← Chapters

အိမ်နီးနားချင်းမှ မုဆိုးမ

Vol. 6 Ch. 54

အိမ်နီးနားချင်းမှ မုဆိုးမ

Vol. 6 Ch. 54

ညစာအတွက် ချန်အန်က ကိုယ်တိုင်ချက်ပြုတ် ခဲ့သည်။ ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့က ကူညီ ပြီး ဝမ်ကျိယန်က ချန်ယုကျန်းနဲ့ ခြံဝန်းထဲ၌ က စားနေသည်။ တနာရီခန့် ကြာပြီး​နောက် ဟင်းပွဲ များ အသင့်ဖြစ်သွားလေသည်။

စားသောက်ခန်းထဲ၌ ဖြစ်သည်။ ဆောင်ဟွာယင် က များပြားသည့် စားပွဲများကိုကြည့်၍ စပ်စုနေ သည်။

“ယောက်ျား ဒီနေ့ကဘာနေ့မို့ ဒီလိုအရသာရှိတာ တွေကို ကိုယ်တိုင်ချက်ပြုတ်နေတာလဲ”

“သတင်းကောင်းတခုရှိတယ်လေ”

“သတင်းကောင်းက ဘာလဲ”

ချန်အန်က ဝမ်ကျိယန်ဘက်သို့ ပြုံး၍တချက် လှည့်ကြည့်ကာ

“ယန်အာ မင်းပဲသူတို့ကို ပြောပြလိုက်ပါ”

ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့က ဝမ်ကျိယန်ကို ကြည့်လာသည်။ ချန်ယုကျန်းလေး တယောက် သာ နေမြဲအတိုင်းရှိနေပြီး သူမက ကြက်ပေါင် သေးသေးလေးကို ကိုင်ရန်ကြိုးစားနေပြီး ကံဆို စွာဖြင့် သူမရဲ့လက်က သေးလွန်းနေသောကြော င့် မထိမိပေ။ သူမရဲ့ မျက်ခုံးများက တွန့်ကွေး နေသည်။

“အစ်မဝမ် သတင်းကောင်းက ဘာလဲ”

ဝမ်ကျိယန်တယောက် တိတ်ဆိတ်နေလျင် ဆောင်ဟွာယင်က စိတ်မရှည်စွာဖြင့် မေးလာသ ည်။ ဝမ်ကျိယန်က နားသယ်စပ်ပေါ်မှ ဆံစများ ကို နားရွက်အနောက်သို့ အသာပို့၍ ရှက်ရွံစွာနဲ့ ပြုံးလိုက်သည်။

“အင်း..ငါ ငါ့မှာ ကိုယ်ဝန်ရှိနေတယ်”

“ကိုယ်ဝန်ရှိနေတာလား”

ဆောင်ဟွာယင်းတစ်ယောက် တခဏမျှတုန်လှု ပ်သွားရသည်။ ထို့နောက် ပြူးကျယ်နေသည့် မျက်ဝန်းအစုံဖြင့်

“အစ်မဝမ် တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား”

ဝမ်ကျိယန်က ကြက်စွပ်ပြုတ်ကို တငုံသောက် လိုက်ပြီး နီရဲနေသည့်မျက်နှာလေးဖြင့် ပြောလာ သည်။

“ဟုတ်ပါတယ် တကယ်”

ဆောင်ဟွာယင်းတစ်ယောက် ဝမ်းသာသွားသ ည်။ သူမရဲ့လက်မောင်းထဲမှ ချန်ယုကျန်းလေး ရဲ့ လက်လေးများကို ဆုပ်ကိုင်ကာ

“ယု ကျန်းလေး နင့်ရဲ့မေမေဝမ်က ကိုယ်ဝန်ရှိနေ ပြီတဲ့ ညီမလေးလိုချင်လား မောင်လေးလိုချင် လား”

“ကြက်တား.. ကြက်ပေါင်..သမီးကြက်ပေါင်ပဲ လိုချင်တယ်”

ချန်ယုကျန်းက စိုးရိမ်တကြီးပုံစံဖြင့် ကြက်ပေါ င်ကို ကူ၍ယူပေးရန် တောင်းဆိုလာသည်။ စား ပွဲဝိုင်းရှိလူများက သူမရဲ့စကားကိုကြားချင် ပြုံး ရယ်မိသွားကြသည်။

“လာ..လာ မေမေဝမ်က ကြက်ပေါင်တခုပေးမ ယ်”

ဝမ်ကျိယန်က ကြက်ပေါင်တခုကိုယူ၍ ချန်ယု ကျန်းရဲ့ ဇလုံလေးထဲ ထည့်ပေးလိုက်သည်။

“နောင်မှာ မေမေဝမ်က ကလေးမွေးလာရင် သမီ က သမီးရဲ့ မောင်လေး ဒါမှမဟုတ် ညီမလေးကို စောင့်ရှောက်ရမယ်နော်”

