင်တိမ်လွှာတစ်ခု သိပ်သည်းဖွဲ့တည်လျက်ရှိသည်ကို တွေ့ရသည်။ တံတိုင်းအပြင် နေရာအနှံ့တွင် သားရဲအလောင်းများနှင့် ပြည့်နှက်ကာ သွေးချောင်းစီးလျက်ရှိသည်။ တံတိုင်းထက်ရှိ ကျင့်ကြံသူများသည် လည်း တစ်ရက်လုံးလုံး မရပ်မနားခုခံနေရ၍ ပြိုလဲလုမတတ် ပင်ပန်းနေကြသည်။ ဟွားမန်ရုံ၊ လီဖေး၊ ကျန်းရန်တောက်နှင့် ပို်ငမိသားစုဝင်သုံးဦးတို့၏ မျက်လုံးများမှာ နီရဲနေကြသည်။

ရှန်းရူယန်တစ်ဦးတည်းသာ ပုံမှန်အတိုင်း ဟန်မပျက်ရှိနေသည်။ ကိုယ်တွင်းရှိ ဓမ္မစွမ်းအင် အနိမ့်အမြင့်မှာ တည်ငြိမ်နေသလို ပင်ပန်းနွမ်းနယ်ဟန်လည်းမပေါ်ပါ။ ထို့ကြောင့် ဟွားမန်ရုံနှင့်တကွ ကျန်လူများလည်း အံ့အားသင့်နေမိကြသည်။ ရှန်းရူယန်သည် တိုက်ပွဲမစခင်ကတည်းက ဓားသွား ရွှေလင်းယုန်နှင့် တိုက်ခိုက်ပြီးဖြစ်ရာ ယခုအချိန်အထိ ဟန်မပျက်ရှိနေခြင်းသည် အံ့ဖွယ်သရဲဖြစ် ရပ် ဟုပင်ဆိုနိုင်ပါမည်။ သူမ၏ ကျင့်ကြံမှုအုတ်မြစ်သည် အလွန်နက်ရှိုင်းကျယ်ပြောဟန် တူသည် ဟု ကိုယ်စီမှတ်ချက်ချလိုက်မိကြသည်။ ထိုအခိုက်တွင် မကြာသေးမီက ဆုတ်ခွာသွားသည့် နတ် ဆိုးသားရဲများသည် ပြန်လည်စုဖွဲ့နေခြင်းကြောင့် ကျင့်ကြံသူများလည်း အနားယူရာမှ ပြန်ထပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်ကြရပြန်သည်။

အချိန်တိုအတွင်း၌ မြောက်များလှသည့် သားရဲတပ်ကြီးသည် တံတိုင်းအနီးတွင် ပြန်လည်စုစည်းမိကြပြီး နောက်ထပ်ထိုးစစ်ကို စတင်လိုက်ကြသည်။ ဤသို့နှင့် နောက်ထပ်လေးရက်ကြာသွားသည်။ စတုတ္ထမြောက်နေ့တွင် ဝံပုလွေဘုရင် စတင်လှုပ်ရှားလာသည်။ ၎င်း၏ ပုံရိပ်သည် နေရာမှ ရုတ်တရက်ပျောက်သွားပြီး မြို့တော်၏ အထက်ကောင်းကင်တွင် ပြန်ပေါ်လာသည်။ ဝံပုလွေဘုရင်သည် ပါးစပ်ကိုဟပြီး သွေးနီရောင်ဓားတစ်စင်းကို ထွေးထုတ်လိုက်သည်။ ထိုဓားသည် အရှိန်အဟုန်ဖြင့် အောက်တည့်တည့်ရှိ အစီအရင်စက်ဝန်းသို့ ပျံသန်းသွားသည်။ တိုက်ခိုက်မှုပေါင်းစုံကို လေးရက်တိုင် ကြံ့ကြံ့ခံခုခံနိုင်ခဲ့သည့် ကြယ်သံကြိုးအစီအရင်သည် ဝံပုလွေဘုရင်၏ အဆင့် ၄ ရ တနာနှင့် ရင်ဆိုင်ရသောအခါ အရောင်မှိန်သွားပြီး ကောင်းကင်တွင် ချိတ်ဆက်ထားသည့် အလင်းတိုင်များမှာလည်း ပြိုလဲတော့မည့် လက္ခဏာများ တွေ့လာရသည်။

ကျန်းချန်ရွှမ်ကိုယ်တိုင်လည်း မျက်နှာပျက်သွားမိသည်။ ဝံပုလွေဘုရင်သည် ရွှေအမြုတေ ကနဦးအဆင့် မည်သည်နည်းနှင့်မှ မဖြစ်နိုင်ပါ။ ထို့နောက် သိုလှောင်လက်စွပ်ကိုဖွင့်ပြီး ဝိညာဉ်ကျောက် တုံးသောင်းဂဏန်းကို ထုတ်ယူပြီး အစီအရင်ကွက်ထဲ ပစ်သွင်းလိုက်သည်။ အရောင်မှိန်နေသည့် အစီအရင်စက်ကွင်းသည် ကျောက်တုံးများ၏ စွမ်းအင်ဖြည့်တင်းပေးမှုကြောင့် တစ်ဖန် ပြန်လည် တောက်ပလာသည်။ ထိုအခါ ဝံပုလွေဘုရင်သည် ကျန်းချန်ရွှမ်ကိုကြည့်ရင်း သရော်တော်တော် ရယ်မောလိုက်သည်။ ထို့နောက် နေရာမှပျောက်သွားပြီး အလွန်မြန်ဆန်သည့် အဟုန်ဖြင့် ရွေ့လျားလျက် အစီအရင်ကို နေရာပေါင်းစုံ၊ ဘက်ပေါင်းစုံမှ တိုက်ခိုက်ထိုးဖောက်သည်။ မြန်နှုန်းမြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်၍ ဝံပုလွေဘုရင်သည် တစ်ချိန်တည်းတွင် ကိုယ်ခွဲ၍ တိုက်ခိုက်နေသည့် ပမာ လူးလာဆန်ခတ်လျက်ရှိသည်။

