← Chapters

စိတ်ဆန္ဒများ

Vol. 7 Ch. 61

စိတ်ဆန္ဒများ

Vol. 7 Ch. 61

“ကျင့်ကြံသူမို မိုးအရမ်းချုပ်နေပြီ ဘာအတွက် ငါ့ကိုလာရှာတာလဲ”

ချန်အန်နဲ့မိုလီဖန်တို့က ခြံတခါးရဲ့တဖက်စီတွင် ရပ်နေကြသည်။ မိုလီဖန်က လက်ထဲမှအိုးကို အ သာမြှောက်ပြလိုက်ပြီး

“ဆေးဆရာချန် ငါကအချိုအရည်အချို့လုပ် ထားတယ် နင်က ငါ့ကိုအများကြီးအကူအညီ ပေးခဲ့တယ် ဒါကြောင့် တခုခုပြန်ပေးရအောင် လာခဲ့တာ”

“ကျင့်ကြံသူမို မင်းအနားမှာ တယောက်ယောက် ရှိနေလား”

“သြော်..စကားမစပ် မိတ်ဆက်ပေးပါရစေ ဒါက ဝါးရွက်ဂိုဏ်းရဲ့ အကြီးအကဲ ခေါင်းဆောင်တန် ပါ ဆေးဆရာချန်သူ့ကို ယုံလို့ရပါတယ် အခုသူ က ငါ့ခင်ပွန်းဖြစ်နေပြီ”

မိုလီဖန်က ပြုံး၍ မိတ်ဆက်ပေးသည်။ ချန်အန် ရဲ့ မှင်သက်နေတဲ့ အမူအရာကိုမြင်လျင် ခေါင်း ဆောင်တန်က ရှင်းပြလာသည်။

“ဒီလိုပါ ငါကဖန်အာရဲ့ အဖြစ်စုံကိုသိလိုက်ရ တော့ သူမကိုသနားပြီး စောင့်ရှောက်ပေးနိုင်ဖို့ ခေါ်ယူထားလိုက်တာပါ သိတဲ့အတိုင်း သူမရဲ့ ယောက်ျားက တိုက်ပွဲမှာသေဆုံးသွားရပြီး သူမ ကလည်း အားကိုးရာမဲ့ ဖြစ်နေခဲ့တယ်လေ”

တဖက်လူမှ မယုံနိုင်ဖွယ်ရာပင် ဟန်ဆောင် ကောင်းလွန်းနေသည်။ အကြောင်းမသိသူဆိုပါ က လှည့်စားခံရနိုင်သည်။ ချန်အန်က မကျေမ နပ်ဖြစ်နေသော်လည်း အပြုံးဖြင့် ကျေနပ်ဟန် ပြန်ပြောလိုက်သည်။

“ခေါင်းဆောင်တန်က ကြင်နာတတ်တာပဲ တက ယ်ကို စံပြပုဂ္ဂိုလ်တယောက် ဖြစ်တယ်”

“မဟုတ်ပါဘူး မဟုတ်ပါဘူး”

ခေါင်းဆောင်တန်က ပြာပြာသလဲ ငြင်းပယ်သ ည်။ ချန်အန်က ပြုံး၍ တံခါးဖွင့်ပေးလိုက်ပြီး မို လီဖန်တို့ကို ဝင်ခွင့်ပြုလိုက်သည်။ သူ့တွင်ရွေး ချယ်စရာ မရှိတော့ပေ။ တဖက်သူမှာ အကြီးအ ကဲတဦး ဖြစ်နေပြီး ငြင်းပယ်လိုက်ပါက နောင် တွင် ပစ်မှတ်ထားခံရနိုင်သည်။ ထို့အပြင် သစ် သားတံခါးငယ်တချပ်သာ ဖြစ်သည်။ တဖက်မှ အတင်းတိုးဝင်လာပါက မတားဆီးနိုင်ပေ။

“ဆေးဆရာချန် ငါကမတ်ပဲ အချိုရည်လုပ်လာ တာ နင်အရသာကြိုက်ရဲ့လား မသိဘူး”

မိုလီဖန်ကအပြုံးဖြင့်ပြော၍ လက်ထဲမှအိုးကို ချန်အန်ဆီ ပေးလိုက်သည်။ အိုးကိုယူချိန် တပြို င်နက် ဝှက်ထားသည့်အပ်ဖြင့် အဆိပ်ရှိမရှိ စမ်း သပ်လိုက်သည်။ အဆိပ်မရှိကြောင်း သတိပြုမိ မှ ပြုံးလိုက်သည်။

