အခန်း (၁၁၂၁)
Vol. 76 Ch. 1121
သူသည် နှင်းဆီဧကရီအား ပြန်ပေးဆွဲရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူမ၏နောက်လိုက်များသည် သူမအား သစ္စာဖောက်ကာဖြင့် အရင်ဧကရီမအား နန်းတင်ရန် ကြိုးစားလျက်ရှိနေသည်။
စိတ်ဝင်စားစရာ ကောင်းလွန်းလှချေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေဖြင့် ဤပွဲကို ဆက်လက်ကာ ကြည့်ရှုချင်စိတ် မရှိလှချေ။ သူ့ကိုယ်သူ ရီရှင်းချန်ဟု သတ်မှတ်ပြီးသည့်နောက်မှတော့ အဓိပ္ပာယ်မရှိလှသော လုပ်ရပ်များကို ပြုလုပ်ရမည်ဟု ဆုံးဖြတ်လိုက်တော့၏။
မည်ကဲ့သို့သော အဓိပ္ပာယ်မရှိသည့်အရာမျိုး ပြုလုပ်မည်နည်း။ တစ်ဖက်လူများသည် နန်းပုလ္လင်ကို ပုန်ကန်ရန် ကြိုးစားနေသည်ဆိုမှတော့ သူသည် လက်ရှိဘုရင်မကို ကယ်တင်ရမည်ဖြစ်၏။ သူ့အနေနှင့် ဤကဲ့သို့သော အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်သည်ဆိုလျှင် သူမအား အစေခံအဖြစ် ရရှိနိုင်မည်ဟု ယုံကြည်မိသည်။
ကျွင်းချောင်ရှောင်းအနေဖြင့် အချိန်တိုအတွင်းမှာပဲ ပြည့်စုံလှသည့် ဇာတ်ညွှန်းတစ်ခုကို ရေးသားထားပြီး ဖြစ်နေ တော့၏။ သူ့အနေနှင့် နှင်းဆီဧကရီအား နန်းပုလ္လင်ပြန်ရအောင် ကူညီပေးမည်။ ပြီးသည့်နောက် ဤကုန်းမြေတိုက် ကြီးအား အုပ်ချုပ်ခွင့်ကို ရရှိပြီး နောက်ကွယ်ကနေ ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ထိန်းချုပ်မည်ဟု စဉ်းစားထား ခဲ့တော့၏။
...............
နှင်းဆီဧကရီ၏ မျက်နှာသည် အေးစက်သွားခဲ့တော့၏။ တစ်ဖက်လူသည် ဟန်ဆောင်နေခြင်းဖြစ်ကြောင်းကို ကောင်းကောင်းသိ၏။ ၎င်း၏ နာမည်သည် ရီရှင်းချန် မဟုတ်ကြောင်းကို သူမ သိရှိပြီးသားဖြစ်သည်။
သို့သော်ငြား ယခု ရုတ်တရက်ကြီး သူမကို ကယ်တင်ချင်သည်ဟု ပြောဆိုနေလေ၏။ မည်ကဲ့သို့သော လုပ်ရပ်မျိုးကို ပြုလုပ်ချင်နေသနည်း။
“ကောင်လေး”
အဘိုးအို သည် လေးလေးနက်နက် ပြောလိုက်သည်။ “မင်းက သေလမ်းရှာနေတာပဲ”
သူသည် အရင်ဧကရီနှင့် ပူးပေါင်းကာဖြင့် များပြားလှသော ဝန်ကြီး အသီးသီးကို ဦးဆောင်ကာ နှင်းဆီဧကရီ အား နန်းချရန် ကြံစည်ခဲ့၏။ သို့ပေမဲ့ အခြေအနေသည် သူထင်မှတ်ထားခဲ့သလို မဟုတ်ဘဲ သမားတော်တစ်ယောက် သည် ရုတ်တရက် ခုန်ထွက်လာကာ သစ္စာရှိမှုကို ပြသလျက်ရှိနေ၏။
ဝှစ် ဝှစ်
ဝိညာဉ်မျိုးနွယ်၏ ကုန်းမြေတိုက်မှ ကျွမ်းကျင်သူနှစ်ယောက်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ ၎င်းတို့၏ လက်ဝါးထက်တွင် အားကောင်းလှသော စွမ်းအင်များ စုဝေးလာခဲ့ပြီးသည့်နောက်မှာတော့ အရာအားလုံးကို ချိုးချေ ဖျက်ဆီးတော့မည့်ဟန်ပန်မျိုးပင် ဖြစ်လို့နေသည်။
