← Chapters

ခေါင်းဆောင်တန်ရဲ့ အကျင့်ဆိုး

Vol. 6 Ch. 59

ခေါင်းဆောင်တန်ရဲ့ အကျင့်ဆိုး

Vol. 6 Ch. 59

ထိုအရာက ရွှေရောင်အလင်းဖြင့် ပုံဖော်ထားသ ည့် ဓားတချောင်းဖြစ်သည်။ ဆရာသခင်အဆင့် ၏ နောက်ဆက်တွဲသက်ရောက်မှု ဓားတချောင်း အသွင် ပုံဖော်နိုင်ခြင်းဖြစ်သည်။ ချန်အန်က စိ တ်ကျေနပ်နေပြီး မကြာသေးမီက လက်နက်တ ခုဝယ်ရန်ပင် တွေးနေခဲ့ပြီး ယခုတွင်တော့ မလို အပ်တော့ပေ။ ရွှေလက်ချောင်းက ကိုယ်ပိုင်လ က်နက်တခု ဖြစ်လာသည်။

ချန်အန်က အလင်းဓားကိုသုံး၍ ကျောက်တုံးကို ဖြတ်ကြည့်သည်။ အလင်းဓားချက်မှာ တိုးဝင် သွားသော်လည်း မည်သည့်အရာမှ ထူးမလာခဲ့ ပေ။ ချန်အန်တယောက် မှင်သက်သွားသည်။ ဒါက အလင်းသက်သက်ပဲလားဟ။ ထိရောက်မှု မရှိဘူးတဲ့လား။ ချန်အန်က ကျောက်တုံးအနီး သို့သွားရောက်ပြီး စစ်ဆေးလိုက်လျင် ကျောက် တိုးမှာ ထောပတ်ကိုဓားနဲ့ ဖြတ်တောက်ထားသ ကဲ့သို့ တိတိပပ ပြတ်​တောက်နေသည်။

နောက်ပိုင်းအချိန်များတွင် ချန်အန်က အိမ်ရှေ့မှ အိမ်နောက် အပြန်ပြန်သွားလာနေပြီး တဖြေး​ ဖြေးစမ်းသပ်စရာပင် ရှားပါးလာသည်။

“အစိမ်းရောင်မိုးမခလမ်းမှ လူများငှားခမပေးနို င်တဲ့ လူစာရင်းကိုဖတ်ပြမယ် စာရင်းထဲပါနေသူ တွေက အပြင်ထွက်လာပြီး ပို့ဆောင်ရေးဌာနမှာ စာရင်းပေးသွင်းကြပါ မဟုတ်ရင်တော့ နေရာ မှာတင်ပဲ သေဒဏ်ပေးရပါလိမ့်မယ်”

ခြံအပြင်ဘက်မှ ကျယ်လောင်သည့်အသံတခု ထွက်ပေါ်လာပြီး ထိုအသံကို ချန်အန်တယောက် ရင်းနီးနေသည်။ ဝါးရွက်ဂိုဏ်း၏ ဥပဒေစိုးမိုး ရေးဌာနမှ ခေါင်းဆောင်တဦးဖြစ်ပြီး မျိုးရိုးအမ ည်မှာ တန်ဖြစ်သည်။ ထိုသူရဲ့ ကျင့်ကြံမှုက နဝ မအဆင့်သာ ဖြစ်သည်။ ချန်အန်က ရွှေရောင်အ လင်းကို သိမ်းလိုက်ပြီး အခြေအနေကိုသိနားလ ည်ထားရန် ထွက်လာခဲ့သည်။ အကယ်၍ ထိုသူ များ စာရင်းပါဝင်ပြီး တိုက်ပွဲတွင်ကျဆုံးသွားပါ က မိနိးမလှလေးများကို တာဝန်ယူရန် လိုအပ် သည်ဟု ချန်အန်က တွေးနေသည်။

ခြံအပြင်ဘက်သို့ ရောက်လျင် အိမ်ငှားခအ ကြွေးကျန်နေသည့် လူများစုပြုံလာသည်ကိုမြင် လိုက်ရသည်။ အနည်းဆုံး လူ၂၀ ခန့်ရှိသည်။ အားလုံးမှာ အမျိုးသားကျင့်ကြံသူများဖြစ်ပြီး ရုပ်အနည်းငယ်ဆိုးသည့် အမျိုးသမီးကျင့်ကြံ သူတစ်ဦးသာ ပါဝင်သည်။ ရုပ်ရည်ချောမောပြီ အိမ်ငှားခမတတ်နိုင်သည့် အမျိုးသမီးကျင့်ကြံ သူများမှာ သဘာဝကျစွာပင် အခြားသူများကိုမီ ခိုကြလိမ့်မည်။

ဟမ်!