“အရသာက သေချာပေါက်ကောင်းမှာပါ”

“ဆေးဆရာချန် ငါတို့ကို မဖိတ်တော့ဘူးလား”

ချန်အန်က မြေကြီးပေါ်၌ အမြစ်ကဲ့သို့ တွယ်ရပ် နေပြီး အထဲကိုဖိတ်ခေါ်ရန် ဆန္ဒမရှိသည်အား မြင်လျင် မိုလီဖန်မှ မေးလိုက်သည်။ ခေါင်း ဆောင်တန်က ရှက်ရွံဟန်ဖြင့်

“ဆေးဆရာချန် ငါကဒီကိုလာတော့ ရေသောက် လာဖို့မေ့သွားတာ အခုရေအရမ်းငတ်နေလို့ အ ချိုရည် တခွက်စာလောက် သောက်လို့ရနိုင်မ လား”

ထိုအရာက အကြောင်းပြနေတာဖြစ်ပြီး ချန်အန် ၏ အိမ်ထဲသို့ဝင်ကာ ဇနီးများကို ကြည့်လိုနေခြ င်းဖြစ်သည်။ ချန်အန်က သဘာဝကျစွာ သိနေခဲ့ သော်လည်း မငြင်းဆန်ပဲ ဖိတ်ခေါ်လိုက်ရသည်။

“အိမ်ရှင်မပီသမိတာ တောင်းပန်ပါတယ် လာကြ ပါ ဒီဘက်ပါ”

“မဟုတ်တာ ငါတို့ကသာ အနှောင့်အယှက်ဖြစ် စေတာပါ”

ခဏကြာတော့ စားသောက်ခန်းထဲသို့ ၃ယောက် သားရောက်ရှိသွားကြပြီး စားသောက်ကာစကာ ပြောနေကြသည်။ ခေါင်းဆောင်တန်က ဖန်အာ ကို ချန်အန်ရဲ့အကူညီအတွက် ကျေးဇူးတင်မိ ကြောင်းပြောနေသည်။ ချန်အန်ရဲ့ ဆေးလုံးတင် ပို့ရမှုကိုလည်း အတတ်နိုင်ဆုံးလျှော့ချစေကာ အကျိုးအမြတ်ကိုလည်း တဖက်တဝက် ခွဲပေးမ ည်အထိ ပြောလာသည်။

“ဆေးဆရာချန် မင်းဘယ်လိုထင်လဲ”

“ခေါင်းဆောင်တန် ငါကမဝံ့ရဲပါဘူး ဒီလိုအန္တရာ ယ်များတဲ့ အလုပ်တွေ မလုပ်ချင်တာအမှန်ပါ မ င်းရဲ့ စေတနာကောင်းတွေကို ဖြုန်းတီးရာရော က်မှာ စိုးမိတယ်”

ချန်အန်က ပြုံးပြုံးလေးသာ ငြင်းပယ်လိုက်သ ည်။ မုဆိုးမနဲ့ ခေါင်းဆောင်တန်တို့တွင် တဦးမှာ မိမိသားကိုပင် စတေးရဲပြီး ကျန်တဦးက သူမျာ ဇနီး မယားများကို တပ်မက်တတ်သူဖြစ်သည်။ ထိုသူများနဲ့ အလုပ်အတူလုပ်ခြင်းက ကျားပါးစ ပ်ထဲ ခုန်ဆင်းတာနဲ့ တူသည်။ဆေးလုံးထောက်ပံ့ မှုကို လျှော့မချရဲပဲ။ မတော်တဆ စုံစမ်းမိပါက ပြစ်မှုကြီးနိုင်ပြီး ကျွန်အဖြစ်တောင် အဖမ်းခံရ နိုင်သည်။

“ဆေးဆရာချန် နင့်ဇနီးတွေကို အချိုရည်သော က်ဖို့ ဘာလို့မဖိတ်ခေါ်တာလဲ”

မိုလီဖန်က စိတ်ရှုပ်ထွေးစွာနဲ့ မေးလာသည်။သူ မရဲ့ အဓိက ရည်ရွယ်ချက်မှာ ခေါင်းဆောင်တန် ကို မြင်စေရန်ဖြစ်သည်။

“အားလုံး အိပ်နေကြပါပြီ”

“သူ တို့က အစောကြီး အိပ်နေကြတာလား”

“ငါ့ဇနီးတွေက ပင်ပန်းထားကြတော့ စားသော က်ပြီးတာနဲ့ တန်းအိပ်သွားကြတာပါပဲ”

မိုလီဖန်က “သြော်..”

