← Chapters

အခန်း (၃၀၈)

Vol. 21 Ch. 308

အခန်း (၃၀၈)

Vol. 21 Ch. 308

ပိုင်ဖန်ဘုရင် ခေါင်းယမ်းပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။

သူတို့ ဒေသအားသိမ်းပိုက်ရန် ဘုရင်အဆင့် ပင်လယ်သားရဲ တစ်ဒါဇင်ကျော် ရောက်လာခဲ့သည်။

သူတို့ဒေသမှ ဘုရင်အဆင် (၂)ယောက်က အမွှေးတိုင် တစ်၀က်ခန့်လောက်သာ အချိန်ဆွဲပေးနိုင်ခဲ့၏။

‌ဒေသမှ နောက်ဆုံးခံစစ်အား ချိုးဖျက်ပြီးနောက် ပင်လယ်သားရဲများက ဒေသတစ်ခုလုံး ပျံ့နှံ့သွားခြင်းဖြစ်ပြီး သူတို့ဒေသ၌ ၎င်းတို့ထဲမှ တစ်စိတ်တစ်ပိုင်းသာရှိခြင်းဖြစ်သည်။

သူတို့ အနေအထားဖြင့် ဘုရင်အဆင့် ပင်လယ်သားရဲများ ရောက်မလာမှီ ဇာတ်သိမ်းသွားရန်များ၏။

ဤမျှ ကွာခြားမှုဖြင့် ၎င်းတို့အား အဘယ်မှာလျှင် အံ့တု ဖက်ပြိုင်နိုင်မည်နည်း။

မျှော်လင့်ချက်လား…?

“ ငါ့ရဲ့ မြောက်လေနိုင်ငံက ဒီနေ့ထက် ပိုပြီး ဆက်မတည်ရှိတော့မှာ စိုးမိတယ်…”

ပိုင်ဖန်ဘုရင်က သမီးဖြစ်သူအား စိုက်ကြည့်လိုက်ပြီးနောက် တဖြည်းဖြည်း မျက်၀န်းများက မှိန်ဖျော့လာခဲ့သည်။

ရွှပ်…

သူလက်ထဲရှိ ဓားအိမ်အတွင်းမှ ဓားအား ဆွဲထုတ်လိုက်သည်။ ထို့နောက် တံခါးဘောင်သို့ ခြေတစ်လှမ်းတင်လိုက်၏။ ရှေ့ထွက် တိုက်ခိုက်ရန် အသင့်ဖြစ်နေချေပြီ။

ထိုအချိန်တွင် မြောက်လေနိုင်ငံ၏ ကောင်းကင်အထက်မှ လေဟာနယ်က ဝုန်းကနဲ အသံကျယ်ကြီးဖြင့် ပြင်းထန်စွာ ကွဲထွက်သွားခဲ့သည်။

ရွှစ်…

၎င်းအတွင်းမှနေ၍ လူတစ်စု ထွက်ပေါ်လာခဲ့၏။

ဦးဆောင်လာသူက အဖြူရောင်၀တ်စုံဖြင့် ရွှမ်ယီ ဖြစ်ပေသည်။

“ အားလုံးပဲ… သတ်ကြ…”

ရွှမ်ယီက ရောက်လာသည်နှင့် ချက်ချင်း အမိန့်ပေးလိုက်၏။

ဤနေရာတွင် အချိန်ဆွဲနေ၍ မဖြစ်ချေ။ ပင်လယ်သားရဲများက နေဂာအနှံ့သို့ကျူးကျော်နေခြင်းဖြစ်၏။ အနည်းငယ် နှောင့်နှေးခြင်းက လူပေါင်းများစွာတို့၏ အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။

ရွှမ်ယီက ဗဟိုသူတော်စင် အကယ်ဒမီမှ အဖွဲ့အား လူစုခွဲစေခဲ့သည်။

ဘုရင်အဆင့် (၄) ၊ (၅) ယောက်ဦးဆောင်သော အဖွဲ့များအား ဒေသတစ်ခုချင်းစီသို့ စေလွှတ်ခဲ့၏။

ရွှမ်ယီက သူ၏ တပည့်များကိုသာ ခေါ်ဆောင်လာခဲ့သည်။

၎င်းတို့က အခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး၌သာ ရှိနေကြသေးသော်လည်း ဘုရင်တစ်၀က်အဆင့်အား ကျော်လွန်၍ မူလဘုရင် အစောပိုင်းအဆင့်နှင့်ပင် တိုက်ခိုက်နိုင်စွမ်းရှိကြသည်။

“ ဆရာ အမိန့်အတိုင်း လိုက်နာပါ့မယ်…”

