အလည်အပတ်ရောက်လာခြင်း
Vol. 6 Ch. 60
မကြာခင်မှာပဲ ခေါင်းဆောင်တန်က မိန်းမလှနှစ် ဦးနဲ့အတူ မိုးမခလမ်းမှ ထွက်ခွာသွားသည်။ထို စဥ် မိုလီဖန်က ပြောလာသည်။
“ယောက်ျား ငါအိမ်မှာ ကျောက်တုံးထည့်ထား တဲ့အိတ်တအိတ် ကျန်နေလို့ပြန်ယူချင်တယ် ငါ့ ကိုခွင့်ပြုပေးနိုင်မလား”
“အေးအေး မြန်မြန်သွားပြီး မြန်မြန်ပြန်လာ”
ခေါင်းဆောင်တန်က လက်ကိုဝေ့ယမ်းကာ ခွင့် ပြုပေးလိုက်သည်။ မိုလီဖန်က ခေါင်းဆောင်တ န်ကို ဆက်မကြည့်တော့ပဲ သူမရဲ့အိမ်ဘက်သို့ လှည့်ထွက်လိုက်သည်။ သားဖြစ်သူကို တွေ့ရန် ဖြစ်သည်။
“ဖန်အာ ခဏစောင့်ဦး”
ခေါင်းဆောင်တန်မှ ရုတ်တရက်လှမ်းခေါ်လိုက် သည်။ ထိုအသံကိုကြားလျင် မိုလီဖန်းက လှပ စွာပြုံး၍
“ဘာကိစ္စများရှိလို့လဲ ယောက်ျား”
“ဘာမှမဟုတ်ပါဘူး ငါမေးချင်တာက ဆေးဆ ရာချန်ရဲ့ ဇနီးတွေက တကယ်ပဲ လှတာလား”
“အရမ်းလှကြတယ် ရုပ်ရည်အလှဆိုငါက သူတို့ ကိုမှီဖို့ အဝေးကြီး အဝေးကြီးလိုပါသေးတယ်”
ချန်အန်ရဲ့ ဇနီးများကို ခေါင်းဆောင်တန်တပ်မ က်သွားစေရန် သူမက လောင်စာထပ်ဖြည့်ပေး လိုနေသည်။ ခေါင်းဆောင်တန်က သူမကိုမယုံ သေးချေ။
“ဖန်အာ မင်းကအရမ်းလှတဲ့မိန်းမပါ မင်းထက် လှတဲ့လူဆိုတာ ရှိပါ့မလား”
မိုလီဖန်က ပြုံး၍
“ယောက်ျား မိုးမခလမ်းရဲ့ နတ်ဘုရားမဆိုတာ ကို ကြားဖူးလား”
“ကြားဖူးတယ် သူမက အမျိုးသမီးကျင့်ကြံသူ ဝမ်ကျိယန်ဖြစ်ပြီး သူမကိုရဖို့ အခြေခံတည် ဆောက်ရေးအဆင့်နဲ့ ဒုတိယအဆင့် ဆေးဆရာ တွေတောင် ကြိုးစားခဲ့တယ်လို့ ငါကြားမိတယ် ငါကတော့ မတွေ့ဖူးပါဘူး သူမက အသက်ကြီး တဲ့အထိ အိမ်ထောင်မပြုဘူးဆိုပဲ ငါသူမကိုစိတ် မဝင်စားဘူး”
“ယောက်ျား နင်ယုံချင်မှယုံ အဲ့ဒီနတ်ဘုရားမက မကြာသေးခင်ကပဲ ဆေးဆရာချန်ရဲ့ ကိုယ်လုပ် တော်ဖြစ်သွားခဲ့တယ်”
“ဘာ”
ခေါင်းဆောင်တန်ရဲ့ မျက်လုံးအစုံက ပြူးကျယ် သွားသည်။ ဝမ်ကျိယန်ကို အဆင့်မြင့် ကျင့်ကြံ သူများပင် မရခဲ့ပဲ အငြင်းခံခဲ့ရသည်။ ထိုအလှ တရားလေးက ပထမအဆင့် ဆေးဆရာရဲ့ကိုယ် လုပ်တော်ဖြစ်သွား ပြီတဲ့လား။
“ဖန်အာ အဲ့ဒါအမှန်လား”
ခေါင်းဆောင်တန်က အလွန်စိတ်လှုပ်ရှားနေသ ည်။ သူက သူတစ်ပါးရဲ့ ဇနီးမယားများကိုသာ စိတ်ဝင်စားသူ ဖြစ်သည်။ ယခု ဝမ်ကျိယန်က ယောက်ျားရသွားပြီ ဖြစ်၍ သူမကို လိုချင်စိတ် ဖြစ်လာသည်။ မိုလီဖန်က ခပ်ဖျော့ဖျော့ပြုံးကာ
