အခန်း (၃၀၂)
Vol. 21 Ch. 302
ကောင်းကင်ဘုရင် ဖန်၏ မျက်၀န်းများ ကျဉ်းမြောင်းသွားပြီး ခမ်းနားကာ ပြင်းထန်သည့် စွမ်းအားများ ပတ်၀န်းကျင်သို့ ရုတ်ချည်းပျံ့နှံ့သွားသည်။ ကောင်းကင်ဘုရင် တစ်ယောက်ထံမှထွက်ပေါ်လာသည့်ဖိအားကာ ဧရာမ တောင်ကြီးတစ်လုံးအလားပင်။
ဤကဲ့သို့ အခြေအနေမျိုးတွင် ဗဟိုသူတော်စင် ၀တ်စုံအား ဆင်မြန်းထားသည့် လူတစ်စု အဘယ်ကြောင့် ရောက်လာရသနည်း။
“ ဟမ့် နိမ့်ကျတဲ့လူစားမျိုးတွေ… တောင်ပေါ်မှာ ကျားမရှိတော့ မျောက်က ဘုရင်ဟန်ဆောင်နေပြီပေါ့….”
ဗဟိုသူတော်စင် အကယ်ဒမီလူစုက အထင်သေးဟန်ဖြင့် ရှုံ့ချလိုက်၏။
သူတို့အားလုံး ဖိအားအောက်တွင် အသက်ရှုကြပ်နေခဲ့ကြသော်လည်း မျက်၀န်းများထဲမှ တင်းမာမှုက လျော့မသွားခဲ့ပေ။ ကောင်းကင်ဘုရင်(၄)ယောက်အား အလေးမထားဟန်ဖြင့် ဆက်လက်စိုက်ကြည့်နေကြ၏။
ဌာနမှူးက အကယ်ဒမီပြင်ပမှ လှုပ်ရှားမှုကို အာရုံခံမိလိုက်သဖြင့် ဂိတ်တံခါးကြီးရှေ့သို့ သွားလိုက်လျှင် မြင်ကွင်းက သူ့အား စိတ်လှုပ်ရှားသွားစေခဲ့သည်။
၎င်းတို့က ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားဟောင်းများဖြစ်ကြ၏။
ယခင်နှစ်များအတွင်း ဗဟိုသူတော်စင်အကယ်ဒမီက ကျဆင်းနေခဲ့သော်လည်း ထိပ်တန်းအကယ်ဒမီကြီး (၅)ခုထဲမှ တစ်ခုဖြစ်သည့် အားလျော်စွာ အရည်အချင်းရှိသူတချို့အား မွေးထုတ်ပေးနိုင်ခဲ့သည်။
ထိုလူစုထဲတွင် မူလဘုရင်အဆင့်အောက် နိမ့်ကျသူတစ်ယောက်မှ မပါ၀င်ဘဲ လူသားဘုရင်အဆင့်တချို့ပင် ပါ၀င်နေ၏။
“ ဌာနမှူး… ကျွန်တော် ဗဟိုသူတော်စင် အကယ်ဒမီကို ပြန်၀င်ပါရစေ…”
“ ဗဟိုသူတော်စင် အကယ်ဒမီက ကျောင်းသားတစ်ယောက်အနေနဲ့ အကယ်ဒမီနဲ့အတူ သေဆုံးခွင့်ပြုပါ…”
“ ကျွန်တော် ရန်လျန်ရောဘဲ…”
ဌာနမှူးရောက်လာသည်ကိုမြင်လျှင် ကျောင်းသားဟောင်းများက အားတက်သရော အော်ဟစ်လိုက်ကြပြီး ပိတ်ဆို့ခံထားရသော အကယ်ဒမီ တံခါး၀သို့လျှောက်သွားလိုက်ပြီး ရန်သူများအား ယင်ကောင်များသဖွယ် စက်ဆုပ်ရွံ့ရှာစွာကြည့်လိုက်ကြ၏။
သို့သော် ကောင်းကင်ဘုရင်ဖန်က အထင်သေးစွာဖြင့်
“ ဟမ့်… ကြက်တွေ ခွေးတွေ အုပ်စုကများ… လာပြီး မောက်မာနေကြသေးတယ်…”