ဦးညွှတ် အရိုအသေပေးလိုက်ပြီးနောက် ကိုယ်စီ ပစ်မှတ်များရွေးချယ်ကာ ပြေး၀င်တိုက်ခိုက်လိုက်ကြ၏။

ရွှမ်ယီနှင့် အတူတကွ ရှိနေသည်မှာ ကြာပြီဖြစ်ရာ အရိပ်ပြရုံနှင့် အကောင်မြင်နေကြချေပြီ။ ရွှမ်ယီကိုယ်တိုင်ကလည်း ဤဒေသအား တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ဘုရင်အဆင့် ပင်လယ်သားရဲများထံသို့ ပြေး၀င်သွားလိုက်၏။

ဘုန်း…

ရွှမ်ယီ၏ အရှိန်အဟုတ်က လေထုကိုပင် တုန်ခါသွားစေခဲ့သည်။

ထို တစ်ဒါဇင်ကျော်ရှိသော ပင်လယ်သားရဲကြီးများကလည်း ရွှမ်ယီကို သတိထားမိသွားကြပြီး တုံ့ပြန် တိုက်ခိုက်လိုက်ကြသည်။

သူတို့အမြင်တွင် ပြိုင်ဘက် လူသားက တစ်ယောက်တည်းသာဖြစ်၏။ သူတို့ဘက်တွင် (၁၃)ယောက်တောင်ရှိသည်။ ဤအစုအဖွဲ့ဖြင့်ဆိုလျှင် လူသားဘုရင်အဆင့်နှင့် တိုက်ခိုက်ရန်ပင် ယုံကြည်ချက်ရှိ၏။

ထိုလူငယ်လေးအား ၀င်လေ ထွက်လေဖြင့် သတ်လိုက်လို့တောင်ရသည်။

ပင်လယ်သားရဲများပြုံးပြီး ရွှမ်ယီထံ ပြေး၀င်သွားလိုက်ကြ၏။

မြောက်လေ နိုင်ငံမှ လူများအမြင်တွင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ထားသည့် အဖြူ၀တ်လူငယ်လေးက ပင်လယ်သားရဲ (၁၃)ကောင်နှင့် မျက်နှာခြင်းဆိုင် တွေ့ဆုံချေပြီ။

“ ဒါ စစ်ကူတွေပဲ…”

မြောက်လေနိုင်ငံ ဘုရင်က လက်သီးကျစ်နေအောင်ဆုပ်ထားပြီး ရွှမ်ယီအား စိတ်ပူစွာကြည့်နေလေသည်။

သူက အဘယ်ကြောင့် စစ်ကူတစ်ယောက်တည်း ရောက်လာသနည်းဟု မေးခွန်းမထုတ်လိုပေ။ ထို တစ်ယောက်မျှရောက်လာခြင်းကပင် ရန်သူများအား အချိန်ဆွဲထားပြီး ပိုမိုအားကောင်းသူများ ‌မကြာခင်ရောက်လာရန် မျှော်လင့်နိုင်သေး၏။

ဒါမှမဟုတ် ထိုလူငယ်က ဘုရင်အဆင့်၌ အဆင့်မြင့်ကျင့်ကြံသူပေလော…?

ပိုင်ဖန် ဘုရင် ရွှမ်ယီအား စိုးရိမ်တစ်၀က် မျှော်လင့်ချက် တစ်၀က်ဖြင့် ငေးကြည့်နေခဲ့၏။

ဘုရင်၏ သမီးတော်( ပိုင်ဖန် မင်းသမီး ) ကလည်း သူမအဖေ ရှေ့ထွက်တော့မည့် ခြေလှမ်း ပြန်ရုတ်သိမ်းလိုက်သည်ကို မြင်ပြီးနောက် သက်ပြင်းချလိုက်ကာ ရွှမ်ယီအပေါ် အာရုံစိုက်ထားလိုက်သည်။

စောနက သူ့အဖေ တိုက်ခိုက်ရန် ရှေ့ထွက်တော့မည့်အချိန် သူမ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစားခဲ့ရ၏။

သူမအဖေက အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူလေးသာဖြစ်၏။ ရှေ့ထွက်သည်နှင့် တန်းသေသွားပေလိမ့်မည်။

ထို လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသူက မည်သူဖြစ်စေကာမူ သူမ အဖေအသက်ကို ကယ်တင်ခဲ့သော ကျေးဇူးရှင်ဖြစ်ပေသည်။

သို့သော် သူမ မြင်လိုက်ရသည်က ဘုရင်အဆင့် ပင်လယ်သားရဲ (၁၃)ကောင် အတူတကွ ရောက်လာခြင်းပင်။

“ ဘာလို့လဲ…”

ပိုင်ဖန် မင်းသမီး မျက်၀န်းများနီရဲသွားပြီး ပါးစပ် အုပ်ထားမိလိုက်သည်။

သူမ ရွှမ်ယီအားကြည့်ရင်း မျက်ရည်ကျတော့မတတ်ဖြစ်နေချေပြီ။

(၁၃)ကောင် နှင့် (၁)ယောက်…!