“ဟုတ်ကဲ့ ညီမယေးကို ဂုစိုက်ပါ”

ချန်ယုကျန်းက ချောချောမွေ့မွေ့ ပြန်မပြောတ တ်သေးချေ။ သူမက ကြက်ပေါင်ကိုယူ၍ ကိုက် လိုက်ပြီး သွားများမပေါက်သေး၍ သူမအတွက် ခက်ခဲနေသည်။ ဝမ်ကျိယန်က ချန်ယုကျန်းလေ ရဲ့ပုံစံကို ချစ်မြတ်နိုးစွာဖြင့် ကြည့်နေသည်။ ထ မင်းဝိုင်းက စိုပြေသွားသည်။

လူတိုင်းပြုံးရယ်နေသော်လည်း ဂူရှန်းယုမှာမူ စားပွဲအောက်မှ တဆင့် သူမရဲ့ဝမ်းဗိုက်ပိန်ပါးပါ လေးကို ထိကာစိုးရိမ်နေသည်။ သူမထက်တနှစ် နောက်ကျပြီးမှ ရောက်လာသည့် ဝမ်ကျိယန်ပင် ကိုယ်ဝန်လွယ်ထားရပြီ။ သူမကတော့ တုတ်တု တ်ပင် မလှုပ်သေးချေ။ သူမက စိတ်ဓာတ်ကျ နေခဲ့ပြီး ချန်အန်က ထိုအရာကို သတိပြုမိခဲ့သ ည်။ မည်သည့်စကားမှတော့ မပြောခဲ့ပေ။

စားသောက်ပြီးနောက် ညအချိန်ရောက်သွားခဲ့ သည်။ ခြံဝန်းထဲ လမ်းအနည်းငယ်လျှောက်ပြီး နောက် ကိုယ်စီတာဝန်များ လုပ်ဆောင်ကြသည် ဝမ်ကျိယန်က ကျင့်ကြံရန် အခန်းကိုပြန်သွားသ ည်။ ဆောင်ဟွာယင်းက ချန်ယုကျန်းလေးကို သိပ်ရန် အခန်းဆီပြန်လေသည်။ ဂူရှန်းယုက ချန်အန် မနက်ဖန်ဆေးဖော်စပ်နိုင်ရန် ဆေးပင် များကို ကူ၍ ခွဲခြမ်းပေးနေသည်။

“ယုအာ အဲ့ဒါကိုခဏထားလိုက်ပါ ငါတို့ရေအတူ တူချိုးရအောင်”

ဂူရှန်းယုကနာခံစွာဖြင့် ချန်အန်နဲ့အတူ ရေချိုးခ န်းသို့ လိုက်ပါလာသည်။ သူမရဲ့အဝတ်အစား များကို ချွတ်ပေးလိုက်ပြီး ရေဇလုံထဲ၌ ထိုင်စေ သည်။

“ယုအာ မင်းဒီည စိတ်မပျော်ဘူးလား”

ဂူရှန်းယုက ခေါင်းကိုယမ်း၍ ပြောလာသည်။

“ယောက်ျား ငါပျော်ပါတယ်”

“လိမ်နေတာပဲ”

ချန်အန်က သူမကိုအနားဆွဲယူလိုက်ပြီး သူမရဲ့ နားအနားကပ်၍ တီးတိုးပြောလိုက်သည်။

“ငါက အာရုံခံစားမှုကောင်းနေပါပြီ ညစာစားတု န်းက မင်းရဲ့ဝမ်းဗိုက်ကိုထိကိုင်နေတာ သတိပြု မိတယ်”

ဂူရှန်းယုက ချန်အန်သိနေပြီ ဖြစ်၍ ဖုံးကွယ်မ ထားတော့ပဲ စိတ်ပျက်နေဟန်ဖြင့်

“ယောက်ျား အစ်မဝမ်က ငါ့ထက်နောက်ကျပြီး မှ ရောက်လာတာပါ သူကျတော့ကိုယ်ဝန်ရပြီး ငါကဘာလို့ကိုယ်ဝန် မရတာလဲ ငါကသန္ဓေမရ နိုင်သူ ဖြစ်နေတာလား…”

“မစိုးရိမ်ပါနဲ့ မင်းအလှည့်ကမကြာတော့ပါဘူး”

