← Chapters

အခန်း (၃၀၄)

Vol. 21 Ch. 304

အခန်း (၃၀၄)

Vol. 21 Ch. 304

သို့သော် ပင်းယုက သူ့အား ထိန်းချုပ်ထားသည်ဖြစ်ရာ အဘယ်မှာလျှင် လွတ်မြောက်ရန်နိုင်မည်နည်း။

ဗဟိုသူတော်စင်အကယ်ဒမီ၏ အရှေ့ဘက် ကောင်းကင်ထက်တွင် လူတိုင်း၏အကြည့်များအောက်၌ ကောင်းကင်ဘုရင်အဆင့် အစွမ်းထက်ကျင့်ကြံသူက အလွန်နာကျင်နေဟန်ရပြီး ရုန်းကန်နေခဲ့ကာ တစ်ခဏအကြာတွင် လေထဲ၌ ပျောက်ကွယ်သွားတော့သည်။

“အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်…”

ထိုမြင်ကွင်းအား မြင်လိုက်လျှင် ရှန်းမိသားစုမှ ကောင်းကင်ဘုရင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး လှည့်ပြေး‌တော့သည်။

သူက နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်ရာ ပင်းယု၏ စွမ်းအားကို ခံစားမိခဲ့သည်။

လက်ရှိ ပင်းယု ထံမှထွက်ပေါ်နေသည့် အရှိန်အဝါများက အဆုံးကိုပင်မမြင်ရပဲ ပျက်ဆီးခြင်းသဘောတရားများကိုသာ ခံစားနေရသည်။

သူ တစ်စက္ကန့်မျှ နောက်ကျသွားသည်နှင့် သေဆုံးသွားမည်ကို နားလည်ထား၏။

ရွှစ်….

ဤသို့ဖြင့် အနားမှ လေဟာနယ်အား အားကုန်ဆွဲဖွင့်လိုက်သည်။

သူ ထွက်ပြေးသွားသော်လည်း ပင်းယုက လက်မလျော့ခဲ့ပေ။

ရွှစ်…

စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ဖွဲ့စည်းထားသည့် ဧရာမ လက်ကြီးတစ်ဖက်က နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးမှ စေလွှတ်လိုက်သည့် လက်ကြီးအလား ရှေ့သို့ တရှိန်ထိုး ပြေးထွက်သွားလေသည်။

ဘန်း….

ပင်းယုက လက်ဖဝါးအား ညှစ်ချလိုက်သည်နှင့် အလွန်ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ပြန်လည်ပိတ်ဆို့သွားသည့်လေဟာနယ်အား လမ်းခုလတ်၌ ပြန်လည်ဆွဲဖွင့်လိုက်သည်။

ပတ်ဝန်းကျင်မှလူတိုင်း ကောင်းကင်ထက်သို့ မှင်သက်စွာ မော့ကြည့်နေကြ၏။

လက်ရှိတွင် သူတို့အမြင်၌ ပင်းယုက နတ်ဘုရားတစ်ပါး အလားပင်။ သူမ၏ ဧရာမလက်ဖဝါးကြီးက မျက်စိတစ်မှိတ်အတွင်း ‌မိုင်ထောင်ပေါင်းများစွာအား ဖြတ်ကျော်သွားခဲ့သည်။

ထို လက်ဖဝါးကြီးက ကောင်းကင်ဘုရင် ရှန်း ပြေးသွားသည့် လမ်းကြောင်းနောက်သို့ လိုက်ပါသွားပြီး ၎င်းအားမှီသွားချိန်တွင် ချက်ချင်းဖမ်းဆုပ်လိုက်၏။

“နင်က ငါ့ရှေ့မှာ ထွက်ပြေးချင်နေတာလား…”

ပင်းယု၏ မျက်ဝန်းများက အေးစက်နေပြီး လှောင်ရယ်လိုက်သည်။

ထို နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူက အမှန်တကယ် အစွမ်းအစတစ်ချို့ ပိုင်ဆိုင်ထားသည်။ သူမ အနည်းငယ်သတိလွတ်သွားသည့် အချိန်၌ လေဟာနယ်အား ချက်ချင်းဆွဲဖွင့်ကာ ထွက်ပြေးသွားခဲ့သည်။