“ယောက်ကျား မယုံရင် သူတို့ကိုမေးလိုက်ပါ”
ခေါင်းဆောင်တန်က ထိုစကားကိုကြားလျင် မိုးမခလမ်းမှ ခေါ်ဆောင်လာသူများကို မေးကြ ည့်သည်။
“ဖန်အာပြောတာ အမှန်ပဲလား”
“ခေါင်းဆောင်တန် အမှန်ပါပဲ”
“ဟုတ်ပါတယ် ဝမ်ကျိယန်တယောက် ဆေးဆ ရာချန်ရဲ့ ကိုယ်လုပ်တော်ဖြစ်သွားရတဲ့အကြော င်းက ဆေးဆရာချန်ရဲ့ ရုပ်ရည်ကြောင့်ပါပဲ”
“ဆေးဆရာချန် အရင်ဘဝက ဘယ်လောက်မျာ ကောင်းမှုတွေလုပ်ခဲ့လဲမသိ နတ်ဘုရားမသုံးဦး တောင် ယူထားနိုင်သေးတယ် ငါတော့ မနာလိုဖြ စ်မိတယ်”
အိမ်ငှားခ မပေးနိုင်သူများက သဘာဝကျစွာပင် ချန်အန် ဒုက္ခရောက်စေရန် တွန်းပို့နေကြသည်။ သူတို့မှာ ချန်အန်အဆင်ပြေခြင်းကို မနာလိုဖြစ် နေကြသည်။ ခေါင်းဆောင်တန်က ချန်မိသားစု ထံသွားရောက်ဖို့ မစောင့်နိုင်တော့ပေ။
“ဆေးဆရာချန်က တကယ်ပဲ ကံကောင်းလွန်း တယ် ပထမအဆင့် ဆေးဆရာဆိုပေမဲ့ မြို့တစ် မြို့ကိုတောင် ဖျက်စီးနိုင်တဲ့ အလှတရားသုံးခု ကိုတောင် ရထားသေးတယ် ဒါပေမဲ့ အဲ့ဒါတွေ က မကြာခင် ငါပိုင်ဆိုင်တော့မှာပါ”
ခေါင်းဆောင်တန်ရဲ့ မျက်လုံးများက စိတ်လှုပ် ရှားမှုများဖြင့် ပြည့်နေသည်။ ထိုအချင်းအရာ ကို သတိပြုမိသည့် မိုလီဖန်က သူမရဲ့ရည်ရွယ် ချက် ပြည့်မြောက်သွားသောကြောင့် ဝမ်းသာ နေသည်။
“ယောက်ျား တခြားကိစ္စမရှိရင် ငါအိမ်ခနပြန်ဦး မယ် မကြာခင်ပြန်လာခဲ့မယ်”
“သွား..သွားပါ”
ခေါင်းဆောင်တန်က အချိန်မကြာစေရန် အမြန် ပင်သွားစေသည်။ မိုလီဖန်သည် လျင်မြန်စွာပင် အိမ်သို့ပြန်သွားခဲ့ပြီး အိမ်သို့ရောက်လျင် သုံးနှ စ်အရွယ် သားဖြစ်သူက သူမရဲ့ခန္ဓာကိုယ်ကို ရ စ်ပတ်လုမတက် ဖက်ထားပြီး ငိုနေခဲ့သည်။
“အမေ အမေက သားကိုဘာလို့ထားခဲ့တာလဲ မ လိုချင်တော့ဘူးလို့ သားထင်နေတာ”
“အမေက သားကိုမလိုချင်တော့လို့ မဟုတ်ပါဘူ သားအတွက် သကြားလုံးထွက်ဝယ်တာပါ”
မိုလီဖန်က ထိုသို့ပြောရင်း သူမလမ်းတွင်ဝယ် လာသည့် သကြားလုံးထုပ်ကို ထုတ်၍ ပေးလို က်သည်။ သူမရဲ့သားဖြစ်သူက သကြားလုံးထု ပ်ကိုမြင်လျင် အငိုတိတ်သွားတော့သည်။
“လာ သား သကြားလုံးစားဦး”
မိုလီဖန်က သကြားလုံးအပိုင်းတခုကိုယူ၍ သား ဖြစ်သူရဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမ ရဲ့သားဖြစ်သူက ဉာဏ်ကောင်းသည်။ငိုမဲ့မဲ့ အမူအရာဖြင့်.