ချန်အန်တယောက် မင်သက်သွားရသည်က မ ကြာသေးမီက ဆုံခဲ့သည် မိုလီဖန်ကို ခေါင်း ဆောင်တန်၏ လက်ထဲတွင် တွေ့လိုက်ရခြင်း ဖြစ်သည်။ သူမကို ထိပါးနေပြီး ချန်အန်ကထို မြင်ကွင်းကိုကြည့်၍ ကူကယ်ရာမဲ့စွာ သက်ပြင်း ချလိုက်မိသည်။ နောက်ဆုံးတွင် ထိုမိန်းမ၏အ နှောင့်အယှက်ကို မခံရတော့ဟု သူတွေးလိုက် သည်။

“ခေါင်းဆောင်တန် ကျေးဇူးပြုပြီး နှစ်ရက်လော က်အချိန်ပေးပါ ငှားရမ်းခပြည့်မီဖို့ တရက်ပဲလို တော့တာပါ”

ထိုသူက သတ္တမအဆင့် ကျင့်ကြံသူတဦးဖြစ်ပြီး တိုက်ပွဲကို မသွားလိုခြင်းဖြစ်သည်။ ခေါင်းဆော င်တန်ရှေ့ ဒူးထောက်လိုက်ပြီး သိက္ခာကျဆင်းမ ည်ကိုပင် မတွက်တော့ပဲတောင်းပန်လာသည်။ သို့သော် ခေါင်းဆောင်တန်က ခေါင်းမာသည်။ ထိုသူကို အပေါ်စီးမှကြည့်ကာ တင်းမာစွာဖြင့် ပြောလိုက်သည်။

“ငါ့ဆီက ရက်တောင်းတာက အသုံးမဝင်ဘူး သ က်မှတ်အချိန်တွင်း ငှားရမ်းခမပေးနိုင်တဲ့အတွ က် တိုက်ပွဲမှာပဲ ငှားရမ်းခဘောင်ချာကို သွားရှာ ပေတော့”

“ခေါင်းဆောင်တန် မင်းမှာနည်းလမ်းရှိမှာပါ န ည်းလမ်းရှိဦးမှာပါ”

ထိုသူက အားမလျှော့ပဲ ဆက်လက်ပြောဆိုနေ သည်။

“ခေါင်းဆောင်တန် ငါ့ဆီမှာ အိမ်ထောင်သက်တ နှစ်ခွဲနဲ့ ကလေးမမွေးဖူးသေးတဲ့ ဇနီးတဦးရှိပါ တယ် ခေါင်းဆောင်တန်စိတ်ဝင်စားရင် သူမကို ပေးပါမယ်”

ခေါင်းဆောင်တန်က ဝါးရွက်အိမ်ရာတွင် အမ ည်ဆိုးဖြင့် ကျော်ကြားသည်။ ပိုက်ဆံပေးစရာမ ရှိသောကြောင့် ဇနီးကိုသာပေးရတော့မည်။ ထ င်မှတ်ထားသည့်အတိုင်း ခေါင်းဆောင်တန်က ထိုသူရဲ့စကားကို စိတ်ဝင်စားသွားသည်။

“မင်းရဲ့မိန်းမက ဘယ်လိုပုံစံလဲ”

“ပန်းလေးတပွင့်လိုပါပဲ”

“ပန်းတပွင့်လို….သေချာပါတယ်နော်”

ထိုကျင့်ကြံသူအမျိုးသားက အခွင့်အရေးကို မြင်လျင် ဝမ်းသာစွာဖြင့် အိမ်သို့ပြေးကာ သူ့ဇနီ ကို ဆွဲထုတ်လာသည်။ သူမက အသက်၂၀ခန့် သာရှိသေးပြီး ငယ်ရွယ်၍ ရုပ်ရည်လှပသူ ဖြစ် သည်။ သူမက ကျင့်ကြံသူတဦးလည်း ဖြစ်ပြီး ပထမအဆင့်သာ ရှိသေးသည်။ ခေါင်းဆောင် တန်က သူမကို သဘောကျစွာကြည့်လျက် ပြောလိုက်သည်။

“အဆင်ပြေပြီ မင်းကို၃ရက်အချိန်ပေးမယ် မဟု တ်လို့ကတော့ ငါ့ကိုအပြစ်မဆိုနဲ့တော့”

“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်တန်”

“ယောက်ျား..ငါမလုပ်ပါရစေနဲ့”

ဖြောင်း!...

