← Chapters

အခန်း (၁၁၂၀)

Vol. 76 Ch. 1120

အခန်း (၁၁၂၀)

Vol. 76 Ch. 1120

တစ်ဖက်သူ၏ ဆေးပညာကို ကျွမ်းကျင်သည်ကို စစ်ဆေးပြီးနောက် မြို့တော်ဝန်သည် ကျွင်းချောင်ရှောင်း အား ဧကရီမြို့တော်ဆီသို့ လူကိုယ်တိုင် လိုက်ပို့တော့၏။

လမ်းတလျှောက်တွင်တော့ သူသည် တွေးတောနေမိသည်။ အကယ်၍ သူခေါ်လာသော သူသည်သာ ဧကရီကို ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့လျှင် များပြားလှသော ဆုလာဘ်များ ရရှိမှာ သေချာ၏။ ထိုသို့ဆိုလျှင် သူ၏ အနာဂတ်သည် ပိုမိုကာ ထွန်းလင်းတောက်ပတော့မှာ ဖြစ်သည်။

အထူးစိတ်ဝိညာဉ်သားရဲကြီး ဆွဲယူလျက် ရှိနေသည့် ရထားလုံးပေါ်တွင်တော့ ကျွင်းချောင်ရှောင်းသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ကြိတ်ကာ ပြောလိုက်၏။ "ဧကရီ … ခင်ဗျားရဲ့ နန်းတော်ထဲကို ရောက်ဖို့ ကျုပ်မှာ နည်းလမ်းပေါင်း တစ်ထောင်လောက် ရှိတယ်"

……….

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သူသည် ဧကရီမြို့သို့ ရောက်ရှိလာတော့၏။ ဧကရီ နန်းတော်ကြီးကို စောင့်ကြပ်နေသော သူများအားလုံးသည် ချောမောလှပသော မိန်းမပျိုလေးများ ဖြစ်၏။

သို့သော် ကျွင်းချောင်ရှောင်းသည် သူတို့အားလုံးကို ကြည့်ရှုရန် ပျင်းရိနေလေ၏။ သူသည် မိန်းမလှလေးများကို စိတ်ဝင်စားတတ်သူ တစ်ယောက် မဟုတ်ပေ။

"မြို့တော်ဝန်"

အရှေ့ဘက် ဂိတ်တံခါးကို စောင့်ကြပ်နေသော မိန်းမပျိုလေးသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ မေးလိုက်၏။ "ဒါက ရှင်ခေါ်လာတဲ့သမားတော်လား"

"ဟုတ်ပါတယ်။ သူက သေတော့မယ်သူကိုတောင် အသက်ပြန်ရှင်အောင်ကုနိုင်တယ်"

"အဲလောက် မှော်ဆန်တာလား"

အမျိုးသမီးအစောင့်၏ မျက်လုံးများသည် သံဃယများနှင့် ပြည့်နှက်သွား၏။ သို့သော် ဧကရီ၏ ရောဂါသည် နှောင့်နှေးနေ၍ မရသောကြောင့် မြန်မြန် ပြောလိုက်၏။ "ကျွန်မနောက် လိုက်ခဲ့"

ဆွစ် .. ဆွစ် …..။

ချက်ချင်းဆိုသလိုပင် လက်နက်အပြည့်တပ်ဆင်ထားသော အမျိုးသမီး အစောင့် နှစ်ဆယ်တို့သည် ကျွင်းချောင်ရှောင်းကို ဝန်းရံကာ အထဲသို့ခေါ်ဆောင်သွားကြ၏။ ပုံစံမှာ အကျဉ်းသားတစ်ယောက်ကို ဖမ်းခေါ်သွားသည်နှင့်ပင် ဆင်တူနေသည်။

"ဧကရီ "

အမျိုးသမီးအစောင့်သည် ဂါရဝပြုကာ ပြောလိုက်၏။ "သမားတော်ကိုခေါ်ဆောင်လာပါပြီ"

