တဖက်သတ်ချစ်သူ
Vol. 7 Ch. 69
ကြောက်စရာကောင်းသည့် နေ့ရက်ကအမြန်ပင် ရောက်လာချေပြီ။ ခေါင်းဆောင်တန် သေဆုံးရ သည်မှာ နှစ်ရက်သာရှိသေးပြီး ဥပဒေစိုးမိုးရေး ခန်းမက ရောက်ရှိလာသည်။ ထိုအရာက အလွ န်မြန်လွန်းပေသည်။ ချန်အန်က သက်ပြင်းချ၍ ဆေးဖော်စပ်ခန်းမှ ထွက်လာလိုက်သည်။ ထိုအ ချိန် ဇနီးများက စိုးရိမ်တကြီးဖြစ်နေကြပြီး ခေါ င်းဆောင်တန် ပျောက်ဆုံးမှုကို သိထားသည့်သူ မတို့က ထိတ်လန့်နေကြသည်။
ဇနီးများက စိတ်ပူနေပြီး ချန်အန်ကပိုလို့ပင် စိ တ်ရှုပ်ထွေးနေခဲ့သည်။ အိမ်ထောင်ဦးစီးအနေနဲ့ ထိုအရာများကို ထုတ်မပြခဲ့ပေ။ အကြောင်းအ ရာအချို့ မှာကြားပြီးနောက် အိမ်အပြင်သို့ထွ က်သွားတော့သည်။ ထိုအချိန် လမ်းကြားမှလူ များ စုဝေးရောက်ရှိနေကြသည်။ သို့သော်လူဦး ရေက သိသာစွာနည်းပါးနေပြီး အကြောင်းမှာအ များစုက တိုက်ပွဲ၌ သေဆုံးသွားရခြင်းဖြစ်သည်
“အားလုံးတည်တည်ငြိမ်ငြိမ်နေပါ ဟိုဒီလျှောက် မသွားကြပါနဲ့”
ဥပဒေစိုးမိုးရေးခန်းမမှလူက သတိပေးပြောဆို လာသည်။ ဥပဒေစိုးမိုးရေးခန်းမတွင် အကြီးအ ကဲတဦး ခန်းမဆရာတဦးနဲ့ ခေါင်းဆောင်၃ဦးရှိ သည်။
၎င်းက ခန်းမဆရာတဦး ဖြစ်သည်။ အားလုံးအ သင့်ဖြစ်သွားလျင် ခန်းမဆရာဟွမ်က ဘေးနား ရှိအကြီးအကဲကို ရိုသေစွာပြောလိုက်သည်။
“အကြီးအကဲကျိုး လူအားလုံးထွက်လာပါပြီ ဘာဆက်လုပ်ရမလဲ”
အကြီးအကဲ ကျိုးကပြောသည်။
“ပထမအုပ်စုနှစ်စုခွဲပြီး အုပ်စုအသေးဆယ်ခုနဲ့ တအိမ်တက်ဆင်း ခေါင်းဆောင်တန်ရဲ့ ပစ္စည်း တွေကို ရှာဖို့နဲ့ အိမ်ရှင်တွေကိုလည်း မေးမြန်း ကြည့်ပါ”
ထိုသို့ကြားလျင် ခန်းမဆရာဟွမ်က ငယ်သား များကို အုပ်စုခွဲ၍ တအိမ်တက်ဆင်း ရှာဖွေရန် စီစဥ်တော့သည်။ အကြီးအကဲကျိုး၏ စကား ကြားချိန်၌ ချန်အန်က စိတ်သက်သာရာရစွာသ က်ပြင်းချလိုက်သည်။ တည်ဆောက်ရေးအဆင့် အကြီးအကဲ စိတ်ဝိဉာဥ်ကို စစ်ဆေးမည်အားစိုး ရိမ်နေခဲ့ခြင်း ဖြစ်သည်။ သဘောတရားအရ စ စ်ဆေးခြင်းက ရိုးရှင်းနေပြီး ချန်အန်က သက် သေဖြစ်နိုင်သည့်အရာများကို ဖျက်စီးထားပြီး ဖြစ်သည်။ ဝိဉာဥ်ခွေးများနဲ့ ရှာလျင်တောင် အ ထူးမီးဖြင့် ဖျက်စီးထားသည်ဖြစ်၍ ရှာမတွေ့နို င်ချေ။
