← Chapters

အခန်း (၃၁၅)

Vol. 21 Ch. 315

အခန်း (၃၁၅)

Vol. 21 Ch. 315

သူမ အမည်က လင်းရွှမ်အာဖြစ်ပြီး နာကစ်ဆစ်ဂိုဏ်းမှ လာသူဖြစ်သည်။

ပင်လယ်သားရဲများအား ပြန်လည်တိုက်ထုတ်ရန်အတွက် တောင်ပိုင်းနယ်စပ် ရှေ့တန်းသို့ ဂိုဏ်းချုပ်နှင့်အတူ လိုက်လာခြင်းဖြစ်၏။

ထို နာကစ်ဆစ်ဂိုဏ်းက နန်ကျိုး၏ တောင်ပိုင်းနယ်စပ်တစ်နေရာမှ ချောင်ကျသော ဂိုဏ်းလေးတစ်ခုဖြစ်သည်။

သို့သော် ထိုဂိုဏ်း၏ သတင်းအချက်အလက်စုဆောင်းမှုက အထူးကောင်းမွန်သည်။ ဤသို့ဖြင့် လင်းရွှမ်အာက ရွှမ်ယီအကြောင်း အမှတ်တမဲ့ သိခဲ့ရခြင်းဖြစ်၏။

အသက်ငယ်ငယ်လေးဖြင့် လူသားဘုရင်အဆင့်သို့ရောက်ကာ လူသားဘုရင်အဆင့်၌ပင် နံပါတ်(၉) ဖြစ်သည်။

တစ်ချိန်တုန်းက ဖြတ်သွားဖြတ်လာ ကုန်သည်တစ်ဦးထံတွင် ရွှမ်ယီ၏ ရုပ်ပုံပါ၀င်သော ပုံရိပ်ကျောက်တုံးအား သူမ ၀ယ်ခဲ့ဖူးသည်။

၎င်းတွင် ခမ်းနားသော ဓားအရှိန်အဝါတစ်ခု ပါ၀င်၏။ ထို ဓားအရှိန်အဝါအောက်တွင် အဖြူရောင်၀တ်စုံနှင့် လူတစ်ဦးက ဓားတစ်ချောင်းကိုင်ထားပြီး လက်တစ်ဖက် နောက်ပစ်ကာ ရပ်နေခဲ့သည်။

လေဟာနယ်စွမ်းအားများ မတည်ငြိမ်မှုနှင့် ပြင်းထန်သော စွမ်းအားများအောက်တွင် ရှင်းလင်းစွာ မှတ်တင်းတင်နိုင်ခဲ့ခြင်းမရှိသဖြင့် လူပုံရိပ်က အလွန်ဝေဝါးနေခဲ့သည်။

သို့သော် ထို ‌ဓားတစ်ချောင်းနှင့် ရွှမ်ယီ၏ ပုံစံက လင်းရွှမ်အာ၏ အသက်ရှုသံများကို မြန်သွားစေခဲ့သည်။

သူမ နှလုံးသားက ရွှမ်ယီထံ ၀ပ်ဆင်းသွားပြီး ချက်ချင်း ရွှမ်ယီ၏ အမာခံ ပရိတ်သတ်မလေးတစ်ဦး ဖြစ်သွားခဲ့၏။

တောင်ပိုင်း နယ်စပ်တွင် ရွှမ်ယီ ပထမဆုံးထွက်ပေါ်လာကတည်းက လင်းရွှမ်အာ အနည်းငယ် ရင်းနှီးနေသလို ခံစားမိခဲ့သည်။ ထိုအချိန်တုန်းက သိပ်မသေချာသေးသော်လည်း ဓား‌ထုတ်သည်ကို မြင်လိုက်ပြီးနောက် သူမ အတည်ပြုနိုင်ခဲ့၏။

“ ငါတို့ နန်ကျိုးက ဒီတိုက်ပွဲမှာ နိုင်တော့မယ်… သေချာပေါက်ပဲ…”

