ကွဲပြားသည့် အလေ့စရိုက်များ
Vol. 6 Ch. 55
ချန်အန်က သူ့ရှေ့ရှိမုဆိုးမကို ကြည့်လိုက်လျင် အသက် ၃၀ ခန့်အရွယ် ရှိသည်ကို တွေ့လိုက်ရ သည်။ သူမရဲ့ ပုံစံက သူ့ဇနီးများကဲ့သို့ ချစ်စဖွ ယ်ဟန်ပန် မရှိသော်လည်း ရင့်ကျက်ပြီး လုံးကြီ ပေါက်လှ ရေဆေးငါးသဖွယ် ရှုချင်စရာတော့ရှိ နေသည်။ အနှီမုဆိုးမ မှာ အထင်ကြီးစရာတော့ ကောင်းပါသည်။ သူမ၏ အမည်မှာ မိုလီဖန်း ဖြစ်ပြီး ဘေးအိမ်က ကျင့်ကြံသူရဲ့ ဇနီးဖြစ်သ ည်။
သူမ၏ ယောက်ကျားက အဆင့်၇ရှိ ကျင့်ကြံသူ ဖြစ်ပြီး တိုက်ပွဲမြေပြင်တွင် သေဆုံးသွားခဲ့ရသ ည်။ သူမတွင် သုံးနှစ်အရွယ် သားတဦးကျန်ရှိ နေခဲ့ပြီး အားကိုးရာမဲ့နေခဲ့သည်။
“ဆေးဆရာချန်”
ချန်အန်က မတုန့်ပြန်သည်ကို မြင်လျင် သူမရဲ့ မျက်နှာလေးမှာ နီရဲသွားပြီး မထင်မှတ်စွာဖြင့် ဆွဲဆောင်မှုများကို ထုတ်လွှတ်နေခဲ့သည်။ သို့ သော်ချန်အန်က အပျိုစင်များကိုသာ သဘော ကျသည်။ ထို့ကြောင့် အပြုံးလေးဖြင့်သာ ငြင်း ပယ်လိုက်ရသည်။
“ကျင့်ကြံသူမို မင်းက ဘဝအတွက် ကိုယ့်ကိုကို ယ် အောင်သွယ်ဘဝ ဖြစ်ချင်နေတာပဲ ကံဆိုးစွာ နဲ့ ငါ့ဘဝက အခုချိန်မှာ ကျပ်တည်းနေတာပါ လတ်တလောမှာ ကိုယ်လုပ်တော်ထပ်ယူဖို့ အစီ စဥ်မရှိပါဘူး ယူဖြစ်ခဲ့ရင် ကျင့်ကြံသူမိုကို ပြော ပါ့မယ်”
ထိုသို့ပြောပြီးနောက် ချက်ချင်းပင် လှည့်ထွက် လိုက်သည်။ တဖက်သားအခြေနေကိုပင် စောင့် ကြည့်မနေတော့ပေ။ ချန်အန်ထွက်ခွာသည်ကို မြင်လျင် သူမက သားဖြစ်သူလက်ကို ဆွဲကိုင်၍ အနောက်မှ လိုက်ပါလာသည်။ သူမက အရှေ့၌ ပိတ်ရပ်၍ ကရုဏာသက်ဖွယ် အမူအရာဖြင့်..
“ဆေးဆရာချန် ငါ့ယောက်ျားက တိုက်ပွဲမှာ သေ ဆုံးသွားပါပြီ ငါက အဆင့်၂ ကျင့်ကြံသူလေးပဲ ဖြစ်လို့ အလယ်ဗဟိုမှာ ရပ်တည်ဖို့ခက်ခဲပါတ ယ် အသက်ငယ်ရွယ်သေးလို့ မိသားစုတခုကို ထူထောင်နေချိန်လေးမှာ နောက်ထပ်မိသားစုတ ခု ရှာဖွေချင်တယ်”
ထိုသို့ပြောရင်း သူမက ဒူးထောက်ချလိုက်သည်
“ဆေးဆရာချန် ကျေးဇူးပြုပြီး ကျမတို့ကိုခေါ် ထားပေးပါ”
တမင်လား မတော်တဆလား မသိရပေမယ့် သူ မဒူးထောက်လိုက်ချိန်တွင် ရင်ဘက်အက်ကွဲ ကြောင်းမှ ကြီးမားသည့် ရင်သားအစိတ်အပိုင်း များကို မြင်လိုက်ရသည်။ ထိုအရာက ဆွဲဆော င်မှု ရှိသော်လည်း ချန်အန်အတွက် မထူးခြားပါ သူက အနည်းငယ် ရွံစရာကောင်းသည်ဟုပင် ခံ စားလိုက်ရသည်။ သူကယဥ်ကျေးစွာဖြင့် ထပ် ငြင်းလိုက်ပြန်သည်။
“ကျင့်ကြံသူမို ငါက ကိုယ့်အတွက်ကိုတောင် ဂရု မစိုက်အားပါဘူး ငါ့မှာမင်းတို့သားအမိကို ဂရုစို က်နိုင်တဲ့ အင်အားလည်းမရှိပါဘူး ကျင့်ကြံသူ ကျန်းနဲ့ ကျင့်ကြံသူချူတို့က ဇနီးနဲ့မောင်းမအ ချို့ရှာဖွေနေတယ်လို့ ငါသိထားတယ် မင်းကအ ရမ်းလှပတော့ သူတို့ခေါ်ယူမယ်လို့ ငါယုံကြည် ပါတယ်”