ထိုအခြေနေက စက္ကန့်ပိုင်းအတွင်း ပျက်စီးသွား ပြန်သည်။ အကြောင်းမှာ အကြီးအကဲကျိုးက ခန်းမဆရာဟွမ်နဲ့အတူ လျှောက်လာ၍ ဖြစ်သ ည်။
“ယောက်ျား”
ထိုအရာကိုမြင်တော့ ဆောင်ဟွာယင်းက ထိတ် လန့်သွားပြီး ချန်အန်ရဲ့ အကျီစကို ဆုပ်ကိုင်လို က်ပြီး သူမလက်ဖဝါး၌ ချွေးများထွက်နေသည် ချန်အန်က သူမမှတဆင့် ဖော်ထုတ်မိမည်စိုး၍ သူမအပေါ် အိပ်ပျော်မန္တန်အားအသုံးပြု၍ ဂူရှန် ယုကို ကူညီစေသည်။ ချန်ယုကျန်းကိုလည်း ဝမ် ကျိယန်က ချီထားခဲ့သည်။
“အကြီးအကဲကျိုး”
“ခန်မးဆရာဟွမ်”
ချန်အန်ကထိုသူတို့ကို နှုတ်ဆက်လိုက်သည်။
“အင်း”
ခန်းမဆရာက အေးစက်စွာပြန်ဖြေသည်။ အကြီးအကဲကျိုးက မတုန့်ပြန်ပဲ သူ့အကြည့်က ဝမ်ကျိယန်၏ ဗိုက်ပေါ်ရောက်သွားခဲ့သည်။တ ည်ဆောက်ရေးအဆင့် ကျင့်ကြံသူဖြစ်၍ စိတ်စွ မ်းအင်မှာ ထက်မြက်ပြီး ဝမ်ကျိယန်၏ သန္ဓေ သားကို အာရုံခံမိခဲ့သည်။
“ကျင့်ကြံသူဝမ် မင်းက ကိုယ်ဝန်ရှိနေတာလား”
“ဟုတ်ပါတယ်”
ဝမ်ကျိယန်က အေးစက်စက်ပြန်ဖြေသည်။ အ ကြီးအကဲကျိုးက ဒေါသထွက်သွားခဲ့ပြီး တည် ဆောက်ရေးအဆင့် ကျင့်ကြံမှုနဲ့ လိုက်ခဲ့တုန်းက ဝမ်ကျိယန်က ဂရုမစိုက်ခဲ့ပဲ လိင်ကိစ္စကိုရှောင် ကျဥ်လိုသည်ဟု ပြောခဲ့သည်။ ယခု ချန်အန်လို အဆင့်နိမ့်ဆေးဆရာတဦးနဲ့ လက်ထပ်ခဲ့ပြီးရင် သွေးတောင် လွယ်ထားခဲ့သည်။ ထိုအရာကသူ့ ကို ဒေါသအလွန်ထွက်စေပြီး သူမကရုပ်ရည်ကို သာကြည့်သည့် အပေါ်ယံဆန်သည့် မိန်းမသာ ဖြစ်သည်။ သေစမ်း! အကြီးအကဲကျိုးက တွေး လေဒေါသထွက်လေဖြစ်သည်။
သူက ခန်းမဆရာဟွမ်ကို အေးစက်စွာပြောလို က်သည်။
“ခေါင်းဆောင်တန်ပျောက်ဆုံးမှုက ဒီမိသားစုနဲ့ ဆက်စပ်မယ်လို့ ငါထင်တယ် ငါ့နောက်လိုက်ခဲ့ ပြီးအတူရှာဖွေပါ”
