← Chapters

အာရုံခံမိခြင်း

Vol. 94 Ch. 1316

အာရုံခံမိခြင်း

Vol. 94 Ch. 1316

ပေါင်းစည်းခြင်းဂြိုဟ်ထက်၌ ခဏတာမျှ ခရီးနှင်ပြီး နောက်တွင် သူတို့ အဖွဲ့မှာ ထန်မျိုးနွယ်၏ ခမ်းနားလှသော နန်းတော်ကြီး အတွင်းရှိ ထူးဆန်းသော ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှာ ထန်ကလန်၏ ပထမဆုံး ဘိုးဘေး လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့သည့် နေရာဟု ဆိုသည်။ ပတ်ဝန်းကျင် လေထုက အတော်လေး ပူနွေးသည့်တိုင် သက်တောင့်သက်သာ ရှိမှုကို ခံစားရသည်။

ဟင်းလင်းပြင် ဂိတ်တံခါးထက်တွင်တော့ ဗာမီလီယန် မီးငှက် နှစ်ကောင်၏ ပုံရိပ်များကို အနုပညာ ဆန်ဆန် ချယ်မှုန်းထားသည်။ ၎င်းတို့မှာ သွေးနီရောင် တောက်လောင်နေ၏။

ရှောင်ပင်းနှင့် ထို့ပိဟန်တို့မှာ အမွှာ ညီအမ နှစ်ယောက်ကို ဘယ်ညာ ခြံရံထားသည့် ဝေ့ဝူယင်နှင့် အတူ လိုက်လာခဲ့သည်။ ရှောင်ပင်းမှာ ဝေ့ဝူယင်၏ ညာဘက်တွင် ကပ်၍ ရပ်နေခဲ့ကာ လက်ကို ဆုပ်ကိုင် ထားခဲ့၏။ လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်ကို ကြည့်ရင်း သက်တောင့်သက်သာ မရှိသည့် ခံစားချက်ကို သူမ ခံစားနေရသည်။ သို့သော်လည်း... ဝေ့ဝူယင် တည်ငြိမ်နေသည်ကို ထောက်ချင့်ခြင်း အားဖြင့် သူတို့က ခြိမ်းခြောက်မှုတော့ မဟုတ်တာ ရှင်းလင်းပေသည်။

ဟင်းလင်းပြင် ဂိတ်တံခါးကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

“တကယ် ထူးဆန်းတဲ့ ဟင်းလင်းပြင် ဂိတ်တံခါးပဲ... ဘယ်ကို ဦးတည်သွားတယ် ဆိုတာ ငါတောင် အာရုံ မခံနိုင်ဘူး... ဟုန်ရုရဲ့ လက်စွပ်ကို ငါ မရှာနိုင်တာ မဆန်းတော့ဘူး”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ပထမတုန်းက ဟုန်ရု၏ လက်စွပ်မှာ တိုက်ပွဲ အတွင်း ပျက်စီးသွားခြင်း ဖြစ်လိမ့်မည်ဟု သူ ယူဆခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူ အလျှင်အမြန် လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းတစ်ချက် ဖြစ်သည်။ အကယ်၍ သူမ သေသွားလျှင်ပင် အချိန် နောက်ပြန်ဆုတ်ခြင်း စွမ်းအားနှင့် သူ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း... ဟင်းလင်းပြင် ဂိတ်တံခါးကို တွေ့မြင်ပြီး နောက်တွင် ထန်ကလန်၏ ဤလျှို့ဝှက် နယ်မြေမှာ လုံးဝ ပုံမှန် မဟုတ်‌ကြောင်း သူ သဘောပေါက်လာ ခဲ့သည်။ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်ကောင် အနေဖြင့် ၎င်းက သူ၏ သိလိုစိတ်ကို နှိုးဆွနေသည်။

“ဒါကို အာကာသ သာမည အာဏာနဲ့ လုပ်ထားတာလား...”

