ဥပဒေစိုးမိုးရေးခန်းမရောက်ရှိလာ ခြင်း
Vol. 7 Ch. 68
ကျင့်စဥ် ၃ခုလုံးက ဇနီးဖြစ်သူနှင့် သင့်လျော်နေ သည်။ ချန်အန်က မေးလိုက်သည်။
“ဒီ ကျင့်စဥ်၃ခု မှာ အဆင့်သက်မှတ်ချက် ရှိထာ လား”
၎င်းမှာ လူသားများအတွက် ဖန်တီးထားသော် လည်း ယေဘုယျအားဖြင့် လူသားအားလုံးကျင့် ကြံနိုင်သည်ဟု မဆိုလိုပေ။ သားရဲများလည်း ထို့အတူဖြစ်သည်။ မဟုတ်ပါက ဝယ်ယူပြီးချိန် မှာ ဇနီးဖြစ်သူ မကျင့်ကြံနိုင်လျင် အသုံးမဝင်နို င်တော့။ ဆိုင်ရှင်က ပြုံး၍ ပြောလာသည်။
“စိတ်မပူပါနဲ့ ဆေးဆရာချန် ဒီကျင့်စဥ်၃ခုလုံးအ ကန့်အသတ်မရှိထားပါဘူး ယောက်ကျား မိန်းမ ကလေး လူကြီး အသက်အရွယ်မရွေး ကျင့်ကြံ နိုင်ပြီးတော့ ချဲ့ကားပြောရရင် လမ်းဘေးကခွေ တကောင်တောင် စာဖတ်တတ်ရင် ကျင့်ကြံလို့ရ ပါတယ်”
ချန်အန်က ပြောသည်။
“ဆိုင်ရှင်လျှို မင်းက စကားပြောအတော်ကောင် တာပဲ ဝယ်ပြီးလို့ပစ္စည်းအဆင်မပြေရင် ဘယ် လိုလုပ်မလဲ”
“မပြေရင် သိမ်းထားပြီး ပြန်လာလဲပါ”
ထိုသို့ပြောပြီးနောက် ဆိုင်ရှင်ကပြုံး၍
“ဆေးဆရာချန် မင်းကဘယ်တအုပ်ကို လိုချင် တာလဲ ဒီလောက်မေးနေပုံထောက်ရင် အကုန်လုံ လိုချင်တာလား”
“၃ခုစလုံး ယူမယ် လျှော့စျေးအနေနဲ့ ကျောက် တုံး ၅၀ ဆိုရင်ကော ဘယ်လိုလဲ”
ဆိုင်ရှင်တယောက် မျက်နှာပျက်ယွင်းသွားရပြန် သည်။ ခဏကြာ တုံ့ဆိုင်းသွားသော်လည်း အ ဆုံး၌ သဘောတူလိုက်သည်။
“ကောင်းပြီ ဆေးဆရာချန်က ဆေးလုံးတွေမ ကြာမကြာ ထောက်ပံ့နေတာဆိုတော့ လျှော့ပေး လိုက်ပါမယ်”
ချန်အန်က ငွေပေးချေပြီးနောက် ခန်းမထဲဆက် မနေတော့ချေ။ အမြန်ပင် ထွက်လာခဲ့သည်။ အ ပြင်၌ ရွှမ်ဟွမ်ဂိုဏ်းမှ တည်ဆောက်ရေးအဆင့် ကျင့်ကြံသူ အမျိုးသမီးနဲ့ တိုးလေသည်။ သူမ ကမနေ့ကအဝတ်အစားနဲ့ပင် ဖြစ်သည်။ခြားနား ချက်က အမြဲချိတ်ထားသည့်ဓားကို သူမလက် ထဲတွင် ကိုင်ထားခြင်း ဖြစ်သည်။ ဓားနဲ့သွေးမျာ စွန်းထင်နေပြီး သူမက တစုံတယောက်ကိုသတ် လာပုံရသည်။ ချန်အန်က သူမကိုဖြတ်ကျော်လို က်သည်။ မွှေးပျံ့သည့် ရနံ့တခု တိုးဝင်လာသ ည်။ ထိုအရာက ပန်းနံ့လည်းမဟုတ်ပေ။
ချန်အန်က အနောက်လှည့်၍ ထိုကျင့်ကြံသူကို ကြည့်လိုက်ချိန်၌ သူမ၏ တင်းရင်းသည့် တင် ပါးအစုံဆီ အကြည့်ရောက်သွားခဲ့သည်။ ဒီမိန်းမ အတော်လှတာပဲ။
