← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

နောက်တနေ့မနက်၌ ချန်အန်ယောက် စောစီးစွာ နိုးလာခဲ့ပြီး စနစ်မှ အချက်အလက်များကို စစ် ဆေးလိုက်သည်။

ဆေးပညာအတွေ့အကြုံ +3×11

စိတ်စွမ်းအင်…..+3×29

မီးစွမ်းအင်…+2×38

ဆေးပညာ …..ပထမအဆင့် အဆင့်မြင့် 2292/2500

ဆေးပညာက အဆင့်တက်ရန် ၂၀၈ မှတ်သာလို တော့သည်။ ပြည့်လုခါနီး အမှတ်များကိုကြည့် ရင်း ထထိုင်လိုက်သည်။ ထို့နောက် အကြောင်း ကြားစာများကို ဖယ်ထုတ်ကာ အဝတ်အစားလဲ ၍ အခန်းထဲမှ ထွက်လိုက်သည်။ ထို့နောက် သ မီးဖြစ်သူကို တွေ့ရန် အနောက်ခန်းထဲသို့ ဝင် သွားလိုက်သည်။ သမီးဖြစ်သူမှာ အိပ်နေသေး ပြီး လက်သေးသေးလေးအား ချစ်စဖွယ်ကောင် စွာ ပါးစပ်ဖြင့် စုပ်နေသည်။ ချန်အန်က သူမကို စောင်ခြုံပေးလိုက်ကာ အခန်းထဲမှထွက်လာခဲ့ သည်။ ကိုယ်လက်သန့်စင်ပြီးနောက် ဆေးသေ တ္တာကို ဆွဲကိုင်ကာ စျေးသို့ထွက်လာခဲ့သည်။

စျေး။ရတနာခန်းမ..

ချန်အန်တယောက် ဆိုင်ထဲရောက်ချိန်တွင် ဆိုင် ရှင်လျှိုမှ အပြုံးဖြင့်ဦးညွှတ် နှုတ်ဆက်နေသ ည့် အမျိုးသမီးတဦးကို တွေ့လိုက်ရသည်။ ထို အမျိုးသမီးက ဘယ်သူလဲ။ ဂုဏ်သိက္ခာရှိတဲ့ ဆိုင်ရှင်က အဘယ့်ကြောင့် ယဥ်ကျေးနေရသန ည်း။ စိတ်ရှုပ်ထွေးစွာဖြင့် ချန်အန်က ထိုအမျိုး သမီးကို မျက်လုံးထောင့်မှ အကဲခတ်နေသည်။

သူမက အသက်၃၀ နီးပါးရှိပြီး အနက်ရောင်ဝ တ်စုံကို ဝတ်ဆင်ထားသည်။ သူရဲကောင်းဆန် သည့် ဟန်ပန်လည်းရှိနေကာ သူမရဲ့လှပတဲ့မျ က်လုံးများက တလက်လက် တောက်ပနေသည် ခနကြာလျင် သူမက ဆိုင်ရှင်ထံမှ သော့ကိုယူ၍ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ဆိုင်ရှင်ကသူ မနဲ့ ပြောဆိုပြီးနောက် ချန်အန်ဘက်လှည့်ကာ နွေးထွေးစွာ နှုတ်ဆက်လာသည်။

“ဆေးဆရာချန် မင်းက ဆေးလုံးရောင်းဖို့အတွ က် ရောက်လာတာလား”

“ဟုတ်ပါတယ်”

ချန်အန်က ဆေးသေတ္တာကိုပိုက်၍ လျှောက်လာ ပြီး ကောင်တာပေါ် တင်လိုက်သည်။ သူကဆေး လုံးများကို ဆိုင်ရှင်ရှေ့၌ ထုတ်ယူနေရင်း စပ်စု လိုက်သည်။

“ဆိုင်ရှင်လျှို ခုနက အမျိုးသမီးကဘယ်သူလဲ သူမက သူရဲကောင်းဟန်ပန်နဲ့ မြင့်မြတ်နေလို့ မေးကြည့်တာပါ”

“သူမက ရတနာခန်းမကို ကြီးကြပ်ဖို့ရောက်လာ တဲ့ ရွမ်းဟွမ်ဂိုဏ်းက အဓိကတပည့်ပါ သူမက ဘယ်လိုလုပ် မမြင့်မြတ်ပဲ နေပါ့မလဲ”