“အမေ အရင်စားပါ”
“သားလေးက လိမ္မာတယ် အမေတို့ အတူတူစား ကြရအောင်”
မိုလီဖန်က သားဖြစ်သူစိတ်ကျေနပ်စေရန် အပို င်းတခုစားပြလိုက်ပြီး
“သားလေး အမေ့မှာလုပ်စရာ တချို့ရှိလို့ ခဏ ထွက်သွားရမယ် သားက အရင်နေနေကြ ဦးဦး နဲ့ဒေါ်ဒေါ်တို့အိမ်ကို သွားလိုက်ပါ အမေကအချိ န်ကြာမှ တခေါက်ပြန်လာဖြစ်လိမ့်မယ် သားကို အမေ လိုက်ပို့ပေးမယ်”
“အမေ သားမသွားချင်ဘူး”
“မင်းငါ့စကား နားမထောင်ရင် ငါမင်းကိုမလို ချင်တော့ဘူးနော်”
“အမေ သားကိုမထားခဲ့ပါနဲ့ သားလိမ္မာပါ့မယ်”
“ငါ့သားလေးက လိမ္မာပါတယ်”
သူမက ကလေူကိုအပ်နှံထားရန် တအိမ်တက် တအိမ်ဆင်း လိုက်လံပြောကြားသော်လည်း လ က်ခံမည့်သူမရှိပေ။ ထို့အပြင် အမျိုးသားကျင့် ကြံသူများမှာ ဝမ်းစာအတွက်ပင် ဇနီးနှင့်ကိုယ် လုပ်တော်များကို စွန့်ပစ်နေသောကြောင့် က လေးတစ်ဦးကို တာဝန်မယူလိုပေ။ ထို့ကြောင့် သားဖြစ်သူကို အိမ်သို့သာ ပြန်ခေါ်လာရပြီး အ ချိန်အတော်ကြာသည်အထိ တွန့်ဆုတ်နေပုံရသ ည်။ ခဏကြာလျင် ဆုံးဖြတ်ချက်တခုချကာ
“သားလေး အမေတို့မြစ်နားမှာ ငါးဖမ်းတိုင်းက စားကြရအောင်”
“ဟုတ်ကဲ့ သားက အမေစားဖို့ ငါးတွေအများ ကြီးဖမ်းပေးချင်ပါတယ်”
“သားလေးက အရမ်းလိမ္မာတာပဲ မြစ်နားသွား ကြရအောင်”
တဖက်တွင် ချန်အန်က အပြင်မှပြန်ရောက်သ ည်နှင့် မီးဖိုချောင်ထဲသို့ ဝင်ကာ မနက်စာကိုကို ယ်တိုင် စီစဥ်တော့သည်။ ဟင်း၇မျိုးမှ ၈မျိုးထိ ပြုလုပ်ပြီး အားလုံးက ဇနီးများအကြိုက်ချည်း ဖြစ်သည်။ အချိန်ကျမှ သမီးနဲ့ဇနီးများကို နိုးလို က်သည်။ မကြာခင်မှာပဲ မိသားစု၅ဦးမနက်စာ စားကြသည်။
“ယောက်ျား ဒီမုန့်စိမ်းကြော်က အရမ်းမွှေးတာပဲ ယော်ကျားနောက်ရက်ကျ သင်ပေးဦးနော်”
“ဒီပဲနို့က အရသာကောင်းတယ် အရမ်းလည်း ချိုတယ်”
“ယုအာ နင်ကအများအားဖြင့် ပဲနို့သောက်ရတာ ကြိုက်တော့ ပိုသောက်လေ”
ဆောင်ဟွာယင်းက ဂူရှန်းယုကို ပြုံး၍စနောက် လိုက်သည်။ ဂူရှန်းယုမှာ ရှက်သွားခဲ့ပြီး ဦးခေါ င်းကိုသာ ငုံ့ထားခဲ့သည်။ ဘေး၌ ဝမ်ကျိယန်မှ ချန်ယုကျန်းကို ချီ၍ ယာဂုခွံ့နေသည်။
“လာ ယုကျန်းလေး ပါးစပ်လေးဖွင့်ပါဦး အာ..
