အခန်း (၆၆)
Vol. 7 Ch. 66
မနက်စာ စားပြီးနောက် ဆေးလုံးများသန့်စင်နေ ခဲ့ပြီး နေ့တပိုင်းကြာမြင့် ပြီးချိန်တွင် ချန်အန်တ ယောက် နံရံကို ပင်ပန်းစွာဖြင့် မှီနေခဲ့သည်။ သူ ကစနစ်၏ မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။
အမည်….ချန်အန်
ကျင့်ကြံမှု……ချီစုဆောင်းခြင်း အဆင့်၉
ကြွယ်ဝမှု….အဆင့်နိမ့်ကျောက်တုံး 1203
ဆေးပညာ…ပထမအဆင့် အဆင့်မြင့် 2292/2500
စိတ်စွမ်းအင်…ပထမအဆင့် အဆင့်မြင့် 1678/2500
ရွှေလက်ချောင်း…ဆရာသခင် 2503/12500
မန္တာန်….ကျွမ်းကျင်အဆင့် 385/500
မီးစွမ်းအင် အရင်းအမြစ်….အလယ်အလတ် 388/500
လက်တွဲဖော်များ…..ဆောင်ဟွာယင်း။ ဂူရှန်းယု ဝမ်ကျိယန်
မျိုးဆက်….ချန်းယုကျန်း
မထင်မှတ်ပဲ မီးစွမ်းအင်အရင်းအမြစ်က ဘားရဲ့ တဝက်ကျော်ပင် ရောက်နေသည်။ ကံဆိုးသည် က လာမည့်လေးလ၌ ထိုဘားတန်းသည် ထပ်မံ တိုးမြင့်တော့မည် မဟုတ်ချေ။ မကြာမီ ဆေး ဖော်စပ်ခန်းမှ ထွက်လာခဲ့သည်။ ဇနီးဖြစ်သူ၏ အခန်းတံခါးကို ခေါက်လိုက်ပြီး
“ယင်းအာ အိပ်နေပြီလား”
“မအိပ်သေးဘူး ယောက်ျား”
အခန်းထဲမှ ဇနီးဖြစ်သူ၏ နူးညံ့သည့် အသံလေ တခုထွက်ပေါ်လာသည်။ ချန်အန်က တံခါးကို တွန်းဖွင့်ပြီး အထဲဝင်သွားသည်။ ဆောင်ဟွာယ င်းမှ မှန်ရှေ့၌ သမီးဖြစ်သူကို အမျိုးမြတ်များ ၏ အပြုအမူ အနေထိုင်များအား စိတ်ရှည်လ က်ရှည် သင်ကြားပေးနေသည်။ သို့သော်ချန်ယု ကျန်းလေးက ထိုအရာများကို မနှစ်သက်ပဲ မျ က်မှောင်ကြုတ်ကာ ပြောလာသည်။
“မေမေ သမီးခြံထဲမှာ ဆော့ချင်တယ်”
ဆောင်ဟွာယင်းက ထိုတောင်းဆိုချက်ကို ပြတ် ပြတ်သားသားပင် ပယ်ချလိုက်သည်။
“နင်က မိန်းကလေးဖြစ်ပြီး ကစားဖို့ပဲတွေးနေ တယ် ဘာလို့အဲ့လောက် အဆော့မက်နေတာလဲ”
ချန်ယုကျန်းက သူမလေး၏ အမေမှသဘောမ တူသည်ကိုမြင်လျင် ပြတ်သားသည့်ရွေးချယ်မှု တခုပြုလုပ်သည့်အနေဖြင့် ဖခင်ဖြစ်သူထံ သွား လိုက်သည်။ သူမက ချန်အန်ရဲ့ခြေထောက်ကို ဆွဲလိုက်ပြီး သနားစဖွယ်မျက်နှာလေးကို မော့၍ ပြောသည်။
“ဖေဖေ သမီးခြံထဲမှာ ဆော့ချင်တယ်”
ချန်အန်က သမီးဖြစ်သူကို ငုံ့ကြည့်လိုက်ပြီး သူ မက တနှစ်ကျော်သာ ရှိသေးသော်လည်း သနား စရာအပြုအမူများကို ပြုလုပ်တတ်နေသည်။ ဆောင်ဟွာယင်းမှ သမီးဖြစ်သူကို ကုတင်ပေါ် ပြန်တင်လိုက်ပြီး သူမက တင်းမာစွာပြောသည်
“နင့်အဖေကိုရှာလည်း အသုံးမဝင်ဘူး နင့်အဖေ လည်း ငါ့စကားကိုပဲ အမြဲနားထောင်တာ”
“အူး”
ချန်ယုကျန်းက ကြာမြင့်စွာငိုနေပြီး ချန်အန်ကို သနားစရာကောင်းစွာကြည့်နေသည်။ ချန်အန် တယောက် အကျပ်ရိုက်သွားခဲ့သည်။ ထိုအခြေ အနေကို ကိုင်တွယ်ရန် စဥ်းစားရသည်။
