← Chapters

အကြိမ်ကြိမ်

Vol. 6 Ch. 51

အကြိမ်ကြိမ်

Vol. 6 Ch. 51

ညအချိန် ဖြစ်သည်။ လရောင်က တောက်ပနေ ပြီး ကြယ်များက ကောင်းကင်ရဲ့အလှကိုကူညီ အားဖြည့်ပေးနေခဲ့သည်။ ချန်အန်နှင့် ဝမ်ကျိယ န်တို့၏ မဂ်လာအချိန် နီးကပ်လာပြီ ဖြစ်သည်။ ဆောင်ဟွာယင်း ဂူရှန်းယုတို့၏ အကူညီဖြင့် ဝမ် ကျိယန်တယောက် မဂ်လာအခန်းထဲသို့ ရောက် သွားခဲ့သည်။ သူမက မက်မွန်ပန်းများပါဝင်သ ည့် အမွှေးနံ့သာရေဖြင့် ရေချိုးသန့်စင်ထား၍ အလွန် မွှေးကြိုင်သန့်စင်နေခဲ့သည်။

“အစ်မဝမ် နင့်ရဲ့ခန္ဓာကိုယ်ကအရမ်းလှတာပဲ ဘယ်လိုများ ထိန်းသိမ်းခဲ့တာလဲဟင်”

ဆောင်ဟွာယင်းက ဝမ်ကျိယန်ရဲ့ခန္ဓာကိုယ်ကို ကြည့်၍ မနာလိုဟန်ဖြင့်ဆိုသည်။ ဝမ်ကျိယန် မှာမူ ရှက်ရွံနေလေသည်။

“ဒါက သူ့အလိုလိုဖြစ်နေတဲ့ ကိစ္စပါ ငါသတိမပြု မိခင်မှာပဲ ခန္ဓာကိုယ်က ဒီလိုဖြစ်နေပြီ”

“အစ်မဝမ်ကို တကယ်အားကျတယ် ယောက်ျား အစ်မဝမ်ကို စွဲလန်းတာမထူးဆန်းတော့ပါဘူးငါ ဆိုလည်း အစ်မဝမ်ကို အရူးအမူး ဖြစ်မိမှာပဲ”

ဆောင်ဟွာယင်းရဲ့ စကားသံက တစုံတရာကို သင်ကြားပေးနေသည့်နှယ်။ ထို့နောက် သူမကပဲ ဂူရှန်းယုဘက် လှည့်၍ ပြောပြန်သည်။

“အစ်မဂူ နင်ကော ဘယ်လိုထင်လဲ”

“ဟုတ်တယ် အစ်မဝမ်က တကယ်ဆွဲဆောင်မှုရှိ နေတယ်”

ဂူရှန်းယုရဲ့အသံမှာ အေးစက်နေသော်လည်း သူ မရဲ့ လေသံမှာ ဆောင်ဟွာယင်းကဲ့သို့ပင် မနာ လိုဟန် ရောစွတ်နေသည်။ သူမသည် ဝမ်ကျိယ န်ကဲ့သို့ တောင့်တင်းကြံ့ခိုင်သည့် ခန္ဓာကိုယ်မျိုး လိုချင်နေမိသည်။ ဝမ်ကျိယန်ခမျာ ဆောင်လင် ညီအစ်မနှစ်ဦး၏ ချီးကျူးစကားများကြောင့် အလွန် ရှက်စရာကောင်းသည်ဟု ခံစားနေရသ ည်။ သူမက တုန့်ပြန်ရန် မတွေးတော့ပဲ ပြုံးရုံပြုံ နေခဲ့သည်။

ရေချိုးသန့်စင်ပြီးနောက် သတို့သမီးအခန်းကို ဂူရှန်းယုဦးဆောင်မှုဖြင့် အကောင်းဆုံးပြင်ဆင် ပေးကြသည်။ ဆောင်ဟွာယင်းက မိတ်ကပ်အပို င်းကို တာဝန်ယူသည်။ သဘာဝတရားကြီပင် ရှ က်၍ ပုန်းကွယ်သွားရလောက်သည်အထိ ဝမ် ကျိယန်တယောက် အလွန်ပြည့်စုံစွာ လှပနေသ ည်။ ထိုအချိန်မှာပင် ဆောင်ဟွာယင်းက ချန်အ န်၏ အိပ်ရာပေါ်မှ အကြိုက်များကို မျက်နှာရဲရဲ လေးဖြင့် သင်ကြားပေးနေခဲ့သည်။

တစ်နာရီခန့်ကြာမြင့်သွားရသည်။ မဂ်လာခန်း မှာ ရိုးစင်းသော်လည်း ပြည့်စုံပါသည်။ လက်ချု ပ်သတို့သမီးဝတ်စုံနှင့် မျက်နှာကာတခုကသာ အပြစ်ပြောစရာရှိသည်။

“အစ်မဝမ် မိတ်ကပ်ပြင်ထားတာ ဘယ်လိုလဲ ကြည့်ကောင်းရဲ့လား”

