လက်တွဲဖော်အသစ် ရှာလိုခြင်း
Vol. 6 Ch. 57
ချန်အန်က ဗိုက်ပြည့်ရန်သာ ခပ်ပေါ့ပေါ့စားလို က်ပြီး ပို့ဆောင်ရေးဌာနသို့ ထွက်လာခဲ့သည်။ သူရောက်သွားချိန်တွင် ပို့ဆောင်ရေးဌာန၌ ညီး ညူသံများထွက်ပေါ်နေပြီး ထိုအရာက တိုက်ပွဲ မြေပြင်မှာ ထိခိုက်ထားကြသူများ ဖြစ်ကြသည် ချန်အန်သည် လမ်းတလျှောက်ထိုလူများကို မ သိချင်ယောင်ဆောင် နေခဲ့ရပြီး စိတ်ထဲ၌ တိုက် ပွဲ၏ ရက်စက်သည့် သဘောတရားကို နားလည် သွားရသည်။
သူက တာဝန်ခံကို အမြန်ပဲရှာဖွေလိုက်ပြီး ဆေး လုံးများပေးအပ်လိုသည်။
“ဆေးဆရာချန် မနက်ဖန်ကစပြီး ထောက်ပံ့မှု ကိုနှစ်ဆယ်ရာနှုန်း ထပ်တိုးလိမ့်မယ်”
တာဝန်ခံရဲ့စကားကို ခေါင်းညိတ်၍ ပြန်ဖြေလို က်သည်။
“ကောင်းပြီ ငါနားလည်တယ်”
ချန်အန်က ဆေးသေတ္တာကိုယူကာ ချက်ချင်းပ င်လှည့်ထွက် သွားတော့သည်။ တာဝန်ခံမှာ အံ့ သြသွားပြီး အခြားဆေးဆရာများမှာ ထောက်ပံ့ မှုတိုးလာကြောင်း ကြားသိချိန်တွင် မျက်နှာပျ က်ယွင်း သွားကြသည်။ သူတို့က ဆက်မတိုးရန် တောင်းဆိုခဲ့ကြသည်။ တဖက်တွင် ချန်အန်က ထိုအရာကို အမြဲသဘောတူနေခဲ့သည်။
“နောက်လမှာ ထောက်ပံ့မှုကို ထပ်တိုးပြီး သူဘ ယ်လိုတုန့်ပြန်မလဲ စောင့်ကြည့်ရမယ်”
တာဝန်ခံက တိတ်တဆိတ် တွေးနေသည်။ အပြ န်လမ်းတွင် ချန်အန်ကတော့ တာဝန်ခံ၏ စကား ကိုပြန်တွေးကာ မရှုနိုင်မကယ်နိုင် ခံစားနေခဲ့ရ သည်။ ဝါးရွက်ဂိုဏ်းက ထောက်ပံ့မှုကို အဆက် မပြတ်တိုးမြင့်နေပြီး သူတို့အပေါ် လူလိုပင်မဆ က်ဆံတော့ပေ။ သို့သော်သူ့အတွက်က ကိစ္စမရှိ ချေ။ ရက်အနည်းအတွင်း ဒုတိယအဆင့်ဆေးပ ညာရှင်ဖြစ်လာပြီး ရတနာခန်းမသို့ ဝင်ရောက် တော့မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဝါးရွက်ဂိုဏ်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားတော့မည် ဖြစ်သည်။ ထိုသို့ တွေးမိလျင် ချန်အန်တယောက် စိတ်သက်သာ ရာ ရသလိုခံစားမိသွားသည်။ မကြာမီ မိုးမခလ မ်းသို့ ပြန်သွားခဲ့ပြီး လမ်းတွင် မိုလီဖန်ကို တွေ့ ဆုံခဲ့ရသည်။ သူမက တာအိုဝတ်စုံကို ဝတ်ဆင် ထားပြီး ချန်အန်ကို နှုတ်ဆက်လာသည်။
“ဆေးဆရာချန် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ”
မတော်တဆ ဆိုသော်လည်း သူမက အချိန်အ တော်ကြာအောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုမိန်းမက ဝမ်ကျိယန်၏ ဝတ်ဆင်မှုကို တုပပြီ ဆွဲဆောင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ချန် အန်က သိနေခဲ့သည်။ သူမကို ပြတ်ပြတ်သား သားဖြေရှင်းရန် လိုအပ်နေပြီ။