မေမေဝမ်က သမီးကို ယာဂုခွံ့ပေးမယ်”
ချန်ယုကျန်းက ခွံ့ကျွေးသမျှကို စားနေခဲ့သည်။ ချန်အန်က ဇနီးနဲ့သမီးတို့ ပျော်ရွှင်နေတာကို အ ခွင့်ရေးယူ၍ တစုံတခုမပြောခင် တခဏ တွန့်ဆု တ်နေသည်။
“အင်း…. ငါ့မှာမင်းတို့ကို ပြောစရာရှိတယ်”
“ယောက်ျား ဘာကိစ္စလဲ”
ဆောင်ဟွာယင်းက မုန့်စိမ်းကြော်ကိုစားရင်း မေးလာသည်။ ဝမ်ကျိယန်နဲ့ ဂူရှန်းယုတို့ကမူ တိတ်တဆိတ် ချန်အန်ကိုကြည့်နေသည်။ ချန် အန်က မေးစေ့ကိုပွတ်ကာ ရှက်ရွံနေဟန်ဖြင့်
“တခြားမဟုတ်ပါဘူး ငါက ဒုတိယအဆင့်ဆေး ပညာရှင်ဖြစ်ရင် ကိုယ်လုပ်တော်တယောက်ထပ် ယူဖို့ တွေးထားတာပါ”
ထိုစကားပြောပြီးသည်နှင့် စားပွဲဝိုင်းတခုလုံးတိ တ်ဆိတ်သွားသည်။ သို့သော်မကြာခင်မှာပဲ ဆောင်ဟွာယင်းက ဝမ်းသာအားရထောက်ခံသ ည်။
“ကောင်းတယ် ကောင်းတယ် ယောက်ျားကငါ တို့အတွက် အစ်မတယောက်ထပ်ခေါ်လာတာကို စောင့်နေမယ်”
သဘာဝကျစွာပင် သူမက ချန်အန်ကို မကိုင်တွ ယ်နိုင်ပေ။ သူမက ကျင့်ကြံသူမဟုတ်သော ကြောင့် ချန်အန်ရဲ့ အချစ်အားလုံးကို မခံယူနိုင် ခဲ့။ ချန်အန်မိန်းမများများ ယူလေ သူမသက် သာလေဖြစ်သည်။ ဂူရှန်းယုက မည်သည့်စကာ မှမဆိုပဲ ယာဂုကိုသာ သောက်နေခဲ့သည်။ လက် ခံခြင်း လက်မခံခြင်း လုံးဝမပြောပေ။ ဝမ်ကျိ ယန်ကမူ ချန်အန်ရဲ့စကားအပေါ် ပြောစရာအ များအပြား ရှိနေခဲ့သည်။ သူမလက်ထဲက ဇွန်း ကိုချလိုက်ပြီး
“ချန်အန် ဒါဘာသဘောလဲ နင်ကငါတို့၃ယော က်နဲ့တောင် မလောက်ငှဘူးလား နောက်တယော က်ထပ်ယူချင်သေးတာလား”
“အဟွတ် အဟွတ် အဟွတ်”
ချန်အန်က အနည်းငယ်အပြစ်ရှိသလို ခံစားလို က်ရပြီး ချောင်းပင်သီးသွားခဲ့သည်။ သူကအရှ က်မဲ့စွာဖြင့် ရှင်းပြလိုက်သည်။
“ယန်အာ ငါ့ရဲ့ကျင့်ကြံမှု တိုးလာတာကိုမင်းလဲ သိသားပဲ ဒီနှုန်းနဲ့ဆို အခြေခံတည်ဆောက်ရေး အဆင့်ကိုရောက်ဖို့က တနှစ်ခွဲပဲလိုမယ် မင်းတို့ ၃ယောက်စလုံး ငါချစ်တာကိုမခံနိုင်ကြဘူးလေ မနေ့ညနဲ့ ဒီမနက်ကိုပဲကြည့် နည်းနည်းတောင် ခံနိုင်ရည် ရှိလို့လား”
ချန်အန်ရဲ့စကားကို ကြားလျင် ဝမ်ကျိယန်တစ် ယောက် တိတ်ဆိတ်သွားသည်။ သူမက ထိုအ ချက်ကို သဘောပေါက်သည်။ သူမနဲ့ညီအစ်မ နှစ်ဦးပေါင်းတာတောင် ချန်အန်ကို မကိုင်တွယ် နိုင်ချေ။ သူမတယောက် စိတ်ယိုင်နေသည်ကို မြင်လျင် ချန်အန်က ဖိတွန်း၍ ပြောလိုက်သည်။ ဆောင်ဟွာယင်းက ချန်အန်စိတ်ထဲ သူ့နေရာရဲ့ တန်ဖိုးကိုမြင့်တင်ရန် ဝင်ရောက်ပြောဆိုနေခဲ့သ ည်။ အဆုံးတွင်တော့ ဝမ်ကျိယန်တယောက် နား လည်သွားပြီး အလျှော့ပေးလိုက်ရသည်။