ချန်အန်က သူမကိုနမ်း၍ နှစ်သိမ့်ပေးလိုက်သ ည်။ ဂူရှန်းယုက မျိုးမအောင်သူလား။ ထိုကိစ္စ မှာ မဖြစ်နိုင်ချေ။ သံသယရှိနေသော်လည်း ထု တ်၍ မပြောပဲ နောင်တွင် ဆေးဝါးကောင်းများ ဖြင့် ကုသနိုင်သေးသည်။ ဂူရှန်းယုက ဆက်၍

“ယောက်ျား ငါက ကိုယ်ဝန်မဆောင်နိုင်ရင် နင် ငါ့ကိုလိုချင်ဦးမှာလား”

“ငါက ဘာလို့မလိုချင်ရမှာလဲ”

“ငါ..ငါက ယောက်ကျားရဲ့ ကလေးကို မမွေး ပေးနိုင်တာကြောင့်….”

“ငါက ယုအာကိုချစ်ပါတယ် ကလေးမွေးနိုင်သ ည်ဖြစ်စေ မမွေးနိုင်သည်ဖြစ်စေ ယုအာကိုဆက် ချစ်နေမှာပဲ”

“ဒါပေမယ့်… သားလေးမလိုချင်ဘူးလား”

သူမက ပြောရင်းမျက်ရည်များ ကျလာသည်။ ဆောင်ဟွာယင်းတယောက် ကလေးမွေးချိန်၌ သူမက ထပ်တူပျော်ရွှင်ခဲ့ပြီး အနာဂတ်အတွက် ပင် စိတ်ကူးယဥ်နေခဲ့သည်။ ယခု ဝမ်ကျိယန်ပ င် ကိုယ်ဝန်ရှိနေလေပြီ။ သူမက ဝမ်ကျိယန်အ တွက် ပျော်ရွှင်မိသော်လည်း သူမအတွက်​တော့ မပျော်နိုင်ပေ။ သူ့ရင်ခွင်ထဲ၌ ငိုနေသည့် သူမကို ကြည့်၍ မည်သို့နှစ်သိမ့်ရမှန်း မသိတော့ချေ။

ကိုယ်ဝန်ရနိုင်မလား ဟူသည့်မျှော်လင့်ချက်ဖြင့် ကြိုးစားရန်သာ ရှိတော့သည်။

[ဇနီးသည်နှင့် ကိုယ်ဝန်ရရန် အစွမ်းကုန်ကြိုးစာ ခဲ့သည်။ စိတ်စွမ်းအင် +3 ဆက်ဆံရေး +1]×9

မျက်စိတမှိတ်အတွင်း လဝက်နီးပါး ကြာမြင့် သွားခဲ့သည်။ ချန်အန်က ကျင့်ကြံနေခဲ့ပြီး ယခ င်ထက်ပို၍ တိုးတက်နေသည်။ နှစ်နာရီခန့်ကြာ မြင့်ပြီးနောက် မျက်လုံးအစုံကို ဖွင့်လိုက်သည်။ နောက်ဆုံးတော့ ဖြတ်ကျော်သွားခဲ့လေပြီ။သူက လဝက်အတွင်း အဆင့် ၈ကို ရောက်ရှိသွားခဲ့ပြီး အဆင့်၉ နဲ့ ခြေတလှမ်းသာ ဝေးတော့သည်။

ထိုအဆင့်ကို ရောက်ရန် မည်မျှထပ်ကြာမည်န ည်း။ ကျင့်ကြံမှုအရှိန်က ဆယ်ဆတိုးလာသည်။ နောင်တွင် ဝမ်ကျိယန်ရဲ့ကိုယ်ဝန်ကြောင့် က လေးမွေးခြင်း လမ်းလျှောက်တတ်ခြင်းတို့မှ ဆု လာဒ်များ ရနိုင်သေးသည်။ ထိုအချိန်ရောက်လျ င် အဆင့်၉ အသာထား အခြေခံတည်ဆောက် ခြင်းအဆင့်ကိုပင် ရောက်သွားနိုင်သည်။

ချန်အန်က ရည်မှန်းချက်တခုထားလိုက်သည်။ နှစ်နှစ်အတွင်း အခြေခံတည်ဆောက်ခြင်းအဆ င့်ကို ရောက်ရမည်။ ပြတင်းပေါက်မှနေ၍ အပြ င်ဘက် ကောင်းကင်ကိုကြည့်ကာ စိတ်ကျေနပ် နေခဲ့သည်။ တမနက်လုံး ဇနီးသည်နှင့် အတူနေ ပြီးနောက် ဆေးဖော်စပ်ရန် အချိန်ကျလေပြီ။ မဟုတ်လျင် မနက်ဖန်၌ ထောက်ပံ့ရေးဌာနကို ဆေးများ ပို့ဆောင်နိုင်မည် မဟုတ်တော့ပေ။