သူသာ ဒုတိယအဆင့် ဆေးဆရာဖြစ်ပြီး တည် ဆောက်ရေးအဆင့် ရောက်သွားပါက ထိုမိန်းမနဲ့ ပက်သက်၍ ရနိုင်လောက်သည်။ ချန်အန်ကထို သို့တွေးရင်း မိုးမခလမ်းထဲသို့ ပြန်သွားခဲ့သည်။ လက်ထဲတွင် ကျင့်ကြံနည်းများ ထည့်ထားတဲ့ သေတ္တာငယ်လေးလည်း ပါလာပြီး အိမ်ထဲသို့ ဖြေးညှင်းစွာ ဝင်သွားခဲ့သည်။ စျေးမှအပြန်၌ ဇနီးများနဲ့ သမီးအတွက် မုန်ချိုအနည်းငယ်နှင့် ရတနာအချို့လည်း ဝယ်ယူခဲ့သေးသည်။ ထိုအ ရာက မိသားစုဆက်ဆံရေးကို တိုးမြင့်ပေးနိုင် သည်။
“ဖေဖေ”
အိမ်ရှေ့၌ ငုတ်တုပ်ထိုင်၍ ပုရွတ်ဆိတ်များကို ကြည့်နေသည့် ချန်ယုကျန်းက ဖခင်ဖြစ်သူကို မြင်လျင် အပြေးကလေးထွက်လာသည်။ ချန် အန်ကသူမကို ကောက်ယူချီမလိုက်ပြီး သူမမျ က်နှာပေါ်တင်နေသည့် အမှိုက်များအား ဖယ်ရှာ ရင်း အဆက်မပြတ်ရယ်မော နေခဲ့သည်။
“ယောက်ျား သေတ္တာကူသယ်ပေးပါရစေ”
ဆောင်ဟွာယင်းက လှပစွာပြုံး၍ အနားလျှော က်လာသည်။ ချန်အန်က သေတ္တာလေးကို သူမ လက်ထဲထည့် ပေးလိုက်သည်။
“ယောက်ကျား အထဲမှာ ဘာရှိလဲ”
သူမက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။ ချန် အန်က ညစ်ကျယ်ကျယ်ပြုံး၍
“ငါမင်းကို အခုမပြောနိုင်သေးဘူး စားသောက် တဲ့အခါကျ မင်းကို အံ့သြစရာပေးမယ်”
“ယင်းအာက အခုသိချင်နေပြီ”
သူမက နီရဲရဲနှုတ်ခမ်းတစုံအား ချစ်စရာကောင် အောင်ဆူ၍ ပြောလိုက်သည်။ ချန်ယုကျန်းက လဲ မိခင်ဖြစ်သူအတိုင်း မေးလာသည်။
“ဖေဖေ သမီးလည်း သိချင်တယ်”
“အဲ့ကိစ္စနဲ့ပက်သက်ပြီး မပြောနိုင်ဘူး ညစာစား ပြီးတဲ့အထိ စောင့်ကြပါ”
ချန်အန်က ထိုသို့ပြောပြီးနောက် အိမ်ထဲသို့ဝင် သွားတော့သည်။ ဂူရှန်းယုက စားသောက်ရန် ပြင်ဆင်နေပြီး ချန်အန်ကိုတွေ့လျင် ကုလားထိုင် တလုံး ထုတ်ပေးသည်။
“ယောက်ျား ထိုင်ပါ”
“ယုအာ အရမ်းတော်တယ်”
ချန်အန်က ရှေ့ကိုတိုး၍ နမ်းလိုက်သည်။
ဆက်ဆံရေး +1
“ယောက်ျား ငါလည်း လိုချင်တယ်”
ဆောင်ဟွာယင်းက ညူစူပုံဖြင့် ပြောလာသည်။ ချန်အန်က သူမကိုလည်း အနမ်းပေးလိုက်ရပြန် သည်။
“ဖေဖေ သမီးလည်း လိုချင်တယ်”
သမီးဖြစ်သူကလည်း မိခင်လုပ်သည့်အတိုင်း နှုတ်ခမ်းများကိုဆူ၍ တောင်းဆိုလာသော ကြောင့် သမီးဖြစ်သူကို ညင်သာစွာနမ်းလိုက်သ ည်။ ထိုစဥ် ကျင့်ကြံရာမှ ဝမ်ကျိယန်တယောက် ထွက်လာသည်။ ချန်အန်က သူမကိုလက်ညှိုး ထိုးပြလိုက်ပြီး