ချန်အန်က နူးညံ့စွာဖြင့် အကြံပေးလိုက်သည်။ သူ့စကားကို ကြားလျင် သူမက မျက်မှောက် ကြုတ်သွားခဲ့သည်။ ထိုသူနှစ်ဦးကို သူမကသိ ထားခဲ့ပြီး ရုပ်ရည်ဆိုးဝါးလွန်းသည်သာမက ဇနီးများကိုလည်း ဆိုးရွားစွာ ဆက်ဆံတတ်ပြီး တခါတရံ ပြင်းပြင်းထန်ထန်ပင် ရိုက်နှက်တတ် သေးသည်။ သူမသာ ထိုသူတို့ထံသွားလျင် ဒုက္ခ ရောက်ပေတော့မည်။
ချန်အန်ကတော့ မတူညီပေ။ ရုပ်ရည်ချောမော ရုံသာမက ဆေးဆရာတဦးလည်း ဖြစ်နေသည်။ ဇနီးမယားအပေါ် ချစ်ခင်ကြင်နာတတ်ပြီး ကျင့် ကြံသူ ဟုတ်မဟုတ်ကိုပင် အလေးမထားခဲ့ချေ။ ထိုအတွက် ကလေးတယောက်အမေကိုတော့ ပစ်ပစ်ခါခါ ဆက်ဆံမည်မဟုတ်ဟု သူမထင်သ ည်။ ယောက်ကျားများက အပျို အအိုဆိုတာထ က် ဇနီးကောင်းများကို ပိုနှစ်သက်သည်။ တိုက် ဆိုင်သည်က အမျိုးသားများရဲ့ အသည်းစွဲ ဝမ် ကျိယန်ကိုပင် သိမ်းပိုက်ထားနိုင်သည်။ ထိုအရာ မှာ ချန်အန်က တောင့်တင်းဖြောင့်စင်းသည့် ကို ယ်ထည်များကို နှစ်သက်သူမှန်း သိသာစေသည်
ထိုအချက်များကြောင့် သူမက ချန်အန်ကိုသာ ကပ်တွယ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
“ဆေးဆရာချန် ငါက အိမ်ထောင်သက်ဆယ်နှစ် နဲ့ ကလေးက သုံးနှစ်ပါ ငါ့မှာ အိမ်ထောင်ရေးအ တွေ့အကြုံတွေအပြင် သားသမီးအတွေ့အကြုံ လည်းရှိပါတယ် နင့်မှာ သမီးတယောက်ရှိထား တော့ ကလေးအတွက် အဖော်ရစေမှာပါ အိမ် ထဲမှာပင် ပျင်းရိစေမယ့်အစား အဖော်တယော က်ရှိထားတော့ မကောင်းဘူးလား ငါတို့သားအ မိကို သနားညှာတာပေးပါ ငါ့သားလေးကသုံးနှ စ်ပဲ ရှိပါသေးတယ် သူ့မှာဖခင်မရှိတော့ပါဘူး ကျေးဇူးပြုပြီး ခေါ်ထားပေးပါ”
ထိုသို့ပြောရင်း သူမက သားဖြစ်သူကို ဒူးထော က်စေသည်။ သူမရဲ့လုပ်ရပ်က သားဖြစ်သူကို ဓားစာခံအသွင် ဖြစ်စေပြီး သူမက စကားလည် အတော်တတ်သည်။ ချန်အန်က သူ့တွင် သူမတို့ ကို ကူညီရန် ရည်ရွယ်ချက်မရှိပေ။
“ကျင့်ကြံသူမို မင်းက တခြားတယောက်ရှာသင့် တယ်”
ချန်အန်က ပြောရင်း ထွက်သွားခဲ့သည်။ သူမမှာ ဆွဲဆောင်မှုရှိသော်လည်း ဉာဏ်များလွန်းသည် ဝံပုလေတကောင်ကို အိမ်ထဲခေါ်သွင်းမည်မဟု တ်ချေ။ ချန်အန်က ထောင်ချောက်ထဲသို့ တိုးဝင် ရသည်အထိ မသန်မာသေးဘူး မဟုတ်လား။
“အမေ..အမေ..ခေါင်းနာတယ်… ဟီးးးး”
သုံးနှစ်သာ အရွယ်ရှိသေးသည့် ကလေး၏နှာ ဖူး၌ ဖုသီးများ ထွက်လာသည်။ နာလွန်း၍ မျက် ရည်များပင် ကျလာသည်။ ထိုအချင်းအရာကို တွေ့လျင် သူမက နှစ်သိမ့်လိုက်ပြီး..