“ညီမယင်းအာက တကယ်ကိုတော်တာပဲ ညီမရဲ့ တဝက်လောက် တတ်ရင်ကို အတော်ဟုတ်နေပါ ပြီ”

“အစ်မဝမ်ကျေနပ်ရင်တော်ပါပြီ အခုပဲ ယောက် ကျားကို ခေါ်လိုက်တော့မယ် သူ့ကို အစ်မဝမ်ရဲ့ အလှတရား ခံစားစေလိုက်မယ်လေ”

“အင်း..ညီမယင်းအာကို ဒုက္ခပေးရတော့မယ်”

ဝမ်ကျိယန်တယောက် ဆောင်ဟွာယင်းအခန်း ထဲမှ ထွက်ခွာသွားစဥ် သူမက ကိုယ်နေဟန်ကို ပြန်လည်ပြုပြင်ခဲ့သည်။ သွယ်လျသည့်ခြေအစုံ အားစေ့ကပ်ထားကာ လက်များကိုလည်း ပေါင် ပေါ်သို့ထပ်တင်ထားခဲ့သည်။ သူမက ရိုးသားသ ည့်မိန်းမငယ်တဦး သတို့သားအလာစောင့်မျှော် နေပုံနှင့် တူသည်။ ထိုအချိန် ချန်အန်က သမီးဖြ စ်သူနှင့် အခြားအခန်းတခု၌ ရှိနေခဲ့သည်။ သူ က မန္တန်ကိုမသုံးပဲ ရိုးစင်းသည့် ချော့သိပ်မှုဖြင့် သမီးဖြစ်သူအား အိပ်ပျော်စေရန် ကြိုးစားနေခဲ့ သည်။

အချိန်အတော်ကြာပြီးနောက်မှာတော့ သမီးဖြစ် သူမှာ အိပ်ပျော်သွားခဲ့လေပြီ။ သူမလေးက မ ည်သည့်အိပ်မက်မျိုး မက်နေသည်မသိ ရံဖန်ရံ ခါ၌ လက်ကလေးများကို စုပ်နေတတ်သည်။ သူမရဲ့ အသွင်ပြင်ကိုကြည့်၍ ချန်အန်တယော က် ကြည်နူးသွားမိသည်။

ခရက်ခ်

ဆောင်ဟွာယင်းတယောက် ဝင်ရောက်လာပြီး ချန်အန်ကို ကြည့်၍ နူးညံ့စွာပြောလာသည်။

“ယောက်ကျား အစ်မဝမ်က အသင့်ဖြစ်နေပြီ မြ န်မြန်သွားလိုက်ပါ အစ်မဝမ်ကို မစောင့်ရစေနဲ့”

“ကောင်းပြီ ကျေးဇူးတင်ပါတယ် ယင်းအာ”

ချန်အန်က သတို့သမီးအခန်းသို့ မသွားမီ သူမရဲ့ ပါးပြင်နုနုလေးအား အနမ်းတခုပေးလိုက်သည် ပြီးနောက် သတို့သမီးအခန်းရှေ့ရောက်လျင် အ သာရပ်တန့်လိုက်ပြီး အဝတ်အစားကို သပ်သပ် ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်သည်။

“ယန်အာ ငါအပြင်မှာ”

“ယောက်ျား…”

ဝမ်ကျိယန်၏ အသံက မထင်မှတ်စရာပင် နူးညံ့ နေသည်။ ချန်အန်က အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားလိုက်ပြီး သူမဘေးနားကပ်၍ ထိုင်လို က်သည်။ ပြီး​နောက် လက်ကိုအသာလှမ်း၍ မျ က်နှာကာကို သိမ့်မွေ့စွာ ဖယ်ရှားလိုက်သည်။

“ယန်အာ မင်းအရမ်းလှနေတာပဲ”

“ယောက်ျား သဘောကျရဲ့လား”

“သဘောကျပါတယ်”

“ယောက်ျား…..”

ထိုအချိန်၌ နှစ်ဦးသား စကားသံများတိတ်ဆိတ် သွားပြီး စကားလုံးများ မလိုအပ်တော့သည်ထိ နီးစပ်သွားခဲ့ကြလေပြီ။ ထိုသို့ဖြင့် တညတာကု န်ဆုံးသွားခဲ့သည်။ ချန်အာက စိတ်ကျေနပ်မှုကို အပြည့်အဝခံစားရင်း ပြတင်းပေါက်မှတဆင့် နေသာသည့် ကောင်းကင်ရဲ့အလှကို ကြည့်ရှုနေ ခဲ့သည်။ မနေ့ညက ဝမ်ကျိယန်ရဲ့အရာအားလုံး ကို အပိုင်ရခဲ့သည်။ ထိုအကြောင်းကိုတွေးလျင် မပြုံးဘဲမနေနိုင်ချေ။

သူက အတွေးတချက်ဖြင့် စနစ်ရဲ့သတိပေးချ က်များကို ကြည့်လိုက်သည်။

မီးစွမ်းအင် အရင်းအမြစ် +1×9

ရွှေလက်ချောင်း….+1×8

ဆက်ဆံရေး….+3+1-1+4+...

