နောက်တဖန် လာလည်ခြင်း
Vol. 7 Ch. 63
မျက်စိတမှိတ်အတွင်း နာရီအနည်းငယ် ကုန်ဆုံး သွားခဲ့သည်။ ချန်အန်က ကုတင်ပေါ်၌ သက် တောင့်သက်သာပုံစံဖြင့် လဲလျောင်းနေသည့် ဇ နီးဖြစ်သူအား ပြုံး၍ ကြည့်ကာ မေးလိုက်သည်
“ယင်းအာ ဘယ်လိုနေလဲ”
“ယောက်ကျား ငါ့ကို နောင်လည်းနှိပ်ပေးနိုင်ဦးမ လား”
“တစ်လကို အနည်းဆုံး တကြိမ်လောက်ပေါ့”
“ယောက်ကျားကို အရမ်းချစ်တယ်”
ဆောင်ဟွာယင်းက ချန်အန်ကို ချစ်ခင်ကြင်နာ စွာကြည့်နေခဲ့ပြီး သူမသာ နေမကောင်းမဖြစ်ပါ က ပြုစုပေးဦးမည်ဖြစ်သည်။ ခဏကြာလျင် ချ န်အန်က
“မကြာခင် ယုကျန်းလေးနိုးတော့မယ် အခုတော့ ခနအနားယူလိုက်ပါ”
“ကောင်းပြီ ယောက်ျား”
ချန်အန်က သူမကိုပြုံးပြလိုက်ပြီး သမီးဖြစ်သူရဲ အခန်းထဲ ခေါ်သွားပေးလိုက်သည်။ သူမကို ပို့ ဆောင်ပေးပြီးနောက် အခန်းထဲ ပြန်လာကာ ကျ န်ဇနီးနှစ်ဦးကို နှိပ်ပေးလိုက်သည်။
“နင် ဒီနှိပ်နည်းကို ဘယ်ကသင်လာတာလဲ ဘာ လို့ ဒီလောက်အဆင်ပြေနေတာလဲ”
ဝမ်ကျိယန်က အံ့သြနေသည်။ ချန်အန်က ပြုံး ၍
“ခန့်မှန်းကြည့်လေ”
“မခန့်မှန်းချင်ဘူး”
“ခန့်မှန်းကြည့် ခန့်မှန်းရုံပဲလေ”
“ဘာလို့မှန်းရမှာလဲ..အို…နင်ဘာလုပ်နေတာလဲ နည်းနည်းပိုညင်သာဦးလေ”
ချန်အန်က ဝမ်ကျိယန်ရဲ့စကားကို မကြားဟန် ဆောင်ကာ ပြင်းစွာ နှိပ်နယ်လိုက်သည်။ ထိုသို့ ပြီးလျင် ဂူရှန်းယုကို တဖန်နှိပ်ပေးပြန်သည်။ ဂူ ရှန်းယုက ဝမ်ကျိယန်နဲ့ မတူညီစွာပဲ အသာယာ လဲလျောင်းကာ ကျေနပ်စွာဖြင့် အနှိပ်ခံနေခဲ့သ ည်။
အချိန်အတော်ကြာ နှိပ်နယ်ပေးပြီးနောက် ချန် အန်တယောက် အခန်းထဲမှ ပြန်ထွက်သွားခဲ့သ ည်။ ဆေးဖော်စပ်ခန်းသို့ သွားကာ ဆေးလုံးများ ဖော်စပ်နေခဲ့သည်။ နောက်ဆုံး ဆေးအိုးအားသ န့်စင်နေချိန်တွင် ရုတ်တရက် ခန္ဓာကိုယ်တွင်းမှ ပူလောင်လာသလို ခံစားလိုက်ရသည်။ သူ့ရဲ့ ဆေးပညာ ဖြတ်ကျော်ခြင်း မဟုတ်ပဲ ကျင့်ကြံ ခြင်း အဆင့်ဖြတ်ကျော်မည့် ပုံစံဖြစ်သည်။ ချန် အန်တယောက် မှင်သက်သွားရသည်။ သူက ဆေးဖော်စပ်ရင်းဖြင့် အဆင့်ဖြတ်ကျော်နိုင်သ ည်တဲ့လား။ ထိုအရာက မီးစွမ်းအင် အရင်းအမြ စ်ကြောင့်များလား။ ဆေးဖော်စပ်ရန် မီးထိန်းချု ပ်ခြင်းက ကျင့်ကြံရေးကို အကူညီဖြစ်စေသည် လား သူမပြောတတ်တော့ပေ။ ချန်အန်က ပြတ င်းပေါက် အနား၌ တင်ပျဥ်ခွေ ထိုင်ချလိုက်သ ည်။ မျက်လုံးကို မှိတ်ထားပြီးနောက် ချီစွမ်းအင် များကို ခံစားနေသည်။ နှစ်နာရီခန့်ကြာပြီးနော က်မှာတော့..
