← Chapters

မစ်ရှင်အောင်မြင်ခြင်း

Vol. 15 Ch. 299

မစ်ရှင်အောင်မြင်ခြင်း

Vol. 15 Ch. 299

ဝံပုလွေဘုရင်သည် ရှိသမျှ အားအင်များ အကုန်သုံးပြီး အဝေးသို့ လျင်မြန်သည့်အဟုန်ဖြင့် ထွက်ပြေးလျက်ရှိသည်။ ထိုစဉ်မှာပင် ကုယွဲ့ဖန်းသည် ဓားအလင်းတန်းဖြင့် ဝံပုလွေဘုရင်နောက်သို့ အရှိန်မြှင့်ပြေးလိုက်သလို ဝံပုလွေဘုရင်ကလည်း ကိုယ်တွင်းရှိ သွေးများကို လောင်ကျွမ်းစေပြီး အဟုန်ကို မြှင့်တင်လိုက်ပြန်သည်။ နှစ်ဦးကြား အကွာအဝေးအရ ဝံပုလွေဘုရင် လွတ်မြောက် သွားရန် ရာခိုင်နှုန်းများနေသည်။ သည်တစ်ကြိမ် အမိအဖမ်းနိုင်လျှင် ကုယွဲ့ဖန်းအတွက် နောက် တစ်ကြိမ် ယခုလိုအခွင့်အရေးမျိုးရရန် မသေချာတော့ပါ။ နှစ်ဦးကြား အကွာအဝေးမှာ ဝေးသည် ထက်ဝေးလာသည်။

ထိုအခါ ဝံပုလွေဘုရင်အတွက် အသက်ရှုချောင်လာသည်ဖြစ်ရာ ကုယွဲ့ဖန်းအပေါ် အမုန်းတရားများက အကြောက်တရားနေရာတွင် အစားထိုးဝင်ရောက်လာတော့သည်။

“ကုယွဲ့ဖန်း မင်းရော၊ ကျန်တဲ့ကောင်တွေ ကောင်မတွေရော ဒီနေ့ကိုမမေ့လိုက်နဲ့။ တစ်နေ့ကျရင် မင်းတို့အားလုံး ပြန်ပေးဆပ်ရမယ်။ မင်းတို့တင်မကဘူး မင်းတို့လူသားတစ်မျိုးလုံးကို ငါလက်စားချေပြမယ်”

ကုယွဲ့ဖန်းသည် သူနှင့်ဝေးသထက် ဝေးလာသည်ကို သတိထားမိပြီး ဝံပုလွေဘုရင် သက်ပြင်းချမိသည်။ သည်နှုန်းအတိုင်း ဆက်သွားပါက ကုယွဲ့ဖန်းကို မျက်ခြေဖြတ်နိုင်တော့မည်။ ထို့ပြင် သားရဲများကျက်စားရာဒေသနှင့်လည်း နီးကပ်လာပြီဖြစ်ရာ ထိုဒေသအထိ ကုယွဲ့ဖန်း လိုက်ဝံ့မည့်မ ဟုတ်ပါ။ ထိုအချိန်မှာပင် ဝံပုလွေဘုရင်သည် သူ၏ပြေးလမ်းရှေ့တွင် ပုံရိပ်တစ်ခု ပိတ်ဆို့လျက်ရှိ သည်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားသည်။ ထိုပုံရိပ်သည် သူ့လက်ချက်ဖြင့် ဒဏ်ရာရထားသူ ကျန်းချန်ရွှမ်ပင်ဖြစ်သည်။ သူ့ရှေ့တွင် မည်သို့မည်ပုံ ကြိုရောက်နေသည်ကိုတော့ ဝံပုလွေဘုရင် ကိုယ်တိုင်ပင် မတွေးတတ်ပါ။

“မင်းကငါ့ကိုတားချင်တာလား”