“မငိုပါနဲ့ တဘိုက မထိခိုက်ပါဘူး သားအတွက် အမေက ဒဏ်ရာကို ပွတ်ပေးပါ့မယ်”
သူမက သားဖြစ်သူကို နှစ်သိမ့်နေရင်း ထွက်ခွာ သွားသည့် ချန်အန်ကို ကြည့်နေခဲ့သည်။ ချန်အ န်ကို မဆွဲဆောင်နိုင်ခြင်းမှာ သူမတွင် ဝန်ထုပ်ဝ န်ပိုးရှိနေခြင်းကြောင့်ဟု သူမတွက်ဆလိုက်သ ည်။ သူမတို့ကို ဘာလို့မကူညီတာလဲ။ ထိုအရာ မှာ ချန်အန်ရဲ့စရိုက်နဲ့ မကိုက်ညီပေ။ ထိုသို့တွေး ရင်း သူမရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သ ည်။ သူမက သားဖြစ်သူကို ဆွဲခေါ်သွားခဲ့ပြီး ဆ န့်ကျင်ဘက်ရှိ တောအုပ်ထဲသို့ ထွက်သွားလိုက် သည်။
“မငိုနဲ့တော့ တဘို အမေကမင်းအတွက် ဘယ်ရီ သီးခူးပေးပါ့မယ်”
တဖက်တွင် ချန်အန်က အိမ်သို့ပြန်ရောက်နေပြီ ဖြစ်သည်။ အိမ်ထဲသို့ရောက်လျင် ချန်ယုကျန်း လေးက ငုတ်တုတ်ထိုင်နေပြီး ပန်းများနဲ့မြက်ပ င်များအား ကောက်ယူဆော့ကစားနေသည်။ သူ မကို ကြည့်ရတာ အတော်လေးအထီးကျန်ဆန် ပုံရသည်။
“ကံကောင်းတာက ယန်အာမှာ ကိုယ်ဝန်ရှိနေတာ ပဲ မကြာခင် ယုကျန်းလေးအတွက် အဖော်ရ သွားတော့မှာပါ”
ချန်အန်က ကျေနပ်စွာဖြင့် တိတ်တဆိတ်ရေရွ တ်လိုက်သည်။ ခဏကြာလျင် မျက်မှောက်ကြု တ်သွားပြန်သည်။ ဒီနှစ်နှစ်အတွင်း သူ့ဘဝက အပြောင်းလဲများခဲ့ပြီး မထင်မှတ်စွာဖြင့် ဇနီး၃ ယောက်နဲ့ သမီးတယောက်တို့၏ အိမ်ထောင်ဦး စီးဖြစ်လာခဲ့သည်။ ဝမ်ကျိယန်သာ မွေးဖွားခဲ့ လျင် ၆ဦးဖြစ်လာတော့မည်။ ဇနီး၃ဦးနဲ့ကလေး ၂ ယောက်။
လက်ရှိတွင် အပြင်လောကမှာ ရှုပ်ထွေးနေသည် အဆင့်၈ တွင်ရှိသည် သူပင် မိသားစုကိုကာကွ ယ်ရန် ခက်ခဲနေသည်။ တလခွဲလောက်ကြာလျ င် ဒုတိယအဆင့် ဆေးပညာရှင်ဖြစ်လာတော့မ ည်။ နှစ်နှစ်အတွင်း အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ချင်သည်။ ထိုပန်းတိုင်နှစ်ခုကို ပြီးပြည့်စုံမှသာ ဇနီးနှင့်ကလေးများကို ကာကွ ယ်နိုင်စွမ်း ရှိလာလိမ့်မည်။ ချန်အန်က တွေးရင်း စိတ်ဓာတ် တက်ကြွလာသည်။ ထိုစဥ် ယုကျန်း လေးက သူ့ကိုမြင်သွားသည်။ ချက်ချင်းပင် ပြုံ ရွှင်စွာဖြင့် သူမလက်အစုံကို ဖွင့်လျက်…
“ဖေဖေ….ချီ..”
“ကောင်းပါပြီ..ယုကျန်းလေးရေ”
ချန်အန်က သမီးဖြစ်သူကို ပွေ့ချီလိုက်ပြီး မျက် နှာကို သူ့ရဲ့မေးစေ့ဖြင့် ပွတ်တိုက်နေခဲ့သည်။ယု ကျန်းလေးမှာ ထိုအပြုအမူကြောင့် တခစ်ခစ်ရ ယ်မောနေခဲ့သည်။ သမီးဖြစ်သူရဲ့ ပြုံးပျော်နေ သည့်အမူအရာကို ကြည့်ရင်း တဖက်တွင်လည် သူမလေးက အနည်းငယ်ဝိတ်တက်လာသည်ဟု ခံစားလိုက်ရပြီး ကူကယ်ရာမဲ့သွားရသည်။ ဘဝ ရဲ့ ရသကြောင့် စိတ်ရှုပ်ထွေးမှုများ လေအစဥ် နှယ် ရွေ့လျား ပျောက်ကွယ်သွားရတော့သည်။
……………………………………………….