ဝှစ် ဝှစ် …။
ကျွင်းချောင်ရှောင်းသည် ညာဖက်လက်မှ နှင်းဆီဧကရီကို လှမ်း၍ ဆွဲကာ ဘယ်ဘက်လက်တွင် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ထုတ်ကိုင်ကာဖြင့် ဝှေ့ယမ်းလိုက်တော့၏။
“မကောင်းတော့ဘူး”
ဝိညာဉ်မျိုးနွယ် ကျွမ်းကျင်သူ နှစ်ယောက်တို့သည် တစ်ဖက်လူ၏ ဓားမော့မှာ အလွန်တရာ ကြောက်ဖို့ကောင်းသည်ကို သိရှိလိုက်ကြ၏။ ထို့ကြောင့် ချက်ချင်းပဲ ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားလိုက်ကြသည်။
ဘုန်း ဘုန်း
အိပ်ခန်း၏ တံခါးကြီးသည် ပြိုပျက်သွားတော့သည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို အရယူကာ နှင်းဆီဧကရီကို ချီပိုးကာဖြင့် အပြင်ဘက်သို့ ထွက်ခွာလိုက်၏။
အပြင်ဘက်တွင် အိပ်ခန်းအား စောင့်ကြပ်လျက်ရှိသော အမျိုးသမီးစစ်သည်များ အားလုံးသည် သေဆုံးသူက သေဆုံး၊ မြေပေါ်တွင် လဲကျသူက လဲကျလို့ နေခဲ့တော့၏။ တကယ်တမ်းမှာတော့ ၎င်းတို့အားလုံးသည် နှင်းဆီဧကရီအား အသက်နှင့်ရင်း၍ ကာကွယ်ကြသူများ ဖြစ်ကြသည်။
“ကောင်လေး... မင်း ဘယ်ကိုသွားနေတယ်လို့ ထင်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ ပျံသန်းပြီး နောက် ထွက်ပြေးရန် အချိန်မရှိချေ။ အဘိုးကြီးသည် အခန်းထဲမှ ထွက်ခွာလာပြီးသည့်နောက် သူ၏ လက်ကြီးဖြင့် ကြောက်မက်ဖွယ်ရာကောင်းသော လက်ဝါးရိုက်ချက်ကြီးကို ထုတ်ဖော်တိုက်ခိုက်တော့သည်။
“ချီးတဲ့မှ”
ကုန်းရှန့်သည် စိတ်ထဲမှာ ကြိတ်ကာ ကျိန်ဆဲလိုက်မိသည်။ ပြီးသည့်နောက် သူ့အနေနှင့် နှင်းဆီဧကရီကို ချီပိုးကာဖြင့် အကောင်းဆုံးကြိုးစား၍ ထွက်ပြေးတော့သည်။ သို့ပေမဲ့ သူ၏ အနောက်ဘက်သို့ လက်ဝါး ရိုက်ချက်ကြီး ကျဆင်းလာ၏။ ဘန်းဟူသောအသံနှင့်အတူ သူသည် လွင့်စင်သွားခဲ့၏။
ဖြောက် ဖြောက် ဖြောက် ဖြောက် …။
စက်အတောင်ပံကို အသက်သွင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာဖြင့် နန်းတော်၏ တားမြစ်တည်နေရာဆီမှ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။
ရွှီး ရွှီ
အဘိုးကြီးသည် မှုန်ကုတ်သည့် မျက်နှာဖြင့် မြေပေါ်သို့ ဆင်းသက်လာခဲ့သည်။ တစ်ဖက်လူသည် နူးညံ့အေးအေး လှပုံပေါ်သည့် သမားတော်တစ်ယောက် ဖြစ်သည်ဆိုသော်လည်း သူ၏ လက်ဝါးရိုက်ချက်ကို ခံယူပြီးသည့်နောက်တွင်တောင်မှ လွတ်မြောက်အောင် ထွက်ပြေးသွားနိုင်ခဲ့သေး၏။
“အဘိုးကြီးတော့လင်”
ဧကရီလင်းပင်သည် ထွက်ခွာလာကာ ပြောလိုက်၏။ “ဘာလို့ သူ့နောက်ကို ဆက်မလိုက်တာလဲ”
“........”
