← Chapters

အခန်း (၃၁၄)

Vol. 21 Ch. 314

အခန်း (၃၁၄)

Vol. 21 Ch. 314

“ လူသားတွေက တိုက်ချင်တယ်ဆိုတော့လည်း တိုက်ကြတာပေါ့…”

ရှန်တောင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှ အလွန်ကြီးမားသော စွမ်းအားတစ်ခု ဝုန်းကနဲ ထွက်ပေါ်လာသည်။ သူ့ထံမှ ထွက်ပေါ်နေသည့် စိတ်ဝိညာဉ်စွမ်းအားများက အလွန်နက်ရှိုင်းကျယ်ပြန့်သော ပင်လယ်ကြီးတစ်စင်းကဲ့သို့ဖြစ်ကာ ပတ်ဝန်းကျင်မှ အင်လယ်သားရဲများ၏ နှလုံးသားများအား တင်းကြပ်သွားစေခဲ့သည်။

“ ဟုတ်ကဲ့…”

ပင်လယ်သားရဲများ တုန်ခါသွားခဲ့ပြီး လေးနက်စွာ ဦးညွှတ်ထားလိုက်ကြသည်။

တစ်ခဏအကြာတွင် နှစ်ဖက်စလုံးမှ တပ်များ စတင်လှုပ်ရှားလာခဲ့သည်။ လူသားမျိုးနွယ်က ဖန်ဝူ၏ဦးဆောင်မှုဖြင့် ပင်လယ်သားရဲများသိမ်းပိုက်ထားသော နယ်မြေဆီသို့ ဦးတည်လိုက်ကြ၏။ နယ်မြေနှစ်ခုကြား အစပ်နေရောသို့ ရောက်လျှင် ဖန်ဝူက လက်အားဝှေ့ယမ်းလိုက်ရာ လူတိုင်းနောက်သို့ အနည်းငယ်ဆုတ်ပြီး တန်းစီရပ်လိုက်ကြသည်။

ရှန်တောင်က လေထဲ၌ ဂုဏ်ယူဝံ့ကြွားစွာရပ်နေခဲ့ပြီး သူ၏နောက်မှ ပင်လယ်ရေထဲတွင် ပင်လယ်သားရဲများ ဟိုဟိုဒီဒီ လှုပ်ရှားသွားလာ ယိမ်းထိုးနေကြပြီး လူသားများအား လှောင်ပြောင်လိုသော အပြုံးများဖြင့် ကြည့်နေခဲ့ကြသည်။

မကြာခင် စစ်ပွဲစတင်တော့မည်။

ထိုအချိန်တွင် လူသားများဘက်မှ ပုံရိပ်‌တစ်ခုထွက်ပေါ်လာသည်။ ထိုလူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ငြားသော မျက်နှာပိုင်ဆိုင်ထားကာ လက်နှစ်ဖက်အား နောက်ပစ်လျက် ထူးမခြားနားဟန်ဖြင့် ရပ်နေခဲ့ပြီး ရှန်တောင်အား တိုက်ရိုက်လှမ်းကြည့်လိုက်သည်။

ရှန်တောင်ကလည်း ရွှမ်ယီအားကြည့်ကာ နတ်အသိဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလျက် ပြုံးလိုက်သည်။

“ အိုး… လူသားတွေ မင်းတို့က ညာဏ်တော့ကောင်းသားပဲ… (၃) ကြိမ်ဆက်တိုက် ရှုံးပြီးတဲ့နောက်မှာ ပါရမီရှင်တစ်ယောက်ကို ဆင့်ခေါ်ဖို့အသိဝင်သွားပြီပေါ့… ကျွတ်.. ကျွတ်.. ကျွတ်…”

ရှန်တောင်၏မျက်နှာက အေးစက်နေကာ မျက်ဝန်းများထဲ၌ လှောင်ပြောင်လိုဟန်များပြည့်နေခဲ့ပြီး

“ ဒါပေမယ့် မင်းကဘယ်နှစ်ကွက်လောက်များ ခံနိုင်မှာမို့လို့လဲ…”