ဝံပုလွေဘုရင်၏ နှလုံးသွေးများထဲတွင် ဆိုးယုတ်ခြင်း အငွေ့အသက်များ ကိန်းအောင်းလာသည့်အတွက် မျက်လုံးအစုံသည် ရဲရဲနီလာပြီး စိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။

“မင်းကသေချင်နေမှတော့ ဆန္ဒဖြည့်ပေးရမှာပေါ့”

ဝံပုလွေဘုရင်သည် သူ၏ လက်စွဲတော် ဝံပုလွေခေါင်းတပ် ဓားရတနာကို ဆွဲထုတ်လိုက်သည်။ ဓား၏ အသွားတစ်လျှောက်တွင် သွေးနီရောင်မီးလျှံများ ဝန်းရံထားသည်။ လက်ကျန်အင်အားကို စုစည်းပြီး ကျန်းချန်ရွှမ်၏ ဦးခေါင်းကို အားကုန်ခုတ်ပိုင်းလိုက်သည်။ ကျန်းချန်ရွှမ်တစ်ယောက် သူ့လက်ချက်ဖြင့် ကျိန်းသေအသက်ပျောက်မည်ဟု ဝံပုလွေဘုရင်ယူဆလိုက်သည်။ ကျန်းချန်ရွှမ်သည် ဓမ္မရတနာများဖြင့် ကာကွယ်ခြင်းမရှိဘဲ လက်ဖဝါးကိုလှန်လိုက်ရာ အနီရောင်အဆောင်ပစ္စည်းတစ်ခု ပေါ်လာသည်။ တစ်ဆက်တည်းတွင် အဆောင်ပစ္စည်းကို အဝါရောင်မီးလျှံများ စတင်လောင်ကျွမ်းစပြုလာသည်။

တစ်ချိန်တည်းတွင် တဟူးဟူးတိုက်ခတ်နေသော လေပြင်းနှင့်တူသည့် အော်ညည်းသံများ ထွက်ပေါ်လာပြန်သည်။ ထိုအခါ ဝံပုလွေဘုရင်လည်း မျက်လုံးပြူးသွားသည်။ ကျန်းချန်ရွှမ်ထုတ်ဖော်လိုက်သည့် အဆောင်ပစ္စည်းမှာ အဆင့် ၄ ကောင်းကင်ဘုံမီးလျှံ အဆောင်လက်နက်ဖြစ်မှန်း သူ ရိပ်မိလိုက်သည်။

အုန်း…

တစ်ခဏချင်းတွင် ကောင်းကင်ထက်၌ ပေတစ်ထောင်ကျော် အရွယ်အစားရှိသည့် မီးလျှံဖီးနစ်ငှက်ကြီးတစ်ကောင် ပေါ်လာတော့သည်။ ဝံပုလွေခေါင်းတပ်ဓားသည် ဖီးနစ်ငှက်၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခါ အလွန်ပြင်းထန်သည့် အော်ရာလှိုင်းတစ်ခု လှမ်းဟပ်သွားသည်။ ဓားအလင်းတန်းနှင့် မီးလျှံများ ရောယှက်သွားပြီး ကောင်းကင်တစ်လျှောက် လေထုများကို လက်ဖြင့် ဆုတ်ဖြဲလိုက်သည့်အလား ပတ်ဝန်းကျင်လေထုတစ်ခုလုံး တွန့်ခေါက်သွားသည်။ မြေပြင်ထက်ရှိ သစ်ပင်များသည် ကောင်းကင်ထက်ရှိ မီးလျှံများ၏ အပူဟပ်မှုကြောင့် ပြင်းထန်စွာ လောင်ကျွမ်း ကုန်ကြသည်။ မိနစ်ပိုင်းအတွင်း မီးလျှံများသည် အချင်းဝက် ကီလိုမီတာ တစ်ဒါဇင်ကျော်အထိ ကူးစက်သွားသည်။