“ဟုတ်ပြီ ကြိုတော့ပြောထားမယ် အချိန်တန်ရင် ငါတို့တွေရဲ့ ခွင့်ပြုချက်ကို ယူရမယ်”
“ပြဿနာမရှိဘူး”
ချက်ချင်းပင် ချန်အန်က သဘောတူလိုက်သည် ထိုအရာက နှုတ်သဘောသာ ဖြစ်သည်။ သူတ ကယ်သဘောကျသူဖြစ်ပါက သဘောမတူလဲ ယူမည်ဖြစ်သည်။ မနက်စာ စားသောက်ပြီးလျ င် ဆေးသန့်စင်ရန် ဆေးဖော်စပ်ခန်းသို့ ဝင်သွား ခဲ့သည်။ နေ့ဘက်တွင် ပို့ဆောင်ရေးဌာနအတွ က်သန့်စင်ပြီး ညအချိန်တွင်တော့ ရတနာခန်းမ တွင်ရောင်းချနိုင်ရန် သန့်စင်နေခဲ့သည်။ တခဏ အတွင်း မိုးချုပ်သွားသည်။ ချန်အန်က ဆေး သေတ္တာကို ဆွဲကာ ရတနာခန်းမသို့သွားရန် ပြင် ဆင်လိုက်သည်။
“ယောက်ျား အရမ်းမှောင်နေပြီး မနက်မှသွားပါ လား”
ဆောင်စွာယင်းက ဆေးဖော်စပ်ခန်းရှေ့၌ ရပ်၍ စိုးရိမ်သည့်ဟန်ဖြင့် ပြောလာသည်။ ဂူရှန်းယု ကလည်း ထို့အတူပင်။
“ယောက်ျား ယင်းအာစကားကို နားထောင်လိုက် ပါလား”
“စိတ်မပူပါနဲ့ ငါမကြာခင်ပြန်လာပြီး မင်းတို့အ တွက် လက်ဆောင်တခုစီ ယူလာခဲ့ပေးမယ်”
ချန်အန်က ပြုံးရွှင်စွာဖြင့်ပြောကာ ဇနီး၃ဦးရဲ့ မျက်နှာကို နမ်းလိုက်သည်။ ဝမ်ကျိယန်က စိတ် ပူနေပြီး မျက်မှောက်ကြုတ်၍ ပြောလာသည်။
“ဘာလို့ငါက မလိုက်ရတာလဲ”
“မလိုပါဘူး ငါမကြာခင်ပြန်လာခဲ့မယ် အိမ်မှာပဲ နေလိုက်ပါ”
ချန်အန်က ထိုသို့ပြောပြီးနောက် ထွက်သွားလို က်သည်။ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေ သည် ခြံအပြင်ဘက်မှ တံခါးခေါက်သံနှင့်အတူ ရင်းနီးသည့် အမျိုးသမီးတဦးရဲ့ အသံကိုပါ ကြားလိုက်ရသည်။
“ဆေးဆရာချန် ငါကျင့်ကြံသူမိုပါ နင်ထွက်လာ ပြီး တံခါးဖွင့်ပေးလို့ရမလား”
မိုလီဖန်ရဲ့ အသံပင်ဖြစ်သည်။ ချန်အန်က တံခါး ကိုအလျင်တလို မဖွင့်ခဲ့ချေ။ ယင်းအစား စိတ် စွမ်းအင်ကို ဖြန့်ကြက်ကာ ပတ်ဝန်းကျင်ကိုစစ် ဆေးလိုက်သည်။ မိုလီဖန်ရဲ့ ဘေးတွင် တစုံတစ် ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ ဝါးရွက်ဂိုဏ်းမှ ခေါင်းဆောင်တန်မှလွဲ၍ အခြား သူမဟုတ်ပေ။
………………………………………………….