ထိုစကားထွက်ပေါ်လာသည်နှင့် နန်ကျိုးမှလူများအားလုံး အလွန်ဒေါသထွက်သွားကြသည်။

အစပိုင်းတွင် ရွှမ်ယီထွက်ပေါ်လာတုန်းက သူ၏ပုံစံကိုမြင်ပြီးနောက် လူတစ်ချို့က သံသယများဖြင့် စိတ်ရှုပ်ထွေးနေခဲ့ကြသည်။ ထိုလူ လေထဲသို့ ပျံတက်သွားစဉ် မည်သည့်အရာများလုပ်နေကြောင်းသူတို့နားမလည်ကြသော်လည်း တစ်ဖက်မှ လှောင်ပြောင်သံက သူတို့ ဒေါသအား ဆွပေးနိုင်ခဲ့သည်။

ယခုအချိန်တွင် လေထဲ၌ တစ်ယောက်တည်းပျံသန်းနေသူက သူတို့ဘက်မှ ပါရမီရှင်သာဖြစ်ရမည်။

သို့သော် တစ်ဖက်တွင် ရှန်တောင်က ဘယ်နှစ်ကွက်လောက်များ ခံနိုင်မလဲဟု လှောင်ပြောင်စကားဆိုခဲ့သည်။ ၎င်းက လူသားမျိုးနွယ်အား ပြင်းထန်စွာ ကဲ့ရဲ့လိုက်ခြင်းပင်။

“ သတ်… သတ်…. သတ်ကြ….”

ဘုန်း…

အားလုံးအလွန်ဒေါသထွက်သွားပြီး သူတို့လက်နက်များအား မြေကြီးပေါ်သို့ဆောင့်ကာ ကြွေးကြော်လိုက်ကြ၏။

ရွှမ်ယီက အသာအယာခေါင်းယမ်းလိုက်ပြီး ရှန်တောင်အား ပြုံးလျက်ကြည့်လိုက်သည်။

ဘယ်နှစ်ကွက်ခံနိုင်မလဲ…?

’ ငါ့ဆီက တိုက်ကွက်အနည်းငယ်ကိုတောင် မင်း မခံနိုင်မှာစိတ်ပူမိသား…’

….

နန်ကျိုးဘက်မှ တပ်ဖွဲ့ကြီးက လက်နက်များကို ဆုပ်ကိုင်လျက် ရှန်တောင်အား ဒေါသတကြီး ကြည့်နေကြလေသည်။

သူတို့ နန်ကျိုး တောင်ပိုင်းမှ တပ်မတော်ကြီး ရှေ့ဆက်မတိုးနိုင်ရခြင်းမှ သူ‌တို့ရှေ့ရှိ ထိုလူငယ်ကြောင့်ဖြစ်၏။

ခေါင်းဆောင် ဖန်က လူတိုင်းအား စုစည်းကာ သေချာအားစိုက် တိုက်ခိုက်မည်ဆိုလျှင်တောင် ၎င်းအား တားဆီးနိုင်ရုံသာ တတ်နိုင်မည်။ အနိုင်ယူရန် မဖြစ်နိုင်ချေ။

ခေါင်းဆောင်အပါအ၀င် အစွမ်းထက်ဆုံးကျင့်ကြံသူများ စုပေါင်းတိုက်ခိုက်နေရခြင်းကြောင်း ကျန်နေရာများ၌ ကူညီထောက်ပံ့နိုင်ခြင်းမရှိတော့ချေ။ ဤသို့ဖြင့် နှစ်ဖက် တပ်ဖွဲ့ကြီးနှစ်ခု တိုက်ခိုက်ရာ၌ လူသားများဘက်မှ ရှုံးနိမ့်ပြီး အသေအပျာက် များခဲ့သည်။