နောက်ဆုံးတွင် ကျန်းချန်ရွှမ်၏ အဆင့် ၄ အလယ်အဆင့် အဆောင်လက်နက်သာမက ဝံပုလွေဘုရင်၏ ဝံပုလွေခေါင်းတပ် ဓမ္မရတနာ နှစ်ခုလုံး အစအနမကျန် ပျက်စီးသွားတော့သည်။ ထိုအခါ ဓားအလင်းအသွင်ပြောင်းပြီး ပျံသန်းလာသည့် ကုယွဲ့ဖန်းသည် ဝံပုလွေဘုရင်ကို လိုက်မီလာတော့သည်။ ထိုအခါ ဝံပုလွေဘုရင်လည်း ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“ငါလက်မခံနိုင်ဘူးကွ”

ထို့နောက်တွင် ကိုယ်တွင်းရှိ သွေးအဆီအနှစ်စွမ်းအင်များကို ထပ်မံလောင်ကျွမ်းလိုက်ပြီး လက်သည်းပုံ အနီရောင်အလင်းများကို ပစ်လွှတ်လိုက်ပြန်သည်။ ထိုလက်သည်းများကို ကုယွဲ့ဖန်းက အကုန်အစင် ရှင်းလင်းပစ်ပြီး နောက်ဆုံးတွင် ဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ကို ဓားအလင်းက ထိုးဖောက်သွားတော့သည်။ ဝံပုလွေဘုရင်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံးမှာ မီး ရှူးမီးပန်းများ ပေါက်ကွဲသလို တစ်စစီဖြစ်သွားတော့သည်။ ထို့နောက်တွင် အနီရောင်နတ်ဆိုးအမြုတေတစ်လုံးသည် ပေါက်ကွဲသွားသော ကိုယ်ခန္ဓာမှ ထွက်လာပြီး အဝေးတစ်နေရာသို့ ထွက်ပြေးရန်ကြိုးစားလိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ ရှေးဦးဝိညာဉ်တိုက်ခိုက်မှုတစ်ရပ်သည် နတ်ဆိုးအမြုတေထံသို့ တန်းတန်းမတ်မတ် ဝင်သွားသည်။ ဝံပုလွေဘုရင်သည် သူ၏ ရှေးဦးစိတ်ဝိညာဉ်ကို မီးလျှံများ လောင်ကျွမ်းနေသည့် မြားတစ်စင်းက ထုတ်ချင်းဖောက် ဝင်ရောက်သွားပြီးသည့်နောက်တွင် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်မိသည်။ နောက်ဆုံးတွင် အော်ဟစ်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နတ်ဘုရားအာရုံနှင့် ဇီဝဓာတ်ကင်းမဲ့နေသော အမြုတေတစ်လုံးသာ ကျန်ရစ်ခဲ့ပါ တော့သည်။ ကျန်းချန်ရွှမ်သည် ထိုအမြုတေကို အသာအယာဖမ်းယူလိုက်သည်။ ထိုအချိန်တွင် စနစ်မှ အချက်ပေးသံ ဝင်လာပြန်သည်။

[ဂုဏ်ယူပါသည် စနစ်ပိုင်ရှင်၊ အဆင့် ၄ နတ်ဆိုးသားရဲကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပါပြီ။ ဆုလာဘ်အဖြစ် ကောင်းကင်အတိဒုက္ခ ရှောင်လွှဲခြင်းပုလဲနှင့် ထူးကဲကောင်းကင်ရေစက်ကိုရရှိပါမည်]

ကျန်းချန်ရွှမ်သည် သူတွေးထင်ထားသည့်အတိုင်း အလုပ်ဖြစ်ကြောင်း သိလိုက်ရ၍ ကျေနပ်သွား မိသည်။ ဝံပုလွေဘုရင်ကို နောက်ဆုံးအဖြစ် အဆုံးသတ်လိုက်မှသာ စနစ်မှ ပေးအပ်ထားသည့် မစ်ရှင်ကို အောင်မြင်မည်ဖြစ်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်သည် ရရှိလိုက်သည့် ဆုလာဘ် နှစ်ခုကို အသေးစိတ်လေ့လာလိုက်သည်။

***

All Chapters