လင်းရွှမ်အာအနေဖြင့် သူမ၏ အိုင်ဒေါဖြစ်သူအား တစ်နေ့တွင် အပြင်၌ ဆုံနိုင်လိမ့်မည်ဟု လုံး၀မျှော်လင့်ထားခဲ့ခြင်းမရှိချေ။ သူမ အသက်ရှုမ၀သလိုပင် ခံစားနေမိပြီး ရင်ဘတ်ရှေ့၌ လက်သီးလေးများအား တင်းကြပ်စွာ ဆုပ်ထားပြီး ရွှမ်ယီအား တောက်ပသော မျက်၀န်းများဖြင့် ငေးကြည့်နေခဲ့သည်။

ရွှမ်ယီ အနိုင်ရမည်ဟု သူမ တထစ်ချယုံကြည်နေမိ၏။

လင်းရွှမ်အာအနားတွင်ရှိနေသော အမျိူးသား မျက်မှောင်ကြုတ်သွားသည်။

လင်းရွှမ်အာက နာကစ်ဆစ်ဂိုဏ်း၌ ပါရမီကောင်းမွန်ပြီး အလွန်စရာကောင်းသူလေးဖြစ်၏။

သူက စီနီယာတစ်ယောက်ဖြစ်သော်ငြား လင်းရွှမ်အာနှင့် ပေါင်းသင်းဆက်နွယ်မိချိန် နက်ရှိုင်းစွာ စွဲလမ်းသွားခဲ့သည်။

ယခုတွင် လင်းရွှမ်အာ၏ စိတ်လှုပ်ရှားမှုနှင့် ရွှမ်ယီအပေါ် ယုံကြည်ကိုးစားနေသည့် သဘောထားက သူ့အား စိတ်မသက်မသာ ဖြစ်သွားစေ၏။

ဂျူနီယာညီမလေးက ဤမတိုင်ခင် ဘယ်တုန်းကမှ ယခုကဲ့သို့ ဟန်ပန်မျိုး မဖြစ်ဖူးချေ။

“ သူ ဘယ်သူလဲ…”

ရင်ဘတ်ထဲ၌ တင်းကြပ်လာပြီး အသက်ပြင်းပြင်းလိုက်ရင်း ရွှမ်ယီအား သတိအနေအထားဖြင့် ကြည့်လိုက်သည်။

သူပြောလိုက်ချိန်တွင် လင်းရွှမ်အာက စကားပြောရန် အဖော်ရသွားဟန်ဖြင့် မျက်၀န်းများ တောက်ပသွားကာ လှည့်ပြီး ပြုံးပြလိုက်၏။

“ သူက ရွှမ်ယီလေ… လူသားဘုရင်အဆင့်ကို ချိုးဖျက်ပြီးတာနဲ့ လူသားဘုရင်အဆင့်ဇယားမှာ ချက်ချင်း နံပါတ်(၉) ဖြစ်သွားတာ… သူက တကယ့် ပါရမီရှင်ဘဲ….”

“ အချိန်တစ်ခု ရောက်ရင် နံပါတ်(၁) ကိုရောက်သွားမှာ… သူက တောင်ပိုင်းတိုက်ကြီးအတွက် မယုံကြည်နိုင်စရာ တည်ရှိမှုတစ်ခုဘဲ…”

“ သူနဲ့သာ အတူတူဆိုရင်.. ငါတို့ လူသားတွေဘက်က အနိုင်ရလိမ့်မယ်….”

လင်းရွှမ်အာက ဘယ်တုန်းကမှ မဖြစ်ပေါ်ဖူးသော စိတ်အားထက်သန်မှုမျိုးဖြင့် စီနီယာ အစ်ကိုဖြစ်သူအား ကြည့်လိုက်သည်။

သူမ၏ လေသံက အလွန်တက်ကြွကာ ရွှင်မြူးလျက်ရှိပြီး ပျော်ရွှင်မှုအား မျှဝေလိုဟန်ရ၏။

သိုသော် ထို စိတ်အားထက်သန်နေမှုများကြောင့် စီနီယာအစ်ကိုဖြစ်သူ ပို၍ပင် မပျော်တော့ချေ။

သူမ၏‌ ပျော်ရွှင်မှုများက သူ့ကြောင့်မဟုတ်မှန်း နားလည်ထား၏။

“ ဟမ့်…”

နောက်ဆုံးတွင် စိတ်မရှည်တော့ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ သူ ရင်ဆိုင်ရမယ့် ပင်လယ်သားရဲရဲ့ ခွန်အားကို မင်း နားမလည်ပါဘူး….”

