← Chapters

ဒုတိယအဆင့် ဆေးပညာရှင်

Vol. 7 Ch. 70

ဒုတိယအဆင့် ဆေးပညာရှင်

Vol. 7 Ch. 70

ဝမ်ကျိယန်၏ အခန်းထဲမှ ထွက်လာချိန်၌ ချန် အန်တယောက် ခွန်အားများ ကုန်ခမ်းသွားသည့် နှယ်ခံစားလိုက်ရသည်။ ချက်ချင်းပင် ဆေးဖော် စပ်ခန်းထဲဝင်ကာ စွမ်းအင်ဖြည့်ဆေးအား စား လိုက်ရသည်။ ဆေးအစွမ်းကသိသာပြီး တခဏ အတွင်းမှာပဲ ကုန်ခမ်းသွားသည့် စွမ်းအင်များပြ န်လည် ပြည့်ဝလာသည်။ ထိုအရာက အမျိုးသ မီးများအတွက်ပါ အသုံးဝင်လျင်မည်မျှကောင်း မည်နည်း။ ချန်အန်တယောက် သက်ပြင်းမချပဲ မနေနိုင်တော့ပေ။

ထိုဆေးများကိုသာ သူ့ဇနီးများသုံးနိုင်ပါက နော င်တွင် ယခုကဲ့သို့ပင်ပင်ပန်းပန်းသူ့အား ပြုစုနေ ရမည်မဟုတ်ပေ။ ချန်အန်က ဝီရိယစိုက်၍ ဆေးလုံးများကို လေးနာရီကြာအောင် သန့်စင် နေခဲ့သည်။ ပြီးနောက် သူက သမီးဖြစ်သူကို တွေ့ရန် အခန်းထဲမှ ထွက်ခွာစဥ် ဝမ်ကျိယန်၏ အခးန်အား ဖြတ်သွားရသည်။ ချန်အန်က မွှေး ပျံ့သည့် ရနံ့ကိုရှုရှိုက်ရင်း ဝမ်ကျိယန်တယော က် ကိုယ်ဝန်အကြောင်းပြု၍ သူ့အားအနိုင်ကျင့် နေသည်ကို ကလေးမွေးပြီးမှ နေ့တိုင်းတောင်းပ န်ရစေမည်ဟု တေးထားလိုက်သည်။

ခဏအကြာတွင် သမီးဖြစ်သူဆီရောက်သွားပြီး ဆောင်ဟွာယင်းက ကျင့်ဝတ်များသင်ကြားပေး နေသည်ကို တွေ့လိုက်ရသည်။

ထိုသို့ဖြင့် နောက်တနေ့မနက်သို့ ကူးပြောင်းသွာ သည်။ ချန်အန်က ကုတင်ပေါ်ထိုင်၍ စနစ်၏ မျက်နှာပြင်ကို စစ်ဆေးလိုက်သည်။

ဆေးပညာအတွေ့အကြုံ +3×15

ဆေးပညာ….ပထမအဆင့် အဆင့်မြင့် 2391/2500

အတွေ့အကြုံမှတ် ၁၀၉ မှတ်လိုအပ်နေသေးသ ည်။ ချန်အန်က ကျေနပ်သွားသည်။ ကျောက်တုံ ၇၀၀ သုံး၍ နှစ်မြွာကျင့်ကြံနည်းစနစ် ဝယ်ယူခဲ့ သည်က ထိုက်တန်ပါသည်။ အခြားသူများနဲ့မ တူညီစွာပင် သူ့အတွက် ထိုကျင့်ကြံနည်းက သူ့ ရဲ့ရမှတ်များကို တိုးရန်အထောက်အကူပြုစေ သည် မဟုတ်လား။ ထို့နောက် ချန်အန် ဆေး သေတ္တာကိုယူဆောင်ကာ ဝါးရွက်ဂိုဏ်းသို့ ထွ က်လာခဲ့သည်။

ဝါးရွက်ဂိုဏ်း။ပို့ဆောင်ရေးဌာန။

ခါတိုင်းကဲ့သို့ပင် ဆေးလုံးများပေးပို့ပြီးနောက် ထွက်ခွာရန်ပြင်သည်။

“ဆေးဆရာချန် ကျေးဇူးပြုပြီး ခဏစောင့်ပါ”

“ခေါင်းဆောင်လျူ အခြားရှိသေးလို့လား”

ချန်အန်က ပေါ့ပေါ့ပါးပါးမေးလိုက်သော်လည်း စိတ်ထဲ၌ ကျိန်ဆဲနေသည်။ လောဘကြီးသည့် ခွေးဂိုဏ်းက ဆေးလုံးများ ထပ်ထပ်တိုး၍တော င်းဆိုနေသည် မဟုတ်လား။ သူလည်းထိုအချ က်ကို ကျေနပ်မနေပေ။ ကံဆိုးစွာဖြင့် ကျိန်ဆဲရ မည့်အကြောင်း မဟုတိတော့ပေ။ ခေါင်းဆောင် လျူက ထိုကိစ္စနဲ့ပက်သက်၍ မည်သည့်စကားမှ မဆိုပဲ ထိုအစား

