← Chapters

စွမ်းရည်အဆင့် မြင့်တင်ခြင်း

Vol. 6 Ch. 53

စွမ်းရည်အဆင့် မြင့်တင်ခြင်း

Vol. 6 Ch. 53

ချန်အန်က စနစ်ရဲ့သတိပေးချက်နဲ့အတူ လက် ထဲရှိအပြာရောင် ဆေးလုံးကိုကြည့်၍ စိတ်လှုပ် ရှားသွားရသည်။ ဝမ်ကျိယန်တွင် ကိုယ်ဝန်ရှိ သွားလေပြီ။

စနစ်မှ ဆုအဖြစ်ပေးသည့် ခြင်ဆီသန့်စင်ဆေး ကိုယူ၍ ဆေးဖော်စပ်ခန်းသို့ သွားရန်ဆုံးဖြတ် လိုက်သည်။ ဝမ်းသာစရာ သတင်းကောင်းကို တော့ ဝမ်ကျိယန်အား မပြောပြလိုသေးပေ။

“ထပ်မလုပ်ချင်တော့ဘူးလား”

ချန်အန်က တကြိမ်သာဆက်ဆံပြီး အဝတ်အ စားများ ဝတ်နေသည်ကိုမြင်လျင် ဝမ်ကျိယန်မှ အံ့သြမှင်သက်စွာဖြင့် မေးလိုက်သည်။ နေ့တိုင်း ဆက်ဆံရန် စိတ်အားထက်သန်နေသည့် ချန်အ န်တယောက် မည်သို့ဖြစ်သွားရသနည်း။

“အရေးကြီးလုပ်စရာတခုရှိ နေတာကို သတိရမိ သွားလို့ပါ ဒီည ဒါမှမဟုတ် မနက်ဖန်မနက်ကျ ပြန်လာခဲ့မယ်”

ချန်အန်က ဆေးဖော်စပ်ခန်းသို့ အမြန်သွားခဲ့ပြီး အဆင်ပြေရာ နေကာတခုရှာ၍ ထိုင်လိုက်သည် ထို့နောက် စဥ်းစားခြင်းပင် မပြုတော့ဘဲ ဆေး ကိုမြိုချလိုက်တော့သည်။ ပူနွေးသည့် စီးဆင်းမှု တခုက ဝမ်းဗိုက်မှတဆင့် ခန္ဓာကိုယ်ရှိ သွေး ကြောများကို စီးဆင်းသွားသည်။ နာရီဝက်ခန့် ကြာလျင် သွေးကြောများနဲ့ ချွေးပေါက်များက ပို၍ ကျယ်ပြန့်လာပြီး ချွေးပေါက်များမှ တဆင့် အညစ်အကြေးများ ထွက်လာသည်။

ထိုသို့ ရွံစရာကောင်းသည့် အညစ်အကြေးများ ကို ဆက်၍ ထိန်းချုပ်မထားနိုင်တော့ပေ။ အမြ န်ပင် စွန့်ထုတ်ပစ်ချင်လာသည်။ ချက်ချင်းပင် ဆေးဖော်စပ်ခန်းရဲ့ ပြတင်းပေါက်မှတဆင့် ခုန် ဆင်းကာ အိမ်သာဆီပြေးသည်။ ပြီးလျင် ရေ ချိုးခန်းရှိရာသို့ သုတ်ခြေတင်ရတော့သည်။

ဝမ်ကျိယန်အသုံးပြုသည့် ပန်းပွင့်များရဲ့ မွှေးရ နံ့များဖြင့် ရေထဲ၌ တနာရီကြာအောင် စိမ်၍ချိုး လိုက်သည်။ ထိုအခါမှသာ ခန္ဓာကိုယ်ရှိ အနံ့ဆိုး များမှာ ပျောက်ကွယ်သွားရလေသည်။ ချန်အန် က အဝတ်စ သန့်သန့်ဖြင့် ခန္ဓာကိုယ်ကို သုတ် လိုက်သည်။ ခဏကြာလျင် ဂူရှန်းယု၏ အခန်း ထဲသို့ သွားကာ ကိုယ်လုံးပေါ်မှန်ရှေ့၌ သူ့ခန္ဓာ ကိုယ်ရဲ့ ပြောင်းလဲမှုများကို စစ်ဆေးနေသည်။ သူ့ရဲ့အသားအရေက မိန်းမ၃ဦးထက်ပင် ပို၍ ကောင်းမွန်နေပြီး ချောမောသည့် ရုပ်ရည်အပြင် စကျင်ကျောက်နဲ့ ထုထားသကဲ့သို့ ခန္ဓာကိုယ်က ကြည်စင်နေခဲ့သည်။