သူ မည်သို့ ယှဉ်နိုင်မည်နည်း…?

“ ကောင်းတယ်…”

ကောင်းကင်ထက်တွင် ရွှမ်ယီ အသာအယာပြုံးလိုက်၏။

ဘုန်း….

သူ့ထံမှ ဓားရည်ရွယ်ချက်စွမ်းအား ပေါက်ကွဲ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်မှ လေဟာနယ်ကိုပင် ကွဲအက်သွားစေခဲ့သည်။ ထို့နောက် လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များအောက်၌ မီတာ(၁၀၀၀)၀န်းကျင် ရှည်လျားသည့် ဓားအလင်းတန်းကြီးတစ်ခု ကောင်းကင်ထက်၌ ထွက်ပေါ်လာသည်။

ဘုရင်အဆင့် ပင်လယ်သားရဲ(၁၃)ကောင် အမူအရာများ ပြောင်းလဲသွား၏။

ရွှစ်…

ရွှမ်ယီ၏ ခန္ဓာကိုယ် အနည်းငယ် လှုပ်ရှားသွားသည်။

ထို့နောက် ရှေ့ဆုံးမှ ပြေး၀င်လာသော ပင်လယ်သားရဲ ရှေ့တည့်တည့်၌ ပြန်ပေါ် လာ၏။

ထို့နောက် အလွန် တောက်ပသည့် ဓားချက်တစ်ချက် ထွက်ပေါ်လာပြီး လေဟာနယ်ကိုပိုင်းချလိုက်သည်။

ထိုပင်လယ်သားရဲ အနည်းငယ်မျှပင် လှုပ်ရှားနိုင်စွမ်းမရှိခဲ့ချေ။ ထိုနေရာ၌ပင် တောင့်တင်းနေခဲ့ပြီး မျက်၀န်းများက အသက်ကင်းမဲ့ နေချေပြီ။ အသက်ဝိညာဉ်မရှိတော့သည့်တိုင် ၎င်း၏ မျက်နှာထက်၌ ကြောက်လန့်နေဟန် ကျန်ရှိနေခဲ့သေး၏။

အသက်ရှုကြိမ် အနည်းငယ်ကြာပြီးနောက် လည်ပင်းမှ သွေးများစီးကျလာပြီး အသက်မဲ့နေသော ကိုယ်ကြီးက မြေပြင်ထက်သို့ ဝုန်းကနဲ ပြုတ်ကျသွားလေသည်။

ဘုရင်အဆင့် ပင်လယ်သားရဲတစ်ကောင်း ဓားတစ်ချက်ဖြင့် သေဆုံးသွားချေပြီ။

ရွှစ်…

ထိုအချိန်တွင် ရွှမ်ယီ၏ ပုံရိပ်က နံဘေး၌ ကြောင်အနေသော ပင်လယ်သားရဲ (၅)ကောင်ရှေ့သို့ရောက်သွား၏။ ဓားလျား ထက်မြိကာ တောက်ပသော ဓားအလင်းတစ်ချက်လက်သွားပြီး ကောင်းကင်ထက်၌ သွေးများ ပြန့်ကျဲသွားလေသည်။ ၎င်းတို့အားလုံး တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ သေဆုံးသွားခဲ့၏။

ရွှမ်ယီက လေထဲ၌သာ ရပ်နေခဲ့ပြီး ပင်လယ်သားရဲများ၏ သွေးများ စွန်းပေနေသည့် ဓားချက်အား တစ်ချက် ခါချလိုက်သည်။ ထို့နောက် လက်ကျန် ပင်လယ်သားရဲ(၆)ကောင်အား စိုက်ကြည့်ပြီး တစ်ချက်မျှ လှောင်ရယ်လိုက်၏။

ဘုန်း…

ထို့နောက် ကောင်းကင်ကြီးတစ်ခုလုံး အလင်းများ ပျောက်ဆုံးသွားသည့်အလား ဖြစ်သွားပြီး

မြောက်လေ နိုင်ငံမှ လူတိုင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ထက်တွက် မီတာ (၁၀၀၀)ကျော် ‌ရှည်လျားသည့် ဓားချီ အလင်းတန်းကြီးကာ ‌နတ်ဘုရားတစ်ပါး၏ အပြစ်ပေးမှုအလား လက်ကျန် ပင်လယ်သားရဲ (၆)ကောင်ထံသို့ ကျဆင်းသွား၏။