“ယင်းအာ ငါမင်းကိုပြောစရာရှိတယ် ယုကျန်း ကိုအပြင်ထွက်ခွင့် ပေးလိုက်ပါ”
“ကောင်းပြီ ယောက်ျား”
(ချိမ ခုနတုန်းက ပြောတော့ဒီလိုမဟုတ်ပါဘူး)
ဆောင်ဟွာယင်းက ယောက်ကျားဖြစ်သူမှ သမီး လုပ်သူကို အလိုလိုက်နေမှန်း သိသော်လည်း နားလည်ပေးလိုက်သည်။ ချန်ယုကျန်းက ချက် ချင်းပင် ဝမ်းသာသွားပြီး ကုတင်ပေါ်မှဆင်း၍ ထွက်သွားရန် ပြင်သည်။ ချန်အန်က သူမကိုအ သာဆွဲ၍ သတိပေးလိုက်သည်။
“သမီး တယောက်းတည်းမဆော့နဲ့ မေမေဂူး ဒါ မှမဟုတ် မေမေဝမ်နဲ့ ဆော့ရမယ်နော်”
“သမီးသိပါပြီ”
“ကောင်းတယ် သွားသွား”
ကလေးမလေး ပြေးထွက်သွားပြီးနောက် ချန်အ န်က ကုတင်နားသွားကာ ဆောင်ဟွာယင်းကို ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်သည်။ သူမက တုန် ယင်နေသော်လည်း မတတ်နိုင်ပေ။ နောက်ဆက် တွဲကို ထိတ်လန့်နေသည်။ ချန်အန်က သူမ၏စိ တ်ကိုသိနေ၍ စိတ်မကောင်းခြင်းကြီးစွာ ခံစား ရသည်။
“ယင်းအာ ပွေ့ဖက်ချင်ရုံပါ ဘာမှမလုပ်ပါဘူး”
“ယောက်ျား ယင်းအာ တောင်းပန်ပါတယ်…”
ဆောင်ဟွာယင်းက ပို၍စိတ်ဓာတ်ကျလာသည် သူမက ပြောနေရင်းပင် တစတစဝမ်းနည်းလာ ပြီး
“ ယင်းအာက အသုံးမကျပါဘူး အစ်မဂူနဲ့အစ်မ ဝမ်တို့လို ယောက်ျားကို မလုပ်ပေးနိုင်တဲ့အပြင် မိခင်ကောင်းတယောက်လည်း ဟုတ်မနေဘူး”
“ယင်းအာ မင်းက တော်ပါတယ်”
ချန်အန်က သူမကိုပွေ့ဖက်ကာ နှစ်သိမ့်နေသည် ဆောင်ဟွာယင်းက ငိုချလိုက်သည်။ ချန်အန်မှ သူမ၏ မျက်ရည်များကို သုတ်ပေးပြီးနောက်
“ယင်းအာ မင်းကို ကျင့်ကြံနိုင်စေမယ့် နည်းလမ် အချို့ ငါရှာနေပါတယ် အားလုံးအဆင်ပြေသွား မှာပါ”
“အင်း”
လူတိုင်းကျင့်ကြံနိုင်နေလျင် ကျင့်ကြံသူနဲ့သာမ န်သူကြား ဘာဘို့ကွာဟနေတော့မည်နည်း။ထို အချက်ကို သူမက ကောင်းစွာသိထားသည်။ ချ န်အန်က သူ့ရဲ့နှစ်သိမ့်မှုမှာ မထိရောက်မှန်းသိ၍ လမ်းကြောင်း ပြောင်းလိုက်သည်။
“ယင်းအာ မင်းတို့သာမန်သူတွေရဲ့ ကျင့်ဝတ်န ည်းလမ်းတွေ ပြောပြပေးနိုင်မလား”
“ယောက်ကျား ကြားချင်သရွေ့ အဆင်ပြေပါတ ယ်”
ဆောင်ဟွာယင်းက မျက်ရည်များကို သုတ်၍ ပြောလိုက်သည်။ နောက်ပိုင်းတွင် သူမက ချန် အန်သိလိုသမျှကို ပြန်လည်ဖြေကြားပေးနေခဲ့ သည်။ အချိန်တချို့ကြာပြီးနောက် ချန်အန်က သူမကို အိပ်ပျော်မန္တန်အသုံးပြုကာ အနားယူ စေလိုက်သည်။ ချန်အန်ရဲ့ ခံစားချက်များ ရော ထွေးနေသည်။ သူစဥ်းစားနေတာကို ရပ်ပစ်လို က်ကာ စျေးသို့ထွက်လာခဲ့သည်။ ရတနာခန်းမ တွင် နှစ်မြွာကျင့်ကြံနည်းကိုဝယ်၍ လူ့သက်တ မ်းကို တိုးမြင့်ပေးစေမည့် ကျင့်ကြံနည်းစနစ်ရှိ မရှိ ဆိုင်ရှင်အား မေးလိုခဲ့သည်။
………………………………………………