သေခြင်းအစားထိုးရတနာ
Vol. 15 Ch. 297
“ဟုတ်ပါတယ် ဝံပုလွေဘုရင်ကို မျှားထုတ်ဖို့ပါပဲ။ အချိန်တစ်ခုရောက်ရင် ကျွန်တော်နဲ့ရူယန်က ရှေ့ထွက်ပြီး အဆင့် ၃ သားရဲသုံးကောင်ကို ရင်ဆိုင်မယ်။ ကျွန်တော်တို့ကိုတွေ့ရင် ဝံပုလွေဘုရင် က အလွတ်ပေးမှာမဟုတ်ဘူး။ ရှေ့တက်လာလိမ့်မယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ကျင့်ကြံမှုအဆင့်အတန်းအရ အဆိုပါ အဆင့် ၃ သားရဲသုံး ကောင်သည် သူတို့နှစ်ဦးကို ယှဉ်နိုင်စွမ်းမရှိပါ။ လတ်တလော အခင်းအကျင်းတွင် သူတို့နှစ်ဦးကို အသက်အန္တရာယ်ပြုနိုင်သည်မှာ ဝံပုလွေဘုရင် တစ်ဦးတည်းသာရှိပြီး ထိုအချက်ကို ဝံပုလွေဘုရင်လည်း ကောင်းစွာသိရှိနေမှာ သေချာပါသည်။ ထို့ကြောင့် ဝံပုလွေဘုရင်အနေနှင့် ကျန်းချန်ရွှမ်တို့ နှစ်ဦးကို သတ်ဖြတ်လိုလျှင် မဖြစ်မနေ ရှေ့ထွက်ရမှာဖြစ်ပြီး ထိုအချိန်ကို ကုယွဲ့ဖန်းက ချိန်သားကိုက် အသုံးချရမည်ဖြစ်သည်။
ကုယွဲ့ဖန်းသာ မှန်ကန်စွာ လှုပ်ရှားနိုင်ပါက ရှေးဟောင်းမူလမြို့တော်နှင့် တောင်တန်းဒေသကို မွှေနှောက်သောင်းကျန်းနေသော ဝံပုလွေဘုရင်ကို သုတ်သင်နိုင်ရန် အခွင့်အလမ်းများလာမည်မှာ ကျိန်းသေပါသည်။ အကယ်၍ ကံကောင်းထောက်မပြီး အသက်ရှင်လျက် လွတ်မြောက်သွားလျှင်တောင် ကုယွဲ့ဖန်း၏ လက်ချက်ဖြင့် ဒဏ်ရာအကြီးအကျယ်ရသွားမှာ သေချာပါသည်။ ထိုအခါ ရှေးဟောင်းမူလမြို့တော်ကို တိုက်ခိုက်နေသော သားရဲများ၏ ထိုးစစ်အရှိန်သည် တစ်မုဟုတ်ချင်း လျော့ကျသွားမည်မှာ ကျိန်းသေသည်။
ထို့ပြင် တစ်ခုခုလွဲချော်သွားပါကလည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် ထွက်ပြေးတိမ်း ရှောင်ရန်မခက်ပါ။ သူ့တို့နှစ်ဦးတွင် ဗလာနယ်ခရီးသွားအစီအရင်ပြား ရှိနေသေးသည် မဟုတ်ပါလား၊ ကျန်းချန်ရွှမ်၏အကြံကို ကျန်လူများကလည်း ထောက်ခံကြသည်။ သူတင်ပြသည့်နည်းလမ်းသည် လတ်တလော အနေအထားတွင် အောင်မြင်ရန် အခွင့်အလမ်းအများဆုံးဖြစ်နေသည်။ ပြဿနာက ကျန်းချန်ရွှမ်၏ အစီအစဉ်သည် အကောင်အထည်ဖော်ရန် အန္တရာယ်များနေခြင်းသာဖြစ်သည်။ ကျန်းရန်တောက်က ဘိုးဘေးနှစ်ဦးအတွက် စိုးရိမ်နေသလို ဟွားမန်ရုံကလည်း အနည်းငယ်တွေဝေနေသည်။
ထိုအချိန်တွင် ကုယွဲ့ဖန်းမှာ ထူးဆန်းစွာ တည်ငြိမ်လျက်ရှိပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို တစ်လှည့်စီ ကြည့်ရှုပြီးနောက်
“မင်းတို့ဘာလိုချင်လဲ”
ကျန်းချန်ရွှမ်သည် ဤမျှ အရဲကိုးရမည့် အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးရခြင်းအတွက် တစ်စုံတစ်ခု ပြန်လည်မရယူလိုဘဲ နေမည်မဟုတ်ဟု သူတွေးနှင့်ပြီးဖြစ်သည်။ ထိုအခါ ကျန်းချန်ရွှမ်ကလည်း ပွင့်ပွင့်လင်းလင်းပင်
“ကျုပ်တို့ဝံပုလွေဘုရင်ကို သတ်နိုင်ရင် ကျုပ်မိန်းမနဲ့ ကျုပ်က သူ့ဆီက ကုန်ကြမ်းတွေကို ဦးဆုံးရွေးချယ်ခွင့်ပေးပါ”
ဤနေရာတွင် သိထားရမည်မှာ ဝံပုလွေဘုရင်လို အဆင့် ၄ နတ်ဆိုးသားရဲတစ်ကောင်၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ကျင့်ကြံသူများအတွက် ရတနာတွင်းကြီးတစ်ခုဖြစ်သည်။ ၎င်း၏ သားမွေးကို ကာကွယ်ရေးဓမ္မရတနာများအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သလို လက်သည်းနှင့်သွားများသည်လည်း တိုက်ခိုက်ရေးဓမ္မရတနာများအတွက် ရင်းမြစ်များဖြစ်သည်။ ၎င်း၏ အရိုး၊ သွေးနှင့် အသားများသည်ပင် မတူညီသော ဂုဏ်သတ္တိအသီးသီးရှိသည့် ဓမ္မရတနာများ ဖန်တီးရာတွင် အ သုံးချနိုင်သည့် ရင်းမြစ်များဖြစ်သည်။ အရေးကြီးဆုံးဖြစ်သည့် အဆင့် ၄ နတ်ဆိုးအမြုတေကတော့ ရွှေအမြုတေဖွဲ့စည်းခြင်းနှင့် သိပ်သည်းခြင်းဆေးပြားများ ဖော်စပ်ရာတွင် အဓိကပါဝင်ပ စ္စည်းဖြစ်သည်။