“ အထွတ်အထိပ် လူသားဘုရင်အဆင့် ကျင့်ကြံသူတွေ ပေါင်းတိုက်တာတောင် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး… အဲ့ဒီ ရွှမ်ယီ.. သူက အစောပိုင်း လူသားဘုရင်ပဲ ရှိသေးတာကို… လုပ်နိုင်ပါ့မလား….”

ထိုစကားများက လင်းရွှမ်အာကို အံ့အားသင့်သွားစေခဲ့သည်။ သူမက စီနီယာ အစ်ကိုဖြစ်သူအား မယုံကြည်နိုင်စွာ ကြည့်လိုက်ရင်း သူမ မျက်၀န်းထဲ၌ စိတ်ပျက်မှုများ ဖြစ်ပေါ်လာ၏။

“ စီနီယာ.. ရှင် ပင်လယ်သားရဲဘက်က အရမ်းပါလွန်းနေပြီ…”

စီနီယာအစ်ကိုအား စိုက်ကြည့်နေသော လင်းရွှမ်အာ၏ မျက်နှာလေးထက်၌ ဒေါသ‌ငွေ့များ ဖြစ်ပေါ်နေသည်။

သာမန်ဆိုလျှင် အမြဲ နူးညံ့ကာ အကောင်းမြင်တတ်သည့် စီနီယာက ယခုတွင် ဘာများဖြစ်နေရသနည်း။

“…. ငါ အမှန်တိုင်းပြောပြနေတာ…”

တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ ထင်မြင်ချက်ကို အခိုင်အမာ ပြန်ပြောလိုက်၏။

သူ့အမြင်က ယခင်အတိုင်းပင်။ အထွတ်အထိပ် ဘုရင်အဆင့်များ ပူးပေါင်းတိုက်ခိုက်သည့်တိုင် အနိုင်မယူနိုင်ခဲ့သူအား အစောပိုင်း လူသားဘုရင်တစ်ယောက်က အနိုင်ယူနိုင်မည်မထင်ပေ။

“ ရှင့်စကားတွေက ရိုးသားမှုရောရှိရဲ့လား….”

လင်းရွှမ်အာ အလွန်ဒေါသထွက်သွား၏။ သူမက လှောင်ရယ်လိုက်ပြီး

“ ရှင်က တော်တော်ကို အကောင်းမြင်စိတ်မရှိတဲ့လူပဲ… ရွှမ်ယီ လှုပ်ရှားလိုက်တာနဲ့ ကျွန်မတို့ အနိုင်ရလိမ့်မယ်….”

စီနီယာ အစ်ကိုဆိုသူက ထိုစကားအား ကြားလျှင် ခေါင်းယမ်းပြီး စိတ်ထဲမှ သက်ပြင်းချလိုက်၏။

အမှန်တိုင်းဆိုလျှင် သူလည်း ရွှမ်ယီအား အနိုင်ရစေချင်သည်။

ဤနေရာ၌ အချိန်ပိုမိုနှောင့်နှေးလေ တောင်ပိုင်းတိုက်ကြီးအတွက် အဆင်မပြေလေဖြစ်သည်။

သို့သော် လူသားဘုရင်အဆင့်သို့ မကြာခင်ကမှ ချိုးဖျက်ထားသူ….

ဂျူနီယာ ညီမလေး၏ အခိုင်အမာယုံကြည်နေသော မျက်၀န်းများကို မြင်ပြီးနောက် နှုတ်ဆိတ်နေရန် ရွေးချယ်လိုက်ပြီး စိတ်ထဲ၌သာ ရေရွတ်လိုက်၏။

‘ နာမည်ကြီးတာက ကျော်ကြားမှု တစ်ခုသက်သက်ဖြစ်ပြီး အစစ်အမှန် ခွန်အားမဟုတ်ဘူး… ဟင်း… ဂျူနီယာ ညီမလေးက တော်တော်လေး အပြစ်ကင်းစင်နေတုန်းပါလား…’

‘ ဒီလအတွက် လူသားဘုရင်အဆင့်မှလူက ရန်သူကို အချိန်အတိုင်းအတာတစ်ခုထိ ထိန်းပေးထားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်….’