သူက စကားဆုံးသည်နှင့် အလွန်ကြီးမားသော ဖိအားကို ထုတ်ဖော်ကာ တိုက်ရိုက်တိုက်ခိုက်လိုက်၏။ အကယ်ဒမီ ၀င်ပေါက်ရှေ့မှ မြေကြီးများ အက်ကွဲကာ ကျောက်ခဲများ ၊ ဖုန်မှုန့်များ လွင့်ပျံ့သွားလေသည်။
ကောင်းကင်ဘုရင်စွမ်းအားများ ပါ၀င်သော တိုက်ခိုက်မှုက ကျောင်းသားဟောင်း အုပ်စုထံသို့ ၀င်ရောက်သွားလေသည်။
ကောင်းကင်ဘုရင် ဖန်၏ မျက်၀န်းများက အေးစက်နေကာ နှုတ်ခမ်းထောင့်စွန်းက တွ့န်ကွေးနေ၏။
ဗဟိုသူတော်စင် အကယ်မီကိုဖျက်ဆီးမည့် သူတို့အစီအစဉ်အား အနည်းငယ်မျှ အတိမ်းအစောင်းမခံနိုင်ပေ။
ထိုမူလဘုရင် နှင့် လူသားဘုရင်အဆင့် ကျောင်းသား အုပ်စု၏ စွမ်းအားက အနည်းငယ်မျှ ကြောက်စရာမရှိချေ။ သို့သော် အဓိက ကြောက်စရာ ရှေ့ထွက်လာဝံ့သော ၎င်းတို့ သတ္တိဖြစ်၏။
၎င်းက ဗဟိုသူတော်စင် အကယ်ဒမီဘက်မှ လူများ၏ ယုံကြည်မှုနှင့် သတ္တိကို လှုံ့ဆော်ပေးနိုင်စွမ်းရှိသည်။ ဗဟိုသူတော်စင် အကယ်ဒမီက တည်ရှိလာသည်မှာ နှစ်ပေါင်းများစွာ ကြာချေပြီ။ ၎င်းတို့ သင်ကြားပျိုးထောင်ပေးခဲ့သော ပါရမီရှင်များ မည်မျှရှိကြောင်း မည်သူမှမသိနိုင်ပေ။
ဤလူများ၏ စတင်လှုံ့ဆော်မှုကြောင့် တဖြည်းဖြည်း လူပေါင်းများစွာ ရောက်လာပါက ပြသနာများပေလိမ့်မည်။
၎င်းတို့ ယုံကြည်ချက်များအား ရိုက်ချိုးနိုင်မည့် တစ်ခုတည်းသော အရာက အကြွင်းမဲ့စွမ်းအားဖြစ်၏။ တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်မှဖြစ်မည်။
ကောင်းကင်ဘုရင် ဖန်၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးနေခဲ့သည်။ မျက်လုံးထဲ၌ လူသတ်လိုစိတ်များ ပြည့်နှက်လာ၏။
ရွှစ်…
သို့သော် ပုံရိပ်တစ်ခု ရုတ်တရက် ရောက်လာပြီး ဗဟိုသူတော်စင် အကယ်ဒမီကျောင်းသားဟောင်းများအား အကာအကွယ်ပေးလိုက်သည်။
ဘုန်း…
ရောက်လာသူ၏ စွမ်းအားများနှင့် ကောင်းကင်ဘုရင်ဖန်၏ လက်ဝါးချက်တို့ လေထဲ၌ တိုက်ရိုက်တွေ့ဆုံသွားခဲ့သည်။
“ ဘယ်သူလဲ…”
ကောင်းကင်ဘုရင်ဖန် အနည်းငယ် လေးနက်သွား၏။
သူ၏ တိုက်ခိုက်မှုအား တားဆီးလိုက်သူက ကောင်းကင်ဘုရင်တစ်ယောက်သာ ဖြစ်ရမည်။
ကျန် ကောင်းကင်ဘုရင်(၃)ယောက်တို့လည်း ထိုနေရာသို့ လေးနက်စွာ စိုက်ကြည့်လိုက်ကြ၏။
ဝှစ်ရှ်..
