← Chapters

အနာဂတ်ပြဿနာများကိုဖြေရှင်းခြင်း

Vol. 7 Ch. 64

အနာဂတ်ပြဿနာများကိုဖြေရှင်းခြင်း

Vol. 7 Ch. 64

ဒါက မိုလီဖန်၏ အသံဖြစ်သည်။ အနှီယုတ်ညံ့ သည့်မိန်းမက နှစ်ရက်အတွင်း နှစ်ကြိမ်တောင် အလည်လာနေခဲ့သည်။ ချန်အန်တယောက် မျ က်မှောင်ကြုတ်လိုက်မိသည်။ သူက နောင်ဖြစ် လာမည့် ပြဿနာများအတွက် သူမတို့ကိုနှုတ် ပိတ်ရန် တွေးထားပြီ ဖြစ်သည်။

“ယောက်ကျား”

ဆောင်ဟွာယင်းက စိုးရိမ်တကြီး ခေါ်လာသည် ဂူရှန်းယုကလည်း ထိတ်လန့်နေပြီး သူမကဲ့မျက် နှာလှလှလေးက စိုးရိမ်နေပုံရှိပြီး ဆောင်ဟွာယ င်းရဲ့ လက်အစုံကိုခပ်ဖွဖွကိုင်ကာ သူမကိုယ်သူ မ အားပေးနေသည်။ ဝမ်ကျိယန်က မျက်မှောင် ကြုတ်၍ ချန်အန်ကို ပြောလိုက်သည်။

“ယောက်ျား သူတို့ကိုလျစ်လျူရှုလိုက်ရအောင် သူတို့အပြင်မှာ နေပါစေ နောင်သူတို့ပြန်မလာ တာလည်း ဖြစ်နိုင်တယ်”

ချန်အန်က ပြန်မပြောပဲ အကျိုးအကြောင်းကို သာချိန်ဆနေသည်။ အတန်ကြာလျင်

“ငါတံခါးဖွင့်ပြီး သူတို့ကိုပေးဝင်လိုက်မယ် ငါ့ကို စိတ်မပူကြနဲ့”

“ယောက်ကျား ခနစောင့်ပါဦး တဲခါးမဖွင့်ခင်ငါ တို့ပုန်းစရာ ရှာရဦးမယ်”

“ပုန်းနေဖို့ မလိုတော့ဘူး ဒီမှာပဲဆက်နေကြပါ သူတို့နှစ်ယောက် ဘာလုပ်မလဲ ခေါင်းဆောင်တ န်က မင်းတို့ကိုဘယ်လိုကြည့်မလဲ ငါစောင့်ကြ ည့်မယ်”

“ယောက်ကျား ဒါကအန္တရာယ် များလွန်းတယ်”

“အဆင်ပြေတယ် စိတ်မပူနဲ့”

ထိုသို့ပြောပြီးနောက် ချန်အန်က တံခါးကိုဖွင့်ရန် ထွက်လာခဲ့သည်။ လမ်းတွင် အဝတ်အောက်မှ အဆိပ်မှုန့်ကို မသိမသာထိလိုက်သည်။ အဆိပ် မှုန့်ရှိနေကြောင်းသိလျင် ခြံဝန်းရှေ့သို့ အမြန်ပင် သွားလိုက်သည်။ ခြံတခါးကိုဖွင့်ကာ ရိုးစင်းသ ည့် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“ကျင့်ကြံသူမို ခေါင်းဆောင်တန်”

“ဆေးဆရာချန် ညနက်မှ နှောင့်ယှက်ရတာစိတ် မကောင်းပါဘူး ဒါပေမဲ့ ငါ့ယောက်ကျားကနင်နဲ့ ဆေးနွေးစရာ ရှိနေတယ်”

မိုလီဖန်က ယဥ်ကျေးစွာပြောလာသည်။ ချန်အ န်က နံဘေးရှိ ခေါင်းဆောင်တန်ကိုကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ခေါင်းဆောင်တန် မင်းကငါနဲ့ဘာအကြောင်း ဆွေးနွေးချင်တာလဲ”

“ဆေးဆရာချန် အထဲရောက်မှ ပြောချင်တယ် အဆင်ပြေလား”