ထိုကြောင့် ရှန်တောင်အား လူတိုင်း မုန်းတီးနေကြ၏။

သူတို့သာ စိတ်ရှိတိုင်း ဆောင်ရွက်နိုင်မည်ဆိုပါက ထိုရှန်တောင်အား အပိုင်းပိုင်း ခုတ်ထစ်မိပေလိမ့်မည်။

စစ်ပွဲမ‌စသေးသည်ဖြစ်ရာ ၎င်းတို့ဒေါသများအား အသက်ပြင်းပြင်းရှုပြီး မြိုသိပ်လိုက်ကြ၏။

ထို့နောက် သံသယဖြစ်နေသောမျက်၀န်းများဖြင့် လေထဲမှ အဖြူ၀တ်လူငယ်အား ငေးကြည့်လိုက်ကြသည်။

သူ လုပ်နိုင်မည်လော…?

စစ်သူကြီး ဖန်၏ အစည်းအဝေးပွဲပြီးနောက် ချက်ချင်းစစ်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးပွဲသို့ တက်ရောက်သူများမှလွဲလျှင် ကျန်သူများ ရွှမ်ယီအား မသိကြပေ။ ရွှမ်ယီအကြောင်းအား လူတိုင်းထံသို့ မိတ်ဆက်ပေးရန်လည်း အချိန်မရှိခဲ့သည်ဖြစ်ရာ လူအများစုအမြင်တွင် ရွှမ်ယီက လူငယ်လေးတစ်ယောက်သာဖြစ်၏။

အကယ်ဒမီ တစ်ခုခုမှ ကျောင်းသားတစ်ယောက်ဟု ဆိုလျှင်ပင် ယုံမိကြပေလိမ့်မည်။

ထို့အပြင် အထွတ်အထိပ် လူသားဘုရင်အဆင့်များ ရှန်တောင်အား ဝိုင်းတိုက်ခဲ့ကြသည့် မြင်ကွင်းအား သူတို့မြင်ခဲ့ရသည်။

လူများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့်တိုင် ရှန်တောင်အား ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းမရှိပေ။ ဆန့်ကျင့်ဘက်အနေဖြင့် ရှန်တောင်ကသာ ၎င်းတို့အား ထိန်းချုပ်ထားပြီး နှောင့်နှေးစေနိုင်ခဲ့သည်။

အထွတ်အထိပ် လူသားဘုရင်များပင် အနိုင်မယူ နိုင်ခဲ့သည့် ကိစ္စကို…

ယခုတွင် လူငယ်လေး တစ်ယောက်က…

လူသားများဘက်တွင် သံသယများ ရှိနေကြသော်လည်း ပင်လယ်သားရဲများ ဘက်တွင်မူ ရှန်တောင်၏ စွမ်းအားအပေါ် ယုံမှား သံသယမရှိကြပေ။

သူတို့၏ ဦးခေါင်းများအား မိုးပေါ်သို့မော်ကြွားစာ မြှောက်ထားပြီး အပြာရောင်မျက်နှာများထက်၌ ယုံကြည်မှုများ ပြည့်နှက်နေကြသည်။

“ အကြီးအကဲက အရမ်းအစွမ်းထက်တယ်… လူသား ကောင်လေးကို ကြည့်ရတာ အသက်(၂၀) လောက်ပဲရှိဦးမယ်… အကြီးအကဲဆီက တိုက်ခိုက်မှု အနည်းငယ်ကိုတောင် ခံနိုင်ပါ့မလား…”

အစိမ်းရောင် ဦးခေါင်းနှင့် ပင်လယ်သားရဲတစ်ကောင်က ရှန်တောင် အနီး၌ ရိုသေစွာ ခေါင်းငုံ့ထားပြီး ‌မြှောက်ပင့်စကားဆိုလိုက်၏။

“ ဟားဟားဟား.. လူသား‌မျိုးနွယ်က ကောင်တွေက အရမ်းရယ်ရတယ်… သေဖို့ကို အရမ်းကြောက်ပြီး ယုံကြည်မှုမရှိမှတော့ ရန်သူကို ဘယ်လိုအနိုင်ယူနိုင်တော့မှာလဲ…”

နောက်ထပ် ပင်လယ်သားရဲတစ်ကောင်လည်း ရှေ့တိုးလာခဲ့ပြီး

“ အကြီးအကဲက မြင့်မြတ်အဆင့်ဇယားမှာတောင် သန်မာတဲ့လူဘဲ… လူသားမျိုးနွယ်ကောင်လေးက ဘယ်လိုလုပ်ပြီး ပြိုင်ဘက် ဖြစ်နိုင်မှာလဲ….”