ဒေါသထွက်နေဟန်ရသည့် လှပသော အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။
“ အဲ့ဒါ.. စီနီယာ အစ်မ ဇီရုံပဲ…”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ရောက်လာသူ၏ အမည်အား အော်ဟစ်လိုက်၏။
ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ရောက်လာချေပြီ။ သူမက လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အကြာက ဗဟိုသူတော်စင် အကယ်ဒမီ၌ ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်း တစ်ဦးဖြစ်သည်။ အလွန်ထူးချွန်သော ပါရမီနှင့် လှပသော ရုပ်သွင်ကြောင့် ထိုအချိန်တုန်းက ကျောင်းသားများကြား အလွန်ရေပန်းစားခဲ့သည်။
“ အိုး… ဘယ်သူများလဲ.. ကြည့်ရတာတော့ ကောင်းကင်ဘုရင်အဆင့်ကိုရောက်တာ သိပ်မကြာသေးဘူးပဲ…”
ကောင်းကင်ဘုရင် ဖန် ရယ်မောလိုက်၏။
“ ဒီကိစ္စက မင်း ၀င်ပါသင့်တဲ့ကိစ္စမဟုတ်ဘူး… အဲ့အဆင့်အထိရောက်အောင် လေ့ကျင့်ဖို့ မလွယ်တာကို မင်းနားလည်မှာပါ… ဒါကြောင့် မြန်မြန် လှည့်ပြန်လိုက်.. ရူးမိုက်တာတွေ မလုပ်ချင်စမ်းပါနဲ့….”
ကောင်းကင်ဘုရင်ဖန်က လင်းဇီရုံအား စကားအနည်းငယ်ဖြင့် ထွက်သွားရန် တိုက်တွန်းလိုက်သည်။
ပါရမီရှင်တစ်ဦးအနေဖြင့် အစောပိုင်းကောင်းကင်ဘုရင်အဆင့်သာ ဖြစ်သော်လည်း သူမ တိုက်ခိုက်နိုင်စွမ်းက အစောပိုင်းကောင်းကင်ဘုရင်အဆင့်ထက် ကျော်လွန်နေသည်။ သို့သော် ဤနေရာမှ ကောင်းကင်ဘုရင်(၄)ယောက်အား ခြိမ်းခြောက်နိုင်ရန် မလုံလောက်သေးချေ။
“ ဌာနမှူးဟောင်းက ကျွန်မအပေါ်မှာ အရမ်းကြင်နာခဲ့တယ်.. ပြီးတော့ ကျောင်းသားတစ်ယောက်အနေနဲ့ ဗဟိုသူတော်စင် အကယ်ဒမီကို ကာကွယ်ပေးဖို့ ဝာာ၀န်ရှိတယ်…”
“ ဒီနေ့ ဒီနေရာမှာ သေရမယ်ဆိုရင်တောင် လုံး၀ ထွက်သွားမှာမဟုတ်ဘူး…”
လင်းဇီရုံက ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး ခါးသီးစွာပြုံးလိုက်သော်လည်း သူမ၏ လှပသော အသွင်အပြင်အား အနည်းငယ်မျှ ထိခိုက်သွားစေခြင်းမရှိပေ။ သူမထံမှ အလွန်တည်ငြိမ် အားကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူမက အနည်းငယ်မျှ မယိမ်းယိုင်သည့် ကျောက်တောင်ကြီးတစ်လုံးအလား ကောင်းကင်ဘုရင်ဖန်ရှေ့၌ တည်ငြိမ်စွာရပ်နေခဲ့သည်။
“ ရှင်တို့က ဗဟိုသူတော်စင်အကယ်ဒမီကို ဖျက်ဆီးချင်ဝာာလား… အဲ့လိုလုပ်ဖို့ ကျွန်မကို ဖြတ်ကျော်နိုင်မှရမယ်…”
ဘုန်း..