အဘိုးကြီးတော့သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “နောက်ကျလွန်းသွားပြီ”
ဧကရီလင်းပင်က မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီအမျိုးသမီးက ဒဏ်ရာ ရရှိထားတာလေ။ ဒါက အခွင့်ကောင်းပဲ။ သူမသာ ပြန်ပြီးတော့ ဒဏ်ရာတွေ ပြန်ကောင်းလာမယ်ဆိုရင် ပြဿနာတွေ အဆုံးမဲ့ ဖြစ်လာလိမ့် မယ်”
အဘိုးကြီးတော့သည်လည်း ဤကိစ္စကို သဘာဝအားဖြင့် နားလည်၏။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်းကို အမှီ မလိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။
“သူမရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ပြန်ကောင်းဖို့ဆိုရင်တောင်မှ အချိန်တော်တော်ယူရမယ်။ ဒီကိစ္စကို အရင်ဆုံး နန်းတက်ပြီးမှ ဆွေးနွေးကြတာပေါ့”
“ကောင်းပြီ”
ဧကရီလင်းပင်သည် တစ်ဖက်သို့လှည့်ကာ အမိန့်ပေးလိုက်တော့သည်။ “အဓိက မြို့ကြီး အသီးသီးမှာ ရှိတဲ့ အုပ်ချုပ်သူတွေ အကုန်လုံးကို သတင်းပို့လိုက်။ ဧကရီမြို့ကို မြန်မြန်ဆန်ဆန် လာခဲ့ကြဖို့”
ဤရက်အတွင်းမှာပဲ နန်းတော်၏ တားမြစ်တည်နေရာတစ်ခုလုံးသည် တိမ်မဲများ ဖုံးလွှမ်းသွားခဲ့၏။ ဆိုလိုသည်မှာ ရာသီဥတုအခြေအနေပင် ပြောင်းလဲသွားခဲ့သည်ဟု ဆိုလိုခြင်းဖြစ်ပေလိမ့်မည်။
.............
ဝှစ်
အဆုံးမဲ့ကောင်းကင်ယံထက်မှာတော့ ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံကို အသုံးပြုကာဖြင့် အမြန်ဆုံး ပျံသန်းလျက်ရှိနေ၏။ သူ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှ၏။
ကောင်းမွန်သော အခြေအနေတွင် ရှိခဲ့သည့် နှင်းဆီဧကရီပင်လျှင် သူ့နောက်သို့လိုက်ရန်အတွက် အပြင်းအထန် ကြိုးစားခဲ့ရ၏။ လက်ရှိ သိုင်းနယ်မြေ ပြည့်စုံခြင်းအဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်သည် အဘယ်မျှ သူ့နောက်သို့ လိုက်ပါနိုင်မည်နည်း။
သူသည် မိုင်ပေါင်းတစ်ထောင်နီးပါးခန့် ပျံသန်းသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ မဲမှောင်လျက်ရှိသော တောအုပ် ထဲတွင် ဆင်းသက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ သွေးများ အန်ထွက်လာခဲ့တော့သည်။
“ချီးတဲ့မှ.... ဒီအဘိုးကြီးရဲ့ ရိုက်ချက်က ပြင်းလိုက်တာ”
သူ၏ ဖမ်းဆီးမှုကို ခံထားရသော နှင်းဆီဧကရီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ရှင် မနာဘူး မဟုတ်လား။ ဟန်ဆောင်မနေပါနဲ့”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ကျုပ်က ခင်ဗျားနဲ့ တိုက်ခိုက်တုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာလေ။ အခုမှ ပြန်ကောင်းကာစ”
“...........”