သို့သော် ပင်းယုက လေဟာနယ်နှင့်တသားတည်းဖြစ်နေလိမ့်မည်ဟု ကောင်းကင်ဘုရင် ရှန်း လုံးဝမျှော်လင့်ထားခဲ့ခြင်းမရှိချေ။

ရွှစ်…

တောင်ပိုင်းတိုက်ကြီး၏ တစ်နေရာတွင် လေဟာနယ်များအား တစ်ခုပြီးတစ်ခုဆွဲဖွင့်ကာ ထွက်ပြေးလာခဲ့သော ကောင်းကင်ဘုရင် ရှန်း ၏ပုံရိပ်ထွက်ပေါ်လာသည်။

သူက ခေါင်းလှည့်ပြီး အနောက်သို့ တစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှုများ ကျန်ရှိနေဆဲ ဖြစ်ကာ ထိုကြောက်မက်ဖွယ်ခံစားချက်အား ယခုတိုင်ခံစားနေရဆဲဖြစ်သည်။

ဝှစ်…

တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် အံကြိတ်ကာ မှော်အဆောင်တစ်ခုအား ထုတ်၍ ချိုးဖျက်လိုက်၏။

ဘုန်း….

ကောင်းကင်ဘုရင် ရှန်း နာကျင်စွာ အော်ဟစ်လိုက်၏။ သူ၏ မျက်နှာထက်တွင် အရေးအကြောင်းများဖြစ်ပေါ်လာကာ ဆံပင်များလည်းဖြူဖွေးလာပြီး သာမန်မျက်လုံးဖြင့် မြင်နိုင်သော အရှိန်ဖြင့် အိုမင်းလာခဲ့သည်။ သူ၏ စွမ်းအားနှင့် အသက်ဓာတ် တစ်ဝက်ကို မှော်အဆောင်အတွင်းသို့ ထည့်သွင်းလိုက်၏။

ရွှစ်…

ထို့နောက် အလွန်တုန်လှုပ်နေဆဲဖြစ်သော ကောင်းကင်ဘုရင် ရှန်းက လေဟာနယ်အား ဆုတ်ဖြဲကာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းတွင် ကောင်းကင်ဘုရင် ရှန်း၏ စိတ်ဝိညာဉ်စွမ်းအားနှင့် အသက်ဓာတ်တစ်ဝက် ထည့်သွင်းထားသည့် ကျောက်စိမ်းမှော်အဆောင်က အနည်းငယ်လှုပ်ခါသွားပြီး ၎င်းအတွင်း၌ နားလည်ရန်ခက်ခဲသော အသိစိတ်တစ်ခု မွေးဖွားလာခဲ့သည်။

နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ၏ စွမ်းအားနှင့်အသက်ဓာတ်တစ်ဝက်က မည်သို့ဖြစ်လိမ့်မည်နည်း။

ထို ကျောက်စိမ်းမှော်အဆောင်အား အချိန်အနည်းငယ်သာ ပေးလိုက်မည်ဆိုပါက ၎င်းက အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အသိညာဏ်မွေးဖွားလာပြီး နတ်ဆိုးတစ်ဦးဖြစ်လာနိုင်သည်။

ဘုန်း…

လေဟာနယ်တစ်ခုလုံး တုန်ခါသွားကာ ‌ဧရာမလက်ကြီးတစ်ဖက်ထွက်ပေါ်လာပြီး ကျောက်စိမ်းမှော်အဆောင်အား ဆုပ်ကိုင်ကာ ဆွဲခေါ်သွားခဲ့သည်။

ဝုန်း….