“ရွှမ်းဟွမ်ဂိုဏ်းရဲ့ အဓိကတပည့် ဟုတ်လား”

ချန်အန်တယောက် စိတ်ဝင်စားသွားသည်။

“ဆိုင်ရှင် သူမရဲ့ ကျင့်ကြံဆင့်ကိုသိလား”

“သိပ်တော့ မသေချာဘူး ငါ့အထင် အခြေခံတ ည်ဆောက်ခြင်း အဆင့်လို့ထင်တယ်”

ထိုသို့ကြားလျင် ချန်အန်တယောက် မှင်သက် သွားရသည်။ သူမမှာ ငယ်ရွယ်ပုံရသော်လည်း အခြေခံတည်ဆောက်ခြင်း အဆင့်ကိုရောက်နေ သည်။ အဓိကတပည့် ဆိုသည့်အတိုင်းပင်။

“ဆိုင်ရှင်လျှို မင်းကဘာလို့ ခုခံဖို့ပြင်နေတာလဲ”

“တခြားတော့မဟုတ်ပါဘူး ဂိုဏ်း၂ခုကြားတိုက် ပွဲကြောင့် ရတနာခန်းမကို ထိခိုက်မှာစိုးလို့ပါ ဒါ ကြောင့် အထက်က အခြေခံတည်​ဆေက်ခြင်း အဆင့်ကျွမ်းကျင်သူတောင် စေလွှတ်လိုက်တ ယ်လေ”

ချန်အန်က ပြုံး၍ ပြောလိုက်သည်။

“ရတနာခန်းမရဲ့ နောက်ခံက တကယ်ကောင်းနေ တာပဲ မင်းတို့နဲ့ ဘယ်သူကပြဿနာဖြစ်ရဲဦးမှာ လဲ”

“တောထဲမှာ ငှက်မျိုးစုံရှိပြီး လူကလည်း အမျိုး မျိုးရှိတယ်လေ ဦးနှောက်မရှိတဲ့သူ အချို့ပါလာ နိုင်သေးတယ်”

ချန်အန်က ထိုစကားကို အဓိပ္ပါယ်ရှိသည်ဟု ထင်သည်။ ထို့နောက် စကားစမြည်ပြောဆိုကာ ဆေးလုံးများ ရောင်းချပြီး​နေက် ပြန်လည်ထွက် ခွာလာသည်။ ထိုအခိုက် အဓိကတပည့်မှာ အ ပေါ်ထပ်မှ ဆင်းလာချိန်တဲ့ တိုးလေသည်။ သူမ ၏မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရပြီး သူမ ရဲ့ ရုပ်ရည်က ဇနီး၃ဦးနဲ့တန်းတူ ရှိပြီး အသားအ ရေမှာ တကယ်ကောင်းမွန်သည်။ သူမကိုသာ ကိုယ်လုပ်တော်အဖြစ် ရလိုက်လျင်ဟု အတွေး ဝင်မိသည်နှင့် ထိုသတ်သေသည့် ကိစ္စများတွေး နေခြင်းအား ချက်ချင်းရပ်တန့်လိုက်ရသည်။

တဖက်သူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်သည်။ သူမက အလွယ်တကူ အနိုင်ယူနိုင် သည့် အားနည်းသူမဟုတ်ချေ။ သူ့ထက်သန်မာ သူကို မရှာသင့်ပေ။ ကံဆိုးပါက နောင်တွင်သူ့ အတွက် ဒုက္ခများနိုင်သည်။ ဝမ်ကျိယန် ကိုယ် လုပ်တော်ဖြစ်လာပြီး​နောက် သဘာဝကျစွာပင် ထိုအချက်အား မတွေးခဲ့ပေ။ အကြောင်းမှာ ဝမ် ကျိယန်သည် တခါမှသူ့အပေါ် အားမသုံးခဲ့ပေ။

သိပ်မကြာခင်မှာပဲ အိမ်သို့ပြန်ရောက်လာပြီး ဆေးသေတ္တာကို ဇနီးများအား အပ်လိုက်ကာ မနက်စာကို ပြင်ဆင်လိုက်သည်။ စားသောက် ပြီးနောက် ချန်ယုကျန်းလေးကို အိပ်ပျော်မန္တန် ဖြင့် သိပ်လိုက်ပြီး အခန်းထဲသို့ ပို့လိုက်သည်။