ဝေ့ဝူယင် ဟင်းလင်းပြင် ဂိတ်တံခါးကို လေနက်စွာ စစ်ဆေးလိုက်၏။ ပိုမို၍ စစ်ဆေးလေလေ ထိုတည်ဆောက်ပုံ အပေါ် သူ ပိုမို၍ ချီးကျူးမိလေလေ ဖြစ်သည်။

“ဒါက ဗာမီလီယန်တွေရဲ့ မီးတောက် ဂူသင်္ချိုင်းပါ... ထန်ကလန်ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်နဲ့ ထန်ကလန် ကျော်ကြားခဲ့ရတဲ့ အကြောင်းရင်း ဆိုလည်း ဟုတ်ပါတယ်”

ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီက ညင်သာစွာ ရှင်းပြလိုက်၏။ သူမ၏ မျက်လုံးများက အနည်းငယ် ရီဝေနေကာ နာကျင်ဖွယ် ဇာတ်လမ်း တစ်ခုနှင့် ထင်ဟပ်နေသည်။ သို့သော်လည်း... သူမက တံတွေးများကို မြိုချကာ ခံစားချက်များကို သိမ်းဆည်းလိုက်၏။

“ဗာမီလီယန် သင်္ချိုင်းထဲမှာ မဟာ ဧကရာဇ် ရွေးချယ်ခံ ပြိုင်ပွဲဝင်မယ့် ကျွန်မတို့ရဲ့ ပါရမီရှင် တပည့်လေးတွေကို ပို့ထားပါတယ်... တစ်ခြား နတ်မိမယ်တွေ၊ သူရဲကောင်းတွေ၊ ပါရမီရှင်တွေနဲ့ အတူ ဂျူနီယာ ဟုန်ရုက အဲဒီ နေရာမှာ ရှိနေပါလိမ့်မယ်”

ဗာမီလီယန်က တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။ ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ သူ အမြဲတမ်း ဤနေရာကို လာချင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ပထမ ရည်ရွယ်ချက်က ထန်ရှင်းယွင်ကို ပြန်ပေးဆွဲ၍ ပိုင်လင်နှင့် အတူ ထန်ကလန်ကို လာဖို့ ဖြစ်သည်။ သို့သော်လည်း...ယခုတွင်တော့ ထိုကဲ့သို့ လုပ်စရာ မလိုပါတော့ချေ။

ဝေ့ဝူယင် တွေးတောနေစဉ်မှာပင် ဗာမီလီယန်က ထိုလျှို့ဝှက် နယ်မြေ အကြောင်းကို ဂုဏ်ယူစွာဖြင့် ဆက်လက်၍ ရှင်းပြလိုက်သည်။

ဗာမီလီယန် မီးတောက် ဂူသင်္ချိုင်း...

၎င်းမှာ လွန်ခဲ့သည့် နှစ်ပေါင်း ငါးသောင်း ရှစ်ထောင်ကျော်၊ လျှို့ဝှက် ဉာဏ်အလင်း ရရှိခြင်း ခေတ်ကတည်းက တည်ရှိခဲ့သည့် လျှို့ဝှက် နယ်မြေ ဖြစ်သည်။

အင်ပါယာ ကလန်များ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို မလွှမ်းမိုးခင် အချိန်၊ ရှေးဟောင်းခေတ်များမှာတုန်းက ကျင့်ကြံသူများနှင့် သားရဲများမှာ ခိုင်သည့် ဆက်ဆံရေး တစ်ရပ်ကို ထူထောင် နိုင်ခဲ့ကြသည်။ သူတို့က ကိုယ်ပိုင် လူ့အဖွဲ့အစည်းများ၊ ကြယ်တာရာ နယ်မြေများနှင့် ကြယ်ကွင်းပြင်များကို အုပ်စိုးခဲ့ကြသည်။

နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှာ ထိုသမိုင်းကြောင်း အတွက် အကောင်းဆုံးသော ဥပမာ ဖြစ်ပေသည်။ ထိုနေရာမှာ ရှေးဟောင်းခေတ် ကတည်းက နဂါးများ အခြေချရာ နေရာတစ်ခု ဖြစ်ခဲ့ကာ ကျင့်ကြံသူများ အတွက် သင့်တော်သည့် ပတ်ဝန်းကျင် တစ်ခု မဟုတ်ခဲ့ချေ။

