← Chapters

အခန်း (၁၁၁၉)

Vol. 76 Ch. 1119

အခန်း (၁၁၁၉)

Vol. 76 Ch. 1119

လက်ခံသူတစ်ယောက် သူ၏ အခက်အခဲကို သူ့ဘာသာ ဖြေရှင်းပြီးနောက်မှာမှ စနစ်၏ သည် ပြန်လည် ပေါ်ထွက်လာခဲ့၏။

အဘယ့်ကြောင့်ဆိုသော် စနစ်သည် ယခုမှ ပြန်လည် ပေါ်ထွက်လာနိုင်သနည်း ဆိုသော် စည်းမျဉ်းများကို ချိုးဖျက်ခဲ့သည့်အတွက် ခနတာ လည်ပတ်နိုင်မှု ရပ်တန့်သွားခဲ့ခြင်း ဖြစ်ပေသည်။

အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေ ၏ အချိန်မြန်နှုန်းသည် ဆယ်ရက်ကြာမြင့်ခဲ့၏။ ထို့ကြောင့် အပြင်လောကတွင် သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ စနစ်သည် ပြန်လည် အသက်ဝင်လာသည်နှင့် တပြိုင်နက် ဒေါသ အကြီးအကျယ် ထွက်ကာ ကျွင်းချောင်ရှောင်းအား အားပါးတရ ဆဲဆိုမိနေ၏။

လှိုဏ်ဂူ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ကာပြောလိုက်သည်။ "သြော် … ဒီလိုဖြစ်သွားတာကို"

စနစ်သည် လုပ်ဆောင်မှု ခနရပ်တန့်သွားသည်ကို သူနားလည်၏။ သို့သော် သူ့အား ကယ်တင်ခဲ့ခြင်းကြောင့် အပြစ်ပေးခံရသည်ဟု သူမထင်မှတ်ထားခဲ့ချေ။

အခြားတော့ ဇာတ်ကောင်များသာဆိုလျှင် သူတို့၏ ရွှေလက်ချောင်းပျောက်ဆုံးသွားလျှင် ကြိုးကြိုးစားစားက ကျင့်ကြံကြရတော့မည် ဖြစ်၏။ သို့သော် ကျွင်းချောင်ရှောင်းမှာတော့ စနစ် ပျောက်ဆုံးပြီး မကြာခင်မှာပဲ စနစ် သည် ပြန်လည် ရောက်ရှိလာသည်။ ကိုယ့်ဒူးကိုယ်ချွန်ဖြင့် သိပ်တောင် မကြိုးစားလိုက်ရချေ။

"ဟူး … ကံကောင်းလို့။ အချိန်နှင့် တည်နေရာ နယ်မြေကို ဝယ်ယူခဲ့လို့တော်သေးတယ်”

စနစ်သည် ပြောလိုက်၏။ "လက်ခံသူအနေနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဘယ်အချိန်မှာ ပြန်သွားလို့ရမလဲ မသေချာဘူး။ ပြီးတော့ ဒီကျောက်ရုပ်ထုရဲ့ အစွမ်းကို ထပ်ပြီး ထုတ်မသုံးတော့တာ ကောင်းမယ်။"

ဟုတ်ပေသည် ။ ဤအထက်နယ်မြေမှ လာသော ပစ္စည်းကိုသာ ထပ်တလဲလဲ အသုံးပြုနေမည် ဆိုပါက သူ့အားဝါးမျိုသွားပေလိမ့်မည်။

စနစ်သည် ပြောလိုက်၏။ "လက်ခံသူအနေနဲ့ ပြင်ပ ပစ္စည်းတွေ မသုံးဘဲ ကိုယ့်ကိုကိုယ် ပိုပြီးတော့ ကျင့်ကြံသင့်ပြီ"

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်းသည် ဤတစ်ကြိမ်တွင် ဝိညာဉ်ကုန်းမြေတိုက်ကြီး ဆီသို့ တစ်ယောက်ထည်း ရောက်ရှိလာခြင်း ဖြစ်၏။ လွဲမှားသော သတင်းအချက်အလက်များကို အခြေခံပြီးရောက်ရှိလာခဲ့ခြင်း ဖြစ်ကာ တွေ့ကြုံရသည့် ရန်သူအား ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရခြင်း ဖြစ်၏။

စနစ်၏ များပြားလှသော အထောက်အပံ့များသာ မရှိလျှင် သူသည် ဘာမှမဟုတ်ချေ။ ထို့ကြောင့် သူသည် အရင်လို မောက်မာမနေတော့ဘဲ သူ့ကိုသူ နားလည်လိုက်သည်။

