← Chapters

အနိုင်ပိုင်းခြင်း

Vol. 15 Ch. 293

အနိုင်ပိုင်းခြင်း

Vol. 15 Ch. 293

ရွှေအမြုတေအဆင့်ရှိ အင်အားနှစ်ရပ် ထိပ်တိုက်တွေ့နေသည့်အပြင် ကြယ်သံကြိုးအစီအရင်ကို ထိန်းချုပ်မည့်သူလည်း မရှိခြင်းကြောင့် ရှေးဟောင်းမူလမြို့သည် ရန်သူဝံပုလွေဘုရင် မဖျက်ဆီးခင် အရင်ပြိုလဲတော့မည့် ကိန်းဆိုက်နေတော့သည်။ သို့သော် ပန်ပိုင်ယန်က ထိုအချက်ကို ဂရုစိုက်ဟန်မတူပါ။ သူ၏ အဓိကရည်ရွယ်ချက်မှာ မြို့ကိုဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။ ကျန်းချန်ရွှမ်မှာ အချိန်ဆွဲ၍ မဖြစ်ကြောင်း ရိပ်စားမိ၍ မန္တန်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ အစီအရင်ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသည်။ ခဏအကြာတွင် အရှိန်နှေးသွားသော ကြယ်သံကြိုးအစီအရင်သည် တစ်ဖန်ပြန်လည်အသက်ဝင်လာတော့သည်။

ကောင်းကင်ထက်မှ ကြယ်အလင်းများ တစ်ဖန်ကျဆင်းလာပြီး အစီအရင်စက်ဝန်းအတွင်း စုစည်းမိကာ အရင်အတိုင်း သက်ဝင်လှုပ်ရှားလာသည်။ တစ်ဆက်တည်းတွင် ပန်ပိုင်ယန်ကြောင့် ပြိုလဲတော့မလို ဖြစ်နေသည့် ရှေးဟောင်းမူလတစ်မြို့လုံးသည် အစီအရင်၏ အကာအကွယ်ပေးမှု အောက်တွင် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်စပြုလာသည်။ ထိုမြင်ကွင်းကြောင့် ပန်ပိုင်ယန်၏ မျက်နှာမှာ ကြောက်မက်ဖွယ် အကျည်းတန်သွားပြီး သူ့လက်ထဲရှိ အစီအရင်ထိန်းချုပ်သည့် တိုကင်ဘီးကို ငုံ့ကြည့်မိသည်။ တိုကင်သည် ကြယ်အလင်းများ တောက်ပလျက်ရှိနေသည်ကို တွေ့ရ၍ ကျန်းချန်ရွှမ်ပေးလိုက်သည့် ထိန်းချုပ်တိုကင်သည် အစစ်ဖြစ်ကြောင်း သေချာသွားသည်။

ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ကျန်းချန်ရွှမ်သည် ကနဦးကတည်းက သူ့အပေါ် အယုံအကြည်မရှိ၍ အရန်သင့်အစီအစဉ်တစ်ခုကို ကြိုတင်ပြင်ဆင်ထားဟန်တူသည်။ ဤသည်ကို ရိပ်မိလိုက်သည့် ပန်ပိုင်ယန်သည် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကျန်းချန်ရွှမ်ကို စိုက်ကြည့်နေတော့သည်။ ကျန်းချန်ရွှမ်သည် မြေဓာတ်ပုဆိန်လှံကို မြှင့်တင်လိုက်ပြီး ပန်ပိုင်ယန်၏ ဓားချက်ကို ခုခံလိုက်ပြန်သည်။ ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခုနှင့်အတူ တန်ပြန်လှိုင်းတစ်ရပ်သည် ဓားနှင့်ပုဆိန်လှံကို ဗဟိုပြုလျက် ဖြာထွက်သွားသည်။ သည်တစ်ကြိမ်တွင်တော့ အစီအရင်စက်ဝန်းသည် တန်ပြန်လှိုင်းသက်ရောက်မှုကို ကောင်းစွာခုခံနိုင်လိုက်သည်။