သူက ချန်အန်နဲ့ဝမ်ကျိယန် အမှန်တကယ်လက် ထပ်ထားသလား သိလိုခြင်းဖြစ်သည်။ ချန်အန် က အကြီးအကဲကျိုးနဲ့အတူ အိမ်ထဲဝင်သွားခဲ့ သည်။ ခန်းမဆရာဟွမ်က အလေးအနက်ရှာဖွေ နေသည်။ အကြီးအကဲကျိုးက မတူညီသည့်စိ တ်စွမ်းအင်ကို သုံး၍ ဝမ်ကျိယန်၏ အခန်းထဲ သို့ဝင်သွားတော့သည်။ သူက ဝမ်ကျိယန်၏အ ခန်းထဲမှ မွှေးရနံ့ကို စိတ်ကျေနပ်စွာ ရှုရှိုက်နေခဲ့ ပြီး ထိုအနံ့ထဲ၌ အခြားအနံ့များပါလာလျင် ဒေါ သဖြစ်လာကာ ချန်အန်ကို ရိုက်သတ်ချင် စိတ် ပင် ပေါက်လာခဲ့သည်။
သူက သူမအကြောင်းတွေးလေ ဒေါသထွက် လေဖြစ်ကာ အခန်းထဲ၌ ကြာကြာမနေလိုတော့ ပေ။
“ခန်းမဆရာဟွမ် သွားကြရအောင်”
ခန်းမဆရာဟွမ်လည်း လျင်မြန်စွာတုန့်ပြန်ပြီး ထွက်ခွာသွားသည်။
“ယောက်ျား နင့်ကိုအကြီးအကဲကျိုးက ကြည့် ပြီးသတ်ချင်နေတယ်လို့ ငါခံစားနေရတယ်”
ဂူရှန်းယုက စိုးရိမ်တကြီးပြောလာသည်။ ချန်အ န်ကလည်း ထိုအရာကို ခံစားမိသည်။ အကြောင် မှာ ဝမ်ကျိယန်ကြောင့်ဖြစ်ပြီး အကြီးအကဲကျိုး မှာ ဝမ်ကျိယန်ကို တဖက်သတ်သဘောကျနေခဲ့ သူဖြစ်သည်။
“အဲ့ဒါကို စိတ်ပူနေစရာမလိုပါဘူး ဘာမှမရှိရင် လူစုခွဲပြီး လုပ်စရာရှိတာ လုပ်နေလိုက်ပါ”
ချန်အန်က သူမတို့ကိုပြောလိုက်ပြီး ဂူရှန်းယုက နာခံစွာဖြင့် ဆောင်ဟွာယင်းကို အခန်းထဲပြန်ပို့ ပေးလိုက်သည်။ သူက ဝမ်ကျိယန်၏အခန်းထဲ ထိုင်နေပြီး အကြီးအကဲကျိုးအား မည်သို့ရင်ဆို င်ရမည်ကို တွေးနေခဲ့သည်။ အဆိပ်လား ထော င်ခြောက်ဆင်တာလား ချောင်းမြောင်းတိုက်ခို က်ရမှာလား။ ထိုသို့တွေးပြီး ထိုလှည့်ကွက်များ က စိတ်မချရဟု ချန်အန်ခံစားလိုက်ရသည်။ သူ က ဒုတိယအဆင့် ဆေးပညာရှင်ဖြစ်လာပြီး ရ တနာခန်းမထဲ ဝင်ရောက်ရန်သာလိုအပ်သည်။
ပြီးနောက် သမီးဖြစ်သူကို ကောင်းမွန်စွာကြီးပြ င်းလာရန် ပြုစုပြီး စနစ်မှဆုလာဘ်ယူကာ အင် မော်တယ်လမ်းကြောင်းပေါ်သို့ ခပ်မြန်မြန်တက် လှမ်းလိုနေသည်။
“ယောက်ျား အကြီးအကဲကျိုးက နင့်ကိုအန္တရာ ယ်ပေးမှာ ငါစိုးရိမ်တယ်”
ဝမ်ကျိယန်က ဆောင်ဟွာယင်း၏အခန်းထဲမှ ပြ န်လာပြီးနောက် စိတ်ပူပန်စွာဖြင့် ချန်အန်ဘေး၌ ဝင်ထိုင်လိုက်သည်။ ချန်အန်ကသူမရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။