နှင်းဆီဧကရီသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သူမသည် လက်ရှိအခြေအနေမှာတော့ အလွန်တရာ ဇဝေဇဝါ ဖြစ်လျက်ရှိနေတော့၏။ အဘယ်ကြောင့်ဆိုသော် သူမအား သတ်ရန် လာခဲ့သောသူသည် သူမအား ပြန်လည်ကာ ကယ်တင်ခဲ့သောကြောင့်ပင် ဖြစ်၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီအား ကျောက်တုံးတစ်ခုပေါ် တင်ထားလိုက်ပြီးသည့်နောက်မှာတော့ သူ၏ အဝတ်အစားများကို ချွတ်လိုက်သည်။ သူ၏ နောက်ကျောဘက်တွင်တော့ ကြီးမားလှသည့် လက်ဝါးရာကြီးတစ်ခု တည်ရှိလို့နေသည်။ သူသည် မိစ္ဆာဆန်ဆန် ပြုံးကာပြောလိုက်တော့၏။ “ကျုပ်က ယောကျ်ားတစ်ယောက် ဖြစ်လား၊ မဖြစ်လားဆိုတာ ခင်ဗျားကိုပြမယ်”
“ရှင်... ရှင်ဘာကို ဆိုလိုတာလဲ” နှင်းဆီဧကရီသည် ကြောက်လန့်တုန်လှုပ်သွားမိ၏။ ကျွင်းချောင်ရှောင်းသည် သူမ၏ရှေ့တွင် အဝတ်အစားများကို ချွတ်နေသည် မဟုတ်ပါလား။
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ရှေ့သို့တိုးလာပြီးသည့်နောက်မှာတော့ ထူးဆန်းစွာ ပြုံးလိုက်မိတော့၏။ “ဒီ တည်နေရာ ကြီးက ဘယ်သူမှ မရှိတဲ့ တည်နေရာကြီးပဲ။ ဒီတော့ ကျုပ် ဘာလိုချင်တယ်ဆိုတာကို သိရဲ့လား”
“မဟုတ်ဘူး။ မဟုတ်ဘူး။ ပေါက်ကရတွေ လျှောက်မလုပ်ပါနဲ့”
နှင်းဆီဧကရီသည် သူမ၏ ရင်ဘတ်ကို အုပ်ကာလျက်ရှိပြီး အားနည်းလွန်းလှသော သူမ၏ မျက်နှာသည်လည်း ဖြူလျော်လျက် ရှိနေသည်။
ဆွစ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူမ၏ ခြေထောက်ကို အသာလှမ်းဆွဲပြီးသည့်နောက်မှာတော့ ဖိနပ်ကို ချွတ်ယူလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ ဘယ်ကပေါ်လာမှန်းမသိသည့် ကြက်တောင် နှစ်ခုကို ထုတ်ယူကာဖြင့် ကလိထိုးလေတော့သည်။
“...........”
စနစ်သည် ဆွံ့အသွားမိ၏။ “ဘာတွေလုပ်နေတာလဲ”
နှင်းဆီဧကရီသည် လက်ရှိအခြေအနေမှာတော့ သာမန်လူတစ်ယောက်နှင့်မခြား ဖြစ်နေ၏။ ထို့ကြောင့် ကလိထိုး သည့်ခံစားချက်ကို မည်သို့မျှ သည်းမခံနိုင်ခဲ့ချေ။ မျက်ရည်များ ထွက်သည်အထိ အားရပါးရ ရယ်မောနေမိ၏။ ပြီးသည့်နောက်မှာတော့ သူမသည် ကျိန်ဆဲလျက်ရှိနေတော့၏။ “ကျွင်းချောင်ရှောင်း... ရှင် အရှက်မဲ့တဲ့ ခွေးကောင်”
ဟား ဟား ဟား ဟား ဟား
ယောက်ျားတစ်ယောက် အမုန်းဆုံးအရာသည် ယောကျ်ားဟုတ်သလားဟု အပြောဆိုခံရခြင်းပင် ဖြစ်တော့၏။ သူ့အနေနှင့် အပြစ်ကင်းစင်ကြောင်းကို ပြသနိုင်ရန်အတွက် နှင်းဆီဧကရီ၏ ခြေဖဝါးအား နှစ်နာရီတိတိ ကလိထိုး ခဲ့၏။ အလွန်တရာ ရက်စက်လွန်းသည့် အပြုအမူပင် ဖြစ်တော့သည်။
ဆွစ်
အပြစ်ပေးမှု ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ သူသည် မတ်တပ်ထရပ်လိုက်၏။ နေဝင်ချိန်သို့ပင် ရောက်ရှိနေ ခဲ့ပြီ။ ကျွင်းချောင်ရှောင်း၏ နောက်ကျောဘက်သည် ကြွက်သားများ အမြောင်းမြောင်းဖြင့် အလွန်တရာ ယောကျ်ား ဆန်လှသော ပုံပန်းသွင်ပြင်ကို ပြသလျက် ရှိနေ၏။
.................