ဆက်ဆံရေး၌ ပထမဆုံး အနုတ်လက္ခဏာပါဝင် လာသည်။ ချန်အန်က သူ့ကိုယ်သူအပြစ်ရှိသလို ခံစားလိုက်ရသည်။ သူက မာနကြီးသည့် ဝမ်ကျိ ယန်ကို နာကျင်စေခဲ့သည်။ ချန်အန်က ခေါင်းအ သာယမ်း၍ အဝတ်အစားများကို ဝတ်ဆင်လိုက် သည်။ ချန်အန်ရဲ့ လှုပ်ရှားမှုကြောင့် ဝမ်ကျိယန် တယောက် နိုးလာသည်။ သူမက ခန္ဓာကိုယ်ကို စောင်ပါးပါးဖြင့် လွှမ်းခြုံထားပြီး နာကျင်မှုကို ခံစားနေရသောကြောင့် အနည်းငယ်မျှပင် မလှု ပ်ဝံ့ချေ။

သူမက ဒေါသတကြီးဖြင့် ချန်အန်ကို လှမ်းရိုက် လိုက်သည်။ သူမရဲ့မျက်လုံးထဲ၌ ချန်အန်ကိုအ ပြစ်တင်လိုဟန် ရှိသည်။

“ဒါတွေအားလုံးနင့်ကြောင့်ပဲ ငါကတညလုံးမအိ ပ်ရသေးဘူး ခုထတောင်မထနိုင်တော့ဘူး”

“ဟုတ်ပြီ ဟုတ်ပါပြီ ဒါတွေအားလုံး ငါ့အမှားပါ”

ချန်အန်ကပြုံး၍ ဝမ်ကျိယန်၏ နှာဖူးပေါ်မှဆံစ များကို သပ်တင်ပေးလိုက်သည်။

“မြန်မြတ်ထလိုက်ပါ မင်းပင်ပန်းနေတယ်ဆိုရင် တောင် အးနာမယူခင် မနက်စာတော့ စားလိုက် ပါဦး”

“ငါပင်ပန်းနေတယ် မလှုပ်ချင်ဘူး”

ဝမ်ကျိယန်က ထိုသို့ပြောနေရင်း မနေ့ညကချွ တ်ထားသည့် သူမရဲ့အတွင်းခံဘောင်းဘီအား ချန်အန်ရဲ့မျက်နှာကို ပစ်ပေါက်လိုက်ကာပြော လာသည်။

“မနေ့ညက နင်ချွတ်တဲ့ဟာ အခုနင်ပဲ ပြန်ဝတ် ပေးတော့”

“ကောင်းပြီ ငါပြန်ဝတ်ပေးမယ်”

ချန်အန်က ကူရာမဲ့စွာပြုံး၍ မာနကြီးသည့်ကိုယ် လုပ်တော်လေး အလိုကျ သူမရဲ့အဝတ်အစား များကို ကူညီ၍ ဝတ်ဆင်ပေးလိုက်ရသည်။ ပြီး နောက် နှစ်ဦးသား သတို့သမီးအခန်းထဲမှ ထွက် လာခဲ့သည်။ ထိုအချိန် ဆောင်ဟွာယင်းတို့က ထမင်းစားပွဲဝိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ သူ မတို့က ချိုသာစွာဖြင့် နှုတ်ဆက်လိုက်ကြပြီး ဂူရှန်းယုက သိတတ်စွာဖြင့် ချန်အန်တို့နှစ်ဦးအ တွက် ယာဂုများ ထည့်ပေးသည်။

“အစ်မဝမ် လက်ထပ်ပြီးသွားပြီဆိုတော့ ဘယ် လိုလဲ ပျော်ရဲ့လား”

ဆောင်ဟွာယင်းက ခပ်တည်တည်ပင် လူစုံချိန် ၌ ထမေးလာသည်။ ဂူရှန်းယုမှာလည်း သိလိုဟ န်ရှိပြီး ဝမ်ကျိယန်၏ အတွေ့အကြုံကို မျှဝေရန် စောင့်ဆိုင်းနေသည်။ ဝမ်ကျိယန်မှာ သူမတို့ထ က် အသက်ကြီးသော်လည်း ပို၍ ရှက်တတ်ဟန် ရှိသည်။ ထိုသို့ အမေးခံရသည့် အခါမှာတော့ မျက်နှာများ နီရဲလာခဲ့သည်။ ထိုစဥ် အပြင်ဘက် မှ အော်သံတခုထွက်ပေါ်လာသည်။

“အစိမ်းရောင်မိုးမခလမ်းမှာ နေထိုင်သူတိုင်းအ ခုပဲ ထွက်လာခဲ့ကြပါ”

………………………………………………….

All Chapters