ချန်အန်ရဲ့ ဆေးဖော်စပ်မှုက ကြိုးစားမှုနည်းန ည်းဖြင့် အကျိုးနှစ်ဆ တိုးလာသည်။ အရည်အ သွေးမှာလည်း ၃၀ ရာခိုင်နှုန်းပို၍ ကောင်းလာ သည်။ ထိုသို့ဖြစ်ရခြင်းမှာ မီးစွမ်းအင် တိုးတ က်လာခြင်းကြောင့် ဖြစ်သည်။ နောက်နေ့မနက် ၌ အခန်းထဲတွင် နိုးလာပြီး ထုံးသံအတိုင်း ဇနီးနဲ့ သမီးဖြစ်သူ၏ သရေများကို သုတ်ပေးလိုက်သ ည်။ ခနကြာလျင် အခန်းထဲမှ ထွက်လာပြီး ဝါး ရွက်ဂိုဏ်း၏ ထောက်ပံ့ရေးဌာနသို့ သွားလိုက် သည်။

လမ်းတလျှောကိ၌ မုဆိုးမ များစွာကို တွေ့ရသ ည်။ သူမတို့က ခေါ်ဆောင်သွားပေးရန် တောင်း ဆိုနေကြပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က မိုး မခလမ်းရှိလူများ ထွက်ခွာသွားကြသည်။ အချို က အိမ်ငှားခမပေးနိုင်၍ ထွက်ပြေးကြပြီး ဝါး ရွက်ဂိုဏ်းမှ ထိုသူများကို ဖမ်းဆီးကာသတ်ဖြ တ်လိုက်ကြသည်။ အချို့မှာမူ တိုက်ပွဲမြေပြင် သို့သွား၍ သံနက်ဂိုဏ်းမှ လက်ချက်ဖြင့် အသ က်ဆုံးပါးကြရသည်။

ရလာဒ်အနေဖြင့် မုဆိုးမများစွာကျန်ရစ်ခဲ့ပြီး ထိုမိန်းမများက မိုးမခလမ်းရှိ အဆင့်နိမ့်ကျင့် ကြံသူများရဲ့ အဆင့်နိမ့်ဇနီးသည်များဖြစ်ကြသ ည်။ သူမတို့က ယောက်ကျားများကို ပြုစုပေး ပြီး အိမ်ထောင့်တာဝန်ကျေသရွေ့ ကျင့်ကြံရန် အရင်းအမြစ်များ ရနိုင်သည်။ ယခင်က တစ် ကိုယ်ရေ တစ်ကာယ သမားများလည်း ထိုမိန်းမ များကို ခေါ်ဆောင်နိုင်ကြလေပြီ။ ရုပ်ရည်ချော မောသည့် မိန်းမများက ဝါးရွက်ဂိုဏ်းမှ ကျင့် ကြံသူများကိုပင် ဆွဲဆောင်နိုင်ကြသည်။ အခြာ အမျိုးသမီးများက စီးပွားရေးကောင်းသည့် အ ဆောင်ဆရာ ဆေးဆရာနဲ့ ပန်းပဲဆရာများကို ချဥ်းကပ်လာကြသည်။

ချန်အန်အနေဖြင့်လည်း မလွတ်ကင်းပေ။ မုဆိုး မအနည်းငယ်က လာရောက်ဆွဲဆောင်ကြသည် ကံကောင်းစွာဖြင့် ချန်အန်ကစိတ်ဓာတ်ခိုင်မာပြီ ထိုအရာများကို လွန်ဆန်နိုင်ခဲ့သည်။ မကြာခင် မှာပဲ ဝါးရွက်ဂိုဏ်းရဲ့ ထောက်ပံ့ရေးဌာနသို့ရော က်ရှိသွားသည်။ စကားပင်ပြောမနေတော့ပဲ ဆေးလုံးများပေးပြီးသည်နှင့် အိမ်သို့ချက်ချင်း ပြန်တော့သည်။

လမ်း၌ မုဆိုးမတဦးနှင့် တိုးလေသည်။ သူမက အိမ်နဲ့မနီးအဝေးတွင် နေထိုင်ခဲ့သည် ငယ်ရွယ် ၍ ချောမောသည့် အသွင်ပြင်ရှိကာ သုံးနှစ်အရွ ယ်ကလေးတဦးကို ချီထားသည်။ ချန်အန်ကိုမြ င်လျင် အနီးသို့ကပ်လာပြီး ရှက်ရွံ့စွာဖြင့်

“ဆေးဆရာချန်…အမ်း…နောက်ထပ်ကိုယ်လုပ် တော်ယူဖို့ စိတ်ကူးရှိထားသေးလား”

…………………………………………………

All Chapters