“ယန်အာ လာပါ ငါကတယောက်ချစ်ပေးရင် အ ကုန်လုံးချစ်ပေးရမှာပေါ့”
“နင့်ကိုနင် ပြန်ကြည့်ပါဦး”
သူမကထိုသို့ပြောလိုက်သော်လည်း ခန္ဓာကိုယ် ကရိုးသားစွာ ရှေ့သို့တိုးလာသည်။ သူမသည် လည်း အနမ်းခံခဲ့သည်။ မကြာမီဟင်းပွဲများပြ ည့်စုံသွားလေပြီ။ မိသားစုများ အတူစားသော က်ပြီးသည်နှင့် ချန်အန်က သေတ္တာငယ်လေးကို ဖွင့်ပြလိုက်သည်။ ထိုအရာကိုမြင်တော့ ဇနီးမျာ တဲ့သမီးဖြစ်သူတို့မှာ ဝမ်းသာသွားကြပြီး ရတ နာများကို သဘောအကျကြီး ကျနေခဲ့ကြသည်။ သမီးဖြစ်သူရဲ့ မျက်လုံးများကတော့ အရောင် တောက်နေခဲ့ပြီး မုန့်အချိုများကို ကြည့်နေသည်
ပြီးနောက် တခွန်းမှမပြောတော့ပဲ သူမလက် သေးသေးလေးဖြင့် ကောက်ယူစားသောက် တော့သည်။ ချန်အန်က သူမကို ဖြည်းဖြည်းစား ရန်ပင် မပြောတော့ပေ။ ရတနာများကိုယူ၍ ဇနီ များကို ကိုယ်တိုင်ဝတ်ပေးခဲ့သည်။
[သမီးဖြစ်သူအတွက် မုန့်အချိုများ ဝယ်ယူလာ ပေးပြီး ဆက်ဆံရေး တိုးတက်လာသည် ဆက် ဆံရေး +3]
[ဇနီးများအတွက် ရတနာများဝယ်ယူပေးပြီး ကို ယ်တိုင်ဝတ်ဆင်ပေးခဲ့သည် ဆက်ဆံရေး +5+4+6]
ညစာစားပြီးနောက် ညဥ့်နက်သွားသည်။ ချန်အ န်က ဂူရှန်းယုနဲ့အတူ ရေချိုးနေပြီး စိတ်စွမ်းအင် ကိုတိုးမြင့်ရန် လုပ်ဆောင်နေသည်။ တနာရီကြာ ရေချိုးပြီးနောက် အဝတ်အစားလဲကာ ဆောင် ဟွာယင်းဧ အခန်းထဲသို့ ဝင်သွားလိုက်သည်။
“ယင်းအာ”
ချန်အန်က တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားချိန်၌ ဆောင်ဟွာယင်းက ပါးလွှာသည့်အတွင်းခံများ ဖြင့် ကုတင်ပေါ်၌ စာဖတ်နေသည်။ ချန်အန်ကို တွေ့လျင် သူမက စာအုပ်ကိုချက်ချင်း ချလိုက် သည်။
“ယောက်ျား ယင်းအာ ကောင်းကောင်းအနားယူ ပြီးပါပြီ ဒီညယောက်ျားကို ပြုစုပါ့မယ်”
“စိတ်မပူနဲ့ယင်းအာ ငါ့မှာမင်းအတွက်နည်းလမ်း အချို့ရှိထားတယ်”
ချန်အန်က ကုတင်ပေါ်ထိုင်လိုက်ပြီး ကုတင်ဘေ စားပွဲပေါ်မှ ဖယောင်းတိုင်မီးကို ညင်သာစွာမှုတ် လိုက်သည်။ လဲလျောင်းနေသည့် ဇနီးသည်အား ရင်ခွင်ထဲ ဆွဲဖက်လိုက်သည်။
ထိုသို့ဖြင့် နောက်တနေ့မနက် ရောက်သွားသည် ကောင်းကင်ကြီးက နေရောင်ဖြင့် တောက်ပနေ ပြီး ဆောင်ဟွာယင်းက ကုတင်ပေါ်မှဆင်း၍ အ နည်းငယ် လှည့်ပတ်လျှောက်ကြည့်သည်။ သူမ က ပင်ပန်းနွမ်းနယ်မှုများကို လုံးဝမခံစားရပေ။ သူမက မှင်သက်စွာဖြင့် ပြောလာသည်။
