← Chapters

အန္တရာယ်ကြီးလွန်းတဲ့ မိန်းမ

Vol. 6 Ch. 56

အန္တရာယ်ကြီးလွန်းတဲ့ မိန်းမ

Vol. 6 Ch. 56

“ယောက်ျား ဒီနေ့နင်ကြိုက်တဲ့ ကြက်သားခေါက် ဆွဲဟင်းလေး ချက်ထားပေးတယ် နင့်အတွက် တပန်းကန်စားပွဲပေါ် တင်ထားပေးလို့ မြန်မြန်စာ လိုက်ပါ အေးသွားရင် အရသာမကောင်းတော့ပဲ နေမယ်”

ဆောင်ဟွာယင်းမှ နူးညံ့စွာပြောရင်း ချန်အန်ရှိ ရာသို့ လျှောက်လာခဲ့သည်။ ပြီးနောက် ချန်အန် ရဲ့ ရင်ဘတ်ထဲရှိ ချန်ယုကျန်းလေး ပွေ့ချီရန်လ က်လှမ်းလိုက်သည်။

“ယု ကျန်းလေး မေမေ့ဆီလာ ဖေဖေက မနက် စာ စားရတော့မယ်”

“လာဘူး..လာဘူး..လာဘူးး”

ယုကျန်းက သူမလေးရဲ့ဦးခေါင်းအား အဆက် မပြတ်ခါယမ်းရင်း ငြင်းဆိုနေသည်။ ထိုအရာကိုမြင်တော့ ဆောင်ဟွာယင်းမှ မျက် မှောင်ကြုတ်လိုက်ပြီး စကားနားမထောင်သည့် သမီးဖြစ်သူအား မာန်မဲချင်စိတ် ဖြစ်သွားရသ ည်။ ချန်အန်က သမီးဖြစ်သူကို ပြုံးပြလိုက်သ ည်။ ပြီးနောက်..

“အဆင်ပြေတယ် ငါသမီးလေးကိုချီသွားပြီး မန က်စာ စားလိုက်ပါ့မယ်”

“ယောက်ျား နင်က ကလေးကို အလိုလိုက်နေ တာပဲ”

ဆောင်ဟွာယင်းက နှုတ်ခမ်းကိုစူထားလိုက်ပြီး သူမယောက်ျားမှာ သမီးဖြစ်သူအပေါ် အလိုလို က်လွန်းသည်ဟု ထင်နေသည်။

“ဒီတကြိမ်တော့ ထားလိုက်ပါ နောက်တခါကျမှ သမီးကို ပြောပြပေါ့”

“ဒါဆို ကောင်းပြီ”

စားသောက်ခန်းထဲသို့ ရောက်လျင် ချန်အန်က သမီးဖြစ်သူကို ချီလျက် မနက်စာစားနေခဲ့သည်

“ဖေဖေ…စားချင်တယ်”

ချန်ယုကျန်းက ပန်းကန်ထဲမှ ခေါက်ဆွဲဖတ်များ ကိုကြည့်၍ ပြောလာသည်။ ချန်အန်က ရယ်၍ သူမပါးပြင်ကို အသာညစ်လိုက်ပြီး

“ယုကျန်းလေး သမီးက ဒီလိုပြောရတယ် ဖေဖေ သမီးလည်း စားချင်တယ် ဖေဖေ့ကိုစားချင်လို့မ ရဘူး ဖေဖေက ခေါက်ဆွဲမဟုတ်ဘူးလေ”

ချန်ယုကျန်းက ချန်အန်ရဲ့စကားကို နားမလည် ပေ။ သူမက တနှစ်သာရှိသေးပြီး သူမရဲ့လိုအင် ကို ရိုးစင်းစွာပင် ဖော်ပြတတ်သေးသည်။ ချန် အန်ရဲ့စကားကို နားမလည်သည်က သဘာဝကျ ပြီး ချန်အန်ကလည်း စိတ်ရှည်စွာနဲ့ သင်ကြား ပေးနေခဲ့သည်။ သူမ ကိုယ့်အားကိုကိုးပါက သ င်ယူခြင်းမှာ အချိန်များစွာ ကြာမြင့်နိုင်သည်။