“ကျင့်ကြံသူမို ပြောစရာရှိလို့ ငါ့နောက်လိုက်ခဲ့ ပေးပါ”
ချန်အန်က လူရှင်းသည့်နေရာကို လျှောက်သွား လျင်သူမက မပျော်ရွှင်ပဲ မနေတော့ပေ။ သူမရဲ့ လှည့်စားမှုက အောင်မြင်ပြီး ချန်အန်ကို အမှန် ပင် ဆွဲဆောင်နိုင်ခဲ့ပုံ ရသည်။ တောထဲရောက် လျင် ချန်အန်က ဝေ့ဝိုက်မနေတော့ပဲ တည့်တိုး သာပြောလိုက်တော့သည်။
“ကျင့်ကြံသူမို ငါ့အထင်မမှားရင် မနေ့က မင်းရဲ့ သားအဆိပ်တထောင်ပင့်ကူ အကိုက်ခံရတာက အကြောင်းတခု သက်သက်ပဲမဟုတ်လား”
မိုလီဖန်ရဲ့ အမူအရာက ပြောင်းလဲသွားသည်။ သို့သော် တခဏမျှသာ ဖြစ်သည်။ သူမရဲ့ပုံစံကို အပြစ်ကင်းသည့် အသွင်ပြောင်းလိုက်ပြီး ဒေါ သထွက်နေဟန်ဖြင့်
“ဆေးဆရာချန် နင်ဘာစကားပြောတာလဲ သူက ငါ့သားပါ ဘာလို့ ဒုက္ခပေးရမှာလဲ”
ချန်အန်က တိုက်ရိုက်ပင် ဆက်ပြောလိုက်သည်
“ကျင့်ကြံသူမို ငါ့ကိုဆက်မနှောင့်ယှက်နဲ့တော့ ငါအခုစိတ်အရမ်းတိုနေတယ် ပြဿနာကိုအကြ မ်းနည်းနဲ့ ဖြေရှင်းမိလိမ့်မယ် ရက်စက်တဲ့ကျား တောင်မှ သူ့သားကိုပြန်မစားတတ်တာ မင်းသိ ထားပါ”
အကြိမ်များစွာ ပြောဆိုပြီးနောက် ချန်အန်ကလှ ည့်ထွက်သွားတော့သည်။ မိုလီဖန်က အံကိုတင်း တင်းကြိတ်ကာ နောက်ဆုံးအခွင့်အရေးအနေဖြ င့် ချန်အန်ကိုပွေ့ဖက်ရန် ပြေးသွားခဲ့သည်။ သို့ သော်ချန်အန်ရဲ့ စိတ်စွမ်းအင်က အခြေခံတည် ဆောက်ခြင်းအဆင့်နဲ့ပင် နှိုင်းယှဥ်နိုင်နေသည်။ အနည်းငယ် ယိမ်းလိုက်ရုံဖြင့် ရှောင်ထွက်သွား ခဲ့ပြီး သူမကတော့ မြေပေါ်ရုပ်ပျက်စွာပစ်ကျ သွားခဲ့သည်။ ဆံပင်များရှုပ်ထွေးစွာဖြင့် မြေ ပေါ်ထိုင်ရင်း မေးလာသည်။
“ငါဘာအမှားလုပ်မိလို့လဲ ငါက သင့်တော်တဲ့မိ သားစုတခု လိုချင်ရုံပါ ငါသာ မိသားစုတခုရှာ တွေ့နိုင်ရင် ငါနဲ့ငါ့သားက ရှေ့လျှောက်အဆင် ပြေပြေ နေနိုင်သွားလိမ့်မယ် သူ့ရဲ့စတေးမှုက ထိုက်တန်တယ် ဒါတွေအားလုံး သံနက်ဂိုဏ်းရဲ့ အမှားပဲ သူတို့က ဝါးရွက်ဂိုဏ်းကို တိုက်ခိုက်လို့ ငါ့ယောက်ျားက တိုက်ပွဲမှာ သေသွားခဲ့ရတာ မ ဟုတ်ရင် အများကဲ့ရဲ့တဲ့ မုဆိုးမဖြစ်လာပါ့မ လား”
ကြမ်းတမ်းသည့် လောကရဲ့ သနားစရာနောက် ထပ်လူသားတဦးပင်။ ချန်အန်က သူမကိုသနား စွာဖြင့် ပြောလာသည်။
“ဘယ်သူမှ မင်းကိုမကဲ့ရဲ့ပါဘူး ငါပြောခဲ့သလို ကျင့်ကြံသူကျန်းနဲ့ ကျင့်ကြံသူချူတို့က မင်းနဲ့ မင်းသားကို အကာအကွယ်ပေးနိုင်မှာပါ အဲ့ဒါ ကိုမင်းကျေနပ်သင့်တယ်”
ထိုစကားကိုကြားလျင်သူမက ဒေါသတကြီးဖြင့်
“သူ တို့ရဲ့ ရုပ်ရည်က ကြမ်းတမ်းတယ် ငါနဲ့ဘ ယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ နင်တယောက်ပဲ ငါနဲ့ထိုက်တန်တာ နင်တယောက်တည်းပဲ ထိုက် တန်တာ”