"ငါ ပြန်ရောက်ရင် ကျင့်ကြံခြင်းကို သေချာ အားထုတ်မှ ဖြစ်တော့မယ်"

စနစ်သည် သူ့အားပြောလိုက်၏။ "လက်ခံသူအနေနဲ့ ဒီခရီးနဲ့ အရှေ့ပင်လယ်ဆီသွားတဲ့ ခရီးကနေ အကျိုးအမြတ်တွေ တော်တော်ရခဲ့တာပဲ။ ဒါပေမဲ့ ကျယ်ပြောလှတဲ့ ဂြိုလ်တွေနဲ့ ကုန်းမြေတွေကြားမှာ ကိုယ့်ထက် အများကြီး အားကောင်းတဲသူတွေ ရိုက်သတ်လို့မကုန်အောင် တည်ရှိနေတယ် ဆိုတာ သိရှိသင့်တယ်"

“ရှေ့မှာ ဆက်လျှောက်ရမယ့်လမ်းက အရှည်ကြီး ရှိသေးတယ်။ ငါ အောက်ခြေကနေ အပေါ်ဆုံးထိ ရောက်အောင် သေချာ ကြိုးစားသွားမှကို ဖြစ်မယ်”

ကျွင်းချောင်ရှောင်းနှင့် စနစ်သည် ဤကဲ့သို့ စကားကောင်းကောင်းပြောနေသည်မှာ ရှားပါးလှ၏။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် အခက်အခဲများ ၊ ကပ်ဘေးကြီးများအား အတူတကွ ကျော်ဖြတ်ပြီးသည့် နောက်မှာတော့ ပိုမိုကာ ခိုင်မြဲလာခဲ့ကြသည်။

"မင်း လူသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းနိုင်တာပေါ့"

"ပေါက်ကရတွေ၊ မပြောင်းနိုင်ရင် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ရဲ့ ကျွမ်းကျင်သူတွေ မင်းကို အစိတ်စိတ်အပိုင်းပိုင်း ပိုင်းလိုက်ကြတာ ကြာပေါ့။"

"အဲတာဆို မင်းလူပုံစံပြောင်းပြီး ရှေ့ထွက်ခဲ့စမ်းပါ ။ ငါ သည်းခံနေတာကြာပြီ။ ဒေါသတွေ ပြေလျော့သွားအောင် ငါမင်းကို တစ်ချက်လောက် ရိုက်ချင်လို့"

"ချီးတဲ့မှ .. အကန့်အသတ်တွေသာ ရှိမနေရင် ငါမင်းကို ထွက်လာပြီး ကန်တာကြာပေါ့ကွာ"

ကျွင်းချောင်ရှောင်းနှင့် စနစ်သည် အချိန်အတော်ကြာအောင် စကားပြောရင်း ရန်ဖြစ်နေကြတော့၏။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ သူသည် ဇဝေဇဝါဖြင့် မေးလိုက်၏။ "ငါ နှင်းဆီဧကရီကို အနိုင်ယူပြီးသွားပြီလေ။ ဘာလို့ သီးခြားတာဝန်က မပြည့်စုံသေးတာလဲ"

"ဟုတ်ပါရဲ့"

စနစ်သည်လည်း ပြောလိုက်၏။ “ဒါ အရမ်းထူးဆန်းတယ်”

သီးခြားတာဝန်သည် နှင်းဆီဧကရီအား အနိုင်ယူရန်ဖြစ်၏။ သူသည် အနိုင်ယူပြီး တစ်ဖက်လူ၏ သီးသန့်နယ်မြေကိုပါ ဖျက်ဆီးခဲ့သေးသည်။ ထို့ကြောင့် လိုအပ်ချက်နှင့် ကိုက်ညီနေလောက်ပြီ မဟုတ်ပါလား။

"တစ်ခုခု မှားနေတာလား"

"ကျင့်ကြံခြင်းလောကမှာ ငါးဆားနူလေး ဖြစ်နေတဲ့ မင်းလိုလူသာ မှားရင် မှားမယ်။ စနစ်ကတော့ မှားမှာ မဟုတ်ဘူး"

“ဒါတော့ ဟုတ်တယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ ငါ သူမကို ပြင်းပြင်းထန်ထန် မရိုက်နှက်ခဲ့လို့ တာဝန်မပြည့်စုံသေးတာပဲ ဖြစ်ရမယ်”

စနစ်သည် ဆွံ့အားသွားမိခဲ့၏။

တစ်ဖက်လူသည် သေမလိုပင် ဖြစ်ခဲ့ရသည်။ ထိုအရာကိုတောင်မှ မလုံလောက်သေးဟု တွေးနေခဲ့သည်လား။

“ဒါပေမဲ့”