“ဖေဖေ….စားချင်တယ်”

ချန်အန်က ထိုချိန်ထိ မကျွေးသေးသည်ကိုမြင် လျင် သူမလေးက စိုးရိမ်တကြီး တောင်းဆိုလာ တော့သည်။ ဆောင်ဟွာယင်းမှာ ထိုအပြုအမူ ကိုကြည့်ပြီး ဆူပူတော့သည်။

“သမီး နင်က အမေကျွေးတုန်းကတော့ မစား ချင်ပဲနဲ့ ဖအေနဲ့ကျ စားချင်နေတယ် နင်ဘာလို့ ဒီလိုဆိုးနေတာလဲ”

“အို”

ချန်ယုကျန်းမှာ အဆူခံလိုက်ရသောကြောင့် ငို ချင်သွားသည်။ သူမရဲ့ ပါးစပ်သေးသေးလေး ကိုစူထားပြီး မကြာခင်မှာ အကြီးအကျယ် အော် ငိုတော့မည့် လက္ခဏာပြလာသည်။ ဆောင်ဟွာ ယင်းက သူမကိုစိုက်ကြည့်လိုက်ပြီး

“ချန်ယုကျန်း! နင်ငိုရဲရင်ငိုလိုက် ဒီညငါနဲ့အိပ်ဖို့ မစဥ်းစားနဲ့တော့”

သူမလေးရဲ့ အမေတကယ်ကြီးစိတ်ဆိုးနေပုံရ သည်ကို မြင်တော့ သူမရဲ့အသံက ရှေ့ဆက်ထွ က်မလာတော့ချေ။ ချန်အန်မှာ ဆောင်ဟွာယင်း ရဲ့ အသွင်ပြင်ကိုကြည့်ကာ ရယ်ရမလား ငိုရမ လား မသိတော့ပေ။ မနက်စာ စားပြီး​နောက် အ လုပ်မစခင် ခတ္တခဏ အနားယူသည်။ မကြာမီ ပို့ဆောင်ရေးဌာနသို့ ပေးပို့ရန် ဆေးလုံးများသန့် စင်ဖို့ ဆေးဖော်စပ်ခန်းသို့ ဝင်သွားတော့သည်။

မီးအစပြုချိန်မှာပဲ အပြင်မှ တံခါးခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဒုန်း ဒုန်း ဒုန်း”

“ဆေးဆရာချန် အထဲမှာရှိလား ငါ့သားလေးအ ဆိပ်သင့်သွားလို့ ကူညီပေးပါဦး ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါ”

မိုလီဖန်ရဲ့ အသံပင်ဖြစ်သည်။ ချန်အန်မှာ ကူက ယ်ရာမဲ့စွာ ဖြစ်သွားရသည်။ ထိုကလေးမှာ မည် သို့ အဆိပ်မိသွားရသနည်း။ မစဥ်းစားတော့ပေ။ အဆိပ်ဖြေဆေး တပုလင်းကိုယူပြီး အပြင်သို့ ထွက်သွားတော့သည်။ ခြံအပြင်ရောက်လျင် သူ့ ရဲ့ဇနီးသုံးဦးက ရောက်နှင့်နေပြီး သတိကြီးစွာ ဖြင့် တံခါးကိုဖွင့်မပေးချေ။

“ယောက်ျား ကလေးကသေတော့မယ့်ပုံပဲ သူ့မျ က်နှာက ခရမ်းရောင်ပြောင်းသွားပြီ”

ဆောင်ဟွာယင်းက တံခါးအပြင်ဘက်ရှိ မိုလီဖန် လက်ထဲမှ ကလေးကိုကြည့်၍ စိတ်ပူပန်စွာပြော လာသည်။ မိခင်တဦးဖြစ်သည့် သူမက ကလေး တဦးသေဆုံးသည်ကို မမြင်လိုပေ။

ချလက်ခ်

ချန်အန်က တံခါးကိုဆွဲဖွင့်လိုက်ပြီး အပြင်ဘက် ရှိ မိုလီဖန်က ကလေးကိုပွေ့ချီကာ စိုးရိမ်တကြီး ပြောလာသည်။