ထိုအချိန်တွင် ရွှမ်ယီထံမှ ဓားရည်ရွယ်ချက် စွမ်းအားက ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားလေသည်။ စိတ်ဝိညာဉ် မီးတောက် ပေါင်းစပ်ပါ၀င်နေသည် မှင်နက်ရောင် နယ်မြေစွမ်းအားကလည်း ပတ်၀န်းကျင်သို့ ပျံ့နှံ့သွား၏။

ကလန်…

ရွှမ်ယီ၏ မျက်၀န်းများ စူးရှတောက်ပသွားပြီး လက်ထဲမှ ဓားအား ဆွဲထုတ်လိုက်သည်။

…

ဘုန်း…

ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွား၏။

အလွန် အစွမ်းထက်သည့် အရှိန်အဝါက ပတ်၀န်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီး ပင်လယ်သားရဲများအား ဦးတည် ထိန်းချုပ်ထားလိုက်သည်။

အလတ်အလတ် လူသားဘုရင်အဆင့်သားရဲများ မွန်းကြပ်ပြီး အသက်ရှုမ၀သလိုခံစားလိုက်ရကာ လူသားဘုရင်အဆင့်အောက်များ သားရဲများမှာမူ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ‌ခြေထောက်များပင် မခိုင်တော့ပေ။ တချို့က မထိန်းနိုင်တော့ဘဲ ဒူးထောက်ကျသွားကြ၏။

“ အမ်…”

ထိုမြင်ကွင်းက ရှန်တောင်၏ အမူအရာကိုပြောင်းလဲသွားစေပြီး သတိ၀င်လာစေခဲ့သည်။

ထို ရွှမ်ယီက ထူးခြားကြောင်း နဂိုကတည်းက ခံစားမိခဲ့၏။

အလွယ်တကူ အနိုင်မယူနိုင်လောက်ပေ။

သို့သော် ထို အဖြူ၀တ်လူငယ်က သူ့ပြိုင်ဘက် မဖြစ်နိုင်ဟု တထစ်ချ ယုံကြည်ထားခဲ့၏။

ဘုန်း…

ရှန်တောင်လည်း စွမ်းအားများထုတ်ဖော်လိုက်ရာ သူ့နောက်ကျောတွင် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။ ၎င်းက ငွေဖြူရောင်ဆံပင် ၊ အပြာရောင် မျက်နှာနှင့် ပင်လယ်သားရဲဖြစ်ပြီး လက်တွင်း၌ သုံးခွမှိန်းတစ်ခုအား ကိုင်ဆောင်ထား၏။

ပင်လယ်သားရဲ တော်၀င်မိသားစုမှ သွေးဖြင့် ဆင့်ခေါ်ထားသော ပင်လယ်ဘုရင်၏ စိတ်ဝိညာဉ် ပုံရိပ်…

( သုံးခွမှိန်းကို သိမှာပါ - ဇာတ်ကားတွေမှာ ပင်လယ် နတ်ဘုရားတွေ ကိုင်နေကျလေ။ လှံလို အရှည်မှာ ထိပ်က အချွန်သုံးခု ပါတာမျိုး )

ဤ ဝှက်ဖဲကြောင့် အထွတ်အထိပ် လူသားဘုရင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကို အသာအယာပြန်တိုက်နိုင်ခဲ့ခြင်းပင်။

ထို စိတ်ဝိညာဉ် ပုံရိပ်၏ အကူအညီဖြင့် သူ့ တိုက်ခိုက်နိုင်စွမ်းက ကောင်းကင်ဘုရင်တစ်၀က်အဆင့်နားသို့ ရောက်နိုင်၏။

ထိုစိတ်ဝိညာဉ် ပုံရိပ် ထွက်ပေါ်လာခြင်းနှင့်အတူ ရှန်တောင်၏ ယုံကြည်မှုများ ပြန်လည် တိုးပွားလာခဲ့သည်။

ထို့နောက် ရွှမ်ယီအား လက်ညှိုးထိုးပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“ ဂရား….”

All Chapters