“ဟူး”
ချန်အန်က သက်ပြင်းကို ရှည်လျားစွာထုတ်လို က်ပြီး ပို၍ သန်မာလာသလို ခံစားလိုက်ရသည်။ အရင်ဘဝကဆိုလျှင် သေနတ်ပစ်ချက်များပင် ခံနိုင်ရည် ရှိလာလောက်သည်။
“အခု အဆင့်၉ ရောက်ပြီဆိုတော့ အခြေခံတည် ဆောက်ခြင်း အဆင့်က မဝေးတော့ဘူး”
ချန်အန်က တိတ်တဆိတ်ရေရွတ်ရင်း ကျေနပ် နေမိသည်။ ထိုအချိန် ဂူရှန်းယု၏ အသံကတံခါ အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ယောက်ျား ထမင်းစားချိန်ရောက်ပြီ”
ခရက်ခ်
တံခါးကို ဆွဲဖွင့်လိုက်ပြီး ဂူရှန်းယုကို ဆေးဖော် စပ်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ အဆင့်၉ရဲ့ ခွန်အားကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။
စိတ်စွမ်အင်….+3
ခရက်ခ်
ဆေးဖော်စပ်ခန်းတံခါးက ပွင့်လာပြန်သည်။ ဒီ တခါတွင်တော့ ဂူရှန်းယု ပုံစံက မသက်မသာဖြ စ်နေဟန်တူသည်။
“ယုအာ ဒါငါ့အမှားပါပဲ ငါက အပြစ်ကျေဖို့ည ကျ နှိပ်ပေးပြီး နောက်ရက်တွေ မင်းကိုလွှတ်ပေ ပါ့မယ်”
ချန်အန်က တောင်းပန်စကားပြောသည်။ ဂူရှန်း ယုက ခေါင်းကိုသာခါလိုက်ပြီး
“ယောက်ျား နင့်ကိုနင်အပြစ်တင်စရာမလိုပါဘူး ငါက နင့်ကိုပျော်အောင် လုပ်ပေးနိုင်သရွေ့ ငါ လဲပျော်ပါတယ်”
ချန်အန်က သူမကို ကြည့်၍ နောင်တွင်ပိုဂရုစိုက် ရမည်ဟု တွေးလိုက်မိသည်။ သူမရဲ့ ခံစားချက် များကိုလည်း ထည့်သွင်းစဥ်းစားရပေမည်။ မ ကြာခင် လင်မယားနှစ်ယောက် ထမင်းစားခန်း ထဲသို့ ရောက်သွားသည်။ မိသားစု၅ယောက် အ တူတူ စားသောက်ကြသည်။
“ငါ့မှာ မင်းတို့အတွက် သတင်းကောင်းနဲ့သတင် ဆိုး ရှိတယ် ဘယ်ဟာအရင် နားထောင်မလဲ”
“ယောက်ကျား သတင်းကောင်းကို အရင်ကြား ချင်တယ်”
ဆောင်ဟွာယင်း၏ မျက်နှာက မျှော်လင့်မှုများ ဖြင့်ပြည့်နေသည်။ သတင်းကောင်းကိုသာ ပထ မဆုံး ကြားလိုသည်က သဘာဝကျသည်။ ချန် အန်က နောက်ထပ် ဇနီးနှစ်ဦးကို ကြည့်လိုက်သ ည်။ ဂူရှန်းယုက ပြုံး၍