အတိုက်ခံရသော အစီအရင်ကွက်၏ အစိတ်အပိုင်းများသည် အလင်းများ ပြိုးပြက်ကာ လှုပ်ယမ်းသွားကြသည်။ ဟွားမန်ရုံတို့လည်း ထိုမြင်ကွင်းကြောင့် စိတ်ဂနာမငြိမ်ဖြစ်ကုန်ကြသည်။ သို့ရာတွင် အစီအရင်ကို ပဲ့ထိန်းနေသူ ကျန်းချန်ရွှမ်က တည်ငြိမ်စွာရှိနေခြင်းကြောင့် စိတ်သက်သာရာရမိသည်။ သို့သော် အစီအရင်ကွက်သည် ဝံပုလွေဘုရင်၏ လက်ချက်ဖြင့် အချိန်မရွေး လဲပြိုတော့မည့် အနေအထားမျိုးသို့ ဆိုက်ရောက်နေသည်မှာတော့ မငြင်းနိုင်ပါချေ။ သူတို့အထဲတွင် အတည် ငြိမ်ဆုံး၊ ဝါအရင့်ဆုံးဟု ဆိုရမည့် ပိုင်မင်ရှန်းကိုယ်တိုင်ပင် မတည်ငြိမ်နိုင်တော့ဘဲ ဟွားမန်ရုံအား

“တာအိုမိတ်ဆွေဟွား၊ ခင်ဗျားတို့ဂိုဏ်းက စစ်ကူ ဘယ်တော့ရောက်မှာလဲ”

ဟွားမန်ရုံက ပြန်ဖြေမည်အပြုတွင် အဝေးတစ်နေရာမှ အလင်းတန်းတစ်ခု ပျံသန်းလာသည်ကို ခံစားမိလိုက်ကြသည်။ ထိုအလင်းတန်းမှ ထုတ်လွှတ်နေသည့် တုန်လှုပ်ဖွယ်ဖိအားကြောင့် ရွှေအမြုတေအဆင့်ဖြစ်ကြောင်း သူတို့အားလုံး ရိပ်မိလိုက်ကြသည်။

“အရိုင်းကောင် အတင့်ရဲလှချည်လား”

ဒေါသတကြီးဟစ်အော်လိုက်သည့် အသံကြီးက အဝေးမှ ပဲ့တင်ထပ်လာသည်။ မိုးကြိုးတစ်စင်း ပြေးဝင်လာသည့်ပမာ အရိပ်တစ်ခု သက်ဆင်းလာပြီးနောက် တံတိုင်းကို ဝန်းရံတိုက်ခိုက်နေသည့် သားရဲအုပ်ကြီးသည် မြေလှန်သလို ပြိုဆင်းသွားတော့သည်။ ထိုအခါ ဟွားမန်ရုံ၊ လီဖေး၊ ကျန်းရန် တောက်နှင့် ပိုင်မိသားစုဝင်သုံးဦးတို့လည်း ဝမ်းသာအားရစွာ ပြိုင်တူရေရွတ်လိုက်ကြသည်။

“ရွှေအမြုတေစီနီယာ ရောက်လာပြီ”

တစ်ချိန်တည်းတွင် အလင်းတန်းထံမှ အရောင်အလင်း ထိန်ဝါသည့် ဓားတစ်စင်း လွင့်ထွက်လာ ပြီး ဝံပုလွေဘုရင်၏ ဦးခေါင်းတည့်တည့်ကို ပြေးဝင်သွားသည်။ ဝံပုလွေဘုရင်လည်း ဝံခေါင်းဓားကိုထုတ်လျက် ခုခံလိုက်သည်။ ဓမ္မရတနာနှစ်ခု ထိပ်တိုက်တိုးမိလျှင် ပေါက်ကွဲမှုကြီးတစ်ခု ဆင့် ကဲဖြစ်ပေါ်လာပြီး မှိုပွင့်ပုံတိမ်တိုက်ကြီးတစ်ဖု ဖြစ်တည်လာတော့သည်။ ထိုပေါက်ကွဲမှုမှ တန်ပြန်ထွက်ပေါ်လာသည့် လှိုင်းကြီးသည် အနီးဆုံးရှိ နတ်ဆိုးသားရဲများကို တိုက်စားလိုက်ရာ ရာချီသော သားရဲများ၏ ကိုယ်ခန္ဓာများ စုတ်ပြဲကုန်ကြသည်။

***

All Chapters