ဝမ်ကျိယန်ကိုယ်ဝန်ဆောင်ရခြင်း
Vol. 6 Ch. 52
အိမ်အပြင်ဘက်မှ အသံကိုချန်အန် ကောင်းစွာ ရင်းနှီးသည်။ ထိုအသံပိုင်ရှင်များမှာ အရင်က အလယ်ဗဟိုသို့ နှစ်ကြိမ်ဆက်လာဖူးသည့် သင် ထောက်များ ဖြစ်ကြသည်။ ချန်အန်တို့က အ ခြေနေကိုသိနိုင်ရန် စားပွဲဝိုင်းမှ ထလိုက်ကြသ ည်။ ဆောင်ဟွာယင်းတို့က အလိုက်သိစွာဖြင့် မည်သည့်စကားမှ မပြောခဲ့ချေ။ မနက်စာကိုပဲ တိတ်တဆိတ် ဆက်စားနေလိုက်သည်။
ချန်အန်နဲ့ဝမ်ကျိယန်တို့ ခြံအပြင်ရောက်ချိန်၌ မိုးမခလမ်းတခုလုံး လူများပြည့်ကျပ်နေလေသ ည်။ လမ်းအလယ်တွင် ဝါးရွက်ဂိုဏ်းမှကျင့်ကြံ သူများရှိနေပြီး ထိုအထဲ၌ ဥပဒေစိုးမိုးရေးဌာနမှ အကြီးအကဲကျိုးလည်း ပါဝင်နေသည်။ တခုထူ ဆန်းသည်က သူတို့ရဲ့ရှေ့၌ လူ၅ဦး ဒူးထောက် လျက်ရှိနေခြင်း ဖြစ်သည်။
ထိုသူများမှာ တခြားသူများမဟုတ်ချေ။ ဟန်ဆ န်ဖန်းနဲ့ အပေါင်းအပါများဖြစ်ကြသည်။ သူတို့ ၅ဦးစလုံး၌ ဒဏ်ရာအများအပြား ရှိနေပြီး ကြိုး များတင်းကြပ်စွာ တုပ်နှောက်ခံထားရကာ ပါးစ ပ်ကိုလည်း ရေစိုအဝတ်ဖြင့် ပိတ်ဆို့ထားသည်။ လူအများ ရောက်လာသည်ကိုတွေ့လျင် အကြီး အကဲကျိုးက ပြောလာသည်။
“ဒီလူ၅ဦးက သံနက်ဂိုဏ်းရဲ့ သူလျှိုတွေပဲ ညက သတင်းပြန်ပို့ဖို့ ထွက်သွားကြပေမယ့် ကံကောင် ပြီး ငါတို့ဖမ်းမိလိုက်တယ် ဒီနေ့မှာ ငါတို့ဘယ် လိုကိုင်တွယ်လဲဆိုတာ သိစေဖို့ ဒီလူတွေကိုဒီနေ ရာမှာပဲ ကွပ်မျက်မယ်”
ထိုသို့ပြောပြီးသည်နှင့် အကြီးအကဲကျိုးက ဓား ဆွဲထုတ်ပြီး အနီးရှိလူတဦးရဲ့ ခေါင်းကိုဖြတ် တောက်လိုက်သည်။ အဆုံးမှာတော့ ချီစုဆောင် ခြင်းအဆင့်မြင့် ပညာရှင်တဦးက ထိုနည်းဖြင့် သေဆုံးသွားရသည်။ ထိုမြင်ကွင်းကိုတွေ့လျင် အများက တိတ်ဆိတ်သွားကြသည်။ ကျန်၄ဦး ကမိမိအဖော် အသတ်ခံရသည်ကို တွေ့လျင် ကြောက်လန့်တကြား ရုန်းကန်ကြသည်။ ဟန်ဆ န်ဖန်းသည် ရုန်းကန်နေရင်း ချန်အန်ကိုတွေ့မြင် လိုက်ပြီး ချန်အန်ကို ဒေါသတကြီးဖြင့် ကျိန်ဆဲ နေသည့် အကြည့်များဖြင့် ကြည့်နေသည်။
ချန်အန်က ဟန်ဆန်ဖန်းရဲ့ အကြည့်များကိုမြင် လျင် နားလည်မှုလွဲခံရသည်ကို သတိပြုမိလိုက် သည်။ မကြာမီ ဓားချက်များဆက်တိုက် ထွက် ပေါ်လာသည်။ ထိုသူအားလုံး ခေါင်းပြတ်၍ သေဆုံးသွားကြသည်။
“နောင်မှာ သံနက်ဂိုဏ်းရဲ့ သူလျှိုတွေကိုတွေ့ရင် သတင်းပေးပို့နိုင်တယ် ငါတို့က ထိုက်တန်တဲ့ဆု လာဒ်တွေ ချီးမြင့်မှာပါ”