စနစ်က ပြောပြလိုက်၏။ "ဒီမိန်းကလေးရဲ့ သီးသန့်နယ်မြေက လက်ခံသူကြောင့် ပျက်စီးသွားတယ်။ ဒဏ်ရာတွေကနေ ပြန်ကောင်းလာဖို့ ဆိုရင် အနည်းဆုံး လေးငါးနှစ်လောက် ကြာဖို့ သေချာတယ်။"

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဒါဆို အခွင့်အရေးကြီပေါ့"

စနစ်သည် ကြောင်သွားသည် “လက်ခံသူ .. သူမကို သွားဖမ်းချင်လို့လား”

"သူမကို လာကယ်တဲ့သူတွေက သိုင်းနယ်မြေအဆင့်ပဲ ရှိကြတယ်။ ပြီးတော့ ဒီမိန်းမ ဒဏ်ရာရထားပြီး လွယ်လွယ်နဲ့လည်း ပြန်မကောင်းနိုင်သေးဘူးဆိုတော့။ ငါ့အတွက် မဟာ အခွင့်အရေးကြီးပဲ"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်၏။ အရိုးသားဆုံးပြောရလျှင် သူသည် သီးခြားတာဝန်ကို လက်မလွှတ်ချင်သေးပေ။

တာဝန်ကျရှုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပြစ်ပေးမှုကို ထည့်မတွက်လျှင်တောင်မှ နှင်းဆီဧကရီကို အနိုင်ရရန်အတွက် သူအသုံးပြုခဲ့ရသည်မှာ များပြားလှ၏။ အချိန်အတော်အကြာအတွင်း တာဝန်ကို ပြည့်စုံအောင် မပြုလုပ်နိုင်ပါက ရှုံးနိမ့်မှုမှာ နှစ်ဆ ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ကျန်တာကို လက်ခံနိုင်၏။ ရှုံးနိမ့်မှုကိုတော့လက်မခံနိုင်ပေ။

အချိန်နှင့် တည်နေရာ ပိုးကောင်သည်လည်း အိပ်ပျော်နေသောကြောင့် သူသည်ပြန်၍မရသေးချေ။ ဘာကြောင့် သွား၍မစမ်းသပ်ရမည်နည်း။

စနစ်သည် အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်၏။ "လက်ခံသူအနေနဲ့တော်တော် ဂရုစိုက်မှ ဖြစ်လိမ့်မယ်"

နှင်းဆီဧကရီသည် ဒဏ်ရာရပြီးသားဖြစ်၏။ သူမ နှင့် အဆင့်တူ နောက်တစ်ယောက်သာ မပေါ်လာပါက ပြဿနာမရှိဟု သူယူဆမိသည်။

“သွားကြစို့ .. ဧကရီမြို့ဆီ ….”

ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်အတွင်း သေသေချာချာ စုံစမ်းပြီးနောက် ဧကရီသည် ဧကရီမြို့တွင် နေထိုင်ကြောင်း သူ သိရှိလိုက်ရ၏။ ဧကရီမြို့ ဆိုသည်မှာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ အဓိက မြို့တော်ကြီးဖြစ်ပြီး အလွန်ခမ်းနားလွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် အခြားသူများရိမ်မိမည်ကို စိုးရိမ်သောကြောင့် ဝိုင်တစ်ပုလင်းကို ခါးတွင် ချိတ်ဆွဲထာပြီး သက်လယ်ပိုင်း ကျောင်းတော်သား တစ်ယောက်အဖြစ် ဟန်ဆောင်ထားသည်။

"ဝိုင်သူတော်စင်ပေါ့ … အတော်ပဲ"

………

ကျွင်းချောင်ရှောင်းသည် ဧကရီမြို့ဆီသို့တိုက်ရိုက်မသွားဘဲ အခြားမြို့များဆီသို့ဝင်ကာ ဝိညာဉ်မျိုးနွယ်များ အကြောင်း ကို သေချာ ထပ်မံ စုံစမ်းသေး၏။ နှစ်ရက်ခန့်ကြာပြီးနောက်မှာတော့ သူသည် ကြီးမားလှသော ဧကရီ မြို့ကြီးသို့ရောက်ရှိလာ၏။

တစ်နေရာတွင် ကြောညာတစ်ခုရေးထိုးထားပြီး လူများဝိုင်းအုံ ကြည့်ရှုလျက်ရှိနေကြောင်း သူ တွေ့လိုက်ရသည်။

သွားရောက်ကြည့်သည့် အခါမှာတော့ အရှင်မသည် နာမကျန်းဖြစ်သည့်အတွက် ကုသပေးနိုင်သူအား ဆုလာဒ်များ ချီးမြင့်မည်ဟု ရေးသားထားခြင်းပင်။