"ဒါဆို အထဲကို လွှတ်လိုက်" အတွင်းဘက်ဆီမှ အသံတစ်သံထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီ၏ အသံကို ကောင်းကောင်းမှတ်မိ၏။ အသံမှာ အားနည်းနေ၏။ သူမ၏ ဒဏ်ရာများသည် ပြင်းထန်လွန်းပုံပေါ်၏။

"ရုပ်ဆိုးမ …. ကျုပ်လက်ထဲကနေ မလွတ်နိုင်ပါဘူး"

ကျွီ …..။

သူသည် တံခါးကို ဖွင့်ကာဝင်သွားလိုက်၏။

အမျိုးသမီးစစ်သည်များသည် နောက်သို့တစ်ဖြည်းဖြည်း ဆုတ်ကာ အခန်းအပြင်၌ ပြန်လည် စောင့်ကြပ်လိုက်ကြသည်။

နှင်းဆီဧကရီ နားခိုရာ အခန်းသည် အလွန်ကြီးမားလွန်းလှပြီး အခန်းအား လိုက်ကာနီကြီးများဖြင့် ကာရံထားသည်။ လိုက်ကာနီကြီး၏ အနောက်ဘက်တွင်တော့ လူလေး၊ ငါးယောက်လောက် အိပ်လျှင်ပင် ကျယ်ဝန်းသေးသော အိပ်ရာကြီးတစ်ခု တည်ရှိလို့နေ၏။

သူသည် ကြိတ်ကာ ရေရွတ်လိုက်မိသည်။ “ဒါက ခမ်းနားလိုက်တာ”

ဆွစ် ….

လိုက်ကာအတွင်းမှ လက်တစ်ဖက်နှင့်အတူ အားပျော့လှသည့် အသံတစ်ခု ထွက်ပေါ်လာ၏ "သွေးကြောကို ဘယ်လိုစမ်းရသလဲဆိုတာတော့ ရှင်သိမှာပါ"

ဝမ် … ဝမ် ..။

ချက်ချင်းဆိုသလို အစီအရင် အသက်ဝင်သွားပြီး တည်နေရာတစ်ခုလုံးအား စည်းခတ်လိုက်သည်.။

ဆွစ်ဆွစ် …..

ကျွင်းချောင်ရှောင်းသည် ရှေ့သို့တိုးကာ သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲ၍ ခပ်တိုးတိုး ပြောလိုက်၏။ "ဒါက နည်းနည်းတော့ အန္တရာယ်များတယ်"

"ဘုန်း"

လိုက်ကာသည် ပေါက်ကွဲထွက်သွားခဲ့၏။ အတွင်းမှာတော့ ဒဏ်ရာ ရထားသောကြောင့် အားပြတ်လျက်ရှိနေသည့် နှင်းဆီဧကရီသည် ဖြူရော်နေသည့် မျက်နှာနှင့်အတူ ရှုပ်ပွလျက်ရှိသော ဆံပင်များနှင့် လှဲလျောင်းလျက်ရှိနေသည်။ ထိုသို့ဆိုလျှင်တောင်မှ သူမသည် အလွန်လှပလွန်းနေသေးသည်။

ရုတ်တရက် သမားတော်၏ ရိုင်းပျမှုကို မြင်လိုက်ရချိန်မှာတော့ သူမသည် ဒေါသဖြင့် ပြောလိုက်မိ၏ "ရှင် ဘယ်လိုတောင် လုပ်ရဲတာလဲ"

ကျွင်းချောင်ရှောင်းသည် မျက်နှာကိုအောက်ငုံ့လျက် ရယ်မောကာပြောလိုက်၏။ "ဘုန်းကြီးက ထွက်ပြေးသွားတယ်ဆိုရင်တောင် ဘုန်းကြီးကျောင်းတော့ ကျန်နေသေးမှာပဲလေ။ ဒီတော့ ခင်ဗျား အရှုံးကို ဝန်ခံပြီး ကျုပ်ရဲ့ကျေးကျွန်လုပ်ဖို့ ပြင်ထား"

စနစ် "…..."