“ရပါတယ် ကျေးဇူးပြုပြီး အထဲဝင်ပါ”

ချန်အန်ရဲ့ မျက်နှာကပြုံးနေသော်လည်း စိတ်ထဲ မှာတော့ အေးစက်နေသည်။ အခုတင်ပဲ ခေါင်း ဆောင်တန်ဆီမှ ကာမအားတိုးဆေးအနံ့ကို ခံစာ လိုက်ရသည်။ ခေါင်းဆောင်တန်၏ ရည်ရွယ်ချ က်များက ရှင်းလင်းနေသည်။ ခဏအကြာအိမ် ထဲရောက်ပြီး လှပသည့် ဇနီး၃ဦးကိုမြင်လျင် ခေါင်းဆောင်တန်ရဲ့ မျက်လုံးများ ပြူးကျယ် သွားရသည်။ ကံကောင်းစွာပင် သူကချက်ချင်း ထိန်းချုပ်လိုက်နိုင်သည်။ သူမတို့ကိုကြည့်လေ ပိုသဘောကျလေ ဖြစ်လာသည်။

“ဆေးဆရာချန် မင်းက တကယ်ကံကောင်းတာ ပဲ မင်းမှာ ချောမောတဲ့ဇနီး၃ဦးတောင် ရှိနေတ ယ် ငါမင်းကို မနာလိုတော့ဘူး”

ခေါင်းဆောင်တန်က မနာလိုစွာဖြင့် နောက်ပြော င်ပြောဆိုသည်။ ချန်အန်က ပြုံး၍

“ကျင့်ကြံသူမိုလည်း နတ်သမီးလိုပါပဲ ခေါင်း ဆောင်တန် မင်းငါ့ကိုမနာလိုဖြစ်စရာ မရှိပါဘူး”

“အမှန်ပဲ အမှန်ပဲ”

ခေါင်းဆောင်တန်ရဲ့ အကြည့်များက ဇနီး၃ဦး ထံမှ မခွာတော့ပေ။ ထိုအရာကိုမြင်တော့ ချန် အန်က ဇနီး၃ဦးကို ပြောလိုက်သည်။

“မင်းတို့ ကိုယ့်အခန်းကို ပြန်ကြတော့ ငါခေါင်း ဆောင်တန်နဲ့ ဆွေးနွေးစရာရှိတယ်”

“ဟို…မလိုဘူး မလိုပါဘူး သူတို့ကမင်းရဲ့ဇနီး တွေပဲ မဟုတ်လား အပြင်လူတွေမဟုတ်ဘူး လေဆေးဆရာချန် မင်းက သူတို့ကို အခန်းထဲ ပို့စရာမလိုပါဘူး”

ခေါင်းဆောင်တန်က ဖြောင်းဖျလာသည်။သူက ထိုအလှလေးများကို မတွေ့ရ မနေနိုင်အောင်ပင် ဖြစ်နေသည်။ သူမတို့က အခန်းထဲတွင် ပုန်းနေ ပါက သူဘယ်လိုလုပ်မြင်ရပါတော့မလဲ။

“ခေါင်းဆောင်တန် မင်းမသိပေမယ့် ငါ့ဇနီး၃ဦး က နှုတ်မလုံပါဘူး သူတို့က အရေးကြီးစကား တွေကို ပေါက်ကြားအောင် ပြုလုပ်တတ်ကြတ ယ်”

ချန်အန်က ပြောနေရင်းဖြင့် သူမတို့ဘက်ကိုကြ ည့်၍

“ဘာလုပ်နေတာလဲ သွားကြတော့လေ”

“မေမေ သမီးကြက်ပေါင် စားချင်တယ်”