“မစိုးရိမ်ပါနဲ့ ငါကရက်ပိုင်းအတွင်း ဒုတိယအဆ င့်ဆေးဆရာ ဖြစ်တော့မှာပါ အဲ့ဒီအခါ ရတနာ ခန်းမကိုဝင်နိုင်လျင် ဝါးရွက်ဂိုဏ်းခေါင်းဆောင် တောင်ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး”
“ကောင်းပြီ”
ဝမ်ကျိယန်က ချန်အန်ရဲ့ပုခုံးကိုမီပြီး သက် တောင့်သက်သာ ပုံစံဖြင့် ကြည့်နေသည်။ သူမ ၏ အထီးကျန်ဆန်သည့် အတိတ်ကိုသတိရနေ ခဲ့ပြီး အရာအားလုံး သူမကိုယ်တိုင်ပြုလုပ်ခဲ့ရ သည်။ ဒုက္ခရောက်ချိန် မည်သူ့ကို အားကိုးရမှန် မသိခဲ့ပေ။ ယခုသူမက အိပ်ရာပေါ်၌ ယောက်ျာ ဖြစ်သူကို ပြုစုရန်သာလိုအပ်သည်။ အခြားစိတ် ပူစရာမလိုတော့ပေ။ သူမဘဝက အရင်ကထ က်များစွာ ပိုကောင်းလာသည်။ သူမကတွေးရင် ပျော်ရွှင်လာပြီး ချန်အန်ကို ချစ်ခင်စွာကြည့်လာ သည်။
“ယောက်ျား ငါဗိုက်ဆာတယ်”
“မင်းက ဘာစားချင်လို့လဲ”
“ငါကမုန့်ချောင်းကြော်စားချင်တယ် ပြီးတော့ ပဲ နို့လည်း သောက်ချင်နေတယ်”
“မုန့်ချောင်းကြော်နဲ ပဲနို့ကလုပ်ရမလွယ်ဘူး ပြီး တော့အချိန်လည်း အရမ်းကြာတယ်”
“ဒါပေမဲ့ ငါကမုန့်ချောင်းကြော်စားပြီး ပဲနို့လည်း သောက်ချင်နေတယ်”
သူမက ထိုသို့ပြောရင်း ချန်အန်ရဲ့ကိုယ်ပေါ်တ က်ခွလိုက်သည်။ သူမရဲ့ လက်မောင်းများဖြင့် ချန်အန်ကို ဖက်ထားခဲ့ပြီး သူမ၏ မောက်မာသ ည့်အမူအကျင့်များ ပျောက်သွားကာ နူးညံ့လာ သည်။ ချန်အန်က သူမရဲ့ပြောင်းလဲမှုကို နှစ်သ က်သော်လည်း အလျင်မလိုခဲ့ပေ။
“မင်းက မုန့်ချောင်းကြော်နဲ့ပဲနို့လိုချင်ရင်လည်း ငါကလုပ်ပေးနိုင်ပါတယ် ဒါပေမဲ့နည်းနည်းအချိ န်ပေးရမယ်”
“ဒါဆို ဘာလိုချင်လဲ”
“ဝါးရွက်ဂိုဏ်းအကြီးအကဲက အတိတ်မှာမင်း ကိုဘယ်လို လိုက်ခဲ့သလဲ သိချင်တယ်”
“ပြောပြလို့ကရတယ် ဒါမဲ့ မုန့်ချောင်းကြော်နဲ့ပဲ နို့အရင်စားရင်း ပြောပြမယ်လေ”
ထိုသို့ပြောရင်း သူမရဲ့ပုံစံက ချက်ချင်းမောက် မာသွားကာ ချန်အန်ရဲ့တုန့်ပြန်မှုကိုပင် မစောင့် တော့ပဲ မုန့်ချောင်းကြော်အား စတင်စားသောက် တော့သည်။
…………………………………………………