အချိန်ကျလျင် ချန်အန်က ပြန်ကြရန် နှိုးဆော် လိုက်သည်။ သူက ရိုရိုးကျိုးကျိုးပုံစံဖြင့်

“တောင်းပန်ပါတယ် ဝါးရွက်ဂိုဏ်းက ဆေးလုံး တွေအများကြီး တောင်းဆိုထားတော့ အဲ့အတွ က်ငါ့မှာ လုပ်စရာတွေပုံနေပါတယ် အခွင့်အရေး ရလာရင် နောက်တခေါက် ထပ်လာခဲ့လို့ရပါတ ယ်”

“ဒါဆိုရင် ဆေးဆရာချန်ကို မနှောင့်ယှက်တော့ ပါဘူး နောက်မှထပ်လာခဲ့မယ်”

ထိုစကားပြောပြီးနောက် မိုလီဖန်တို့နှစ်ဦးသား ပြန်လည်ထွက်ခွာ သွားချိန်တွင် ချန်အန်ကပုံးကွ ယ်နေသည့် ဇနီးများနဲ့သမီးဖြစ်သူကို ထွက်လာ စေသည်။ ဆောင်ဟွာယင်းက စိုးရိမ်နေသည့်အ မူအရာဖြင့် မေးသည်။

“ယောက်ျား ခေါင်းဆောင်တန်က ဘာအတွက် ငါတို့အိမ်ကို လာတာလဲ”

ချန်အန်က မည်သည့်အရာမှ ဖုံးကွယ်မထားပဲ သူ့အထင်ကို ပြောပြလိုက်သည်။

“ခေါင်းဆောင်တန်က မင်းတို့၃ယောက်ကို မျက် စိကျနေတာ ဖြစ်မယ်”

ခေါင်းဆောင်တန်၏ အကြောင်းကိုသိထားသူ များဖြစ်၍ ထိုစကားကိုကြားလျင် အမူအရာမျာ ပျက်ယွင်းသွားကြသည်။

“မေမေ အချိုရည်”

ဆောင်ဟွာယင်း၏ ရင်ခွင်ထဲမှ ချန်ယုကျန်း လေးက စားပွဲပေါ်ရှိ မတ်ပဲအချိုရည်အိုးကို ကြ ည့်၍ သားရေကျဟန်ဖြင့် တောင်းဆိုလာသည်။ ချန်အန်က ထိုစကားကိုကြားလျင် မတ်ပဲအချို ရည်တအိုးလုံး သွန်ပစ်စေပြီး သမီးဖြစ်သူအတွ က် သူကိုယ်တိုင် ပြုလုပ်မည်ဖြစ်သည်။ မကြာ ခင်မှာပဲ အချိုရည်ရရှိသွားပြီး မိသားစုများအ တူသောက်သုံး လိုက်ကြသည်။ ချန်အန်ရဲ့လက် ရာကို သူမတို့ ငြင်းဆန်နိုင်စွမ်းပင် မရှိပေ။ဆော င်ဟွာယင်းက အိမ်ကိုရောက်လာသည့် ခေါင်း ဆောင်တန်ကြောင့် စိတ်မပူပဲ မနေနိုင်ပေ။

“ယောက်ကျား ခေါင်းဆောင်တန်က ငါတို့သုံး ယောက်ကို တကယ်ပစ်မှတ်ထားနေရင် ငါတို့အ ဆင်ပြေ ပါ့မလား”

တဖက်သူမှ အကြီးအကဲ ဖြစ်ပြီး ချီစုဆောင်းခြ င်းအဆင့် ၉ ဖြစ်သည်။ ယောက်ကျားဖြစ်သူက ထိုသူကို မနိုင်မှာ ကြောက်နေသည်။ ချန်အန်က ထိုစကားကိုကြားလျင် ရင်ခွင်ထဲ ဆွဲဖက်လိုက် ပြီး ဦးခေါင်းကိုပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သ ည်။

“ယင်းအာ စိတ်မပူနဲ့ ငါနဲ့မင်းအစ်မဝမ် နှစ်ဦးစ လုံးက အဆင့်၈ တွေပါ ခေါင်းဆောင်တန်ကို ကြောက်စရာမလိုပါဘူး”

