← Chapters

အင်မော်တယ် ကျင့်ကြံနည်း

Vol. 7 Ch. 67

အင်မော်တယ် ကျင့်ကြံနည်း

Vol. 7 Ch. 67

အိမ်မှထွက်လာပြီးနောက် ချန်အန်တယောက် စျေးသို့သွားလိုက်သည်။ မြစ်ကမ်းနားတခုနား သို့ရောက်ချိန်တွင် ရေစီးကြောင်းများအား ငုံ့ ကြည့်နေသည့် မိုလီဖန်၏ သားဖြစ်သူအားတွေ့ လိုက်ရသည်။ ချန်အန်တယောက် စိတ်ရှုပ်ထွေး သွားမိသည်။ သူက တိတ်ဆိတ်စွာပင် အနားကို လျှောက်သွားလိုက်သည်။

“တဘို…မင်းငါ့ကို မှတ်မိသေးလား”

“ဟုတ်ကဲ့ မှတ်မိပါတယ် ဦးလေးက သားအိမ်နဲ့ မျက်စောင်းထိုးမှာနေတဲ့ ဆေးဆရာချန်ပါ”

တဘိုက ပြောသည်။ ချန်အန်က ပြုံး၍ ဘေး၌ ဝင်ထိုင်သည်။

“တဘို မင်းဘာလို့ မြစ်ကမ်းဘေးမှာ ထိုင်နေတာ လဲ”

“အမေ ပြန်လာတာကို စောင့်နေတာပါ”

တဘိုက အပြစ်ကင်းစွာပြန်ဖြေသည်။ သူ့အမေ ဖြစ်သူ သေဆုံးသွားပြီဆိုတာကို မသိလေပဲ သူ့ အမေဖြစ်သူကို သတ်သည့်သူဘေးတွင် ထိုင်နေ သည်။ ချန်အန်က တဘိုကိုတချက်ကြည့်ကာ ဦးခေါင်းကို မော့၍ ကောင်းကင်ကြီးအား ကြည့် လိုက်သည်။ သူ့စိတ်ထဲတွင်လည်း အနည်းငယ် ဝမ်းနည်းတမ်းတသလို ခံစားသွားရသည်။ ထိုအချိန်တွင် အသက်အရွယ်ကြီးရင့်နေသည့် လူတဦးရဲ့ အသံကိုကြားလိုက်ရသည်။

“တဘို မင်းဘာလုပ်နေတာလဲ မြစ်ကမ်းနားထပ် သွားပြန်ပြီလား နောက်ဆုံးတကြိမ်တုန်းက မင်း ကိုမနည်းကယ်ခဲ့ရတာ အချိန်တိုင်းကယ်ဖို့မျှော် လင့်နေတာလားကွ”

ထိုအသံနဲ့အတူ လူအိုကြီးတဦး လျှောက်လာသ ည်။ ထိုသူက အလွန်ပင် အိုမင်းနေပါပြီ။ အသာ အရေမှာလည်း အစက်အပြောက်များ ဖြစ်နေ သည်။ ချန်အန်က ထိုသူကို သိသည်။ ထိုသူမှာ မြောက်ဘက်ပိုင်းတွင်နေပြီး ငါးဖမ်းသည့် ကျင့် ကြံသူစျေးသည်တဦးဖြစ်သည်။

“ဆေးဆရာချန် မင်းဘာလို့ဒီကိုရောက်နေတာ လဲ”

ထိုသူက ချန်အန်ကိုတွေ့သည်နှင့် ဝါကျင့်ကျင့် ဖြစ်နေသည့်သွားများအား အလုံးစုံပေါ်စေလျ က် အရေးအကြောင်းများ ပြည့်နေသည့်မျက်နှာ ဖြင့် ပြုံးပြလာသည်။ ချန်အန်က ပြုံး၍ပြောလို က်သည်။

“ငါက စျေးမှာတခုခုဝယ်ဖို့ သွားနေတာပါ ဒီကို ရောက်တော့ ငါသိတဲ့တယောက်ယောက် မြစ် ကမ်းဘေးထိုင်နေတာ တွေ့လို့ လာကြည့်တာ”

“သိတယ်..”