သို့သော်လည်း လူသားများမှာ အမြဲတမ်း လိုလို တီထွင် ကြံဆတတ်သည့် သက်ရှိများ ဖြစ်ကြသည်။ သူတို့က သားရဲများ၏ စည်းမျဉ်းများကို တုပကာ ကိုယ်ပိုင် ကျင့်ကြံခြင်း နည်းလမ်းများ တီထွင်ခဲ့ကြသည်။ အမွှာ မီးတောက် ပေါင်းစည်းခြင်း နည်းလမ်းမှာလည်း ထိုကဲ့သို့ ဖြစ်ပေါ်လာသည့် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်ကာ ၎င်းကို ကျင့်ကြံသည့် ကျင့်ကြံသူများမှာ ဖီးနစ်များ၊ ဗာမီလီယန်များနှင့် ဆင်တူသည့် မီးတောက်များ၊ ခန္ဓာကိုယ်များကို ပိုင်ဆိုင်လာကြသည်။

သို့သော်လည်း ထိုခေတ်ကာလများမှာတုန်းက ဗာမီလီယန်များနှင့် လူသားများမှာ မဟာမိတ်များ ဖြစ်ကြလေရာ သူတို့မှာ အတူတကွ ပေါင်းစပ် နေထိုင်ခဲ့ကြသည်။ ကုန်သွယ်ခဲ့ကြသည်။ တိုက်ပွဲဝင်ကာ အတူတူ လွတ်မြောက်ခဲ့ကြသည်။ ထို့နောက်တွင်တော့ မဟာစစ်ပွဲကြီး ဖြစ်ပေါ်လာခဲ့ကာ ထိုသဟဇာတ ဖြစ်မှု အားလုံး ပျက်သုဉ်းခဲ့ရသည်။

အလွှာ အပြင်က‌ လောကနှင့် ချိပ်ပိတ်နယ်မြေတို့ ကွဲထွက်သွားပြီး နောက်တွင် ချိပ်ပိတ် နယ်မြေ အတွင်း၌ လျှို့ဝှက် အဆင့် သားရဲများကို လုံလောက်သည့် လျှို့ဝှက် အမတေ ထောက်ပံ့ပေးနိုင်သည့် နေကြယ်များ မရှိပါတော့ချေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူတို့ စတင်ကာ သေဆုံးလာခဲ့ကြသည်။ တစ်ချို့မျာလည်း သေမျိုးတာအို အတွင်း နိမ့်ဆင်း သွားခဲ့ကြကာ သွေးမျိုးဆက် နိမ့်ပါးလာခြင်းနှင့် အတူ ဉာဏ်ရည်ဉာဏ်သွေးများပါ ကျဆင်းလာခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့မှာ သာမန် သားရဲများ၏ ဉာဏ်ရည်ဉာဏ်သွေး လောက်ကိုသာ ပိုင်ဆိုင်နိုင်ကြတော့သည်။

ထိုနည်းဖြင့် မီးဖီးနစ်များ၊ ဗာမီလီယန် မီးငှက်များ၊ နဂါးများ၊ ဂဠုန်များနှင့် အခြား တန်ခိုးရှင် သားရဲများမှာ ဒဏ္ဍာရီများသာ ဖြစ်သွားခဲ့ကြသည်။ သူတို့က အဆင့်နိမ့် ငှက်များ၊ ဖွတ်များ၊ မြင်းများ ဖြစ်လာကြသည်။

သားရဲများနှင့် ခြားနားစွာပင် လူသားများကတော့ သူတို့ တီထွင်ထားသည့် အမျိုးမျိုးသော ကျင့်စဉ်များ၏ အထောက်အပံ့ဖြင့် ဆက်လက်၍ ရှင်သန်နိုင်ခဲ့ကြသည်။ သူတို့က ရှေးဟောင်းခေတ်၊ လျှို့ဝှက် ဉာဏ်အလင်း ရရှိခြင်းခေတ်၊ ကောင်းကင်ချည်နှောင် အင်ပါယာခေတ်၊ အမှောင် ကြယ်တာရာ ခေတ်၊ အဆုံးမဲ့ ကောင်းကင်ခေတ်... စသည်ဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းကာ ပိုမို၍ တိုးတက်လာခဲ့ကြသည်။ ထိုအရာက လူသားတို့၏ ရှင်သန်လိုသည့် ဆန္ဒနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့မှာ မည်မျှ အင်အား ကြီးမားလှကြောင်း ထင်ရှားစွာ ပြသနေပေသည်။