ချန်ယုကျန်းကို ဆောင်ဟွာယင်းမှ ဆွဲခေါ်သွား သည်။ သူမလေးက တဖြေးဖြေးဝေးကွာသွား သည့် ကြက်ပေါင်ပန်းကန်ကိုကြည့်ကာ စိုးရိမ် သွားရသည်။ မကြာခင်မှာပဲ ဇနီး၃ဦးစလုံး အခ န်းထဲသို့ ပြန်ရောက်သွားပြီး အခန်းကရှင်းလင်း သွားသည်။ ခေါင်းဆောင်တန်ရဲ့ မကျေမနပ်အ မူအရာကိုကြည့်၍ ချန်အန်က တွေးနေသည်။ထို လူက ကိုယ့်ကိုကိုယ်ထိန်းချုပ်ထားရန်ပင် မလု ပ်နိုင်ဘူးလား။ သူက ဒုတိယမျိုးဆက် မကျင့် ကြံနိုင်သူလား။ ချန်အန်က ထိုသို့အတွေးများ နေရာမှ ခေါင်းဆောင်တန်ကို တည့်တိုးပင် မေး လိုက်သည်။

“ခေါင်းဆောင်တန် မင်းပြောခဲ့တဲ့ အရေးကြီး ကိစ္စက ဘာလဲ”

“အင်း…ဒီလိုပါပဲ”

ခေါင်းဆောင်တန်ရဲ့ အခြေနေကပြန်လည်တည် ငြိမ်သွားပြီး အလေးအနက် တွေးတာနေသည်။

“ဆေးဆရာချန် ငါကမကြာခင်တုန်းက ဆေးဆ ရာတဦးနဲ့ ပြဿနာဖြစ်ခဲ့တယ် သူ့ကိုဖယ်ရှားနိုင် ဖို့ အဆိပ်နည်းနည်းလိုချင်တယ် မင်းမှာသဲလွန် စမကျန်ပဲ လူတွေကိုသတ်လို့ရမယ့် အဆိပ်များ ရှိမလား သိချင်တာပါ”

ဒါက ဘာလဲ လှည့်ကွက်အသစ်တခုလား။ ချန် အန်က မျက်မှောက်ကြုတ်လိုက်သည်။ လူသ တ်ရန် သူ့ဆီရောက်လာမည်ဟု မထင်ထားခဲ့ပေ ချန်အန်တယောက် တိတ်ဆိတိနေသည်ကိုမြင် လျင် ခေါင်းဆောင်တန်က

“ဆေးဆရာချန် စိတ်မပူပါနဲ့ ဒါကငါတို့ကြားမှာ ဖြစ်တဲ့ကိစ္စပါ စတုတ္ထလူ မရှိပါဘူး”

“ခေါင်းဆောင်တန် ငါမင်းကိုစိတ်ပျက်စေမိမှာ ကြောက်မိတယ် အခြေခံအနာကျက်ဆေးအမှုန့် လောက်ပဲ သိတာပါငါက အဆိပ်အကြောင်း မ သိပါဘူး”

ချန်အန်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည် ခေါင်းဆောင်တန်က မယုံကြည်ပေ။ ဆေးဆရာ တဦးအနေဖြင့် အဆိပ်ကို မလေ့လာသည်က မ ဖြစ်နိုင်ချေ။ အဆိပ်က ဆေးဆရာတဦးရှင်သန် ဖို့ အရေးကြီးဆုံးအရာ ဖြစ်သည်။

“ဆေးဆရာချန် မင်းဆီမှာ အဆိပ်ဆေးတွေရှိမှ န်း ငါသိပါတယ် ဒါကအန္တရာယ်များတယ် ဆို ပေမဲ့ အကျိုးအမြတ်ကလည်း များတယ် ကျေး ဇူးကန်းတဲ့ ဆေးဆရာကိုသတ်နိုင်သရွေ့ ငါက မင်းကို ဝါးရွက်ဂိုဏ်းမှာ ပါဝင်ပြီး သူ့နေရာကို ယူဖို့ မင်းအတွက်အစွမ်းကုန် ကြိုးစားပေးမှာပါ”

ခေါင်းဆောင်တန်က ချန်အန်ကို အစွမ်းကုန်ဆွဲ ဆောင်နေသည်။ အနားရှိ မိုလီဖန်ကလည်း ဆွဲ ဆောင်နေသည်။

“အမှန်ပဲ ဆေးဆရာချန် အခုဒီနေရာမှာနေတဲ့ လူတွေကိုပဲ ကြည့်လေ သူတို့ဘယ်လောက်များ ကောင်းကောင်းနေရလို့လဲ နင့်ရဲ့ဇနီးနဲ့သမီးတို့ အတွက် ပြန်စဥ်းစားပါ သူတို့အတွက်ကြောင့် ဝါးရွက်ဂိုဏ်းကိုဝင်ဖို့ လက်လွှတ်မခံပါနဲ့”