ကျန်းချန်ရွှမ်လည်း နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး ပုဆိန်လှံကိုင်ထားသော လက်ဝါးပြင်မှ သွေးများစီးကျလာသည်။ သို့သော် နတ်ဘုရားစွမ်းအားက အလျင်အမြန် ကုစားလိုက်သောကြောင့် ဒဏ်ရာကျက်သွားသည်။ တစ်ချိန်တည်းတွင် အဆင့် ၄ အစီအရင်စက်ဝန်းမှ ရုတ်တရက် အလင်းတံတိုင်းတစ်ခု ထုတ်လွှင့်လိုက်ပြီး အပြင်ရှိ ဝံပုလွေဘုရင်နှင့် နတ်ဆိုးသားရဲများ၏ စုပေါင်းတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ထိုအချိန်တွင် ကျန်းချန်ရွှမ် မူလစီစဉ်ထားသလို အစီအရင်ကို အသုံးချ၍ ပန်ပိုင်ယန်ကို ပိတ်လှောင်ရန် အကြံမှာ အလုပ်မဖြစ်နိုင်တော့မှန်း ရိပ်မိလိုက်သည်။

ထို့ကြောင့် ကျန်းချန်ရွှမ်သည် ကြယ်အလင်းပုံ သင်္ကေတများ ထွင်းထုထားသည့် အစီအရင်ပြားတခုကို ရှန်းရူယန်ထံ ပစ်ပေးလိုက်သည်။

“ရူယန် အစီအရင်ကိုထိန်းတဲ့ တိုကင်ပြားပဲ။ အခုချိန်ကစပြီး အစီအရင်ကို ထိန်းချုပ်နိုင်တဲ့သူက မင်းဖြစ်သွားပြီ”

ရှန်းရူယန်က အစီအရင်ပြားကို ဖမ်းယူလိုက်ပြီးနောက် ခေတ္တစဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

“နားလည်ပြီ”

ရှန်းရူယန်၏ အတွေးမှာ ကျန်းချန်ရွှမ်နှင့် အတူပူးပေါင်းလျက် အစီအရင်၏ အစွမ်းကို အသုံးချနိုင်လျှင် ပန်ပိုင်ယန်ကို သုတ်သင်ရန် အခွင့်အလမ်း အလွန်များကြောင်းဖြစ်သည်။ သို့သော် ပန်ပိုင်ယန်ကိုသာ နှစ်ဦးသား အာရုံစိုက်နေလျှင် ထိန်းချုပ်သူမဲ့နေသည့် အစီအရင်စက်ဝန်းသည် ပြင်ပမှ ဝံပုလွေဘုရင်နှင့် နောက်လိုက်သားရဲတို့၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ဘဲ ရှေးဟောင်းမူလ တစ်မြို့လုံး ကျဆုံးသွားနိုင်သည်။ ဤသို့ဖြစ်လာခဲ့လျှင် ပန်ပိုင်ယန်ကို သတ်နိုင်ခဲ့လျှင်တောင် အကြောင်းထူးတော့မည်မဟုတ်။ ဤမြို့သာ ဝံပုလွေဘုရင်နှင့် သားရဲများလက်ထံ ကျရောက်သွားခဲ့ပါက သူမနှင့် ကျန်းချန်ရွှမ်တို့ ထွက်ပြေးလွတ်မြောက်ကောင်း လွတ်မြောက်နိုင်မည်ဖြစ်သော် လည်း ဟွားမန်ရုံနှင့်ကျန်လူများအဖို့ သေလမ်းမှလွဲ၍ အခြားမရှိပါ။