သူမက ထိုသို့အော်ပြောရင်း သူမရဲ့အဝတ်အ စားများကို ဆုတ်ဖြဲလိုက်သည်။
“ဆေးဆရာချန် နင်ကြိုက်မှာပါ တခေါက်ကြုံပြီ ရင် နင်သေချာပေါက် ကြိုက်သွားလိမ့်မယ် နင် ငါ့ကို အခွင့်အရေးပေးနိုင်သရွေ့ မတားဘူး”
ချန်အန်က သူ့ရှေ့ရှိ အရူးမီးဝိုင်းဖြစ်နေသည့် သူမကိုကြည့်ကာ မတွေးပဲမနေနိုင်တော့ပေ။
“ကျင့်ကြံသူမို ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ်လေ စားပါ”
ချန်အန်က မုဆိုးမတယောက်ရဲ့ အလှအပကိုမ ကြည့်ဘဲ မနေနိုင်တော့ပေ။ သို့သော် အကြည့် လွဲလိုက်ပြီး တောထဲမှ ထွက်ခွာသွားခဲ့သည်။ထို အချင်းအရာကိုမြင်လျင် သူမကအနောက်မှ အ ပြေးလိုက်လာသည်။
“ဆေးဆရာချန် ငါ့ကိုစောင့်ပါဦး”
သို့သော်သူမအပြင်ရောက်ချိန်တွင် ချန်အန်ကိုမ တွေ့ရတော့ပေ။ သူမရဲ့မျက်နှာက ညှိိုးရော်သွာ ကာ မြေပေါ်ပစ်ကျသွားခဲ့သည်။ ထိုစဥ် ဝါးရွက် ဂိုဏ်းမှ ကျင့်ကြံသူများက မိုးမခလမ်းသို့လာ နေကြသည်။ သူတို့က အလယ်ဗဟိုရှိလူများကို တိုက်ပွဲတွင် ပါဝင်ရန် ခြိမ်းခြောက်ဖို့လာကြခြင် ဖြစ်သည်။ မိုလီဖန်က ထိုသူများကို စူးစိုက်ကြ ည့်နေခဲ့သည်။ ခဏကြာလျင် ပို၍ဆွဲဆောင်နိုင် စေရန် အဝတ်အစားများကို ထပ်မံဆုတ်ဖြဲလိုက် ပြီး ထိုအဖွဲ့၏ ခေါင်းဆောင်ထံသို့ ချဥ်းကပ်သွာ လိုက်သည်။
ထိုအချိန်တွင် ချန်အန်က အိမ်ပြန်ရောက်နေပြီ ဖြစ်သည်။ သူက မိုလီဖန်၏ အသွင်ပြင်ကို မေ့ လို့မရတော့ပေ။ သူ့ရင်ထဲ၌ ပူလောင်နေသည်။
“ယင်းအာ ယုအာ ယန်အာ”
“မင်းတို့အားလုံး အခန်းထဲကိုမြန်မြန်လာကြ ငါ့ မှာပြောစရာရှိတယ်”
သူ့အသံကြားသည်နှင့် ကျင့်ကြံနေသည့် ဝမ်ကျိ ယန်က စိတ်မရှည်ဟန်ဖြင့် ထွက်လာသည်။ အိ မ်နောက်ဖေး၌ ရေလောင်းနေသည့် ဂူရှန်းယုမှာ ရှက်ရွံသွားပြီး ယုကျန်းနဲ့ဆော့ကစားနေသည့် ဆောင်ဟွာယင်းမှာလည်း ခြေထောက်များပျော့ ခွေသွားသလို ခံစားလိုက်ရသည်။ မကြာမီ ဇနီး သည်များက နာခံမှုရှိစွာဖြင့် အခန်းထဲသို့ဝင်လာ ကြသည်။ ထိုသို့ဖြင့် အချိန်က မှောင်စပြုသွား ခဲ့လေပြီ။ ချန်အန်က ပင်ပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်သွားကြသည့် ဇနီးသည်များကိုကြည့် ၍ အပူဒဏ်မသက်သာမှုကို စိတ်ရှုပ်ထွေးနေခဲ့ သည်။
“ကျင့်ကြံအဆင့်တိုးလာတာနဲ့အမျှ စိတ်တူကိုယ် တူကျင့်ကြံသူ အမျိုးသမီးလက်တွဲဖော် ထပ်ရှာ ရမယ့်ပုံပဲ ရက်အနည်းငယ်အတွင်း ဒုတိယအ ဆင့်ကိုရောက်ပြီး ရတနာခန်းမကို ဝင်နိုင်ရင် တော့ ငါ့အတွက် သင့်တော်တဲ့လက်တွဲဖော်ရှိမရှိ သွားကြည့်ရမယ် ရတနာခန်းမက ဖြစ်ရင်တော့ အကောင်းဆုံးပဲ”
…………………………………………………