“ဟုတ်တယ် မင်းကဝါးရွက်ဂိုဏ်းနဲ့ ပူးပေါင်းသ ရွေ့ မင်းရဲ့ဘေးအန္တရာယ်အတွက် စိတ်ပူနေစ ရာမလိုတော့ဘူး”

ချန်အန်က မည်သည့်စကားမှ ပြန်မပြောပေ။ သူကအနည်းငယ် တွန့်ဆုတ်နေပြီး သူတို့နှစ်ဦး ကိုသတ်လိုက်ရမလား တွေးနေသည်။ ခေါင်း ဆောင်တန်က သူ့ဇနီးများကို တပ်မက်နေသော ကြောင့် နောင်တွင်သူ့အတွက် ထောင်ချောက် များပြုလုပ်ပေတော့မည်။ သို့သော်ထိုအရာများ မှာနောင်တွင် ဖြစ်လာမည့်အရာဖြစ်ပြီး ယခုထိ တော့ သူ့ကိုမည်သည့်အန္တရာယ်မှ မပေးသေး ချေ။ ဒါဆို သတ်သင့်သလား မသတ်သင့်ဘူး လား။ ချန်အန်က ထိုသူတို့ကိုသတ်ပစ်ခြင်းဖြင့် အန္တရာယ်ရှိလာနိုင်လား စဥ်းစားနေသည်။

“ဆေးဆရာချန် မင်းဘယ်လိုထင်လဲ”

ခေါင်းဆောင်တန်က ထပ်၍ ဆွဲဆောင်ပြန်သည် ချန်အန်က ဦးခေါင်းကိုခါယမ်း၍

“ခေါင်းဆောင်တန် မင်းရဲ့ကြင်နာမှုကို တန်ဖိုး ထားပါတယ် ငါက ကြွယ်ဝမှုတွေကိုရှာဖို့ သေ တွင်းအန္တရာယ်ထဲ မဆင်းရဲပါဘူး ရှက်ရွံမိပါတ ယ် ခေါင်းဆောင်တန် အခြားတယောက်ကိုသာ ရှာလိုက်ပါ”

ထိုသို့ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ ဧည့်သ ည်များကို ပြန်စေသည်။ ထိုအရာကိုမြင်လျင် ခေါင်းဆောင်တန်က အထိတ်တလန့်ဖြစ်သွားရ ပြီး သူက ယနေ့ညတွင်ပင် အလှလေး၃ဦးစလုံး ကို သူ့အိမ်သို့ခေါ်သွားလိုနေခဲ့သည်။ သူ့ရဲ့မျက် နှာပေါ်က အပြုံးကိုဖယ်လိုက်ပြီး အေးစက်စွာ ဖြင့်

“ဆေးဆရာချန် ငါကမင်းရဲ့အချက်အလက်ကို မြင်ထားပြီးပြီ ပထမအဆင့်ဆေးဆရာ အဆင့် ၄ ကျင့်ကြံမှု နောက်ပြီး ထောက်ပံ့ရေးဌာနကို လစဥ် ဆေးလုံးထောက်ပံ့နေရတယ်”

ခေါင်း​ဆောင်တန်မှ ဆက်ပြောလာသည်။

“ဆေးဆရာချန် ငါကမင်းကိုပြတ်ပြတ်သားသား ပဲပြောမယ် ငါကမင်းမိန်းမ၃ဦးကို ငါ့အပိုင်လို့ တွက်ထားပြီးပြီ မင်းမိန်းမ၃ဦးကို တစ်လနှစ်လ လောက် ခေါ်ထားမယ် အပြန်အလှန်အနေနဲ့ ဝါး ရွက်ဂိုဏ်းကိုဝင်စေပြီး ငါ့ရန်သူဖြစ်နေတဲ့ဆေး ဆရာနေရာကို အစားထိုးဝင်စေမယ် ဆယ်နှစ် အတွင်း သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်အောင် ငါကူညီပေးမယ် ဘယ်လိုလဲ”