“ဆေးဆရာချန် ထောက်ပံ့ရေးဌာန တခုလုံးကို တာဝန်ယူတဲ့ အကြီးအကဲတယောက် ခန်းမကို မကြာခင်လာပြီး စည်းဝေးမှာဆိုတော့ မင်းတခါ တည်း စောင့်နေသင့်တယ် မဟုတ်ရင်ပြန်လာနေ ရလိမ့်မယ်”

“မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတ ယ်”

ချန်အန်ကပြုံး၍ ပြောလိုက်သည်။ ပြီးနောက်

“ခေါင်းဆောင်လျူ ဘာအတွက်စည်းဝေးမှာလဲ”

“ဒါက ရုတ်တရက်ကြော်ငြာတာဆိုတော့ ငါလဲမ သိဘူး အစည်းအဝေးတက်ဖို့ ဂိုဏ်းထဲကဆေး ဆရာတွေနဲ့ အဓိကနေရာတွေကို အကြောင်း ကြားပြီးပြီ”

“ဟုတ်လား”

ချန်အန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နော က်တိတိဆိတ်သည့် နေရာတခုရှာကာ ထိုင်စော င့်နေလိုက်သည်။ အချိန်တခုကြာလျင် ဆေးဆ ရာများ ကျင့်ကြံသူများစွာက အကြောင်းကြား ချက်ကြောင့် ရောက်လာကြသည်။ ချန်အန်ကို သိနေသည့် ဆေးဆရာတဦးက ပြုံး၍ နှုတ်ဆ က်လာသည်။ ခဏကြာလျင် မူလရှင်းလင်းနေ သည့် နေရာကလူများပြည့်ကျပ်သွားသည်။

ထိုသူများက ပထမအဆင့်၏အဆင့်မြင့်ဆေး ဆရာများဖြစ်သည်။ ထိုလူများထဲမှ နှစ်ဦးသာ ဒုတိယအဆင့်ကို ရောက်နေခဲ့သည်။

“ဆေးဆရာတို့ ထောက်ပံ့ရေးဌာနကို လာရော က်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

နက်နဲပြီး သြဇာသံပါသည့် စကားသံနဲ့အတူအ ဖြူရောင်ဝတ် လူကြီးတဦးထွက်လာသည်။ ထို အဘိုးကြီးမှာ ဝါးရွက်ဂိုဏ်းမှ အကြီးအကဲဟန် ဖြစ်သည်။ ထိုသူကိုတွေ့သည်နှင့် ဆေးဆရာမျာ က ပျာပျာသလဲဖားယား နှုတ်ဆက်ကြတော့သ ည်။ ထိုအတွက်အပြစ်မဆိုသာပေ။ ထိုသူက ဆေးဆရာများ၏ ဘဝကိုချုပ်ကိုင်ထားသည့် လူတဦးဖြစ်သည်။

“အားလုံး ငြိမ်ငြိမ်နေကြပါ”

လက်ဟန်ဖြင့် ငြိမ်သက်ရန် သတိပေးလိုက်သ ည်။ ထို့နောက်

“ဒီနေ့ စုဝေးတာကတော့ အဆိပ်ဆေးဝါးတွေ ပို သန့်စင်ရမည့်အကြောင်းပါ”

အဆိပ်ဆေးဝါး ဟုတ်လား။ ထိုစကားကိုကြား သည်နှင့် ဆေးဆရာများက တဦးကိုတဥိီးကြည့် လိုက်ကြသည်။ တစုံတယောက်က အဆိပ်များ သန့်စက်ပြီး ခိုးဝှက်ရောင်းချခဲ့၍များလား။ သို့ သော် အကြီးအကဲက ထိုသို့မပြောပေ။ တိုက်ပွဲ ရှိ ကျင့်ကြံသူများကိုထိန်းချုပ်ရန် အထူးအဆိပ် တမျိုး ရောက်လာ၍ ဖော်စပ်ပေးရန် ဖြစ်နေသ ည်။ မကြာခင်က တိုက်ပွဲမှာပို၍ ဆိုးလာပြီး ကျ င့်ကြံသူများက ၎င်းတို့ကို ဆန့်ကျင်စပြုလာသ ည်။ ၎င်းတို့က သံနက်ဂိုဏ်းကိုဝင်ရောက်ခွင့်ရရ န် ဝါးရွက်ဂိုဏ်းမှ ကျင့်ကြံသူများကို ခေါင်းဖြ တ်သတ်ခဲ့ကြသည်။ ထိုအရာကို ထိန်းချုပ်ရန် အကြီးအကဲက အဆိပ်ဆေးများ တောင်းဆိုခြင် ဖြစ်သည်။