“ဆေးဆရာချန် ငါ့သားကို ကယ်ပေးဖို့တောင်း ဆိုပါတယ် ငါ့သားကိုကယ်တင်ပေးသရွေ့ နင့်ရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ ကျွန်အဖြစ်​ဆောင်ရွ က်ပေးပါ့မယ်”

မိုလီဖန်က စိတ်အားတက်ကြွနေပြီး ချန်အန်က တော့ တခုခုမှားနေသည်ဟု ခံစားနေရသည်။ သိုသော် အခုချိန်က ထိုအကြောင်းကို စဥ်းစားရ မည့်အချိန်မကျသေးပေ။ သူက မိုလီဖန်ကိုကြ ည့်ကာ မေးလိုက်သည်။

“မင့်သားက ဘာအဆိပ်မိသွားတာလဲ”

မိုလီဖန်က ချက်ချင်းပြန်ဖြေသည်။

“ငါက ဘယ်ရီသီးအချို့ကောက်ဖို့ တောထဲခေါ် သွားခဲ့တာပါ ခနကြာတော့ သူ့လည်ပင်းကိုဘာ ကောင်ကိုက်လဲလည်းမသိ သူ့မျက်နှာကခရမ်း ရောင်ပြောင်းသွားတော့တာပဲ မြေကြီးပေါ်လည် လဲကျသွားတယ် အချိန်က ၁၅ မိနစ်လောက်ပါ ပဲ”

ချန်အန်က ဒဏ်ရာကို စစ်ဆေးကြည့်လိုက်သ ည်။ အချိန်အနည်းငယ် ခွဲခြမ်းစိတ်ဖြာပြီးနော က် အဆိပ်တထောင်ပင့်ကူ ကိုက်ခံရသည်ဟု ယူဆလိုက်သည်။ သူက မိုလီဖန်ကို ကြည့်၍ တ ခုခုပြောလိုက်ချင်သော်လည်း ထိန်းချုပ်ထားလို က်သည်။ အဆိပ်ဖြေဆေးကို ထုတ်ယူကာ က လေးရဲ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ အ ဆိပ်တထောင်ပင့်ကူရဲ့ အဆိပ်မှာပြင်းထန်သော် လည်း အဆိပ်ဖြေဆေးက ချေဖျက်နိုင်သည်။

တခဏကြာလျင် ကလေးရဲ့မျက်နှာက ပုံမှန်အ တိုင်းပြန်ဖြစ်လာသည်။ ချန်အန်က တခဏတာ ဆက်စောင့်ကြည့်နေခဲ့ပြီး တည်ငြိမ်သွားကာမှ မိုလီဖန်ကို ပြောလိုက်သည်။

“ကောင်းပြီ ကလေးကစိုးရိမ်စရာမရှိတော့ဘူး အိမ်ပြန်ခေါ်သွားပြီး ဂရုစိုက်လိုက်ပါ ရက်အန ည်းငယ်ကြာရင် သက်သာသွားပါလိမ့်မယ်”

မိုလီဖန်က ချန်အန်ကို ဒူးထောက်ချလျက် ပြော လာသည်။

“ဆေးဆရာချန် နင့်ရဲ့ ကြင်နာမှုကို ပြန်မပေးဆ ပ်နိုင်ခဲ့ပါဘူး ငါက ပျော့ညံ့တဲ့မိန်းမသားပါ အ နာဂတ်မှာ ဆေးဆရာချန်ရဲ့ အိမ်အကူအဖြစ်နေ ပြီး နင့်ဆန္ဒအတိုင်း လုပ်ပါ့မယ်”

“မလိုပါဘူး သေးငယ်တဲ့ကိစ္စလေးပဲ ကလေးကို သာပြန်ခေါ်သွားလိုက်ပါ”

ချန်အန်က လက်ကိုဝေ့ယမ်းပြီး မိုလီဖန်ကိုထွ က်ခွာရန် အချက်ပြလိုက်သည်။ မိုလီဖန်က ပါး နပ်စွာဖြင့်