လက်ခံသူသည် တခါတရံတွင် ပေါကြောင်ကြောင် စကားလုံးများ ပြောဆိုနေတတ်သည်။

ဧကရီ၏ လှပလွန်းသော မျက်လုံးအိမ်ထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။ သူမသည် ထိတ်လန့်စွာဖြင့် ပြောလိုက်မိ၏ "ရှင် …. ရှင်က ကျွင်းချောင်ရှောင်းပဲ "

ကျွင်းချောင်ရှောင်းသည် သူ၏ မျက်နှာအား ပြန်လည်ပြောင်းလဲထားပြီး ဖြစ်၏။ သူသည် သူ၏ စွမ်းအားများကို သုံးကာ အထဲသို့ ဝင်ရောက်လာခြင်းမဟုတ်ပေ။ ထို့ကြောင့်သာ ချောချောမွေ့မွေ့နှင့် ဝင်ရောက်လာရခြင်းဖြစ်၏။ သူပေးဆပ်ခဲ့ရသည်မှာ ဆေးလုံးတစ်လုံးသာ ဖြစ်သည်။

"ရှင် …"

ဧကရီမသည် ဒေါသထွက်နေသော်လည်း လှုပ်ရှား၍ မရခဲ့ချေ။ လွန်ခဲ့သော ဆယ်ရက်ခန့်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သူသည်ရှုံးနိမ့်ခဲ့ရပြီး တစ်ဖက်လူသည်လည်း ကြီးကြီးမားမားပေးဆပ်ခဲ့ရမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် တစ်ဖက်လူသည် ဘာမှမဖြစ်ဘဲ သူ၏ ရှေ့သို့ပေါ်ပေါက်လာလေ၏။

သူမသည် ဧကရီတစ်ပါးဖြစ်၏။ ထို့ကြောင့် သူမသည် တည်တည်ငြိမ်ငြိမ်နှင့်ပင်ပြောလိုက်၏။ "ဒါက ကျွန်မရဲ့နန်းတော်လေ၊ ရှင် လွယ်ကူကူနဲ့ ဝင်လာပြီး ပြန်ထွက်သွားလို့ရမယ်ထင်နေလား"

ကျွင်းချောင်ရှောင်းသည် သူမအား အိပ်ရာပေါ်မှ ဆွဲချကာ ပြောလိုက်၏။ "မြန်မြန် …. မင်းရဲ့ ဝိညာဉ်အရင်းအမြစ်ကိုပေး"

သူမသည် ဧကရီတစ်ပါးဖြစ်သောကြောင့်သာ ဤမျှလိုက်လျောနေခြင်း ဖြစ်ပေ၏။ ထို့ပြင်သူ၏ သီခြားတာဝန်မှာလည်း မပြည့်စုံသေးပေ။ မဟုတ်ပါက ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေဘဲ တစ်ခါတည်း သတ်ဖြတ်မိနိုင်သည်။

"ရှင် ကျွန်မကို နာကျင်အောင် လုပ်နေတာပဲ"

သူမသည် ကမ္ဘာပေါ်တွင်ရှိသောယောကျာ်းများကို ပျော့ခွေသွားနိုင်စေသော အသံမျိုးဖြင့် ပြောလိုက်၏။

"ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီလောက်မြင့်မားတာ …. အသေးအဖွဲ့ နာတာလေးလောက် ကိုတောင် မခံနိုင်ဘူးလား။” ကျွင်းချောင်ရှောင်းသည် မထူးခြားသလို ပြန်ပြောလိုက်၏။

နှင်းဆီဧကရီသည် သူ့အားဒေါသတကြီးနှင့် ကြည့်ကာ ေ"ရှင် ယောကျာ်း ရော ဟုတ်ရဲ့လား"

သူမသည် များပြားလှသော ဂြိုလ်များအား တိုက်ခိုက်ရာတွင် စွမ်းအားတစ်မျိုးထဲကို သုံးခဲ့ခြင်းမဟုတ်ပေ။ ပရိယာယ် ၊ ဉာဏ်ပညာ ၊ မိန်းမတို့ တတ်မြောက်ထားသော မာယာ စသည့်အရာမျိုးစုံကို ထုတ်ဖော် အသုံးပြုနိုင်ခဲ့၏။