အကြီးအကဲ ကျိုးက ဓားမှသွေးများကို ခါယမ်း လိုက်ပြီး လူသေအလောင်းများကို အနောက်မှ ပါလာသည့် အဖွဲ့သားများကို ကိုင်တွယ်စေလို က်သည်။
“ဒါက ငါတို့ကိုခြိမ်းခြောက်နေတာပဲ ဝါးရွက်အိ မ်ရာကနေ မထွက်သွားဖို့ အသိပေးနေတာ”
“ကျင့်ကြံသူဟန်က မတရားသဖြင့်သေရတာပဲ သူက သံနက်ဂိုဏ်းကိုရင်ဆိုင်ရာမှာ ပူးပေါင်းခဲ့ သေးတယ်လေ သူကတိုက်ပွဲမှာအတော်လေးအ ကျိုးပြုခဲ့တယ် သံနက်ဂိုဏ်းကတောင်သူ့ကိုဆု ငွေထုတ်ထားရတဲ့ဟာ ဘယ်လိုလုပ်သူလျှိုဖြစ် မှာလဲ”
“အများကြီးပြောမနေပါနဲ့တော့ ဒီလူသေအ လောင်းတွေကို သဂြိုလ်ပေးလိုက်ကြပါ”
သက်ပြင်းချသံများ ညည်းတွားသံများ ထွက် ပေါ်လာပြီး အမျိုးသားများက လူသေအလော င်းများကို ဖြေရှင်းရန် စတင်ကြသည်။ ပြောင်း ရွှေ့ရန် စဥ်းစားနေကြသူများမှာ တွေဝေသွား ကြရသည်။ သူတို့က တိုက်ပွဲမြေပြင်ကိုသွားရင် ကောင်းမလား ဒါမှမဟုတ် အခြားနည်းလမ်းတ ခုခု လုပ်သင့်လား တွေးကြရတော့မည်။
ချန်အန်က ညည်းတွားလိုက်ပြီး
“ဒီလောကကြီးက သန်မာသူတွေက အနိုင်ကျင့် တာပါလား”
ချန်အန်က ဟန်ဆန်ဖန်းရဲ့ ဦးခေါင်းမဲ့ခန္ဓာကိုယ် ကိုကြည့်ကာ ဝမ်းနည်းနေမိသည်။ ကျင့်ကြံရေး လောက၌ ရှင်သန်လိုလျင် တောင့်တင်းသည့် နောက်ခံတခု အမှန်တကယ်လိုအပ်သည်။ မဟု တ်ပါက ယခုကဲ့သို့ အဖြစ်များကို ရှောင်လွဲ၍ မ ရနိုင်ချေ။ ချန်အန်နဲ့ ဝမ်ကျိယန်က အိပ်ရေးဝဝ ပြန်အိပ်ရန် အိမ်ထဲ့သို့ ပြန်ဝင်သွားလိုက်သည်။
ချန်အန်က ကုတင်ပေါ်လဲလျောင်းနေခဲ့သော်လဲ အိပ်မပျော်ပေ။ ဟန်ဆန်ဖန်းရဲ့ ခေါင်းဖြတ်ခံရမှု နဲ့ ဆက်စပ်၍ သူကစိတ်ရှုပ်ထွေးနေခဲ့သည်။ ဝါး ရွက်ဂိုဏ်းက ၎င်းတို့ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးခံ ကာ အမှန်တကယ်ပင် ရက်စက်သည့်လုပ်ရက် များ လုပ်ဆောင်ပြသွားခဲ့သည်။ ချန်အန်ကထို အကြောင်းကို တွေးရင်း အရေးကြီးလာသည် ဟုခံစားလိုက်ရသည်။ အတတ်နိုင်ဆုံး ဒုတိယ အဆင့် ဆေးပညာရှင်ဖြစ်လာရန် လိုအပ်ပြီး ရတနာခန်းမကို ဝင်ရောက်နိုင်ရန် လိုအပ်နေသ ည်။
နောက်ရက်များ၌ ဆေးဖော်စပ်ခြင်းအပြင် ဇနီး များနဲ့ အချိန်ကုန်ဆုံးနေခဲ့သည်။ မျက်စိတမှိတ် အတွင်းမှာပဲ လဝက်ကျော် ကုန်ဆုံးသွားခဲ့ရသ ည်။ ချန်အန်က ဇနီးဖြစ်သူကို ဆက်ဆံ၍ ပြီး သွားခဲ့သည်။ ကုတင်ဘေး၌ ထိုင်၍ စနစ်ရဲ့မျ က်နှာပြင်ကို စစ်ဆေးလိုက်သည်။
အမည်….ချန်အန်
ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၇
ကြွယ်ဝမှု….အဆင့်နိမ့်ဝိဉာဥ်ကျောက်တုံး 599