ကျန်းချန်ရွှမ်၏ နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ စနစ်မှပေးအပ်ထားသည့် မစ်ရှင်ကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ စနစ်မှချမှတ်ထားသည့်အတိုင်း အဆင့် ၄ သားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်လျှင် ရရှိမည့်အကျိုးအမြတ်မှာ နည်းမည်မဟုတ်ဟု သူတွေးမိသည်။ ဤအချက်ကိုတော့ ကျန်းချန်ရွှမ်တစ်ဦးတည်းသာ သိပါသည်။ ကုယွဲ့ဖန်းသည် ကျန်းချန်ရွှမ်၏ တောင်းဆိုချက်ကို လိုက်လျောပေးရန် သဘောတူညီလိုက်သည်။ ထို့နောက်တွင် အစီအစဉ်အသေးစိတ်နှင့် လိုက်နာရမည့် အချက်အလက်များကို ညှိနှိုင်းလိုက်ကြသည်။ သတ်မှတ်ထားသည့် အချိန်ရောက်လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရှေးဟောင်းမူလမြို့တော် တံတိုင်းအပြင်ဘက်ကို ထွက်လာခဲ့ကြသည်။ ထိုနေရာတွင် လမင်းမျိုငွေရောင်ဝံပုလွေမှ ဦးဆောင်ပြီး အဆင့် ၃ အလယ်နှင့် အနိမ့်စားအဆင့် သားရဲများသည် ကြယ်သံကြိုးအစီအရင်ကို ထိုးဖောက်ရန် ကြိုးစားလျက်ရှိသည်။
ထိုသားရဲများသည် ကျန်းချန်ရွှမ်တို့နှစ်ဦး ရောက်လာသည်ကို မြင်လျှင် ကြောင်အမ်းအမ်းဖြစ် သွားကြသည်။ လူသားများသည် တံတိုင်းအပြင်ဘက်သို့ ထွက်လာပြီး သူတို့ကို ရင်ဆိုင်ရဲလိမ့်မည်ဟု ထင်ထားပုံမရချေ။ ထိုအခါတွင် ခေါင်းဆောင်ဖြစ်သူ လမင်းမျိုငွေဝံပုလွေသည် တုန်လှုပ်စွာ အူညည်းလိုက်ပြီး တစ်ချိုးတည်းထွက်ပြေးပါတော့သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ကြုံပြီးဖြစ်သည်။ အဆင့် ၄ ပဏာမအဆင့် သားရဲနှစ်ကောင်ဖြစ်သည့် ဓားသွားရွှေလင်းယုန်နှင့် သံမဏိဝက်ဝံကြီးတို့ကို သုတ် သင်ခဲ့သူမှာ ထိုစုံတွဲဖြစ်မှန်း ချက်ချင်းမှတ်မိလိုက်သည်။
သို့သော် လမင်းမျိုဝံပုလွေထက် ကျန်းချန်ရွှမ်တို့၏တုံ့ပြန်မှုက ပိုမိုမြန်ဆန်နေသည်။ အလင်းတန်းနှစ်ခု တစ်ချိန်တည်း ထွက်ပေါ်လာပြီးနောက် လမင်းမျိုငွေဝံပုလွေသည် မီတာရာဂဏန်းအထိသာ ပြေးနိုင်ပြီး နောက်ဆုံးတွင် ၎င်း၏ကိုယ်ခန္ဓာတစ်ခုလုံးသည် လေထဲတွင်ပင် ရေခဲရိုက်သလို အေးခဲသွားသည်။ တစ်ဆက်တည်းတွင် ဓားချက်နှစ်ခု လျင်မြန်စွာကျဆင်းလာပြီး လမင်းမျို ငွေဝံပုလွေ၏ ခန္ဓာကိုယ်သည် သုံးပိုင်းအထိ တိတိရိရိ ပြတ်သွားတော့သည်။ ထိုမြင်ကွင်းကြောင့် ကျန်သားရဲအားလုံး ကြက်သေသေငိုင်သွားကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ အဆင့် ၃ အမြင့်ဆုံးအဆင့် လမင်းမျိုငွေဝံပုလွေသည်ပင် ကျန်းချန်ရွှမ်တို့၏ လက်ထဲတွင် ကြက်ကလေး၊ ငှက်ကလေးပမာ အသတ်ခံရလျှင် သူတို့အတွက် ဆိုဖွယ်မရှိတော့။ ထို့ကြောင့် ကျန်သားရဲများအား လုံးသည် တိုင်ပင်ထားသည့်အလား အမြန်ဆုတ်ခွာရန် ကြံစည်လိုက်ကြသည်။ သို့သော် ကျန်းချန် ရွှမ်တို့နှစ်ဦးသည် သူတို့အား ထွက်ပြေးခွင့်မပေးဘဲ နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်သည်။ ဓားအလင်းရောင်နှင့် လျှပ်စီးအလင်းများ လေထုထဲတွင် ရောနှောပြိုးပြက်သွားသည်။
***