သူက ထိုသို့ပြောရင်း သိသာစွာပင် အဆင့်၉ ကျင့်ကြံမှုကို ထုတ်လွှတ်ရင်း ချနိအန်ကိုဖိအား ပေးလိုက်သည်။ ခေါင်းဆောင်တန်ရဲ့ဖိအားကို ရင်ဆိုင်ရင်း ချန်အန်ရဲ့အမူအရာက ပြောင်းလဲ မသွားပဲ ဆက်၍ ငြင်းပယ်လိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါကငြင်းရင်ကော ဘာဖြစ်လဲ”

သူက ထိုသို့ပြောလိုက်သည်နှင့် အဝတ်အောက် မှ အဆိပ်မှုန့်များက လေထဲပြန့်ကျဲသွားပြီး မိုလီ ဖန်နဲ့ ခေါင်း​ဆောင်တန်တို့ သတိမပြုမိခင်မှာပဲ ရှူမိသွားကြသည်။ ထိုအဆိပ်မှုန့်မှာ အရောင်အ နံ့ကင်းပြီး အ​ခြေခံတည်ဆောက်ခြင်း အဆင့် များပင် ဒုက္ခရောက်နိုင်သည်။ ထိုအချိန်၌ ခေါင် ဆောင်တန်က အဆိပ်မိသွားသည်ကို သတိမပြု မိလိုက်ပေ။ ချန်အန်က အမှန်တကယ်ငြင်းဆို သည်ကိုမြင်လျင် ထိုင်ခုံပေါ်မှထရပ်ကာ ချန်အ န်ကို အပေါ်စီးမှကြည့်၍

“ဆေးဆရာချန် မင်းကလွယ်ကူလမ်းကိုမရွေး ဘူးဆိုမှတော့ ငါကငါ့ရဲ့ခွန်အားကိုပဲ သုံးရလိမ့် မယ် ဒီည မင်းရဲ့မိန်းမ၃ဦးစလုံးကို မင်းနဲ့မင်းသ မီးအရှေ့မှာပဲ သိမ်းပိုက်ပြမယ်”

“ဝူရ်”

လေတိုးသံတချက် ထွက်ပေါ်လာပြီး ခေါင်း ဆောင်တန်ကမူ စကားများဆက်ပြောနေသေး သည်။ နောက်တစက္ကန့်အကြာတွင် လည်ပင်းမှ သွေးများထွက်လာသည်။ ချန်အန်ကို ထိတ်လန့် စွာဖြင့် ကြည့်လိုက်ပြီး

“မင်း..ဘယ်လိုလုပ်”

ဘုတ်!

စကားမဆုံးခင်မှာပဲ သူ့ရဲ့ဦးခေါင်းက ပြတ်ထွ က်သွားပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ မျက်လုံးများက ပြူးကျယ်နေဆဲပင်။ ချန်အန် ၏လက်ထဲ၌ မည်ကဲ့သို့ သေဆုံးသွားရသည်ကို သေဆဲ့အထိ မသိသွားခဲ့ချေ။

“ဘုတ်”

“ဆေးဆရာချန် ငါကအတင်းအကြပ် စေခိုင်းခံ ရတာပါ ငါနဲ့ဘာမှမဆိုင်ပါဘူး ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့ ငါကနင့်အတွက်အသုံးဝင်နေ တုန်းပါ”

ကြောက်စိတ်လား အရိုးပျော့အဆိပ်ကြောင့် လားမသိ သူမကဒူးထောက်ကျသွားတော့သည် သူမက ကြောက်ရွံစွာဖြင့် ချန်အန်ဆီသို့ တွား သွား၍ သွားနေသည်။ ချန်အန်က တချက်သာ ကြည့်လိုက်ပြီး လက်ချောင်းထိပ်မှ အလင်းတ ချက် ပေါ်လာသည်။ သူမရဲ့ ခေါင်းက ကြမ်းပြ င်ပေါ် ပြုတ်ကျသွားတော့သည်။ ခေါင်းဆောင် တန်လိုပဲ သူမသည်လည်း သေဆုံးသွားခဲ့ရလေ ပြီ။

………………………………………………….

All Chapters