“ ဟမ့်…”

ရှန်တောင်ကလည်း ဂုဏ်ယူနေသော မျက်နှာထားဖြင့် ခေါင်းအား (၄၅)ဒီဂရီ မော့ထားခဲ့သည်။ သူ၏ ငွေဖြူရောင် ဆံနွယ်များက လေနှင့်အတူ လွင့်မျောနေ၏။

ထိုစကားများက အမှန်ပင်။ သူက မြင့်မြတ်အဆင့်ဇယား၌ပင် အစွမ်းထက်သူ တစ်ဦးဖြစ်သည်။

သူက လူသားဘုရင်အဆင့်၌သာရှိနေသော်လည်း ပိုင်ဆိုင်ထားသော စွမ်းအားက လူသားဘုရင်အဆင့်ထက် ကျော်လွန်နေချေပြီ။

တစ်ချိန်တည်းတွင် ပင်လယ်သားရဲ တော်၀င်မျိုးနွယ်မှ ဆင်းသက်လာသည်ဟူသော မာနက ပို၍ ယုံကြည်မှု ရှိသွားစေခဲ့သည်။ ထိုလူသားမျိူးနွယ်က အဘယ်မှာလျှင် သူ့ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်နည်း။

ရှေးခေတ်တွင် နန်ကျိုးမှ လူသားများက သူတို့ ကျွန်များဖြစ်ခဲ့၏။

လူသားများဘက်မှ သံသယ အကြည့်များနှင့် ပင်လယ်သားရဲများ၏ အထင်သေး လှောင်ပြောင်မှုများအောက်တွင် ရွှမ်ယီက ဓားရှည်အား ဆွဲထုတ်လိုက်သည်။ ဓားရှည်တစ်လျှောက်လုံးတွင် ဓားရည်ရွယ်ချက်စွမ်းအားက တဖျတ်ဖျတ်တောက်ပနေပြီး ပတ်၀န်းကျင်မှ လေဟာနယ်ကိုပင် တွန့်လိမ်သွားစေသည်။

ထိုအချိန်တွင် လူသားမျိုးနွယ် တပ်ဖွဲ့ကြီးအတွင်း အပြာရောင်၀တ်စုံအား ၀တ်ဆင်ထားပြီး ခန္ဓာကိုယ်အချိုးအစား ဖြောင့်စင်းကာ လှပသော အမျိုးသမီးတစ်ဦးရှိနေသည်။ အထူးသဖြင့် သူမထံမှ ထွက်ပေါ်နေသော သူရဲကောင်းဆန်သည့် ဟန်ပန်အရှိန်အဝါက မျက်စိကျစရာပင်။

အစောပိုင်း ရွှမ်ယီ စတင်ထွက်ပေါ်လာစဉ် သူမ မျက်ခုံးလေးများ တွန့်ကွေးသွားပြီး အနည်းငယ် ပဟေဠိဖြစ်သွားခဲ့၏။

ထို့နောက် ရွှမ်ယီ ဓားထုတ်လိုက်ရာ သူမ မျက်လုံးလေးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။

ချက်ချင်း သူမ၏ လှပသော မျက်နှာလေးထက်၌ ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့၏။

လှပစွာ ပွင့်လန်းလာသည့် ပန်းလေးတစ်ပွင့်အလားပင်။

ထိုအပြုံးကြောင့် အနီးပတ်၀န်းကျင်မှ လူများပင် တဒင်္ဂမျှ မိန်းမောသွားကြ၏။

All Chapters