ထိုစကားက ဗဟိုသူတော်စင် အကယ်ဒမီမှ ကျောင်းသားတိုင်း၏ နှလုံးသားအား ရိုက်ခတ်သွားခဲ့သည်။
“ စီနီယာ အစ်မဇီရုံက အရမ်းထက်မြက်တယ်… ဟမ့် ဒီနေ့ ဗဟိုသူတော်စင် အကယ်ဒမီကို ဖျက်ဆီးချင်တယ်ဆိုရင် ငါတို့ အလောင်းထက်က ဖြတ်သွားမှပဲရလိမ့်မယ်…”
“ ငါ့ နှလုံးသားထဲက နတ်ဘုရားမလေးက မျှော်လင့်ထားသလိုပါဘဲလား…”
ကျောင်းသားဟောင်းများအားလုံး လင်းဇီရုံအား အလွန်မြတ်နိုးစွာ ကြည့်နေခဲ့ကြသည်။
“ ဟားဟားဟား…”
ကောင်းကင်ဘုရင်ဖန်က လှောင်ရယ်လိုက်ပြီး လင်းဇီရုံအား အပေါ်အောက် စုံဆန်ကြည့်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံဖို့က လုံး၀ မလွယ်ဘူး.. မင်းမှာ ရွှေရောင်အနာဂါတ်ရှိတယ်… ဘာလို့ ဗဟိုသူတော်စင် အကယ်ဒမီအတွက် အသက်စွန့်ချင်နေရတာလဲ…”
သက်ပြင်းချကာပြောလိုက်ပြီးသည်နက် တစ်ပြိုင်နက် ကောင်းကင်ဘုရင်ဖန်၏ မျက်၀န်းများ အေးစက်သွားလေသည်။
“ ဒီလိုဆိုမှတော့ သေလိုက်တော့…”
ဘုန်း…
အကန့်အသတ်မဲ့လုနီးပါး ကောင်းကင်ဘုရင်အဆင့် စိတ်ဝိညာဉ်စွမ်းအင်များက နတ်ဘုရားချီများပမာ ပြောင်းလဲသွားပြီး လင်းဇီရုံအား ပစ်မှတ်ထား ထိန်းချုပ်လိုက်သည်။
“ သေစမ်း…”
ကောင်းကင်ဘုရင်ဖန်က အေးစက်စွာအော်လိုက်၏။
ဘုန်း…
ပင်လယ်ကြီးပမာ ကျယ်ပြန့်လှသည့် စိတ်ဝိညာဉ်စွမ်းအင်များအကြားမှ ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်၏ ပုံသဏ္ဍာန်ထွက်ပေါ်လာသည်။ ထို့နောက် ရှေးဟောင်းရုန်းများလည်း ဖြစ်ပေါ်လာပြီး ကျမ်းစာအုပ်၏ မျက်နှာပြင်ထက်သို့ ရေစီးကြောင်းတစ်ခုပမာ စီးဆင်းသွားလေသည်။
အုန်း…
ထိုအချိန်တွင် လူတိုင်းနီးပါး တိတ်ဆိတ်နေခဲ့ကြ၏။ ထိုကျမ်းစာအုပ်က သူတို့အမြင်တွင် ထူထဲသော အခိုးအငွေ့များဖြင့် ဖုံးလွှမ်းနေပြီး နှလုံးသားထဲ၌ ဝေဝေဝါးဝါးသာ ခံစားမိနေကြသည်။
လူအုပ်ထဲမှ သန်မာသူတစ်ယောက်က ၎င်း၏ နတ်အသိဖြင့် အာရုံခံကြည့်လိုက်လျှင် ကျမ်းစာအုပ်ထက်မှ စာလုံးပုံစံ ရုန်းများက ကောင်းကင်ဘုရင်အဆင့်အောက်မှ ကျင့်ကြံသူတိုင်း ၎င်းအား ထိမိသည်နှင့် ချက်ချင်းသေဆုံးသွားနိုင်ကြောင်း နားလည်လိုက်သည်။
ဘုန်း…
လင်းဇီရုံအနေဖြင့် ထိုတိုက်ခိုက်မှုအား ရင်မဆိုင်နိုင်ကြောင်း နားလည်သော်လည်း ရွေးချယ်စရာမရှိသောကြောင့် ရှေ့တက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။