သို့သော် ကျွင်းချောင်ရှောင်းနှင့် တွေ့သည့်အခါမှာတော့ အဆုံးမဲ့ အားနည်းခြင်းကို ခံစားနေရ၏။ ဤသူသည် ယောကျာ်းများမဟုတ်လေသလောဟုပင် သူမ တွေးနေမိသည်။

"ကျုပ် ယောကျာ်းဟုတ်မဟုတ် ကျုပ်ရည်းစားကပဲသိမှာပေါ့၊ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"

သူသည် နှင်းဆီဧကရီအား ကြည့်ရှုလိုက်၏။ ဧကရီကလည်း သူအား ပြန်စိုက်ကြည့်နေ၏။ သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး အတော်အကြာစိုက်ကြည့်နေမိကြ၏။

စနစ်သည် ကြားမှ ဖြတ်ကာ ဝင်ပြောလိုက်၏။ "ကြည့်မနေနဲ့၊ အခုက နန်းတော်ထဲမှာ။ ကျွမ်းကျင်သူတွေ ရောက်လာရင် ရှုပ်ကုန်လိမ့်မယ်။ မြန်မြန်သူမကို ခေါ်သွားတော့"

"ဟုတ်တယ် အမှန်ပဲ"

ကျွင်းချောင်ရှောင်းသည် ရှေ့သို့တိုးလာပြီး ဧကရီအား ပွေ့ချီကာပြောလိုက်သည်။ "ကျုပ်ယောကျာ်းဟုတ်မဟုတ် ခင်ဗျားသိစေရမယ်"

နှင်းဆီဧကရီ၏ မျက်နှာသည် ဖြူလျော့သွားခဲ့၏။ သူမသည် အတိတ်တုန်းက ဤနည်းကို သုံးကာ တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း သူစိမ်း ယောကျာ်းသားများနှင့် ဤကဲ့သို့ နီးနီးကပ်ကပ် တစ်ခါမှ မနေဘူးချေ။ ယခုလို အခြေအနေသည် သူမ အတွက် ပထမဆုံးဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လျစ်လျူရှု့ပြီး သူမကို ပွေ့ချီကာ အခန်းတံခါးပေါက်ရှိရာဆီသို့ ခြေလှမ်းလိုက်သည်။

ဘုန်း ……

သို့သော် သူခြေနှစ်လှမ်းလောက်သာ လှမ်းရသေးသည့်အချိန်မှာတော့ အစီအရင်သည် သူ့အလိုလို ကျိုးပျက် သွားတော့၏။

ရွှီး .. ရွှီး ….။

များပြားလှသော လူများနှင့် အဘိုးအိုကြီး တစ်ယောက်တို့သည် အတွင်းသို့ ဝင်ရောက်လာကြလေ၏။ အဘိုးကြီး၏ အော်ရာမှာ အလွန်အားကောင်းလှပြီး သိုင်းနယ်မြေအပြည့်စုံဆုံးအဆင့်ပင် ဖြစ်နိုင်သည်။

ချီးတဲ့မှ …. ရောက်လာတာမြန်လိုက်တာ။ ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ ဤအမျိုးသမီးသည် အစီအရင်ထဲတွင် တိတ်တဆိတ် အသံပို့နိုင်သောအရာ ထည့်သွင်းထားခြင်း ဖြစ်နိုင်၏။

အဘိုးကြီးသည် သူ့အားစိုက်ကြည့်ကာဖြင့် ဒေါသတကြီးပြောလိုက်သည်။ "အမှိုက် …. မင်းက ကျားအသည်းကို စားထားလို့ အရှင်မကို ဖက်ရဲတာလား"

ကျွင်းချောင်ရှောင်းသည် နှခေါင်းရှုံ့လိုက်ပြီး သူ၏ အော်ရာများကို ထုတ်ဖော်၍ အဆုံးစွန်ထိ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပဲ နှင်းဆီ ဧကရီ၏ အသံ ထွက်ပေါ်လာ၏ "သူက ကျွန်မ ဖိတ်ခေါ်ထားတဲ့ သမားတော်လေ ။ အခု ကျွန်မကို ကုသနေတာ"