“ယောက်ျား ယင်းအာ လုံးဝပင်ပန်းမနေဘူး ဒါ အရမ်းမှော်ဆန်တာပဲ”
“မပင်ပန်းရင် ခဏလောက်အနားယူပါ”
“အင်း ယင်းအာကြောင့် ဒီတမနက်လုံးဆေးလုံး မသန့်စင်နိုင်တော့ဘူး”
“ရပါတယ်”
ချန်အန်က ပြောရင်းပင် သူမကိုရင်ခွင်ထဲဆွဲသွ င်းလိုက်သည်။ နှစ်မြွာကျင့်ကြံနည်းစနစ်က အ လွန်အသုံးဝင်ပြီး ထိရောက်သည်။ ထိုအရာက သူမကို ကျင့်ကြံဆင့်မတိုးနိုင်သော်လည်း လင် မယားဆက်ဆံရေးကိုမူ တိုးမြင့်ပြီးသာယာမှု ပေးစွမ်းနိုင်သည်။ ထိုနေ့က ချန်အန်တယောက် အိပ်ရာထနောက်ကျခဲ့သည်။ ချန်အန်က ခန်းမ မှဝယ်လာသည့် ကျင့်ကြံနည်း၃ခုကို ပေးလိုက် သည်။ သူမက နားမလည်တာရှိလျင် ဝမ်ကျိယ န်ကိုမေးနိုင်သည်။ ကျင့်ကြံနည်းများနဲ့ပက်သ က်လျင် ဝမ်ကျိယန်က အသိဆုံးဖြစ်သည်။
ချန်အန်ကတော့ သူ့အကြောင်းသူ သိသည်။စန စ်ကြောင့် ကျင့်ကြံနိုင်နေပြီး အဆင့်တက်နေခြင် ဖြစ်သည်။ ထုံးစံအတိုင်း မနက်စာစားပြီးနောက် ဆေးလုံးများ သန့်စင်ရန် ဆေးဖော်စပ်ခန်းထဲသို့ ဝင်သွားတော့သည်။ ကျောက်တုံးများ ရရှိရန်လို အပ်ပြီး မနေ့က စုဆောင်ငွေထက်ဝက်မျှကုန်ဆုံ သွားခဲ့ရ၍ နေလို့မကောင်းပေ။ အချိန်အတော် ကြာသည်အထိ သန့်စင်နေခဲ့ပြီး ပင်ပန်းချိန်၌ ခ ဏအနားယူရင်း စနစ်၏ မျက်နှာပြင်ကိုစစ်ဆေ လိုက်သည်။
ဆေးပညာ…..ပထမအဆင့် အဆင့်မြင့် 2346/2500
အတွေ့အကြုံအမှတ် ၁၅၄ မှတ်လိုနေသေးသည် နှစ်ဖော်ဆက်ဆံရေးနည်းလမ်းဖြင့် တစုံတခုသာ မဖြစ်ပွားပါက ၃ရက်အတွင်း ပြည့်နိုင်သည်။ ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်လာတော့မည် ချန်အန်က ထိုအရာကို မျှော်လင့်နေခြင်းဖြစ်သ ည်။ ချန်အန်က ခဏလောက်အနားယူပြီးနောက် ဆေးလုံးများ သန့်စင်ပြန်သည်။ ထိုစဥ် ကျယ် လောင်သည့် အသံတခုထွက်ပေါ်လာသည်။
“အစိမ်းရောင်မိုးမခလမ်းက လူတိုင်းလုပ်နေတာ တွေရပ်ပြီး လာရောက်စုဝေးပေးကြပါ ခေါင်း ဆောင်တန် ပျောက်ဆုံးမှုကိုစစ်ဆေးဖို့ ငါတို့နဲ့ အတူပူးပေါင်းပေးပါ”
ခေါင်းဆောင်တန် ပျောက်ဆုံးမှုကို စုံစမ်းတာ လား။ ချန်အန်က ထိုအရာကိုကြားလျင် ရင်ထဲ တင်းကြပ်သွားသည်။
………………………………………………….