ဗဟိုသူတော်စင်အကယ်ဒမီ၏ ကောင်းကင်ထက်တွင် ဧရာမလက်ကြီးပြန်ရောက်လာခဲ့ပြီး ပင်းယုက ၎င်းအတွင်း၌ပါလာသည့် ကျောက်စိမ်းမှော်အဆောင်အား တစ်ချက်ကြည့်လိုက်သည်။

သူမ၏ လှပသော မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့၏။

“ ဘာဖြစ်လို့လဲ…”

ရွှမ်ယီ အနည်းငယ်မျက်မှောက်ကြုတ်လိုက်မိသည်။ ထို ကျောက်စိမ်းမှော်အဆောင်အတွင်းမှ ထွက်ပေါ်နေသည့် အရှိန်အဝါများက ကောင်းကင်ဘုရင်တစ်ယောက်၏ အရှိန်အဝါအောက်ကိုမကျပေ။

“ အဲ့ဒီကောင်းကင်ဘုရင်က သူ့အသက်ဓာတ်တစ်ဝက်ကို ဒီကျောက်စိမ်းမှော်အဆောင်ထဲမှာထည့်ထားခဲ့တာ… သူ လွတ်သွားပြီ…”

ပင်းယု အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက်

“ငါ သူ့ကို လိုက်ရှာလိုက်မယ်…”

သူမ အနည်းငယ်ရှက်ရွံ့သွားဟန်ရပြီး ပြတ်သားစွာ ပြောလိုက်၏။

ရွှမ်ယီက ‌ခေတ္တစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

“ သူက ကောင်းကင်အကယ်ဒမီရှေ့အထိ ပြသနာလာရှာပြီးမှ လွတ်မြောက်ချင်တာလား…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် လက် ဝှေ့ယမ်းလိုက်သည်။

“ လိုက်ဖမ်းပြီးတော့ ရှင်းပစ်လိုက်ပါ…”

ရွှစ်…

ပင်းယုက ခေါင်းညိတ်ပြလိုက်ပြီးနောက် လေဟာနယ်အား ဆွဲဖွင့်ကာ ချက်ချင်းပျောက်ကွယ်သွား၏။

ကောင်းကင်ဘုရင် ရှန်းက သူမထံမှ လွတ်မြောက်ရန် ကျောက်စိမ်းမှော်အဆောင်အား အသုံးပြုခဲ့သော်လည်း သူမ၏ စိတ်ဝိညာဉ်အမှတ်အသား ထိုလူပေါ်တွင်ရှိနေသည်ဖြစ်ရာ အဘယ်မှာလျှင် လွတ်မြောက်နိုင်လိမ့်မည်နည်း။

ဗဟိုသူတော်စင်အကယ်ဒမီအား တိုက်ခိုက်ရန်အတွက် ဝန်းရံထားသည့် မူလဘုရင်နှင့်လူသားဘုရင်အဆင့်များအားလုံး အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။

နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူ‌တစ်ယောက်က ခွေးပြေးဝက်ပြေးထွက်ပြေးသွားပြီး လွတ်မြောက်ရန်အတွက် သူ၏စွမ်းအားနှင့် အသက်ဓာတ်တစ်ဝက်အား စတေးခဲ့သည့်တိုင် ရွှမ်ယီနှင့်ပင်းယု တို့က အလွတ်ပေးလိုစိတ်မရှိပဲ သတ်ဖြတ်ချင်နေကြသည်။

သူတို့ လိုက်ဖမ်းလို့ မှီနိုင်ပါ့မလား။

ရွှမ်ယီက အသာအယာပြုံးလိုက်ပြီး လက်နှစ်ဖက် နောက်ပစ်ကာ ရပ်နေပြီး ပင်းယု၏ ပြန်အလာကို ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။

သူအနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။ ဗဟိုသူတော်စင်အကယ်ဒမီ ပတ်ဝန်းကျင်မှ လူတိုင်းကလည်း ရွှမ်ယီအား အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် တစ်ယောက်မှ လှုပ်ရှားဝံ့ခြင်းမရှိကြချေ။ တစ်ခဏအကြာတွင် လေဟာနယ်က တုန်ခါသွား၏။