မျက်စိကိုမှိတ်၍ ကိုယ်တွင်းစွမ်းအင်များကို ခံ စားကြည့်မိသည်။ အရင်ကထက် ပို၍ ချီစွမ်းအ င်များကို စုပ်ယူလာနိုင်ကြောင်း သတိပြုမိသွား သည်။ ဆိုလိုသည်က အရင်ကထက် ၂ဆပို၍ ကျင့်ကြံရာ၌ အကျိုးရှိသွားလေပြီ။ ချန်အန်တ ယောက် မျက်နှာပေါ်ရှိ အပြုံးကိုမဖုံးကွယ်ထား နိုင်တော့ချေ။ နှစ်နှစ်အတွင်း အခြေခံတည် ဆောက်ခြင်း အဆင့်အား ရောက်သွားနိုင်လော က်သည်။

“ယောက်ျား”

ထိုစဥ် ဂူရှန်းယု၏ စိတ်ရှုပ်ထွေးနေသည့် အသံ ထွက်ပေါ်လာသည်။ သူမက မီးဖိုချောင်၌ အိမ် အလုပ်များ လုပ်ကိုင်ပြီး အခန်းသို့ ပြန်လာခြင်း ဖြစ်သည်။ ချန်အန်က သူမကိုမြင်လျင် ပြုံး၍

“ငါက ရေချိုးသန့်စင်ပြီးလို့ မှန်ခနလာကြည့်နေ တာပါ”

“ဒါပေမယ့် ယောက်ျားက ဘာလို့ဘာမှမဝတ် ထားတာလဲ”

“အဟွတ်!.. ပြောရရင် ဇာတ်လမ်းကရှည်တယ်”

“ကျမက နား​ထောင်ချင်စိတ်ရှိပါတယ် ယောက် ကျားပြောသမျှ နားထောင်ပေးမယ်လေ”

“မင်းက အရမ်းသိချင်နေတယ် ဆို​တော့ လာပါ အိပ်ရာထဲမှာ ပြောကြတာပေါ့”

“ယောက်ျား….”

အချိန်အချို့ ကြာသွားသည်။

စိတ်စွမ်းအင်…..+3

ဂူရှန်းယုက နီရဲနေသည့် မျက်နှာလေးဖြင့် ချန် အန်ရဲ့ လက်မောင်းအပေါ် မီနေသည်။ နူးညံ့ ချောမွတ်နေသည့် မျက်နှာကိုထိတွေ့ရန် လက် လှမ်းလိုက်ပြီး မယုံနိုင်သည့်ဟန် ရှိနေသည်။

“ယောက်ျား နင့်အသားအရေက အရမ်းကို ကောင်းလာတာပဲ ဘာလို့လဲ”

“ငါလည်း မသိဘူးလေ”

“ဟုတ်လား”

ဂူရှန်းယုက ချန်အန်ရဲ့ အသားအရေကို ထိတွေ့ ခံစားနေသည်။

“ယောက်ျားရဲ့ အသားအရေက ယင်းအာထက် တောင်ပို နူးညံ့နေတယ်”

ချန်အန်က ပြုံး၍ မည်သည့်စကားမှ ပြန်မပြော ခဲ့ပေ။ လုံလောက်အောင် နားခဲ့ပြီဖြစ်၍ အလုပ် စရန်အချိန်ကျလေပြီ။

“ယုအာ ငါ့အခန်းထဲက အဝတ်တထည်လောက် ယူပေးလို့ရမလား”

“ခနစောင့်ယောက်ျား ငါအခုပဲ သွားယူပေးမယ်”

ဂူရှန်းယုက ချက်ချင်းထွက်သွားခဲ့ပြီး ခနကြာ လျင် အဝတ်တစုံဖြင့် ပြန်ရောက်လာသည်။ ချ န်အန်က အဝတ်အစားများကို ဝတ်ဆင်လိုက်သ ည်။ သို့သော် ချက်ချင်းအခန်းထဲမှ မထွက်ခွာ သေးပဲ ကျင့်ကြံမှုကို စတင်စမ်းသပ်ကြည့်သည်

အသက်ရှုသွင်း…

ရှုထုတ်….