ဗာမီလီယန် မီးတောက် ဂူသင်္ချိုင်းမှာ ရှေးခေတ် ‌ဗာမီလီယန် မီးငှက်များ သူတို့၏ အလောင်းများကို မြှုပ်နှံ သင်္ဂြိုလ်သည့် နေရာ ဖြစ်ပေသည်။ ‌အကယ်၍ သင်သာ ဗာမီလီယန် မီးငှက် တစ်ကောင် သို့မဟုတ် သူတို့၏ နည်းလမ်းကို ကျင့်ကြံထားသည့် လူတစ်ယောက် မဟုတ်ပါက ထိုဟင်းလင်းပြင် ဂိတ်တံခါးကို ဖြတ်သန်းဖို့ မဖြစ်နိုင်ပါချေ။

ဗာမီလီယန်၏ ရှင်းပြမှုများကို နားထောင်ရင်း ဝေ့ဝူယင် ဂိတ်တံခါးကို သေချာစွာ အကဲခတ် နေခဲ့၏။ ထိုသမိုင်းကြောင်းကို သူ ကြားသိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ရှောင်ပင်းနှင့် ထို့ပိဟန်တို့ကတော့ ဗာမီလီယန် သမိုင်းကြောင်းနှင့် အစိမ်းသက်သက် ဖြစ်လေရာ သူတို့၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက် နေခဲ့လေသည်။

အခြားတစ်ဖက်၌ ခြေရာမဲ့ နတ္ထိ ဟင်းလင်းပြင် ဧကရီ၏ ခံစားချက်များမှာ မတည်မငြိမ် ဖြစ်နေခဲ့၏။ သူက ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက ဖြစ်ပျက်သွားခဲ့သမျှကို ပြန်လည် တွေးတောရင်း အကူအညီမဲ့မှုကို သူမ ခံစားလိုက်ရ၏။ အမှန်အတိုင်း ဝန်ခံရပါက မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သည်ကိုပင် သူမ နားမလည်နိုင်ပါချေ။

သူမက အမဖြစ်သူကို တစ်ချက် စောင်းကြည့်ရင်း ဝေ့ဝူယင်ကို ပြောလိုက်၏။

“ခွင့်ပြုချက် မရှိပဲ ဗာမီလီယန် သင်္ချိုင်းထဲကို ဝင်ဖို့ ကြိုးစားတဲ့ လူတွေကို ထန်ကလန်က အပြစ် အကြီးဆုံး အပြစ်သားတွေ အဖြစ် ယူဆပါတယ်... အသက်သာဆုံး အပြစ်ပေးမှုက မျိုးနွယ်ကနေ နှင်ထုတ်တာ ဖြစ်ပြီးတော့ အကြီးမားဆုံး အပြစ်ပေးမှုကတော့ ကွက်မြက်တာပါပဲ...”

ညီမ ဖြစ်သူကို လှည့်ကြည့်လိုက်ရင်း ဗာမီလီယန်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။

“ကျူးကျော်တဲ့လူတိုင်းက အပြစ်ဒဏ်ခံထိုက်တယ်... အဲဒါက ငါတို့ရဲ့ ဘိုးဘွားတွေကို စော်ကားတာပဲ... နည်းတောင် နည်းသေးတယ်”

“နင်...”

ခြေရာမဲ့ နတ္ထိ ဟင်းလင်ပြင် ဧကရီက လက်သီးများကို တင်းတင်းဆုပ် လိုက်၏။ သူ၏ မျက်လုံးများက သတ်ဖြတ်လိုသည့် အလင်းတန်းများနှင့် တောက်ပလာသည်။ အကယ်၍ ဝေ့ဝူယင်သာ မရှိပါက ထိုခွေးမကို သူမ အရည်ခွံ ဆုတ်နေလောက်ပြီ ဖြစ်သည်။

“ဟမ့်...”

ဗာမီလီယန်က နှာခေါင်းရှုံ့ လိုက်၏။ သူတို့ နှစ်ယောက် အကြားရှိ လေထုက တင်းမာလာကာ ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဝါမှာ ပြန်လည်၍ မြင့်တက်လာခဲ့သည်။ ထို့ပိဟန်နှင့် ရှောင်ပင်းတို့မှာ ထိုဖိအားကို သိသိသာသာ ခံစားလိုက်ရလေရာ နဖူးထက်၌ ချွေးစများပင် ထွက်လာခဲ့၏။

“တော်လောက်ပြီ...”