[ဆေးပညာအတွေ့အကြုံ +3 ဆက်ဆံရေး_1]×3

[စိတ်စွမ်းအင် +3 ဆက်ဆံရေး +1]

[မီးစွမ်းအင် အရင်းအမြစ် +2 ဆက်ဆံရေး +1]

ဆက်ဆံရေး -1 ဟုတ်လား။

စနစ်မှ အချက်အလက်ကို မှင်သက်စွာဖြင့် ကြ ည့်လိုက်ပြီး ဆောင်ဟွာယင်းကို ငုံ့ကြည့်လိုက် လျင်သူမက စိတ်ရှုပ်ထွေးစွာဖြင့် အနည်းငယ် မသက်မသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည် သူက ဆေးပညာအဆင့်သာ တိုးမြင့်လိုနေပြီး ဇ နီးသည်၏ အခြေနေကို မတွက်ဆမိလိုက်ပေ။ ထိုအရာကို တွေးရင်း ချန်အန်က ဆောင်ဟွာယ င်းကို ဆွဲခေါ်ကာ မျက်နှာလေးကို နမ်းလိုက်သ ည်။

“ယင်းအာ ငါ့အပြစ်တွေပါ ငါကမင်းရဲ့ရုပ်ပိုင်း ဆိုင်ရာ အခြေနေကို လျစ်လျူရှုထားမိတယ်”

“ယောက်ကျား ယင်းအာ အဆင်ပြေပါတယ်”

ဆောင်ဟွာယင်းမှာ ဟန်လုပ်ပြုံးပြသော်လည်း သူမပုံစံက နေမကောင်းသည့်ဟန် ဖြစ်သည်။ ချန်အန်ရဲ့ စကားလုံးများက ထိရောက်မှုမရှိသ ည်ကို သတိထားမိလျင် သူမကို အိပ်ရာပေါ်လှဲ ကာ အနားယူစေသည်။ ထို့နောက် သူမကိုညင် သာစွာ ပြောလိုက်သည်။

“ယင်းအာ ငါမင်းကို နှိပ်ပေးပါ့မယ်”

“ယောက်ျား မလိုပါဘူး… အား”

သူမရဲ့စကားသံမဆုံးခင်ပင် ချန်အန်က စတင် နှိပ်နယ်နေပြီး သူမရဲ့ ခြေထောက်များက ထုံနေ ပြီ ဖြစ်သည်။ ထို့ကြောင့် သွေးလည်ပတ်မှုကော င်းမွန်စေရန် နှိပ်နယ်ပေးနေပြီး ဂူရှန်းယုနဲ့ဝမ်ကျိ ယန်တို့မှာ မနာလိုဖြစ်နေကြသည်။ သူမတို့က လည်း နှိပ်ပေးရန် တောင်းဆိုကြပြီး ချန်အန်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ လူတိုင်းကို နှိပ်ပေးပါက ဆောင်ဟွာယင်းကို ပြုစုသည်နဲ့ မတူတော့ပေ။ ထိုအခွင့်အရေးကို လူတိုင်းမရ နိုင်ချေ။ ထင်ထားသည့်အတိုင်းပင် ချန်အန်က နှိပ်ပေးမည်ဟု ကြားချိန်တွင် ဆောင်ဟွာယင်း တယောက် စိတ်ထဲ ထိခိုက်သွားရသည်။

“ယောက်ကျား”

သူမက ချန်အန်ကို မျက်ရည်များစိုစွတ်နေသည့် အကြည့်ဖြင့် ကြည့်ရင်းခေါ်လိုက်သည်။

“မပြောနဲ့ ငြိမ်ငြိမ်လေးနေပြီး ခံစားပါ”

ချန်အန်က သူမရဲ့တကိုယ်လုံးကို နှိပ်နယ်ပေးနို င်ရန် ဖြေဖဝါးမှစတင်လိုက်သည်။

[ စနစ်ရှင်မှ ဇနီးဖြစ်သူ၏ ခံစားချက်များကိုသ က်သာစေရန် နှိပ်နယ်ပေးခဲ့သည် သူမက တက ယ်ပင် ရင်ထဲထိသွားခဲ့သည် ဆက်ဆံရေး +1+3+5+2+]

………………………………………………….

All Chapters