သူ့ရဲ့ဝမ်းဗိုက်ရှိ ဒန်တျန်ထဲတိုးဝင်နေသည့် ချီ စွမ်းအင်များကို ခံစားမိလိုက်သည်။ နာရီဝက် ခန့်ကြာတော့ မျက်လုံးဖွင့်လိုက်သည်။ စိတ် ကျေနပ်မှုကို အမှန်တကယ် ခံစားနေရပြီး သူ့ရဲ့ ကျင့်ကြံမှုကလည်း အနည်းငယ် တိုးလာနေသ ည်။ ခြင်ဆီသန့်စင်ဆေး၏ အာနိသင်က အံ့မခ န်းပင်။ ချန်အန်တယောက် ကျင့်ကြံပြီးသွားသ ည်ကို မြင်လျင် ဂူရှန်းယုက ရှက်ရွံစွာဖြင့်

“ယောက်ျား ထပ်လုပ်ချင်သေးလားဟင်”

“အခုတော့ အခြားလုပ်စရာရှိသေးလို့ တော်ပါပြီ မနက်ဖန်မှပေါ့”

ထိုသို့ပြောလိုက်ပြီးနောက် ရေခဲကိုယ်လုပ်တော် လေးအား နမ်းလိုက်သည်။ပြီးနောက် ကုတင် ပေါ်မှဆင်းကာ အခန်းထဲမှ ထွက်သွားတော့သ ည်။ အပြင်သို့ ရောက်လျင် ဝမ်ကျိယန်၏အခန် သို့ ဝင်သွားသည်။

“ယန်အာ မင်းအတွက်သတင်းကောင်း ရှိတယ်”

“ငါ့ကိုမခန့်မှန်းခိုင်းနဲ့တော့ စိတ်မတိုချင်ဘူး”

ဝမ်ကျိယန်က မျက်စောင်းထိုးလိုက်ပြီး ဒေါသ တကြီးဖြင့် ချန်အန်ကို ပြောလာသည်။ ချန်အန် က ကုတင်ပေါ် တက်ထိုင်လိုက်ပြီး သူမဘေးနား တိုးကပ်လိုက်သည်။ သူမကို အသာဖက်၍

“ယန်အာ မင်းမှာ ကိုယ်ဝန်ရှိနေပြီ”

“ဘာကိုဆိုလိုတာလဲ”

“မင်းမှာကိုယ်ဝန် ရှိနေပြီလို့”

“ဟုတ်လို့လား…”

ဝမ်ကျိယန်က အံ့သြမှင်သက်သွားသည်။ သူမ ရဲ့မျက်နှာက မယုံနိုင်ဟန်ရှိနေပြီး ယောက်ျားဖြ စ်သူမှာ အရှက်မဲ့စွာ ကြိမ်ဖန်များများ ဆက်ဆံ တတ်သော်လည်း သူက ရယ်စရာမလုပ်တတ် ကြောင်းကိုတော့ သူမသိပေသည်။ သူမက စိတ် ရှုပ်ထွေးစွာဖြင့် ပြန်မေးသည်။

“ငါ…ငါက ကိုယ်ဝန်ရှိနေတာကို နင်ဘယ်လိုလု ပ်ပြီး သိတာလဲ”

“ကိုယ်ဝန်ဆောင်ခြင်း နည်းပညာကို သိလား”

“ဟင့်အင်း”

ဝမ်ကျိယန်က ခေါင်းခါလိုက်သည်။ ချန်အန်က ပြုံး၍ “ဟုတ်တယ် ငါတမင်လုပ်ကြံပြောတာပါ မင်းသိရင် ထူးဆန်းနေမှာပေါ့”