ဘန်း…

ပင်းယု၏ ပုံရိပ်ထွက်ပေါ်လာပြီး သူမက လက်ထဲ၌ဖမ်းဆုပ်လာသည့် အလောင်းတစ်ခုအား မြေပေါ်သို့ ပစ်ချလိုက်သည်။

ထိုသေဆုံးနေပြီဖြစ်သော အလောင်းက ထွက်ပြေးလွတ်မြောက်သွားသော ကောင်းကင်ဘုရင် ရှန်း ဖြစ်ပေသည်။

“ ဟုတ်ပြီ…”

“ ကျန်တဲ့လူတွေကတော့…..”

လေထဲမှ ပြုတ်ကျလာသော ကောင်းကင်ဘုရင် ရှန်း၏ အလောင်းက မြေပေါ်သို့မကျမီ ပြာမှုန်များအဖြစ် ပြောင်းလဲသွား၏။

ရွှမ်ယီက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ မျက်လုံးအား ကျန်လူများထံသို့ ရွှေ့လိုက်သည်။

ထို လူပေါင်းများစွာ စုစည်းထားသည့် အင်အားစုက ထိပ်တန်းဒေသကြီး (၁၀) ခုအပြင်ဘက်မှ မည်သည့်အဓိက အင်အားစုကြီးများကိုမဆို ဖျက်ဆီးနိုင်စွမ်းရှိသည်။

“ ဆရာရွှမ်… ကျုပ်ကို အသက်ချမ်းသာပေးပါ…”

“ ကျုပ်မှာ မျက်လုံးတွေရှိပေမယ့် ဆရာသခင်ရွှမ်ရဲ့ ကြီးမြတ်တဲ့ပုံရိပ်ကို မမြင်နိုင်ခဲ့ပါဘူး… ဗဟိုသူတော်စင်အကယ်ဒမီနဲ့ ဆရာသခင်ရွှမ်ဆီက ခွင့်လွှတ်မှုကို တောင်းခံပါတယ်…”

ထို ဗဟိုသူတော်စင်အကယ်ဒမီအား ဝန်းရံထားသည့်ကျင့်ကြံသူများအားလုံး အစွမ်းထက်ကျင့်ကြံသူများဖြစ်ကြသည့်တိုင် ရွှမ်ယီ၏ အကြည့်အောက်တွင် ၎င်းတို့၏ ဝိညာဉ်များပင် တုန်ခါသွားသကဲ့သို့ ခံစားနေရ၏။

သူတို့အားလုံး လက်နက်ချ အရှုံးပေးကာ ရွှမ်ယီအား အသက်ချမ်းသာပေးရန် တောင်းပန်နေကြသည်။

အစောပိုင်းက နှောင်းပိုင်းကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူပင် ပင်းယု ရှေ့၌ ဘာမှဘာမှမဟုတ်ကြောင်း ထင်ရှားစွာတွေ့မြင်ခဲ့ရ၏။

မှန်ပေသည်။ ရွှမ်ယီ နံဘေးမှ ကောင်းကင်ဘုရင်က အစစ်အမှန်အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူ ဖြစ်နေသည်။

ထိုမျှ သန်မာသော လူတစ်ယောက် ရွှမ်ယီအနားတွင် ရှိနေသည်ဖြစ်ရာ မည်သူမျှ ထွက်ပြေးရန် မကြိုးစားဝံ့သည့်အပြင် ရွှမ်ယီကိုလည်း ကလန်ကဆန်ပြုဝံ့ခြင်းမရှိကြချေ။

ရွှမ်ယီက မည်သည့်စကားမှ မဆိုပဲ သူ၏ လက်အား အသာအယာဝှေ့ယမ်းလိုက်သည်။

ဤမတိုင်ခင် သူပြောခဲ့သေး၏။ ၎င်းတို့အားလုံး သေရမည်။

၎င်းတို့၏ သေဆုံးခြင်းအား လက်တစ်ဖက်ဝှေ့ယမ်းကာ အတည်ပြုပေးလိုက်သည်။

All Chapters