ဘုန်း…

ဖိအားအောက်တွင် ပင်လယ်သားရဲ(၆)ကောင်လုံး အနည်းငယ်မျှ လှုပ်ရှား ရုန်းကန်နိုင်စွမ်းမရှိချေ။ နေရာ၌သာ အေးခဲနေပြီး ဓားချက်နှင့် ထိတွေ့သွားပြီးနောက် သွေးမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဓားချီအလင်းတန်းက ၎င်းတို့အား ဖြတ်သန်းပြီးနောကိ အရှိန်မသေသေးဘဲ မြေပြင်ထက်သို့ ဆက်လက်ကျဆင်းသွား၏။

ပတ်၀န်းကျင်တစ်ခုလုံး ငလျင်လှုပ်သည့်အလား တုန်ခါသွားခဲ့ပြီး မြောက်လေတစ်နိုင်ငံလုံးမှ လူတိုင် တုန်ခါမှုအား ခံစားမိလိုက်ကြသည်။

ထို မူလဘုရင်အဆင့်နှင့် ညီမျှသော ပင်လယ်သားရဲ (၁၃)ကောင်က ဤဒေသ တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

သို့သော် ရွှမ်ယီက မည်သူနည်း..?

လူသားဘုရင်အထွတ်အထိပ် တိုက်ခိုက်နိုင်စွမ်းအား ပိုင်ဆိုင်ထားသူဖြစ်ပေသည်။

ဓားစွမ်းအားက ကြောက်မက်ဖွယ်အတိဖြစ်သည်။

ရွှမ်ယီက ပထမဆုံးတိုက်ပွဲအဖြစ် ပိုင်ဖန်မြို့သို့ ဦးတည်လာနေခဲ့သည့် ဘုရင်အဆင့် ပင်လယ်သားရဲများအား ကြက်များ ခွေးများ သတ်ဖြတ်သည့်အလား ရှင်းလင်းပစ်ခဲ့သည်။

ပိုင်ဖန်မြို့မှ လူတိုင်းနီးပါး မြို့ရိုးတံတိုင်းထက်သို့ထက်ကာ အလွန်အစွမ်းထက်သော ရွှမ်ယီအား ငေးကြည့်နေခဲ့ကြ၏။

လူတစ်ယောက်က ထိုမျှ အစွမ်းထက်သည်လော…?

“ ဆရာက အရမ်းအစွမ်းထက်တယ်…”

ရွှမ်ယီ၏ တပည့်များလည်း မိမိတို့ တာ၀န်ယူထားသည့် နေရာများ၌ အားတက်သရော တိုက်ခိုက်လိုက်ကြ၏။

ကောင်းကင်ထက်၌ ဓားအလင်းများ အဆက်မပြတ် လင်းလက်တောက်နေခဲ့သည်။

နေ့ဝက်ခန့်ကြာပြီးနောက် ထိုဒေသမှ ပင်လယ်သားရဲများအားလုံး ရှင်းပစ်နိုင်ခဲ့၏။

“ အားလုံးပဲ.. ကိုယ့်‌နေရာကို သေချာထိန်းသိမ်း စောင့်ရှောက်ကြပါ…”

ရွှမ်ယီက ခါး၌ ချိတ်ထားသည့် ကျောက်စိမ်းပြားအား တစ်ချက်ကြည့်လိုက်လျှင် သူ၏ စစ်ပွဲအမှတ်က ထောင်ဂဏန်းကျော်သွားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထို့နောက် အနည်းငယ်ရယ်မောလိုက်ကာ သူ့အဖွဲ့အား ဦးဆောင်ပြီး နောက်ထပ် ဒေသတစ်ခုသို့ ဦးတည်လိုက်၏။

မြောက်လေနိုင်ငံတွင် ပိုင်ဖန်ဘုရင် အလွန် အံ့အားသင့်နေခဲ့သည်။

“ ငါတို့ လူသားမျိုးနွယ်က အစွမ်းထက်ကျင့်ကြံသူဘဲ… ဒီလိုလူတွေနဲ့ဆိုရင် တောင်ပိုင်းတိုက်ကြီးကို ကျိန်းသေပေါက် ကယ်တင်နိုင်လိမ့်မယ်…”

မင်းသမီးကလည်း ထွက်ခွာသွားသော ရွှမ်ယီ၏ နောက်ကျောအား ရွှန်းလဲ့စွာကြည့်နေခဲ့သည်။ ထို အဖြူ၀တ်လူငယ်၏ ပုံရိပ်က သူမ စိတ်ထဲ၌ တစ်သက်တာလုံး စွဲထင်သွားပေတော့မည်။

All Chapters