ကျယ်လောင်သည့် ပါးရိုက်သံတခုထွက်ပေါ်လာ ပြီး အမျိုးသားမှ ဇနီးဖြစ်သူကို ရိုက်လိုက်ခြင်း ဖြစ်သည်။

“မင်းမှာ ငြင်းဆိုခွင့်ရှိလား မင်းက စျေးသက် သာတဲ့ နေရာက ငါကယ်တင်ထားတဲ့ ဒုက္ခသည် တယောက်ပဲ”

ကျင့်ကြံသူအမျိုးသမီးက ပါးရိုက်ခံရမှုကြောင့် တုန်လှုပ်သွားပြီး သူမမှာ ပထမအဆင့်လေးသာ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ချီစုဆောင်းခြင်းအ ဆင့်မြင့်များကြားတွင် သူမက လူပင်မဟုတ် ချေ။

“မြန်မြန်သွားတော့”

ထိုသူက ဇနီးဖြစ်သူကို ခေါင်းဆောင်တန်ဘက် တွန်းပို့လိုက်ပြီး ခေါင်းဆောင်တန်က တဟား ဟားအော်ရယ်ကာ သူမကို ရင်ခွင်ထဲဆွဲဖက်၍ မျက်နှာကို နမ်းရှိုက်လိုက်သည်။ ထိုအမျိုးသမီး သည် ထိတ်လန့်စွာဖြင့် မျက်လုံးအစုံကို မှိတ်နေ ပြီး ငြိမ်နေရသည်။ မိုလီဖန်က ထိုမြင်ကွင်းကို ကြည့်၍ ခေါင်းဆောင်တန်အပေါ် ရွံရှာသွားသ လိုခံစားလိုက်ရသည်။ သူမရဲ့ အသက်ရှင်သန် ရေးအတွက် မဟုတ်ပါက ထိုကဲ့သို့လူမျိုးများနဲ့ ပေါင်းသင်းမည်မဟုတ်ပေ။ ချန်အန်က ထိုအ ရာအားလုံးကို မြင်နေရသည်။ ခေါင်းဆောင်တ န်က သူတပါးမယားများကိုသာ တပ်မက်တတ် သည့် ဂုဏ်သတင်းရှိထားသည်။

အလယ်ဗဟိုဧရိယာတွင် ခေါင်းဆောင်တန်တစ် ယောက်ရောက်လာပါက အိမ်ရှိ ဇနီးမယားများ ကို ဖွတ်ထားရသည်ဟု အဆိုရှိကြသည်။ ချန် အန်လည်း အပါအဝင်ဖြစ်သည်။ သူကခေါင်း ဆောင်တန်ကို မြင်တိုင်း အိမ်ထဲသို့ဝင်စေပြီး ခြံဝန်းထဲ၌ပင် မနေစေပေ။ ခေါင်းဆောင်တန်မှ အမည်များကို ခေါ်ထုတ်လိုက်သည်။ မကြာမီ လူစုံရောက်ရှိလာကြသည်။ လူစုံရှိကြောင်းသိပါ က ဆက်မနေတော့ပဲ ထိုနေရာမှ ထွက်သွားပြီး သူနဲ့အတူ မိုလီဖန်နှင့် စွန့်ပစ်ခံလိုက်ရသည့် အ မျိုးသမီးလေးပါ ပါသွားခဲ့သည်။

ချန်အန်၏ အိမ်ရှေ့ကိုဖြတ်လျင် သူမက ချန်အ န်ကိုတွေ့မြင်လိုက်ပြီး သူမရဲ့မျက်လုံးထဲတွင်လဲ ရှက်ရွံမှုများ ပေါက်ဖွားလာသည်။ ချန်အန်က သူမကို ရယ်မောလှောင်ပြောင်နေသလို ခံစား နေရသည်။ ထို့ကြောင့် သူမက ခြေဖျားထောကိ ပြီး ခေါင်းဆောင်တန်အနားကပ်ကာ တီးတိုး ပြောလိုက်သည်။ သူမရဲ့စကားကိုကြားလျင် ခေါင်းဆောင်တန်ရဲ့ မျက်လုံးများက အရောင် တောက်သွားပြီး ချန်အန်ဘက်သို့ ကြည့်လိုက် သည်။ သို့သော်ချန်အန်က အိမ်ထဲသို့ပြန်ဝင် သွားပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို မမြင်လိုက်ရ ပေ။

………………………………………………..

All Chapters