ညသို့ရောက်သည့်အချိန်မှာတော့ ကောင်းကင်ယံတစ်ခုလုံးသည် ကြယ်များဖြင့် ပြည့်နှက်လျက်ရှိနေ၏။ နှင်းဆီ ဧကရီသည် ရှုပ်ပွလျက်ရှိနေသော ဆံနွယ်များနှင့်အတူ ကျောက်နံရံကြီးကို မှီကာ ထိုင်နေ၏။ မွှေးထားသော မီးပုံ ဆီမှ မီးအလင်းရောင်သည် သူမ၏ အားနည်း၍ ဖြူဖျော့နေသော ပါးလေးပေါ်သို့ ကျဆင်းနေပြီး ချစ်ဖို့ကောင်းလှ သည့် မျက်နှာသွင်ပြင်မျိုးအဖြစ် ဖြစ်ပေါ်စေခဲ့၏။
ကျွင်းချောင်ရှောင်းမှာတော့ ရစ်ငှက်တစ်ကောင်ကို သန့်ရှင်းလျက် ရှိနေသည်။ “ကျုပ် အနီးဆုံးမြို့ကို သွားချင်တယ်။ ပြီးတော့ မနက်ဖြန်ကျရင် ဧကရီလင်းပင်က နန်းတက်လိမ့်မယ်။ အဲအချိန်မှာ ခင်ဗျားကို သမားတော်တစ်ယောက်က ခိုးပြေးသွားပါတယ်ဆိုတဲ့ သတင်းစကားကို ဖြန့်မှာလည်း သေချာတယ်”
“တောက် ….”
နှင်းဆီဧကရီသည် အံကို ကြိတ်လိုက်မိတော့၏။ သူမအနေနှင့် နန်းပုလ္လင်ကို ဆုံးရှုံးသွားခြင်းက ကိစ္စမရှိပေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်၏ ခိုးယူခြင်းကို ခံလိုက်ရသည်ဆိုခြင်းမှာတော့ အဓိပ္ပာယ်မဲ့လွန်းလှချေသည်။ သူမ၏ ဂုဏ်သိက္ခာသည် ကျဆင်းသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းမှာတော့ ရစ်ငှက်တစ်ကောင်လုံးကို တံစို့ထိုးကာဖြင့် မီးပုံတွင် ကင်လျက် ရှိနေ၏။ “ခင်ဗျား အနေနဲ့ ရာထူးရော၊ အာဏာကော၊ ဂုဏ်သိက္ခာကော ကျဆင်းသွားခဲ့တာပဲ”
ဝေါ့
နှင်းဆီဧကရီသည် မည်သို့မှ မခံစားနိုင်တော့ဘဲ သွေးများ အန်ထုတ်လာခဲ့သည်။ သူမသည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ကျော်တည်းက နန်းပုလ္လင်အတွက်နှင့် အောင်မြင်စွာ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့သူတစ်ယောက်ဖြစ်သည်။
ထို့အပြင် ဝိညာဉ်မျိုးနွယ်များအတွက် ရေတွက်လို့မရအောင် ကြမ်းတမ်းလွန်းလှသည့် တိုက်ခိုက်ပွဲများကိုလည်း ယှဉ်ပြိုင်နိုင် ခဲ့၏။ သို့ပေမဲ့ မျက်စိတမှိတ်အတွင်း သူမသည် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရတော့၏။ လက်သင့်မခံနိုင်စရာ ကိစ္စပင် ဖြစ်တော့၏။
“ရှင်”
နှင်းဆီဧကရီသည် ခေါင်းကို ခက်ခက်ခဲခဲဖြင့် မော့ကာ ကျွင်းချောင်ရှောင်းအား အခဲမကျေသလို ကြည့်လိုက် ၏။ “ကျွန်မကို အရာအားလုံး ဆုံးရှုံးသွားအောင် ပြုလုပ်တာ ရှင်ပဲ”