“ဒါဆိုရင် ငါက ဆေးဆရာချန်ကို ကျေးဇူးတင် ပါတယ် ဒီကျေးဇူးတရားကို အမြဲအမှတ်ရနေ မှာပါ အနာဂတ်မှာ အခွင့်အရေးရရင် သေချာ ပေါက်ပြန်ပေးဆပ်ပါ့မယ်”

ထိုသို့ပြောပြီးနောက် သူမက ထွက်ခွာသွားသည် ချန်အန်ရဲ့ အမူအရာမှာ အေးစက်နေပြီး မကြာ ခင် သူ့ဇနီးများကို သတိပေးလိုက်သည်။

“နောင်မှာ မုဆိုးမတွေကို သတိထားကြ လုံးဝမ ရင်းနီးစေနဲ့ သူမက ခြံရှေ့မှာသေနေရင်တောင် ထွက်မကယ်နဲ့”

သူ့စကားကိုကြားလျင် ဇနီးသည်များက မျက် မှောင်ကြုတ်လိုက်ကြသည်။ ဆောင်ဟွာယင်းမှ မနေနိုင်စွာဖြင့် မေးလာသည်။

“ယောက်ျား သူမက ဘာဖြစ်လို့လဲ”

ချန်အန်က သေချာရှင်းပြသည်။

“အဆိပ်တထောင်ပင့်ကူက အဆိပ်ပြင်းပေမဲ့ သူတို့က လူကိုကြောက်တတ်တယ် ဒါကြောင့် ဆယ်မီတာအတွင်း တစုံတဦးကိုတွေ့တာနဲ့ ထွ က်ပြေးတော့တာပဲ ဆိုတော့ဖြစ်နိုင်ချေက နှစ်ခု ပဲရှိတယ် တစုံတယောက်က အဆိပ်တထောင် ပင့်ကူကို ဖမ်းလို့ပဲ ဒါ​တောင်သူက လက်ကိုပဲ ကိုက်တာပါ နောက်တခုက အဆိပ်တထောင်ပင့် ကူကိုဖမ်းပြီး ကိုက်စေတာပဲ ဒါ့အပြင် မုဆိုးမရဲ့ အမူအရာက သဘာဝမကျဘူး”

ထိုစကားကိုကြားလျင် ဇနီးသည်များရဲ့ အမူအ ရာက လေးနက်သွားကြသည်။ မိုလီဖန်ရဲ့ အမူ အရာကို သူမတို့ကသတိမထားမိသော်လည်း ယောက်ျားဖြစ်သူမှာ အဆိပ်တထောင်ပင့်ကူရဲ့ သဘာဝကို သိနားလည်နေခဲ့သည်။ ဆောင်ဟွာ ယင်းမှ အကြောင်းတချို့ကို တွေးရင်းထိတ်လန့် သွားခဲ့သည်။ သူမက မယုံနိုင်ဟန်ဖြင့်မေးသည်

“ဒါဆို ကလေးဖြစ်သူ အကိုက်ခံရတာက သူ့အ မေတမင်လုပ်တာပေါ့”

“ငါ့အထင်မမှားရင် သူ့အမေကြောင့်ပါပဲ”

“အင်း……”

ဆောင်ဟွာယင်းမှာ သူမရဲ့အတွေးအခေါ်များ မြေလှန်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဝမ် ကျိယန်က မျက်မှောင်ကြုတ်လျက်

“ယောက်ျား အဲဒီမုဆိုးမရဲ့ ရည်ရွယ်ချက်ကဘာ လဲ”

“ငါလည်း မသေချာဘူး ငါနဲ့နီးစပ်ပြီး ကိုယ်လုပ် တော်ဖြစ်ချင်ချင်တာလို့ ထင်တယ်”