ဆေးပညာ…ပထမအဆင့် အဆင့်မြင့် 1566/2500
ရွှေလက်ချောင်း…ကျွမ်းကျင်အဆင့် 1322/2500
စိတ်စွမ်းအင်….ပထမအဆင့် အဆင့်မြင့် 1198/2500
အိပ်ပျော်မန္တန်….ကျွမ်းကျင်အဆင့် 266/500
လက်တွဲဖော်များ….ဆောင်ဟွာယင်း။ဂူရှန်းယု။ ဝမ်ကျိယန်
မျိုးဆက်….ချန်ယုကျန်း
ချန်အန်က ဆေးပညာရမှတ်များကိုသာ အလေး ပေးကြည့်ရှုနေခဲ့သည်။ သူက 1566 မှတ်ထိရရှိ ထားပြီဖြစ်သည်။ ဖြတ်ကျော်နိုင်ရန် ရမှတ် 900 ကျော်လိုအပ်နေပြီး တလခွဲအတွင်း ရမှတ် 500 နီးပါး ရရှိခဲ့သည်။ ပျမ်းမျှတနေ့လျင် 33 မှတ် ထိရနေသည်။ ဤနှုန်းဖြင့်ဆိုပါက ဒုတိယအဆ င့်ကို ရောက်ရန် တလသာလိုပါတော့မည်။ ချန် အန်က စိတ်လှုပ်ရှားနေခဲ့ပြီး ဇနီးဖြစ်သူရဲ့လယ် ကွက်ကို ထပ်မံထွန်ယက်၍ ရမှတ်များတိုးလာ စေချင်သည်။ ဆောင်စွာယင်းရဲ့ လယ်ကွက်ကို ထွန်ယက်တော့မည်ဟန်ပြင်လျင် သူမကတုန် ယင်စွာဖြင့် အထိတ်တလန့်ပြောလာသည်။
“ယောက်ျား ယင်းအာဆီမှာအနေများနေပါပြီ အစ်မဂူနဲ့ အစ်မဂမ်ကို လျစ်လျူရှုမိတယ်လို့မ ထင်ဘူးလား”
ချန်အန်က ထိုစကားကိုကြားလျင် အသိဝင် သွားခဲ့သည်။ ချန်အန်က ညင်သာစွာပြုံးပြလိုက် ပြီး
“ယင်းအာ မင်းက တကယ်သိတတ်တာပဲ ငါလဲ မင်းအစ်မနှစ်ယောက်ကို မေ့သွားမိတယ်”
ဆောင်ဟွာယင်းကို စောင်ပါးပါးဖြင့် ခြုံပေးကာ အသာနမ်းလိုက်သည်။
“ယင်းအာ မင်းအတွက်ခက်ခဲစေမိပြီ အခုပဲမင်း အစ်မနှစ်ယောက်ကို သွားတွေ့လိုက်ပါ့မယ်”
“ယောက်ျား ငါအသုံးမကျတာပါ”
ဆောင်ဟွာယင်းက စိတ်ဓာတ်ကျနေဟန်ဖြင့် ပြောလာသည်။ သူမက ချန်အန်ကို စွဲလမ်းစေရ န်ကြိုးစားလိုသော်လည်း သူမတတ်နိုင်သည့်အ ရာမရှိခဲ့ပေ။ အဆုံး၌ ကျင့်ကြံသူနဲ့သာမန်သူအ ကြား ကွာခြားချက်ကြီး ရှိနေခဲ့သည်။ စျေးသ က်သာသည့် ခရိုင်မှာနေစဥ်က အဖြစ်အပျက်ကို သတိရမိသွားသည်။ သာမန်မိန်းမတဦးသည် ယောက်ကျားဖြစ်သူရဲ့ စွန့်ပစ်မှုကြောင့် ကိုယ့် ကိုကိုယ်ကြိုးဆွဲကာ သတ်သေသွားခဲ့သည်။ ထို အဖြစ်အပျက်ကို သူမကခုထိစွဲထင်နေပြီး သူမ သာ ချန်အန်ရဲ့ဆန္ဒများကို မဖြည့်ဆည်းပေးနိုင် ပါက ထိုသို့ဖြစ်လာလေမလား တွေးပူမိသွားရ သည်။
“ယင်းအာ ပေါက်ကရတွေ မတွေးနဲ့တော့ မနေ့ ညက ကောင်းကောင်းမနားရသေးဘူးမဟုတ် လား အနားယူလိုက်ပါ”