ထိုလူအိုက ခေါင်းညိတ်ပြပြီး တဘိုနဲ့ပက်သက် ၍ စိုးရိမ်နေပုံလည်း ရသည်ကို ချန်အန်တွေ့လို က်ရသည်။ ခဏအကြာ စကားပြောဆိုပြီးနော က် ထိုလူအိုက တဘိုကိုမွေးစားထားမှန်း သိလို က်ရသည်။ လူအို၏မျိုးရိုးအမည်မှာ ဟူ ဖြစ်ပြီး တည်ဆောက်ရေးအဆင့်ကို ရောက်ရန်အတွက် ငယ်စဥ်ကပင် အမျိုးသမီးများအား ရှောင်ရှားခဲ့ သူဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အဆင့်၇ သာရောက်ရှိပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။ ကျင့်ကြံရေး လမ်း ဆုံးသွားပြီး ဖြစ်ကြောင်း ထိုလူသိလိုက်ရသည် သာမန်ဘဝ ပြန်သွားပြီး အိမ်ထောင်ပြု မျိုးဆ က်ရှာလိုသော်လည်း အိုမင်းနေသည့်အတွက် မ စွမ်းသာတော့ပေ။ အကူညီမဲ့စွာဖြင့် တကိုယ်တ ည်းနေထိုင်ခဲ့ရပြီး လွန်ခဲ့သည့်ရက်က မြစ်ထဲ၌ ငါးဖမ်းနေစဥ် မိုလီဖန်က သားဖြစ်သူကို မြစ်ထဲ တွန်းချလိုက်သည်ကို သူမြင်လိုက်သည်။

ထိုအရာက မိုလီဖန်အနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ် စေသည့် သားဖြစ်သူကိုစွန့်လွတ်ပြီး အိမ်ထောင် အသစ်ရှာလိုမှန်း တွက်ဆမိခဲ့သည်။ ထိုသို့ဖြင့် မိုလီဖန်းထွက်ခွာသွားချိန်၌ သူက သူမ၏သား ဖြစ်သူကို ကယ်တင်လိုက်တော့သည်။ တဘိုက ငယ်ရွယ်သေးပြီး ကျင့်ကြံသူဖြစ်လာနိုင်တာ ကြောင့် သူ့အနားခေါ်ထားရန် ဆုံးဖြတ်လိုက်ခြင် ဖြစ်သည်။ ထိုအရာက နောင်တွင်သူ့ကို ကောင်း မွန်စွာ သဂြိုလ်ပေးမည့်သူတဦး ရလာခြင်းပင် ဖြစ်သည်။

ချန်အန်က ထိုအရာများကိုသိလျင် မိုလီဖန်က သေထိုက်သည်ဟု တွေးကာ မူလအပြစ်ရှိစိတ် များလည်း အတန်ငယ်လျော့ပါးသွားသည်။ ချ န်အန်က ချီဆေးဝါးအချို့ ပေးလိုက်ပြီးအနာဂါ တ်၌ ဝိဉာဥ်ငါးများ ပြန်လည်ပေးရမည်ဟုသာ ပြောကြားခဲ့ပြီး စျေးသို့ ပြန်ထွက်လာခဲ့သည်။

ရတနာခန်းမသို့ရောက်လျင် ဆိုင်ရှင်ကနွေးထွေ စွာ ကြိုဆိုလာသည်။

“ဆေးဆရာချန် မင်းက ဆေးလုံးတွေရောင်းဖို့ များရောက်လာတာလား”

“မဟုတ်ဘူး ငါဝယ်စရာအချို့ ရှိလို့ပါ”

ဆိုင်ရှင်လျှိုက ချန်အန်ရဲ့စကားကိုကြားလျင် မျက်လုံးများ အရောင်တောက်သွားတော့သည်

“ဆေးဆရာချန်က ငွေကိုကျစ်အောင်စုပြီး အဆ င်ပြေလာပုံပဲ”

“အများကြီးမစုဆောင်းနိုင်ခဲ့ပါဘူး အသက်ရှင် ဖို့ လုံလောက်ရုံပါ”

ချန်အန်က ကိုယ့်ကိုကိုယ် နှိမ့်ချစွာ ပြောလိုက် သည်။

“ဆေးဆရာချန် ဘာကိုဝယ်ချင်တာလဲ”

ချန်အန်က ရှေ့အနည်းငယ်တိုး၍ တီးတိုးပြော လိုက်သည်။

“ဆိုင်ရှင်လျှို နှစ်မြွာကျင့်ကြံနည်းနဲ့ပက်သက်ပြီ လွန်ခဲ့တဲ့တနှစ်က ငါမေးခဲ့တဲ့ဟာ အခုကောရော င်းသေးလား”

“ဟုတ်ကဲ့ ဆေးဆရာချန် အနောက်က လိုက်ခဲ့ ပေးပါ”