“ဟုတ်ကဲ့ ယောက်ကျားကို ယင်းအာ ယုံပါတယ်”

ဆောင်ဟွာယင်းက ချန်အန်ရဲ့နှစ်သိမ့်မှုကို ကျေ နပ်စွာခံစားနေပြီး ဂူရှန်းယုကလည်း စိုးရိမ်တ ကြီးပြောလာသည်။

“ယောက်ကျား ယုအာလည်း စိတ်ပူတယ်”

ချန်အန်က သူမရဲ့ အဓိပ္ပါယ်ကို နားလည်သော ကြောင့် ဆောင်ဟွာယင်းကဲ့သို့ပင် ရင်ခွင်ထဲဆွဲ ဖက်ထားလိုက်သည်။ တဖက်တွင် ဝမ်ကျိယန် မှာ အဖက်ခံချင်သော်လည်း မာနကြောင့်ထိုသို့ မပြောနိုင်ပေ။ ထို့ကြောင့် ချန်အန်ကို အရိပ်အ မြွက်သာ ပြနိုင်ပြီး ချန်အန်မှာ ထိုအရာကိုမြင် လျင် ရီရမလား ငိုရမလား မသိတော့ချေ။

“ဖေဖေလည်း သမီးလည်း ဖက်ချင်တယ်”

ချန်ယုကျန်းလေးက မိခင်ဖြစ်သူကို ဖခင်ဖြစ်သူ မှ ဖက်ထားသည်ကိုမြင်လျင် သူမလေးသည်လဲ အဖက်ခံချင်လာသည်။ ထို့ကြောင့် ပွေ့ဖက်ပေး ရန် တောင်းဆိုလာတော့သည်။ ချန်အန်က သမီ ဖြစ်သူအတွက် နေရာသေးသေးလေးတခု ချန် ထားလိုက်ပြီး ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ ထိုမြင်ကွင်းမှာ အလွန်ကြည်နူးစရာ ကောင်းသ ည်။

[ဇနီး ကိုယ်လုပ်တော်များနဲ့ သမီးဖြစ်သူတို့ထံမှ စိတ်ကျေနပ်မှုကြောင့် ဆက်ဆံရေး +2+1+3+4+5+1+3]

တဖက်တွင် ချန်အန်တို့အိမ်နှင့် မီတာများစွာဝေ သည့် သစ်ပင်ပေါ်၌ ခေါင်းဆောင်တန်နှင့် မိုလီ ဖန်တို့ရှိနေကြသည်။ သူက အကွာအဝေးကြေး မုံကို ကိုင်ကာ ထိုမြင်ကွင်းကို စောင့်ကြည့်နေသ ည်။

“လှတယ် အရမ်းလှတယ် ဆေးဆရာချန်က တ ကာ်ကို အလှလေး၃ယောက်တောင် ယူထားတာ ပဲ ဖန်အာတခြားနည်းလမ်း စဥ်းစားပါဦး ငါက အလှလေး၃ယောက်ကို ငါ့အိပ်ရာပေါ် တင်ချင် စိတ်ဖြစ်နေပြီ”

ခေါင်းဆောင်တန်က မိုလီဖန်ကို စိတ်မရှည်စွာ တိုက်တွန်းရင်း ချန်အန်တို့ ပွေ့ဖက်နေသည့် မြင် ကွင်းကို ကြည့်နေခဲ့သည်။ ခေါင်းဆောင်တန်၏ အမူအရာကိုမြင်လျင် မိုလီဖန်က ရွံရှာသွားသ ည်။ သူမက မှီခိုသူဖြစ်နေ၍ တိတ်ဆိတ်နေရန် သာ တတ်နိုင်သည်။ တခဏကြာလျင် မိုလီဖန် က အကြံတခုပေးလိုက်သည်။ ခေါင်းဆောင်တ န်ရဲ့ နားထဲ တီးတိုးပြောလိုက်ဖြင်း ဖြစ်ပြီး ထိုစ ကားကိုကြားလျင် ခေါင်းဆောင်တန်ရဲ့ မျက်လုံ များက အရောင်တောက်သွားသည်။ သူကမိုလီ ဖန်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး မျက်နှာကိုနမ် လိုက်သည်။

“ဖန်အာ မင်းတကယ် ဉာဏ်ကောင်းတာပဲ မင်း လို ဉာဏ်ကောင်းတဲ့ ဇနီးတယောက်ရလိုက်လို့ ငါဂုဏ်ယူမိတယ်”

…………………………………………………

All Chapters