ဇနီးသည်ရဲ့ အတွေးများကို သတိပြုမိသည့်ချန် အန်က ရင်ခွင်ထဲဆွဲဖက်လိုက်ကာ နှစ်သိမ့်ပေး လိုက်သည်။ ထိုသို့ဖြင့် တိတ်တဆိတ်ပဲ သူမကို ပွေ့ဖက်ထားခဲ့သည်။ ဆောင်ဟွာယင်းတယော က်အိပ်ပျော်သွားသည်ကို မြင်မှ အခန်းထဲမှထွ က်လာခဲ့သည်။ ခဏအကြာတွင် ဂူရှန်းယု၏အ ခန်းထဲသို့ ရောက်သွားသည်။ သူ့ရဲ့ ရေခဲဘုရင် မလေးမှာ စိတ်ဓာတ်ကျနေသည်ကို တွေ့လိုက်ရ သည်။ ချန်အန်က သူမကို တီးတိုးမေးမြန်းကြ ည့်သည့်အခါ သေဆုံးသွားသည့် သူမ၏ဖခင် အကြောင်း တွေးမိသည်ဟု ပြောဆိုလာသည်။
ချန်အန်က လဝက်နီးပါးလျစ်လျူရှုထားမိသည့် အပေါ်စိတ်မကောင်းသလို ခံစားနေခဲ့ရပြီး သူမ ကို နှစ်သိမ့်ပေးလိုက်သည်။ တမနက်ခင်းလုံး သူမကို ငိုရှိုက်ခွင့်ပေးခဲ့သည်။
စိတ်စွမ်းအင်…+3×28
နေ့လည်စာ စားချိန်၌ ခနအနားယူကာ နေ့လည် စာစားသောက်ကြသည်။ ချန်အန်က ဝမ်ကျိယ န်ရဲ့ အခန်းထဲသို့ သွားလိုက်သည်။ ဝမ်ကျိယန် က ချန်အန်ကို ဒေါသကြီးသည့် ဇနီးတဦးမှဆူ ပူသကဲ့သို့ ရွဲ့စောင်းပြောလာသည်။
“အို့ ဆေးဆရာချန်ပါလား ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်”
“နောက်ဆုံးတော့ ကျမကို သတိရလာပြီပေါ့”
“ယန်အာ ငါ့အပြစ်တွေပါပဲ”
ချန်အန်က သူမအနားတိုးကပ်သွားပြီး ပွေ့ဖက် လိုက်သည်။
“ငါ့ကိုလာမထိနဲ့”
ဝမ်ကျိယန်က ဒေါသတကြီးဖြင့် ဝုန်းဒိုင်းကျဲလို ဟန်ရှိပြီး ရုန်းကန်နေသည်ကို ချန်အန်က လွှတ် မပေးခဲ့ချေ။ နူးညံ့ချိုမြိန်သည့် ချစ်စကားများ သုံး၍ အချိန်အတော်ကြာသည်အထိ ချော့မြူခဲ့ ရသည်။ အဆုံး၌ ဝမ်ကျိယန်က ခွင့်လွှတ်ခဲ့ပေမဲ့ ဒေါသအနည်းငယ်ကျန်နေတုန်းပင်။
လဝက်နီးပါးထိန်းချုပ်ထားရသည့် သူမရဲ့မ ကျေနပ်မှုများကို ဖြေသိမ့်ရန် ချန်အန်က မကြာ ခဏ သွားပေးခဲ့သည်။ မီးစွမ်းအင် အရင်းအမြ စ်ကလည်း တိုးတက်လာသည်။
မီးစွမ်းအင် အရင်းအမြစ်….ပထမအဆင့် အဆ င့်နိမ့် 98/100
ဖြတ်ကျော်နိုင်ရန် ၂မှတ်သာလိုအပ်တော့သည်။ ဝမ်ကျိယန်ကို လှုပ်နိုးကာ ဆက်လက်မျိုးစေ့ချ ရန် တောင်းဆိုလိုက်သည်။ ဝမ်ကျိယန်သည် မျက်လုံးလှိမ့်ကာ ငြူစူဟန်ပြသော်လည်း ခွင့်ပြု ပေးလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက်…
မီးစွမ်းအင် အရင်းအမြစ်… .+1
မီးစွမ်းအင် အရင်းအမြစ်…ပထမအဆင့် အဆ င့်နိမ့် 99/100
နောက်တမှတ်လိုနေသေးသည်။ ချန်အန်တစ် ယောက်စိတ်လှုပ်ရှားနေစဥ်မှာပဲ စနစ်ရဲ့သတိ ပေးချက်ကို ကြားလိုက်ရသည်။
[စနစ်ရှင်မှ ဇနီးဖြစ်သူရဲ့လယ်ကွက်ထဲ အောင် မြင်စွာ မျိုးစေ့ချနိုင်ခဲ့ပြီး သန္ဓေတည်စေခဲ့သည် ခြင်ဆီသန့်စင်ဆေးကို ဆုချပါမည်]
…………………………………………………