ဆိုင်ရှင်ကလည်း အသံကိုလျှော့၍ ပြောလာသ ည်။ ထိုသို့ပြောပြီးနောက် ဆိုင်၏ လျှို့ဝှက်အခ န်းငယ်ဆီ ခေါ်ဆောင်သွားခဲ့ပြီး သိမ်းဆည်းထာ သည့် နှစ်မြွာ ကျင့်ကြံရေး နည်းလမ်းစာအုပ် ကို ထုတ်ပေးလာသည်။

“ဆေးဆရာချန် ဒါကမင်းလိုချင်နေတဲ့ နှစ်မြွာ ကျင့်ကြံနည်း စာအုပ်ပဲ ရောင်းစျေးကတော့ ကျောက်တုံး ၁၀၀၀ ကျသင့်မယ်”

“အဲ့ဒါကတော့ ဟုတ်ပါပြီ ငါက ရတနာခန်းမကို ဆေးလုံးဆွေရောင်းချနေသူဆိုတော့ ဆိုင်ရှင်က စျေးလျှော့ပေးသင့်တယ်”

ချန်အန်က စျေးဆစ်ကြည့်သည်။ ဆိုင်ရှင်လျှို က စိုးရိမ်သွားပုံဖြင့်

“ဒါတော့ ငါမတတ်နိုင်ဘူး ဆေးဆရာချန် ငါက ဆိုင်ရှင်ဆိုပေမယ့် ဆိုင်ကပစ္စည်းတွေကို ထိန်း သိမ်းထားပေးရုံပါ စျေးနှုန်းကို သက်မှတ်ပိုင်ခွ င့်မရှိဘူး”

“ဟုတ်လား…”

ချန်အန်က ခဏကြာစဥ်းစားကာ ခေါင်းယမ်း၍ ပြောလိုက်သည်။

“ထားလိုက်တော့ ဒါကငါ့အတွက်လည်း အဆင် မ​ပြေဘူး တခြားနေရာမှာပဲ သွားကြည့်လိုက်မ ယ်”

ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွ က်သွားလိုက်သည်။

“ခဏနေပါဦး ဆေးဆရာချန် ခဏစောင့်ပါ”

ဆိုင်ရှင်လျှိုက အထိတ်တလန့်ဖြင့် အမြန်တား ဆီးလာသည်။

“စည်းမျဥ်းတွေအရ စျေးပြင်ခွင့်မရှိပေမယ့် ဒီ လိုစျေးပေါတဲ့အရာတွေကတော့ လုပ်ပေးနိုင်ပါ တယ်”

ချန်အန်ကပြုံး၍ ပြောလိုက်သည်။

“ဒါဆို ဘယ်လောက်ထားပေးမှာလဲ”

“အနည်းဆုံး ၁၅ ရာနှုန်းလျှော့ပေးမယ်”

“၃၀ ရာနှုန်းလျော့ရမယ်”

“ဆေးဆရာချန် မင်းဟာက..”

“ဒါဆို ၄၀ ရာနှုန်းပေါ့”

“၃၀ ရာနှုန်း ၃၀ ရာနှုန်းပဲ ထားလိုက်မယ်”

ချန်အန်က ဝိဉာဥ်ကျောက်တုံးများကို ပေးချေ လိုက်ပြီး ဆိုင်ရှင်လက်ထဲမှ နှစ်မြွာကျင့်ကြံနည် စာအုပ်ကို ယူဆောင်လိုက်သည်။ ပြီးနောက်

“ဆိုင်ရှင် မင်းမှာ သာမန်လူတွေအတွက် ကျင့် ကြံနည်းတွေကော ရှိထားလား”

“ရှိတာပေါ့”

ချန်အန်က မေးလိုက်သည်။

“မင်းမှာ ဘယ်လိုကျင့်ကြံနည်းတွေ ရှိလဲ သိလို့ရ မလား”

“ခန္ဓာကိုယ် သန်မာစေတဲ့ ကျင့်စဥ် စိတ်ကိုတည် ငြိမ်အေးချမ်းစေတဲ့ ကမ္မဌာန်းနဲ့ ဘဝနေနည်းအ နုပညာ ဆိုတဲ့ ကျင့်စဥ် ပြီးတော့ အသက်ရှည်နို င်တဲ့ ဘဝအာဟာရ ဆိုတဲ့ ကျင့်စဥ်၃ မျိုးရှိပါတ ယ် စျေးနှုန်းက ကျောက်တုံး နှစ်ဆယ်ပါ”

ဆိုင်ရှင်လျှိုက နည်းစနစ်များကိုထုတ်၍ ပြောပြ လာသည်။

………………………………………………….

All Chapters