"နေမကောင်းဖြစ်တာလား"

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ရှုံ့ကာပြောလိုက်၏။ "ငါ့ကြောင့် ဒဏ်ရာရသွားတာ မဟုတ်ဘူးလား"

“အရှင်မက ဘာလို့နေမကောင်းလဲ။ သူ့ဆီမှာ အင်ပါယာသမားတော်ရှိတယ်မလား" ဝိညာဉ်မျိုးနွယ်များသည် ပြောဆို ဆွေးနွေးလျက်ရှိနေကြသည်။

"အားလုံးဘေးဖယ်ပေးပါအုံး"

လူများဆွေးနွေးနေသည့် အတွင်းသို့ဝင်ရောက်သွားပြီး ကျွင်းချောင်ရှောင်းသည် ကြော်ညာဘုတ်ပေါ်မှ စာကို ဖြုတ်ယူခဲ့တော့၏။

"ဒီလူက ဘယ်သူလဲ သမားတော် တစ်ယောက်လား"

ကျွင်းချောင်ရှောင်း ထွက်ခွာသွားပြီးနောက်မှာတော့ လူအများသည် တီးတိုးပြောဆိုကာ ကျန်နေခဲ့ကြသည်။

……..

မြို့တော်ဝန်အိမ်ရာတွင် …..

အိမ်ရာ ရှိ သိုင်းစင်မြင့်ပေါ်တွင်တော့ ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်လျှက်ရှိ၏။ သူ၏ လက်သည် ဒဏ်ရာရရှိထားသောလူ၏ လက်ကောက်ဝတ်ပေါ်တွင် ရှိနေ၏။

သူသည်ပြောလိုက်သည်။ "ဒီလူရဲ့ ဒဏ်ရာကမဆိုးပါဘူး။ ဆေးတစ်လုံးတည်း နဲ့ပျောက်တယ်"

ယခု အချိန်မှာတော့ သူသည် နာမည်ကော၊ ပုံစံပါပြောင်းလဲသွားပြီဖြစ်၏။ သူ၏ နာမည်မှာ ရီရှင်းချန်ဖြစ်၏။

ရီရှင်းချန်သည်သာ ဂိုဏ်းချုပ်တစ်ယောက် သူ၏ နာမည်ကို ယူသုံးပြီး အခြားကုန်းမြေတိုက်ကြီးတွင် ပေါက်ကရများ လျှောက်လုပ်နေသည်ကို သိရှိပါက သွေးတက်နေပေလိမ့်မည်။

"ဟုတ်လား"

မြို့တော်ဝန်သည် မယုံကြည်နိုင်စွာဖြင့်ပြောလိုက်၏။ သူ၏ တပည့်မှာ သိုင်းကျင့်ရာတွင် လွဲမှားခြင်းကြောင့် စိတ်ဖောက်သွားခြင်း ဖြစ်၏။ အခြားသမားတော်များ အားလုံးသည် ကုသ၍မရနိုင်တော့ကြောင်း ပြောဆိုခဲ့ကြသည်။

ကျွင်းချောင်ရှောင်းသည် လက်ကို အသာဖြန့်ပြီးသည့်နောက် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို ထုတ်ယူကာ တိုက်လိုက်၏။

ပြီးသည့်နောက် ဒဏ်ရာများပြန်ကောင်းပြီး ရုတ်တရက်ကြီး ထမခုန်မိစေရန် စွမ်းအင်များနှင့် တစ်ဖက်လူ၏ မရီဒန်များအား ခဏ ဖိထားလိုက်သည်။

နာရီဝက်ကြာပြီးသည့်နောက် သူသည် ဖိနှိမ့်ထားခြင်းကို ဖြေလျော့လိုက်၏။ ရုတ်တရက် မျက်လုံးမိတ်ထားသော သူသည် ရုတ်တရက် ငေါက်ခနဲ ထထိုင်လာ၏။

မြို့တော်ဝန်သည် မယုံကြည့်နိုင်လောက်အောင် အံ့အားသင့်မိနေ၏။ သူက ပြောလိုက်သည် "ဆရာရီက တစ်ကယ့်ကို နတ်ဘုရားသမားတော်ပဲ"

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဧကရီ က နေမကောင်းဘူး ဆိုတော့ မြို့သူမြို့သားတစ်ယောက်အနေနဲ့ နာကျင်ရပါတယ်။ ဒီတော့ ကုသဖို့ ကျုပ်ကို မြို့တော်ဆီ ခေါ်သွားပေးပါ"

"ကောင်းပါပြီ အခုပဲ သွားကြတာပေါ့"

All Chapters