ဝမ်ကျိယန်က သူမစနောက်ခံရကြောင်း သတိမ ပြုပေ။ သူမရဲ့ ပြားချပ်နေသည့် ဝမ်းဗိုက်ဖွေး ဖွေးလေးကို ထိကိုင်ကြည့်နေသည်။ တခုခု မူမ မှန်သလို ခံစားနေရသည်။

“ယောက်ျား ငါတကယ် ကိုယ်ဝန်ရှိနေတာလား”

“လုံးဝ တကယ်ပေါ့”

ချန်အန်ရဲ့ လေးနက်သည့် အမူအရာကိုမြင်လျင် ဝမ်ကျိယန်က သူမတွင်ကိုယ်ဝန်ရှိနေသည့်ကိစ္စ အား ယုံကြည်လိုက်သည်။ ထိုအခိုက်အတန့် လေးမှာတော့ သူမဟာ စိတ်လှုပ်ရှားနေခဲ့သည်။

[ဇနီးဖြစ်သူဟာ ကိုယ်ဝန်​ဆေင်ထားရသည့်အ ပေါ် စိတ်လှုပ်ရှားနေသည် ဆက်ဆံရေး +1+3+1+4]

ဆက်ဆံရေး…ကြယ်နှစ်ပွင့် 101/500

ဆက်ဆံရေးက တိုးတက်လာသည်။ အထူးအား စိုက်ထုတ်စရာ မလိုပေ။ ချန်အန်က စိတ်လှုပ် ရှားစွာဖြင့် ဝမ်ကျိယန်ကို ကုတင်ပေါ်အသာလဲ လျောင်းစေလိုက်သည်။ ပြီးနောက်သူမရဲ့ လှပ သည့် မျက်ဝန်းများကို ကြည့်ရင်း

“ယန်အာ ငါတို့ရဲ့ ပျော်စရာသတင်းလေးအတွ က် ဂုဏ်ပြုကြရအောင်”

“ခနနေပါဦး သန္ဓေသားအတွက် မကောင်းဘူး”

“စောပါသေးတယ် သန္ဓေကမအောင်သေးဘူး”

“ဒါ..ဆို….ကောင်းပြီ”

ဝမ်ကျိယန်က တခဏ တုန့်ဆိုင်းပြီးနောက် သ ဘောတူလိုက်သည်။

[ဇနီးသည်၏ ကိုယ်ဝန်ဆောင်ရမှုအပေါ် ဂုဏ်ပြု ပေးခဲ့သည် မီးစွမ်းအင် အရင်းအမြစ် +2]

မီးစွမ်းအင်…ပထမအဆင့် အလယ်အလတ် 101/500

သတိပေးချက် ထွက်ပေါ်လာသည်နှင့် ချန်အန်ရဲ ခန္ဓာကိုယ်က နွေးထွေးမှုကို ခံစားလာရပြန်သ ည်။ သူ့ရဲ့ ကိုယ်တွင်းစွမ်းအင်အပေါ် ခံစားနိုင်စွ မ်းက ပိုကောင်းလာသည်။ သံသယ ရှိစရာမလို အောင်ပင် ထိုအရာက မီးစွမ်းအင် တိုးတက်မှု ကြောင့် ဖြစ်သည်။ ချန်အန်က အဝတ်အစားပင် မဝတ်တော့ပဲ ကုတင်ပေါ်၌ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။ သူမျှော်လင့်ထားသလိုပင် ကျင့်ကြံမှု အရှိန်က တိုးတက်လာပြန်သည်။

အသိသာဆုံးအချက်က လေထဲမှ မီးစွမ်းအင်နဲ့ သက်ဆိုင်သည့် ချီဓာတ်များကို အာရုံခံမိနေခြင် ဖြစ်သည်။ ထိုအရာများကို ပို၍ စုပ်ယူလာနိုင် ပြီး လိုအပ်သည့် ချီစွမ်းအင်အဖြစ် ပြောင်းလဲ သွားသည်။ တလ အတွင်း မဟုတ်သေး တလခွဲ အတွင်း ချီစုဆောင်းခြင်း အဆင့်၈ ကိုဖြတ် ကျော်သွားနိုင်သည်ဟု ယုံကြည်ချက် ရှိသွားမိ သည်။

………………………………………………..

All Chapters