ထို့ကြောင့် ရှန်းရူယန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ပန်ပိုင်ယန်ကို ကျန်းချန်ရွှမ်လက်ထဲအပ်၍ သူမအနေနှင့် ပြင်ပအန္တရာယ်ကိုသာ အာရုံစိုက်ရန်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ပန်ပိုင်ယန်တို့ တိုက်ပွဲမှ ပဲ့တင်ထပ်လာသည့် တန်ပြန်လှိုင်းများသည် အစီအရင်အပေါ် သက်ရောက်မှုရှိ သော်လည်း ရှန်းရူယန်က ဝိညာဉ်ကျောက်တုံးများကို မပြတ်ဖြည့်စေ၍ အစီအရင်ကို လည်ပတ်လိုက်သောကြောင့် ပုံမှန်အတိုင်းဖြစ်သွားသည်။

ဒုန်း ဒုန်း ဒုန်း

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ပန်ပိုင်ယန်တို့၏ တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်လျက်ရှိသည်။ နှစ်ဖက်ထိပ်တိုက်တွေ့သည့် အချိန်တိုင်းတွင် တန်ပြန်လှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရှန်းရူယန်သည် အစီအရင်ကို ထိန်းချုပ်လိုက်သည့် အချိန်မှစ၍ ကျန်းချန်ရွှမ်နှင့် ပန်ပိုင်ယန်တို့ တိုက်ခိုက်နေသည့် အပိုင်းကို မြို့နှင့် သီခြားခွဲထုတ်လိုက်သည်။ ထို့ကြောင့် တိုက်ပွဲမည်မျှပြင်းထန်သည်ဖြစ်စေ မြို့တော်အပေါ် သက်ရောက်မှု မရှိတော့ပါ။

ထိုခဏတွင် တိုက်ပွဲမှာ ခေတ္တရပ်သွားသည်။ ကျန်းချန်ရွှမ်သည် ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်ရပြီး လက်ထဲရှိ မြေဓာတ်ပုဆိန်လှံကို အမှီပြုနေရသည်။ တစ်ဖက်တွင် ပန်ပိုင်ယန်သည်လည်း အခြေအနေမကောင်းလှပါ။ ထိုအခါ ကျန်းချန်ရွှမ်သည် ပန်ပိုင်ယန်ကို သရော်ဟန်နှင့် စိုက်ကြည့်လိုက်ပြီး

“ခင်ဗျားကို အထင်ကြီးမိတာ မှားပြီထင်တယ်။ ခင်ဗျားသိပ်သည်းထားတဲ့ ရွှေအမြုတေက အရည်အသွေးကောင်းပုံမရဘူး”

တိုက်ခိုက်နေရင်းနှင့် ကျန်းချန်ရွှမ်သည် ပန်ပိုင်ယန်၏ တိုက်ခိုက်သည့်ပုံစံကို ကျင့်သားရလာသလို ပန်ပိုင်ယန်၏ ဓမ္မစွမ်းအင်လည်ပတ်မှု အခင်းအကျင်းတွင် အားနည်းချက်အချို့ကို တွေ့ရှိ လိုက်ရသည်။ တိုက်ပွဲအစက ပန်ပိုင်ယန်၏ တိုက်ခိုက်မှုကို အလူးအလဲခုခံနေရသည့် အခြေအနေ မှ တန်ပြန်ဒုက္ခပေးနိုင်သည်အထိ တိုးတက်လာသည်။ တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်သည် ရန်သူဖြစ်သူ၏ အားနည်းချက်ကို အပို်ငနင်း၍ တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

ဒဏ်ရာအချို့ ရထားသော်လည်း လျစ်လျူရှုလျက် ကျန်းချန်ရွှမ်သည် ရှိသမျှ အားအင်အကုန် ထုတ်ဖော်၍ ပန်ပိုင်ယန်၏ ဓားပျံကို အဝေးသို့ ခပ်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် မြေဓာတ် ပုဆိန်လှံ၏ အလေးချိန်ကို အသုံးချ၍ ပန်ပိုင်ယန် ဆင့်ခေါ်ထားသည့် အဆင့် ၃ ဓမ္မရတနာ ဒိုင်းကြီးကို အစွမ်းကုန်ဖိချလိုက်ရာ ဒိုင်းမျက်နှာပြင်သည် ကွဲအက်စပြုလာတော့သည်။

***

All Chapters