“ယောက်ကျား ငါလည်း သတင်းကောင်းကိုပဲ အရင်ကြားချင်တယ်”
ဝမိကျိယန်ကမူ ချန်အန်ကို မျက်လုံးပြူးပြပြီး
“မြန်မြန်ပြောတော့ လှည့်စားမနေနဲ့”
“မင်းတို့ မယုံနိုင်လောက်စရာ ဖြစ်ပေမယ့်ငါက အခု အဆင့်၉ ကိုရောက်နေပြီ”
သူမတို့၏ အကြည့်များအောက်၌ ချန်အန်က ပေါ့ပေါ့ပါးပါးပင် ပြောပြလိုက်သည်။ ဝမ်ကျိယ န်တယောက် မျက်လုံးများ ပြူးကျယ်သွားသည် သူမက တုန်လှုပ်စွာဖြင့်
“နင်…နင် ငါတို့ကိုနောက်နေတာလား”
“ငါနောက်နေတာ မဟုတ်ဘူး”
ချန်အန်က ထိုသို့ပြန်ပြောရင်း အဆင့်၉ရဲ့ ချီစွ မ်းအင်များကို ထုတ်လွှတ်ပြလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အဆင့်၉ ၏ ဖိအားကို ခံစားလိုက်ရပြီးနောက် ဝ မ်ကျိယန်တယောက် သူမဘဝကိုပင် သံသယဝ င်သွားတော့သည်။ ဆယ်နှစ်ကျော်အချိန်ပေးခဲ့ ရတာကိုတောင် မယုံနိုင်ဟန်ဖြစ်နေပြီး သူမအ တွက် ထိုးနှက်ချက်ကြီးတခု ဖြစ်သွားရသည်။ သူမနဲ့မတူစွာဖြင့် ကျန်နှစ်ဦးက ဝမ်းသာနေဟန် မျက်နှာလေးများဖြင့် ချီးကျူးနေကြသည်။ ချန် အန်က ပြုံး၍ ပြောလိုက်သည်။
“ငါအဆင့်၉ ရောက်နေတာကို ဘယ်သူ့မှ မပြော လိုက်နဲ့”
“သိပါပြီ ယောက်ကျား”
ဆောင်ဟွာယင်းနဲ့ ဂူရှန်းယုတို့က ခေါင်းညိတ်ပြ လာသည်။ ဝမ်ကျိယန်တယောက်သာ တိတ်ဆိ တ်နေသည်။ မကြာခင်မှာပဲ ဆောင်ဟွာယင်းမှ ဆက်မေးလာသည်။
“ယောက်ကျား သတင်းဆိုးကဘာလဲ”
“သတင်းဆိုးကတော့ အိပ်ရာထဲရောက်ရင် သိရ မှာပေါ့”
ချန်အန်က ညစ်ကျယ်ကျယ်ပြုံးကာ ပြောလိုက် သည်။ ဆောင်ဟွာယင်း တယောက်ထိုစကားကို ကြားလျင် တုန်လှုပ်သွားရသည်။ ထိုစဥ် ရင်းနှီး သည့် စကားသံတခု ခြံဝန်းအပြင်ဘက်မှ ထွက် ပေါ်လာသည်။
“ဆေးဆရာချန် ငါနဲ့ ငါ့ယောက်ျားက နင့်အိမ်ကို အလည်ထပ်လာတာပါ နင်တို့ကို အရေးတကြီး ပြောစရာလည်း ရှိတယ်”
…………………………………………………