ထိုဆေးဝါးများ ဖော်စပ်သူအတွက် ဆုလာဘ် များပေးဦးမည်ဖြစ်ကြောင်း ကြားသိလျင်ဆေး ဆရာများက ဝမ်းသာသွားကြသည်။ ချန်အန်က တော့ထိုအရာကို စိတ်မဝင်စားပေ။ သူက ဒုတိ ယအဆင့် ဆေးပညာရှင်ဖြစ်ပါက ရတနာခန်းမ ကိုသာဝင်ရောက်လိုနေသည်။ အစည်းအဝေးက ခဏအကြာ၌ ပြီးဆုံးသွားခဲ့ပြီး ချန်အန်လည်း ထိုနေရာမှ ပြန်ထွက်လာခဲ့သည်။ အိမ်သို့ရောက် လျင် ဆောင်ဟွာယင်း၏ အခန်းထဲသို့ တန်းဝင် သွားပြီး ဒုတိယအဆင့် ဆေးပညာရှင်ဖြစ်ရန်မ စောင့်လိုတော့ပေ။

ကောင်းကင်က မှောင်မဲသွားပြီး လေအေးများ တိုက်ခက်နေသည်။ ထိုနေ့ည၌ ချန်ယုကျန်းက ဝမ်ကျိယန်၏ အခန်းထဲ၌ အိပ်စက်ရသည်။ ချနိ အန်က အဝတ်အစားများကို ချွတ်၍ ကုတင်ပေါ် လဲလျောင်းလိုက်သည်။

“ယောက်ျား ယင်းအာက သာမန်မိန်းကလေးပဲ အင်မော်တယ်ကျင့်ကြံသူ ယောက်ျားကယင်း အာကို ဘာလို့ဒီလောက်ကောင်းရတာလဲ”

ဆောင်ဟွာယင်းက ကုတင်ပေါ်လဲလျောင်းနေ သည်။ သူမကဲ့မျက်နှာကနီရဲနေပြီး အသက်ရှု နှုန်းများကလည်း မြန်ဆန်ကာ ရှုပ်ထွေးနေသ ည်။ ချန်အန်က စိတ်ထဲရှိသည့်အတိုင်း ဝန်ခံလို က်သည်။

“ယင်းအာက အရမ်းလှတယ် အဲ့တုန်းကဆိုတ ချက်ကြည့်ရုံနဲ့ စွဲလမ်းသွားခဲ့တာ”

ဒါပဲလား။ ဆောင်ဟွာယင်းက စိတ်ပျက်သွားရ သည်။ သို့သော်လည်း ထိုအမူအရာကို လျင်မြန် စွာပယ်ဖျက်လိုက်ပြီး အပြုံးချိုချိုလေးဖြင့် ဆို လာသည်။

“ယောက်ျား အခုတော့ အရွယ်နဲ့အလှပရှိနေတဲ့ ယင်းအာကို ကြည့်နေသင့်တယ် နောင်ဆိုခုလို မဟုတ်တော့ရင် ယင်းအာကိုကြည့်ချင်တော့မှာ မဟုတ်ဘူး”

“မဟုတ်ဘူး ယင်းအာရဲ့ အလှအပကိုထိန်းပေး မဲ့ ဆေးဝါးတမျိုး ငါရှာပေးမှာပါ ငါကငယ်ရွယ် ပြီးလှပတဲ့ ယင်းအာကိုနေ့တိုင်မြင်ချင်တယ်”

“ယောက်ျား”

ဆောင်ဟွာယင်းတယောက် စိတ်ထိခိုက်သွားခဲ့ ပြီး မျက်ရည်များစိုစွတ်လာသည်။ ချန်အန်က ထိုမျက်ရည်စများကို ညင်သာစွာသုတ်ပေးလို က်သည်။ မျက်စိတမှိတ်အတွင်း မနက်ခင်းကို ရောက်ရှိသွားသည်။ ချန်အန်က ဇနီးဖြစ်သူကို တချက်ကြည့်လိုက်ပြီး စနစ်ရဲ့မျက်နှာပြင်ကို စ စ်ဆေးလိုက်သည်။

ဆေးပညာ…ဒုတိယအဆင့် 2502/2500

သူက သတိပေးချက်ကိုကြည့်၍ ဒုတိယအဆင့် ဆေးဆရာတဦး ဖြစ်သွားခဲ့လေပြီ။ ထိုအရာနဲ့ ထိုက်တန်သည်ဟု ခံစားနေရပြီး ထူး၍ပျော်ရွှင် မနေတော့ပေ။

………………………………………………….

All Chapters