ချန်အန်က ဖုံးကွယ်မထားပေ။ ဇနီးသည်များက ထိုစကားကို ကြားလျင် နားလည်သွားကြသည် လက်ရှိ အစိမ်းရောင်မိုးမခလမ်းရှိ အခြေအနေ များကို သူမတို့က သိထားကြသည်။ မုဆိုးမမျာ မှာ ခွေးများကဲ့သို့ ဖြစ်လာပြီး မိဘမဲ့ကလေးမျာ ကနေရာတိုင်း ရှိလာသည်။ မုဆိုးမတိုင်းက မိမိ တို့အနာဂတ်အတွက် ပိုမိုကောင်းမွန်သည့် လက် တွဲဖော်အသစ်ကို အားသွန်ခွန်စိုက် ရှာဖွေနေကြ သည်။ အစောပိုင်းအချိန်က မိုလီဖန်မှာ တကယ် ပင် ရက်ရက်စက်စက်လှပသူဖြစ်သည်။ သူမရဲ့ သားကိုအဆိပ်ခတ်ပြီး ချန်အန်နဲ့ နီးစပ်လိုခဲ့သ ည်။

မျက်စိတမှိတ်အတွင်းမှာပဲ ညအချိန်ရောက်သွာ ခဲ့သည်။ နေ့ဘက်တွင် ဆေးသန့်စင်ပြီးညဘက် ၌ တညလုံးဇနီးသည်များကို လယ်ထွန်နေခဲ့သ ည်။ မလိုလားအပ်သည့် မနာလိုမှုပြဿနာများ ကိုရှောင်ရှားရန် ဇနီးသည်များကို အတူတူရေ ချိုးစေသည်။ အသိအမြင်များကို ဖလှယ်ပြီး ဇ နီးသည်များကြား ဆက်ဆံရေးကို တိုးမြင့်စေမ ည်ဖြစ်သည်။ တခဏကြာလျင် မျက်ကွင်းများ ညိုမဲလျက် ချန်အန်တယောက် ထလာသည်။ သို့သော် အိပ်ရေးပျက်သည်ဟု မခံစားရချေ။ ချီ အဆင့်၈ ရောက်ပြီးတည်းက အိပ်စက်မှုအ ပိုင်းက များစွာလျော့ကျသွားသည်။ ရံဖန်ရံခါ တညလုံးမအိပ်ပဲတောင် နေနိုင်သည်။ အတွေး တခုဖြင့် အချက်အလက်များကို စစ်ဆေးလိုက် သည်။

[မီးစွမ်းအင်..+2×33]

[ဆေးပညာအတွေ့အကြုံ +3×9]

[စိတ်စွမ်းအင်….+3×28]

မဆိုးဘူး တော်တော်လေး တိုးတက်လာပြီ။

ချန်အန်က စိတ်ကျေနပ်စွာဖြင့် ဇနီးသည်များရဲ့ ဂုဏ်ပုဒ်များကို စစ်ဆေးလိုက်သည်။

အမည်….ဆောင်ဟွာယင်း

ဆက်ဆံရေး…ကြယ်၃ပွင့် 1888/2500

အမည်….ဂူရှန်းယု

ဆက်ဆံရေး…ကြယ်၃ပွင့် 1314/2500

အမည်…ဝမ်ကျိယန်

ဆက်ဆံရေး…ကြယ်၂ပွင့် 108/500

အမည်…..ချန်အန်

ကျင့်ကြံမှု…..ချီစုဆောင်းခြင်း အဆင့်၈

ဆေးပညာ….ပထမအဆင့် အဆင့်မြင့် 2223/2500

စိတ်စွမ်းအင်…ပထမအဆင့် အဆင့်မြင့် 1456/2500

ရွှေလက်ချောင်း…. ကျွမ်းကျင် 2333/2500

အိပ်ပျော်မန္တာန်…..336/500

ဆေးပညာနဲ့ ရွှေလက်ချောင်းက မကြာမီအဆင့် ကျော်ဖြတ်တော့မည်။ ဆယ်ရက်အတွင်းပင် ဖြ စ်နိုင်သည်။ ရွှေလက်ချောင်းကို နှစ်ရက်အတွင်း ကျော်ဖြတ်နိုင်ရန် ကြိုးစားရမည်။ စနစ်မှအချ က်အလက်များကို ကြည့်၍ ချန်အန်တစ်ယော က်စိတ်ကျေနပ်နေခဲ့သည်။

………………………………………………..

All Chapters