ဝေ့ဝူယင်က ညင်သာစွာ ပြောလိုက်သည်။ လေထု၏ အခြေအနေက ချက်ချင်းပင် ပြန်လည် ငြိမ်းချမ်း သွား၏။ သူတို့ နှစ်ယောက်စလုံး နာခံစွာ လိုက်နာ လိုက်ကြကာ တစ်ယောက်ကို တစ်ယောက် စကားမပြော‌တော့ချေ။

ဝေ့ဝူယင် ဟင်းလင်းပြင် ဂိတ်တံခါးကို ပြန်လည် အာရုံစိုက်လိုက်၏။ ၎င်းကို အာကာသ ဥပဒေသ အပေါ် သာမည အာဏာဖြင့် ထုဆစ်ထားခြင်း ဖြစ်သည်။ အတွင်းပိုင်း၌ ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသ စွမ်းအင်များမှာ ပြီးပြည့်စုံစွာ ပါဝင်နေသည်။ ၎င်းမှာ ကိုယ်တိုင် ထိန်းသိမ်းထားသည့် လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်လေရာ အပျက်အစီး နယ်မြေ ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ဆက်စပ်မှု စစ်မြေပြင်မှာလည်း အလားတူပင် အပျက်အစီး နယ်မြေ တစ်ခု ဖြစ်သည်။ ဗာမီလီယန် သင်္ချိုင်းမှာ အရွယ်အစားအားဖြင့် ပိုမို သေးငယ်သည့်တိုင် ကြောက်ဖို့ကောင်းတာချင်းကတော့ အတူတူပင် ဖြစ်သည်။ ၎င်းအား ဖြတ်သန်းဖို့ အတွက် ဆိုလျှင် ပုံမှန် ဟင်းလင်းပြင် ဂိတ်တံခါများ၊ ဟင်းလင်းပြင် အမှတ်များ အစား ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်း၊ သို့မဟုတ်လည်း အပျက်အစီးနှင့် ပုံသေ အာကာသ အင်အားများကို လိုအပ်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ဟင်းလင်းပြင် ဂိတ်တံခါးကို မှီခို တည်ဆောက်ထားသည့် ထပ်ဆောင်း အလွှာများလည်း ရှိနေသေးဆဲ ဖြစ်သည်။ ၎င်းမှာ ဗာမီလီယန် အော်ရာ ပိုင်ဆိုင် မထားသူများကို ဝင်ရောက်ခြင်းမှ တင်းကြပ်စွာ တားမြစ်ထားသည်။ ၎င်းမှာ ထိပ်တန်း ဝင်္ကပါ ပညာရှင် တစ်ယောက်၏ အကောင်းဆုံး လက်ရာ ဖြစ်နိုင်ပေသည်။

“ဒီနေ့ ခင်ဗျားတို့ နှစ်ယောက်ရဲ့ သမာရိုးကျ အမြင်တွေကို ကျုပ် နည်းနည်း ချဲ့ပေးရတာပေါ့”

ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောလိုက်၏။ ထို့နောက် သူက ဟင်းလင်းပြင် ဂိတ်တံခါးကို သုံးကြိမ် ခေါက်လိုက်သည်။ တစ်ကြိမ်စီ၌ သူက ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး ဆိုသည့် အာကာသ အင်အား သုံးခုစီကို ထည့်သွင်းထားသည်။

ထို့နောက် သူ အာရုံခံမိလိုက်၏။ စိတ်သက်သာရာ ရသည့် လှိုင်းများက ဝေ့ဝူယင်၏ စိတ်အတွင်း ဖြတ်ပြေး သွားသည်။ သူ ဟုန်ရု၏ လက်စွပ်ကို အာရုံခံမိလိုက်ပြီ မဟုတ်ပါလား။

ထို့အပြင်... သူမ၏ အသက်အင်အား တုန့်ပြန်မှုကိုပင် သူ ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းက တက်ကြွကာ အလွန်တရာပင် တောက်ပနေပေသည်။

***

All Chapters