ချီးတဲ့မှ …. ဘာတွေဖြစ်ကုန်တာလဲ။ ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။

အဘိုးကြီးသည် စိတ်သက်သာရာရသွားဟန်ဖြင့် ခန့်ပြုံးပြုံးကာပြောလိုက်၏။ "အရှင်မ … အရှင်မရဲ့ ဒဏ်ရာတွေက အတော့်ကို ပြင်းထန်လွန်းတယ်။ ဒီတော့ ….. အခုပဲ နန်းပုလ္လင်ပေါ်က နေဆင်းပေးပါ"

သောက်ကျိုးနည်း။ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားမိ၏ ။ ဤအခြေအနေသည် သူကြည့်ရှုဖူးသော ဇာတ်လမ်းများထဲမှ ဆိုလျှင် ပုန်ကန်ခြင်းပင် ဖြစ်၏။

သူ၏ ရင်ခွင်ထဲ၌ ရှိနေသော ဧကရီမသည် မထူးခြားသလိုဖြင့် ပြောလိုက်သည်။ "နန်းပုလ္လင်ပေါ်ကနေ ဆင်းပေးရမယ်ဟုတ်လား"

"ဟုတ်တယ် … ဆင်းပြီး ငါ့ကိုလွဲပေးလိုက်တော့"

ထိုအချိန်မှာပဲ အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ယောက်သည် သူမ၏နောက်တွင် စွမ်းအားမြင့် ကျင့်ကြံသူများ ခြံရံလျက် ဝင်ရောက်လာခဲ့၏။ ဖြစ်နိုင်သည်မှာ ဤလူများသည် ဝိညာဉ်မျိုးနွယ်၏ စစ်တပ်အကြီးအကဲများပင် ဖြစ်ရမည်။

"သြော် … ရှင် ဖြစ်နေတာကိုး ၊ ရှင့်ကို အဲကတည်းက သတ်ပစ်ခဲ့ရမှာ" နှင်းဆီဧကရီသည် မအံ့ဩသလိုပြောလိုက်၏။

လှပသောမိန်းကလေးသည် သူမအား စူးစိုက်စွာ ကြည့်ရှုပြီးပြောလိုက်သည်။ "ငါ အနှေးနဲ့အမြန် ငါ့ပုလ္လင်ကို ပြန်ယူမယ်လို့ပြောခဲ့တယ်မလား"

"ခနလေး … ဘာတွေဖြစ်နေတာလဲ ။ တစ်ယောက်လောက် ရှင်းပြကြပါအုံး"

နှင်းဆီဧကရီသည် ပြောလိုက်၏။ "ဒါက ရှင်ရှာနေတဲ့ အရင်တုန်းက ဧကရီ လင်းပင်လေ"

ကျွင်းချောင်ရှောင်းသည် တုန်လှုပ်သွားသည် "သူက ဧကရီ လင်းပင်လား"

နှင်းဆီဧကရီသည် မထူးခြားသလိုပြောလိုက်၏။

"သူက ကျွန်မနဲ့ ရင်ဆိုင်တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ ကျွန်မက ကိုယ့်အစွမ်းအစ နဲ့ နန်းတက်ခဲ့တယ်”

သူမသည် နန်းတက်ပြီးနောက် အရင် ဧကရီနှင့် ဤအဘိုးကြီးအား အသက်ချမ်းသာပေးခဲ့၏။ သို့သော် ယခုအချိန်မှာတော့ သူမသည် ထိုကဲ့သို့ အသက်ချမ်းသာပေးခဲ့သည်ကို နောင်တရလျက်ရှိ၏။

“…….” ကျွင်းချောင်ရှောင်း သည် တည်နေရာတွင် တွေတွေကြီးရပ်ကာဖြင့် ဆွံ့အလျက်ရှိနေတော့သည်။ ပြီးသည့်နောက် အားရပါးရ ပြောလိုက်သည် “ကျုပ် ရီရှင်းချန် က ဒါမျိးကို လက်သင့်ခံပြီး ကြည့်နေမှာ မဟုတ်ဘူး”

All Chapters