အစစ်အမှန်တရားမှာတော့ အမှန်ပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသာ မရှိလျှင် သူမသည် ဒဏ်ရာရရှိမည် မဟုတ်သလို ဧကရီလင်းပင်အနေနှင့် နန်းပုလ္လင်ကိုလည်း လာရောက်လုယက်ရဲလိမ့်မည်လည်း မဟုတ်ချေ။ ထို့အပြင် သူမ၏ အားအင်အဆင့်သည် အားလုံးကို နင်းချေပစ်နိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါက ကျုပ်ကို အစေခံအဖြစ် လိုချင်ခဲ့တဲ့ ခင်ဗျားရဲ့ အပြစ်ပဲ”
နှင်းဆီဧကရီသည် စကားပြောရာမှ ရပ်တန့်လိုက်၏။
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “တကယ်လို့ ကျုပ် ခန့်မှန်းတာ မှန်မယ်ဆိုရင် အခုနန်းပုလ္လင်ကိုတက်မယ့် အမျိုးသမီးက ခင်ဗျားကို နေရာအနှံ့လိုက်၍ ဖမ်းလိမ့်မယ်”
“အရင်တုန်းက ညှာတာမှုတွေ ထားခဲ့လိုက်တာ ကျွန်မ အမှားပဲ။ သူမကို အနိုင်ယူပြီးကတည်းက တစ်ခါတည်း သတ်ဖြတ်ပစ်ခဲ့လိုက်ရမှာ။ မဟုတ်ရင် ဒီနေ့လို့ ပြဿနာမျိုး ဖြစ်လာမှာ မဟုတ်ဘူးလေ” နှင်းဆီဧကရီသည် အမုန်းတရားအပြည့်ဖြင့် ပြောလိုက်၏။
“ဒီလောကကြီးမှာ နောင်တတရားအတွက် ဆေးဆိုတာ မရှိဘူး”
ကျွင်းချောင်ရှောင်းသည် ရစ်ငှက်ကို ကျွမ်းကျွမ်း ကျင်ကျင်ဖြင့် အသာလှည့်ကာ ကင်လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားကို အရာအားလုံး ပြန်ရအောင် ကူညီပေးနိုင်တယ်”
“ရှင် ကျွန်မကို ကူညီပေးမှာ ဟုတ်လား” နှင်းဆီဧကရီသည် ထ၍ ရယ်လိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ဒီတစ်ကြိမ် ခင်ဗျားတို့ ကုန်းမြေတိုက်ကြီးကို လာခဲ့တာက ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် လက်စားလာချေတာပဲ။ တကယ်လို့ ကျုပ်သာ မှန်မယ်ဆိုရင် အဲဒီကျူးကျော်ဖို့အတွက် အမိန့်ပေးခဲ့တာ ဧကရီလင်းပင် မဟုတ်လား”
“ဟုတ်တယ်”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် ကင်ထားသော ရစ်ငှက်ကို အသာကမ်းပေးကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ်တို့က တူညီတဲ့ရန်သူ ရှိနေပြီလေ။ ဘာလို့ လေးလေးနက်နက်နဲ့ မပူးပေါင်းရမှာလဲ”
စနစ်က ထ၍ ပြောလိုက်တော့သည်။ “ပေါက်ကရတွေ စပြီး ပြောပါပြီ”